Unicode
ဘုရားရှင်ထံ သင်၏ကျေးဇူးတင်ရှိခြင်းတွေကို သီချင်းလေးဖြင့်ချီးမွမ်းသီဆိုပါ။
ဆာလံကျမ်း ၁၄၇:၇ “ဂုဏ်တော်ကိုချီးမွမ်းလျက် ထာဝရဘုရား ရှေ့တော်၌ သီချင်းဆိုကြလော့။
စောင်းတီး၍၊ ငါတို့၏ ဘုရားသခင်ကို ထောမနာသီချင်းဆိုကြလော့။”
ဘုရားရှင်ကောင်းချီးပေးထားတဲ့အရာတွေအတွက်
ကျေးဇူးတင်ဖို့ လေ့လာခြင်းသည် ဝိညာဉ်ရေးရာခရီး အတွက် အင်မတန်အရေးကြီးပါတယ်။ အသက်တာနှင့်
တစ်သားတည်းဖြစ်သော ဘုရားရှင်ထံ ကျေးဇူးတင်ရှိခြင်းကို သင်မည်ကဲ့သို့ပြုပါသနည်း။
အရေးအကြီးဆုံးသော
လုပ်ဆောင်ဖို့ နည်းလမ်းတစ်ခုက ချီးမွမ်းသီဆိုခြင်းဖြစ်ပါတယ်။ ဆာလံကျမ်း ၁၄၇:၇ “ဂုဏ်တော်ကိုချီးမွမ်းလျက် ထာဝရဘုရား ရှေ့တော်၌ သီချင်းဆိုကြလော့။
စောင်းတီး၍၊ ငါတို့၏ ဘုရားသခင်ကို ထောမနာသီချင်းဆိုကြလော့။” သင်၏ချီးမွမ်းခြင်းထက်
တစ်ချို့သောအရာတွေက ဘုရားရှိနေခြင်းကို သတိမူမိဖို့ရန် ပိုမိုမြန်ဆန်စေပါတယ်။ ပြီးတော့
သင်မှာ ဂီတနှင့်ဆိုင်တဲ့ ပါရမီဘယ်လောက်ရှိသလဲနှင့် မဆိုင်ပါ။ ဝမ်းမြောက်ခြင်း ချီးမွမ်းသံပြုဖို့ရန်
သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို နှိုးဆော်နေပါတယ်။ ဝက်တွေတောင် စားတဲ့အခါ အသံပြုကြတယ်။
ဝမ်းမြောက်ခြင်းအသံကို ဝက်တွေလုပ်နိုင်တယ်ဆိုလျှင် ကျွန်ုပ်တို့သည်လည်း လုပ်ဆောင်နိုင်တာပေါ့။
ခရစ်ယာန်ဘာသာသည် ယုံကြည်ခြင်း၌သီဆိုခြင်းသဘောရှိသည်။
သခင်ခရစ်တော်နှင့်ဆိုင်သော သီချင်းတွေသည် အရာအားလုံးထက် ၊ တခြားချစ်ခြင်းတွေထက် ပိုပါတယ်။
ဒါကြောင့် အသင်းတော်တွင်း တစ်စိတ်တစ်ဒေသအဖြစ် သင်ပါဝင်ဖို့ လိုအပ်ပါတယ်။ သမ္မာကျမ်းစာကနေ
သတင်းစကားကို အပတ်စဉ်နားထောင်နေခြင်းမဟုတ်ပါ။ အနည်းဆုံးတော့ တစ်ပတ်တစ်ကြိမ် ဘုရားရှင်အား
ကျေးဇူးတင်ခြင်းဖြင့် မိမိစိတ်လှုပ်ရှားမှုကို ဖော်ပြပေးဖို့လိုအပ်သည်။ တရားဒေသနာတစ်ခုတည်းဖြင့်
ဝိညာဉ်ရေးရာကျန်းမာသော ခရစ်ယာန်တစ်ယောက် မဖြစ်နိုင်ပါ။ မိမိ၏ခံစားမှုတွေကို ဒေသနာမှ
တစ်ဆင့် ၊ဂီတ သီချင်းမှတစ်ဆင့် နှစ်မျိုးလုံး
ဖော်ပြဖို့လိုအပ်ပါတယ်။
ကျွန်ုပ်သီချင်းဆိုချင်တဲ့အချိန်တွေမှာ လေ့လာမိခဲ့တာက ဆိုချင်ခဲ့ဆုံးသောအချိန်ဖြစ်လို့ပါ။
ကျွန်ုပ်၏နှလုံးသာ အေးနေသောအခါ အသစ်မွမ်းမံဖို့ ၊ ပြန်လည်ထိန်းသိမ်းဖို့ နှင့် အားသွင်းဖို့
ဘုရားရှင်အား ချီးမွမ်းသီဆိုခြင်းအားဖြင့် ပြုဖို့လိုအပ်ပါသည်။ ကျွန်ုပ်၏ဗျာများနေသော
အချိန်ဇယားတွေမှာ သီချင်းတွေနားထောင်တယ် ၊ ကျွန်ုပ်ဝိညာဉ် အသစ်ဖြစ်ဖို့ရန် ဘုရားရှင်အား
သီဆိုချီးမွမ်းဖို့ လုပ်ဆောင်ပါတယ်။
ဒါကြောင့်
သင်၏စိတ်ကြိုက် ဝတ်ပြုသီချင်းကို ဖွင့်ပါ (သို့) ရေဒီယို ကနေ ဘာသာရေးအစီအစဉ်တွေိကို
ရှာပါ ။ သီဆိုပါ။ သင့်အား ပေးထားတော်မူသောအရာအားလုံးအတွက် ဘုရားရှင်အားကျေးဇူးတင်လိုက်ပါ။
ဆင်ခြင်ရန်
-
သင်၏စိတ်ကြိုက်ဝတ်ပြုရာသီချင်းကား မည်သို့နည်း။ ဘာကြောင့်ကြိုက်ရသနည်း။
-ကိုယ်ပိုင်ချိန်တွင်
သီချင်းသီဆိုချိန်နှင့် ဝတ်ပြုစဉ်သီဆိုချိန်တွေကနေ မည်သို့သောအရာက ကျွန်ုပ်တို့ကို
ကင်းဝေးစေ သနည်း။
-ဘုရားရှင်အားချီးမွမ်းသီဆိုချိန်တွေမှာ
သင်၏စိတ်ခံစားချက်တွေကို မြှင့်တင်ဖို့ရာ ကူညီမှုဖြစ်တယ်ဆိုတာကို ဝေငှပေးပါ။
Zawgyi Font
ဆင်ခြင်ရန်