Unicode Version
ဘုရားသခင်၏ ကောင်းချီးမင်္ဂလာရိတ်သိမ်းရဖို့ရန် ယခုပင် မျိုးကြဲပါ။
ဂလာတိ ၆:၉ "ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲကောင်းသော အကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည် ကြည်၍ ကျင့်လျှင် အချိန်တန်သော ကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။"
တစ်ရာသီတွင် သင်၏စိုက်ပျိုးထားမှုတွေကို လာမည့်ရာသီတွင် ရိ်တ်သိမ်းရမည်ကို လယ်သမားတိုင်း သိကြပါတယ်။ သင် နွေဉီးမှာ စိုက်ပျိုးထားပါလျှင် ဆောင်းဉီးကာလတွေမှာ ရိတ်သိမ်းရပါမည်။
လက်ရှိအခြေအနေ (သို့) တစ်စုံတစ်ယောက်ကို သင်တုံ့ပြန်လိုက်သည့် ပုံစံတွေသည် သင့်အနာဂတ်ပေါ်မှာ ဧကန်သက်ရောက်မှာ သေချာပါသည်။ အသက်တာ ယခုအချိန်ကာလမှာ သင်မနှစ်သက်သည့်အရာတွေဖြစ်သည့်တိုင် မှန်ကန်စွာ တုံ့ပြန်တတ်မည်ဆိုလျှင် အနာဂတ်အတွက် ကြီးမြတ်တဲ့ အကျိုးအမြတ်ကို သင်ပေးချေခြင်းဖြစ်ပါတယ်။
ဂလာတိ ၆:၉ "ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲကောင်းသော အကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည် ကြည်၍ ကျင့်လျှင် အချိန်တန်သော ကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။"
မည်သို့သော ကာလရာသီရောက်နေပါစေ လာမည့်နောက်ရာသီမှာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာတွေကို သင်ရိတ်သိမ်းဖို့ရန် ကူညီပေးမည့် မေးခွန်း (၄) မျိုးကို သင့်ကိုယ်သင် ပြန်မေးပါ။
(၁) ယခု အသက်တာ၏ကာလရာသီတွင် ကျွန်ုပ် မည်ကဲ့သို့သော အရာကို လေ့လာသင်ယူနိုင်မည်နည်း။
တစ်ချို့သော အရာတွေကို အတွေ့အကြုံဖြင့်သာ ကျွန်ုပ်တို့ လေ့လာကြပါတယ်။ Deuteronomy 11:2 " Remember today what you have learned about the Lord through your experience with him"
(၂) ယခု အသက်တာ၏ကာလရာသီတွင် ကျွန်ုပ် မည်ကဲ့သို့သော အရာဖြင့်ဝမ်းမြောက်နိုင်မည်နည်း။
အရာရာ၌ ကျေးဇူးကို ချီးမွမ်းကြလော့။ အကြောင်းမူကားသင်တို့သည် ထိုသို့ ကျင့်စေခြင်း ငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။ ။ သက်သာလောနိတ် ပဌမစောင် ၅:၁၈
နေ့ရက်အားလုံးတို့သည် ဘုရားသခင်ထံမှ ဆုကျေးဇူတော်ဖြစ်သည့်အတွက် ကောင်းသောနေ့များနှင့် ဆိုးသော နေ့ရက်များတွင် ကျေးဇူးတော်ကို နားလည်ခံယူတတ်ခြင်းအသက်တာဖြင့် အသက်ရှင်ကြရပါမည်။
(၃) ယခု အသက်တာ၏ကာလရာသီတွင် မည်ကဲ့သို့သောအရာက အရေးအကြီးဆုံးဖြစ်သနည်း။
ဒေသနာကျမ်း ၃:၁ "ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန်ရှိ၏၊၊ မိုဃ်းကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီးတို့ ကို ပြုရသော အချိန်ရှိ၏၊၊" ဤကျမ်းပိုဒ်က မှန်ကန်တယ်ဆိုလျှင် အရာအားလုံးကို တစ်ချိန်တည်းမှာ သင်မရရှိနိုင်ပါဘူး။ အသက်တာ အပိုင်းအခြားကာလတွေထဲမှာ မည်သို့သောအရာက အဓိကဖြစ်တယ်ဆိုတာနှင့် ပတ်သက်ပြီး တစ်ချို့ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကို သင်ပြုရပါလိမ့်မည်။
(၄) ယခုအသက်တာ၏ ကာလရာသီတွင် တခြားသူတွေကို မည်ကဲ့သို့ ကူညီပေးနိုင်မည်နည်း။
ဤလောကသို့ သင့်ကို ဘုရားပို့ဆောင်လာခြင်းသည် သင်ကိုယ်သင်အတွက်သာ အသက်ရှင်ဖို့ရန် မဟုတ်ဘူးဆိုတာကို သမ္မာကျမ်းစာက ရှင်းလင်းစွာ ဖော်ပြထားပါတယ်။ သုတ္တံ ၃:၂၇ " ကျေးဇူးကို ခံသင့်သောသူတို့အား ကျေးဇူးပြုရသော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်။"
"Whenever you are able, do good to people who need help" Proverbd 3:27
တခြားသူတွေကို ကူညီဖို့ရန် သင့်ကို ဘုရားရှင်က အရည်အချင်းတွေ၊ ပင်ကိုစွမ်းရည်တွေ နှင့် စွမ်းအားတွေ ပေးထားပါတယ်။
ယနေ့တွင် ဤဆုတောင်းချက်ဖြင့် ဝတ်ပြုရန်တိုက်တွန်းပါရစေ။
သခင်ခရစ်တော်ဘုရား.....သခင်ဘုရား၌ အသက်ရှင်ရပြီး ဝိညာဉ်ရေးရာ တိုးတက်ဖို့ရန် ကျွနု်ပ်အလိုရှိပါ၏။
အကျွန်ုပ်၏ယုံကြည်ခြင်း ရင့်ကျက်လာရန် အကူအညီဖြစ်စေဖို့ ကျွနု်ပ်၏အသက်တာ အချိန်ကာလတွေကို အသုံးပြုတော်မူပါ။ ခက်ခဲသောကာလအပါအဝင် အချိန်ကာလတွေတိုင်းမှာ သခင်ဘုရားကို ယုံကြည်ရဖို့ရန် ကူညီပါမည်လား။ ကျွန်ုပ်အသက်တာ၏ အစိတ်အပိုင်းအားလုံးတို့အလယ်သို့ကြွရောက်ဖို့ရန် ဖိတ်ခေါ်ပါ၏။ သိုမှသာ သခင်ဘုရားတည်ဆောက်ပေးသော အသက်တာအားဖြင့် ကောင်းကင်ဘုံသို့ တပါတည်းယူဆောင်သွားနိုင်ပါမည်။ သခင်ခရစ်တော်ဘုရား၏ အမည်နာမတော်အားဖြင့် တောင်းလျှောက်ပါ၏။ .............အာမင်
---------------------------------------------------------------------------------Zawgyi
ဘုရားသခင္၏ ေကာင္းခ်ီးမဂၤလာရိတ္သိမ္းရဖို႔ရန္ ယခုပင္ မ်ိဳးႀကဲပါ။
ဂလာတိ ၆:၉ "ငါတို႔သည္ အားမေလ်ာ့၊ စိတ္မပ်က္ဘဲေကာင္းေသာ အက်င့္ကို က်င့္ၾကကုန္အံ့။ ထိုသို႔တည္ ၾကည္၍ က်င့္လွ်င္ အခ်ိန္တန္ေသာ ကာလ၌ အသီးအႏွံကို ရိတ္ရၾကလိမ့္မည္။"
တစ္ရာသီတြင္ သင္၏စိုက္ပ်ိဳးထားမႈေတြကို လာမည့္ရာသီတြင္ ရိ္တ္သိမ္းရမည္ကို လယ္သမားတိုင္း သိၾကပါတယ္။ သင္ ေႏြဉီးမွာ စိုက္ပ်ိဳးထားပါလွ်င္ ေဆာင္းဉီးကာလေတြမွာ ရိတ္သိမ္းရပါမည္။
လက္႐ွိအေျခအေန (သို႔) တစ္စုံတစ္ေယာက္ကို သင္တုံ႔ျပန္လိုက္သည့္ ပုံစံေတြသည္ သင့္အနာဂတ္ေပၚမွာ ဧကန္သက္ေရာက္မွာ ေသခ်ာပါသည္။ အသက္တာ ယခုအခ်ိန္ကာလမွာ သင္မႏွစ္သက္သည့္အရာေတြျဖစ္သည့္တိုင္ မွန္ကန္စြာ တုံ႔ျပန္တတ္မည္ဆိုလွ်င္ အနာဂတ္အတြက္ ႀကီးျမတ္တဲ့ အက်ိဳးအျမတ္ကို သင္ေပးေခ်ျခင္းျဖစ္ပါတယ္။
ဂလာတိ ၆:၉ "ငါတို႔သည္ အားမေလ်ာ့၊ စိတ္မပ်က္ဘဲေကာင္းေသာ အက်င့္ကို က်င့္ၾကကုန္အံ့။ ထိုသို႔တည္ ၾကည္၍ က်င့္လွ်င္ အခ်ိန္တန္ေသာ ကာလ၌ အသီးအႏွံကို ရိတ္ရၾကလိမ့္မည္။"
မည္သို႔ေသာ ကာလရာသီေရာက္ေနပါေစ လာမည့္ေနာက္ရာသီမွာ ဘုရားသခင္၏ ေကာင္းခ်ီးမဂၤလာေတြကို သင္ရိတ္သိမ္းဖို႔ရန္ ကူညီေပးမည့္ ေမးခြန္း (၄) မ်ိဳးကို သင့္ကိုယ္သင္ ျပန္ေမးပါ။
(၁) ယခု အသက္တာ၏ကာလရာသီတြင္ ကြၽႏ္ုပ္ မည္ကဲ့သို႔ေသာ အရာကို ေလ့လာသင္ယူႏိုင္မည္နည္း။
တစ္ခ်ိဳ႕ေသာ အရာေတြကို အေတြ႕အၾကဳံျဖင့္သာ ကြၽႏ္ုပ္တို႔ ေလ့လာၾကပါတယ္။ Deuteronomy 11:2 " Remember today what you have learned about the Lord through your experience with him"
(၂) ယခု အသက္တာ၏ကာလရာသီတြင္ ကြၽႏ္ုပ္ မည္ကဲ့သို႔ေသာ အရာျဖင့္ဝမ္းေျမာက္ႏိုင္မည္နည္း။
အရာရာ၌ ေက်းဇူးကို ခ်ီးမြမ္းၾကေလာ့။ အေၾကာင္းမူကားသင္တို႔သည္ ထိုသို႔ က်င့္ေစျခင္း ငွါ၊ ေယ႐ႈခရစ္၌ ဘုရားသခင္အလိုေတာ္႐ွိ၏။ ။ သက္သာေလာနိတ္ ပဌမေစာင္ ၅:၁၈
ေန႔ရက္အားလုံးတို႔သည္ ဘုရားသခင္ထံမွ ဆုေက်းဇူေတာ္ျဖစ္သည့္အတြက္ ေကာင္းေသာေန႔မ်ားႏွင့္ ဆိုးေသာ ေန႔ရက္မ်ားတြင္ ေက်းဇူးေတာ္ကို နားလည္ခံယူတတ္ျခင္းအသက္တာျဖင့္ အသက္႐ွင္ၾကရပါမည္။
(၃) ယခု အသက္တာ၏ကာလရာသီတြင္ မည္ကဲ့သို႔ေသာအရာက အေရးအႀကီးဆုံးျဖစ္သနည္း။
ေဒသနာက်မ္း ၃:၁ "ခပ္သိမ္းေသာ အမႈအရာတို႔သည္ မိမိတို႔အခ်ိန္႐ွိ၏၊၊ မိုဃ္းေကာင္းကင္ေအာက္၌ ၾကံစည္သမွ် အသီးသီးတို႔ ကို ျပဳရေသာ အခ်ိန္႐ွိ၏၊၊" ဤက်မ္းပိုဒ္က မွန္ကန္တယ္ဆိုလွ်င္ အရာအားလုံးကို တစ္ခ်ိန္တည္းမွာ သင္မရ႐ွိႏိုင္ပါဘူး။ အသက္တာ အပိုင္းအျခားကာလေတြထဲမွာ မည္သို႔ေသာအရာက အဓိကျဖစ္တယ္ဆိုတာႏွင့္ ပတ္သက္ၿပီး တစ္ခ်ိဳ႕ခိုင္မာတဲ့ ဆုံးျဖတ္ခ်က္ေတြကို သင္ျပဳရပါလိမ့္မည္။
(၄) ယခုအသက္တာ၏ ကာလရာသီတြင္ တျခားသူေတြကို မည္ကဲ့သို႔ ကူညီေပးႏိုင္မည္နည္း။
ဤေလာကသို႔ သင့္ကို ဘုရားပို႔ေဆာင္လာျခင္းသည္ သင္ကိုယ္သင္အတြက္သာ အသက္႐ွင္ဖို႔ရန္ မဟုတ္ဘူးဆိုတာကို သမၼာက်မ္းစာက ႐ွင္းလင္းစြာ ေဖာ္ျပထားပါတယ္။ သုတၱံ ၃:၂၇ " ေက်းဇူးကို ခံသင့္ေသာသူတို႔အား ေက်းဇူးျပဳရေသာ အခြင့္႐ွိလွ်င္ မျပဳဘဲမေနႏွင့္။"
"Whenever you are able, do good to people who need help" Proverbd 3:27
တျခားသူေတြကို ကူညီဖို႔ရန္ သင့္ကို ဘုရား႐ွင္က အရည္အခ်င္းေတြ၊ ပင္ကိုစြမ္းရည္ေတြ ႏွင့္ စြမ္းအားေတြ ေပးထားပါတယ္။
ယေန႔တြင္ ဤဆုေတာင္းခ်က္ျဖင့္ ဝတ္ျပဳရန္တိုက္တြန္းပါရေစ။
သခင္ခရစ္ေတာ္ဘုရား.....သခင္ဘုရား၌ အသက္႐ွင္ရၿပီး ဝိညာဥ္ေရးရာ တိုးတက္ဖို႔ရန္ ကြၽႏု္ပ္အလို႐ွိပါ၏။
အကြၽႏ္ုပ္၏ယုံၾကည္ျခင္း ရင့္က်က္လာရန္ အကူအညီျဖစ္ေစဖို႔ ကြၽႏု္ပ္၏အသက္တာ အခ်ိန္ကာလေတြကို အသုံးျပဳေတာ္မူပါ။ ခက္ခဲေသာကာလအပါအဝင္ အခ်ိန္ကာလေတြတိုင္းမွာ သခင္ဘုရားကို ယုံၾကည္ရဖို႔ရန္ ကူညီပါမည္လား။ ကြၽႏ္ုပ္အသက္တာ၏ အစိတ္အပိုင္းအားလုံးတို႔အလယ္သို႔ႂကြေရာက္ဖို႔ရန္ ဖိတ္ေခၚပါ၏။ သိုမွသာ သခင္ဘုရားတည္ေဆာက္ေပးေသာ အသက္တာအားျဖင့္ ေကာင္းကင္ဘုံသို႔ တပါတည္းယူေဆာင္သြားႏိုင္ပါမည္။ သခင္ခရစ္ေတာ္ဘုရား၏ အမည္နာမေတာ္အားျဖင့္ ေတာင္းေလွ်ာက္ပါ၏။ ............. အာမင္။