When You’re Lonely, God Is with You
Unicode Version
သင်အထီးကျန်နေတဲ့အခါ ဘုရားသခင် သင်နှင့်အတူရှိသည်။
တိမောသေဩဝါဒစာ ဒုတိယစောင် “ပဌမအချိန်၌ အပြစ်တင်ခွင့်ကိုဖြေ၍ ငါသည် အစီရင်ခံရသောအခါ၊ ငါ့ဘက်၌ အဘယ်သူမျှမနေ။ လူအပေါင်းတို့သည် ငါ့ကို စွန့်ပစ်ကြ၏။ သူတို့၌ အပြစ်တင်တော်မမူပါစေနှင့်။ လူအပေါင်းတို့ သည် စွန့်ပစ်ကြသော်လည်း၊ ဒေသနာတော် ကို အကုန်အစင်ဟောပြော၍၊ ခပ်သိမ်းသောလူမျိုးတို့သည် ကြားသိစေ ခြင်းငှါ၊ သခင်ဘုရားသည် ငါ့ဘက်၌ နေ၍ ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသောကြောင့်၊ ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်ခြင်းချမ်း သာကို ငါရ၏။ ”
သင်အထီးကျန်ဖြစ်နေတဲ့အခါ ဘုရားသခင်ဘယ်မှာလဲ။ သူအမြဲတမ်းရှိနေတဲ့နေရာဖြစ်တဲ့ သင့်အနားမှာပေါ့။ သင်မခံစားရသည့်တိုင် ဘုရားရှင်ရှိနေပါတယ်။ သမ္မာကျမ်းစာကလည်း အကြိမ်ကြိမ်ဖော်ပြထားပါတယ်။ ခရစ်တော်၌ ရင်းနှီးကျွမ်းဝင်ပါလျှင် ဘုရားသခင်သည် သင်နှင့်အတူအမြဲတမ်းရှိသည်။ မဿဲ ၂၈:၂၀ “ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာ ကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့ အား မိန့်တော်မူ၏။ ဘုရားသခင် သင်နှင့်အတူရှိတော်မူ၏။ သင်တစ်ဉီးတည်း ဘယ်တော့မှ အထီးမကျန်ရစေပါ။
လွန်ခဲ့တဲ့ နှစ်ပေါင်းအနည်းငယ်က  ကျွန်ုပ်နှင့် ဇနီး “Kay” တို့ ဟောင်ကောင်သို့ သာသနာပြုအတွက် ဆွေးနွေးပွဲတက်ရောက်ခဲ့ပါတယ်။ လေယာဉ်ခရီး တစ်ဝက်အကြာ (၁ရ နာရီ) မှာ ဆိုးဝါးတဲ့မုန်တိုင်းကို ဖြတ်ကျော်ခဲ့ ရပါတယ်။ လေယာဉ်ပေါ်မှာ ကျွန်ုပ်တို့ နှိမ့်လိုက်မြင့်လိုက် နှင့် ကိုင်လှုပ်ခံထားရသလိုဖြစ်နေခဲ့တယ်။ လေယာဉ်မှာ စောင်းနေခဲ့ပြီး လူတိုင်း တုန်လှုပ်ခြောက်ခြားနေခဲ့ကြပါတယ်။ အခြေအနေကနေ သူတို့တွေ ကို လုံးဝသတိလက်လွှတ် ဖြစ်စေခဲ့တယ်။ လေယာဉ်အမှုထမ်းက “ဓမ္မဆရာတစ်ဉီးဉီးရှိပါသလား”လို့ speaker ဖြင့် လှမ်းမေးပါတယ်။ ကျွန်ုပ်၏လက်ကို ထောင်လိုက်ပါတယ်။ လူတွေ ကျွန်တော့နားကို လာပြီး “လေယာဉ်ကြောင့် လူတိုင်း စိတ်ဆင်းရဲနေကြရတယ် … ဝိညာဉ်ရေးရာနှင့်ပတ်သက်ပြီး သင်တစ်ခုခုလုပ်နိုင်မည်လား” လို့လာပြောပါတယ်။ ဒါကြောင့် ကျွန်ုပ်ကမ်းလှမ်းမှုတစ်ခုကို ပြုခဲ့တယ်။
မဟုတ်ပါ၊ တကယ်မဟုတ်ပါ။ ဒါပေမဲ့ လေယာဉ်ပေါ်မှာရှိတဲ့သူတွေသည် ဘုရားသခင်ကျွန်ုပ်တို့အားလုံး နှင့်အတူရှိတယ် ဆိုတာကို ကြားသိစေဖို့လိုအပ်ခဲ့ပါတယ်။ ယုံကြည်သူတွေအနေအဖြင့် ကြောက်ရွံ့မှုနှင့် အထီးကျန်မှု ဖြစ်ချိန်တွေမှာ တွယ်ဖက်ထားနိုင်မည့် ကတိတော်ပင် ဖြစ်ပါတယ်။ အဲဒီကတိတော်သည် စိတ်သက်သာရာရဖို့ တစ်ခုတည်းမကပါ ဘုရားသခင်ကို ပိုမိုသိရှိလာဖို့ ၊ ရင်းနှီးကျွမ်းဝင်လာဖို့အခွင့်အရေးလည်း ပေးပါတယ်။
အထီးကျန်ခြင်းသည် ဘုရားသခင်နှင့်ပိုမိုရင်းနှီးကျွမ်းဝင်စေသော အချိန်ဖြစ်ပါတယ်။ သင်၏အထီးကျန် ကာလတွေမှာ ဘုရားသခင်တည်ရှိခြင်းကို အသိအမှတ်ပြုရန်လိုအပ်ပါတယ်။
“အထီးကျန်နေ့ရက်တွေကို ငါချစ်တယ်၊ နင့်ဆီကို လာဖို့ အမိဖမ်းပါတယ်” ဒီစာသားလေးက လွန်ခဲ့တဲ့နှစ်အနည်း ငယ်က Amy Grant ဆိုခဲ့တဲ့သီချင်းပါ။ ဆုတောင်းခြင်းသည် အထီးကျန်မှုကို အစွမ်းထက်စေတဲ့ ဆေးဖြစ်ပါတယ်။ ဘုရားသခင် ၂၄ နာရီ ဝန်ဆောင်မှုအတွက် အမြဲတမ်းရှိပါတယ်။ အချိန်တိုင်း ၊ နေရာတိုင်းမှာ သင်စကားပြောနိုင်ပြီး သင်က “အဖဘုရား ..ကျွန်ုပ်အထီးကျန်နေတယ်၊ နာကျင်ရပါတယ်၊ နှလုံးသားသည်လည်း ကြေမွနေပါတယ်၊ စိတ်မချမ်းမြေ့ရပါဘူး။ စိတ်ဗလာဖြစ်သလို ခံစားနေရပါတယ်။ ကူညီမစေတော်မူပါ” လို့ သင်ပြောလိုက်ချိန်တွင် သင်ခံစားရသည်များကို ဘုရားသခင် နားလည်တော်မူပါသည်။ အချိန်မရွေး ဘုရားရှင်နှင့် စကားပြောဆိုနိုင်ပါတယ်။
ဒါဝိလ်မင်းကြီး က ဆာလံကျမ်းတွင် ဆိုထားသည်မှာ “ဘုရားသခင်၏ရှေ့တော်မှ အဘယ်သို့ထွက်ပြေးနိုင်ပါမည်နည်း” လို့ဆိုထားပါတယ်။ ဘယ်ကိုမှ ထွက်ပြေးလို့မရပါ။ ဘုရားသခင်မရှိတဲ့နေရာကို သင်ဘယ်တော့မှ မရောက်နိုင်ပါ။ သခင်ခရစ်တော်ကို သင်ယုံကြည်ပါလျှင် သူသည် သင်၏စိတ်နှလုံးထဲတွင် ရှိသည်။ သင်အထီးကျန်နေသည့်အခါ ထိုအရာကို ပြန်လည်စဉ်းစားရန်ရွေးချယ်ပါ။
ဆင်ခြင်ရန်
-အတိတ်ကာလတွေတုန်းက ဘုရားတည်ရှိခြင်းကို သင်မည်သို့ ကြုံတွေ့ခံစားခဲ့ရပါသနည်း။ ထိုအရာက သင့်ကိုမည်ကဲ့သို သက်ရောက်မှုပြုပါသနည်း။
-ဘုရားသခင်နှင့် သင် မည်ကဲ့သို့ ပိုမိုရင်းနှီးကျွမ်းဝင်နိုင်မည်နည်း။
- သင်၏အထီးကျန်မှုကို ထူးခြားစေရန် ဆုတောင်းခြင်းအတွက် သင်ဘာတွေကို ယုံကြည်ရသနည်း။
---------------------------------------------------------------------------------------------------------------
Zawgyi Version
သင်အထီးကျန်နေတဲ့အခါ ဘုရားသခင်နှင့် သင်နှင့်အတူရှိသည်။
ဆင်ခြင်ရန်