The More Grateful You Are, the Happier You Are
Unicode Version
သင်၌ကျေးဇူးတင်ခြင်းအသက်တာ များပြားလေလေ ပျော်ရွှင်ခြင်းအသက်တာ ရရှိလေလေ ဖြစ်၏။
ဖိလိပ္ပိ ၁:၃ “ငါသည်ဆုတောင်းပဌနာပြုသောအခါခါ၊ ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှအဘို့ကို အစဉ်ဆု တောင်းပဌနာပြုလျက်၊ သင်တို့ကို အောက်မေ့သောအခါခါ၊ သင်တို့သည် ရှေ့ဦးစွာ သောနေ့ရက်မှစ၍ ယခုတိုင်အောင် ဧဝံဂလိတရားကို ဆက်ဆံ၍ ခံစားကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။”
ရိုးရှင်းတဲ့ အမှန်တရားသည် ကောင်းသော ပေါင်းသင်းဆက်ဆံရေး၏အခြေခံ အုတ်မြစ်ဖြစ်ပါတယ်။ သင့်အသက် တာမှာ ရှိတဲ့ လူတွေအကြောင်းကို တွေးမြင်တဲ့အခါ ပထမဉီးစွာ ကျေးဇူးတင်ရှိခြင်း ခံစားမှုမျိုး သင်၌ ရှိပါသလား။ ဒါမှ မဟုတ်လျှင် မေးခွန်းလေးတွေ မေးချင်တဲ့စိတ်များဖြစ်နေသလား ။ “ငါ့အတွက် သူတို့ဘာလုပ်ပေးဖို့လိုမလဲ” ၊ “ငါတို့ပြသနာက ဘာတွေဖြစ်မလဲ” ။ သင့်၏ပထမဆုံးအတွေးသည် ကျေးဇူးတင်တတ်ခြင်းတော့ ဖြစ်နိုင်ခြေမရှိပါ။ ဒါပေမဲ့ တမန်တော်ရှင်ပေါလု၏ ပထမဆုံးအတွေးက သူ၏သူငယ်ချင်း ၊ မိတ်ဆွေများသည် သူ့အတွက် ကျေးဇူးတင်စရာတွေဖြစ်တယ်လို့ဆိုထားပါတယ်။ ဒါသည် ကျွန်ုပ်တို့၏ ပေါင်းသင်းဆက်ဆံရေးကို အဆုံးတိုင်တည် စေချင်လိုပါလျှင် လိုက်လျှောက်သင့်သည် စံနမူနာ ဖြစ်ပါတယ်။
ပြသနာက - တစ်စုံတစ်ယောက်ကို နှစ်ပေါင်းကြာရှည်စွာ သိခြင်းအရာသည် အဲဒီလူကို ကျေးဇူးတင်စရာအတွက် ဖြစ်လာဖို့ ရှိပါတယ်။ မဟုတ်ဘူးလား။ ဖြတ်သန်းလာတဲ့အချိန်တလျှောက်မှာ အဲဒီလူနှင့် ပျော်ရွှင်ရတဲ့အချိန်ထက် ဆိုးတဲ့အချိန်တွေနှင့် သူ၏အမှားပြုမှုတွေကိုသာ အာရုံစိုက်မိခြင်းအရာ၌ ပိုလွယ်ကူလာစေတယ်။
ဒါကြောင့် အသက်ရှင်နေထိုင်ရာ ဝန်းကျင်ရှိလူတွေကို ကျေးဇူးတင်တတ်ခြင်း အလေ့အကျင့်ရှိဖို့ရန် ရွေးချယ်မှုပြုဖို့ အားထုတ်လုပ်ဆောင်ရခြင်းဖြစ်တယ်။ ကျွန်ုပ်တို့၏ ပေါင်းသင်းဆက်ဆံရေးကို အဆုံးတိုင် တည်နေစေခြင်းသည် အဲဒီအရာတွေကို (သူတစ်ပါး၏ အဆိုး/အမှား) သတိရဖို့ရန် ခက်ခဲသွားခြင်းဖြစ်နိုင်သည်။
ဒါပေမဲ့ ကျွန်ုပ်တို့၏ပေါင်းသင်းဆက်ဆံရေးအရာဖြစ်တဲ့ - ဇနီး/ခင်ပွန်း ၊ သားသမီး ၊ မိဘ ၊ ညီအစ်ကိုမောင်နှမ ၊ အိမ်နီးချင်း ၊ လုပ်ဖော်ကိုင်ဖက် ၊ အသင်းအဖွဲ့ လေးတွေ အားလုံးတို့အတွက် စဉ်းစားပေးခြင်းအလေ့အထများ နှင့် ဘုရားသခင်အား ကျေးဇူးတင်ခြင်းအလေ့အထတွေကို ကြီးထွားဖွံ့ဖြိုးစေခြင်းသည် နိစ္စထာဝရ အကျိုးသက်ရောက်မှု အတွက် ခံစားတွေ့ကြုံရခြင်းပင်ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-သင်၌ မည်ကဲ့သို့သော အနုတ်လက္ခဏာရှိတဲ့ အတွေးများအစား ကျေးဇူးတင်ရှိခြင်းစကားများကို အစားထိုးဖို့ လိုအပ်ပါသနည်း။
-သင့်အသက်တာမှာ မည်သူ့ကို ကျေးဇူးတင်ဖို့ရှိပါသနည်း။ ဘုရားသခင်ကိုကော ပြောပြီးသွားပြီလား။ အဲဒီလူတွေကို ရော ပြောပြီးသွားပြီလား။
-ကျွန်ုပ်တို့အသက်တာရှိ ဘုရားပြင်ဆင်ပေးထားတဲ့ လူတွေအားဖြင့် ဘုရားအား ကျေးဇူးတင်တတ်ဖို့ ဘာကြောင့်များ ဘုရားရှင် အလိုတော်ရှိပါသနည်း။
-------------------------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်