Unicode Version
စိတ်ဖိစီးခြင်း၏
စီမံခန့် ခွဲမှုသည် သင်၏စိတ်ထဲတွင် စတင်ပါတယ်။
ဖိလိပ္ပိ ၄:၈ “ငါသည် သင်တို့အပေါင်းကို ယေရှုခရစ်၏ မေတ္တာကရုဏာနှင့်
အဘယ်မျှလောက် လွမ်းသည်ဟု ဘုရားသခင်သည် ငါ့သက်သေဖြစ်တော်မူ၏။”
သင်၏ဘ၀၌ စိတ်ဖိစီးမှုများသော ရင်ဆိုင်ရမှုတွေသည်
သင်၏နားကြားတွင်စတင်ပါတယ်။ အဲဒီအရာတွေက သင်၏တွေးတောခြင်းအသက်တာဖြစ်ပါတယ်။ သင်၏စိတ်တွင်ဖြည့်စွက်ထားသည့်အရာသည်သင့်အသက်တာ၏ စိတ်ဖိစီးမှုအဆင့်ကိုဆုံးဖြတ်ပါတယ်။
“ချီးမွမ်းဖို့ထိုက်တန်တဲ့အရာနှင့်
ကောင်းသောအရာတွေကို စဉ်းစားဆင်ခြင်ပါ” လို့သမ္မာကျမ်းစာက ဆိုထားပါတယ်။ Think about the things that are true and
honorable and right and pure and beautiful and respected” (Philippians 4:8 NCV).
သင်၏ စိတ်ဖိစီးမှုကို
လျော့ချချင်တယ်ဆိုလျှင် သင်တွေးထင်နေတဲ့အရာတွေကို ပြောင်းလိုက်ပါ။ ကျွန်ုပ်တို့ စိတ်ကူးထဲကို
တစ်စုံတစ်ခု ကို ခွင့်ပြုသင့် မပြုသင့် ဆုံးဖြတ်ရန် စမ်းသပ်မှု (၈) ခုကို အထက်ပါကျမ်းပိုဒ်က
ဖော်ညွှန်းထားပါတယ်။ သင့်ကိုယ်သင်မေးပါ။ ဒါသည် ကောင်းသလား ။ ချီးမွမ်းဖို့ထိုက်သလား
။ မှန်ကန်ရဲ့လား ။ ဂုဏ်အသရေရှိရဲ့လား ၊ စစ်မှန်ရဲ့လား ၊ လှပရဲ့လား ၊ လေးစားမှုဖြစ်ရဲ့လား။
အထက်က ဖော်ပြတဲ့
ကောင်းသောအရာတွေ ၊ ချီးမွမ်းဖို့ ထိုက်တန်တာတွေ ၊ မှန်ကန်တာတွေ …. နှင့် ပတ်သက်ပြီး
သင်စဉ်းစားတဲ့အခါမှာ သင်သည် ဘုရားသခင်ကို အမှန်တကယ် သဏ္ဍာန်ဆောင်ခြင်းဖြစ်ပါတယ်။
ဟေရှာယ ၂၆:၃ “သစ္စာစောင့်၍ ဖြောင့် မတ်သော လူမျိုးဝင် ပါ စေ။ စိတ်နှလုံးတည်ကြည်သောသူ
သည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်း သက်သက်ရှိမည့် အကြောင်းစောင့်ရှောက်တော်မူလိမ့်မည်။”
စိတ်ဖိစီးမှု နှင့် စိုးရိမ်းစရာတွေက သင့်ကို မည်ကဲ့သို့ဖြစ်စေမည်နှင့်ပတ်သက်ပြီး
စီစစ်ခြင်းကို သင်စဉ်းစားမိပါသနည်း။ သင်၏အတွေးတွေကို ဘုရားရှင်ထံ အမှီပြုပါလျှင် သင့်အား
စုံလင်သော ငြိမ်သက်ခြင်းရှိစေပါလိမ့်မည်။
ဆင်ခြင်ရန်
-အသက်တာရှိ
စိတ်ဖိစီးမှုတွေကို မည်ကဲ့သို့ တိုက်ဖျက်မည်နည်း။
-သင်အကြိုက်ဆုံးဖျော်ဖြေရေးရွေးချယ်မှုများထဲမှ
မေးခွန်းရှစ်ခုကို သင်မေးလျှင်၊ သူတို့သည်စာမေးပွဲကို အောင်မြင်မည်လား အောင်မြင်ခြင်း
(သို့) ကျရှုံးခြင်းဖြင့် ဖြတ်ကျော်မည်လား။ အဖြေက သင့်အတွက်တစ်ခုခုကို ပြောင်းလဲပေးမည်လား။
-သင်၏အတွေးများကို
တစ်နေ့တာအချိန်လေးတွေမှာ ဘုရားသခင်ထံမည်သို့ ပိုမိုလွှဲပြောင်းပေးနိုင်သနည်း။
-----------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်