Selective Memory: Focus on the Good Times
Unicode Version
အမှတ်ရစရာတွေကို စီစစ်ပါ - ကောင်းမွန်တဲ့အချိန်လေးတွေကို အာရုံစိုက်အလေးထားပါ။
ဖိလိပ္ပိ ၁:၅ “သင်တို့သည် ရှေ့ဦးစွာ သောနေ့ရက်မှစ၍ ယခုတိုင်အောင် ဧဝံဂလိတရားကို ဆက်ဆံ၍ ခံစားကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
ဖိလိပ္ပိမြို့မှာရှိတဲ့ ဖိလိပ္ပိ အသင်းတော်တွေဆီ (Current Location: Filippoi, Village in Greece) တမန်တော်ရှင်ပေါလု ဖိလိပ္ပိဩဝါဒစာကို ရေးသားခဲ့ပါတယ်။ အဲဒီမြို့မှာ Lydia ဆိုတဲ့ အမျိုးသမီးသည် သူမ၏အိမ်ကို တခြားသူတွေနည်းတူ ရှင်ပေါလုအတွက် သူတို့မြို့တွင် တည်းခိုစရာအဖြစ် ဖိတ်ခေါ်ကြိုဆိုပါတယ်။ ဖိလိပ္ပိအသင်းတော်သည်လည်း ရှင်ပေါလု၏ ဧဝံဂေလိ ခရီးအတွက် ထောက်ပံ့မှုတွေ၊ ကူညီမှုတွေ ပေးကြပါတယ်။
In Philippians 1:5, Paul says, “I thank God for the help you gave me” (NCV).
ဖိလိပ္ပိ ၁:၅ “သင်တို့သည် ရှေ့ဦးစွာ သောနေ့ရက်မှစ၍ ယခုတိုင်အောင် ဧဝံဂလိတရားကို ဆက်ဆံ၍ ခံစားကြောင်းကို ငါထောက်သဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။
အကြောင်းတရားတစ်ခုက ဖိလိပ္ပိတွင် နေထိုင်စဉ်ကာလတွေသည် ရှင်ပေါလုအတွက် ကောင်းသောအခါသမယ မဟုတ်ခဲ့ပါ။ တကယ်တော့ သူ၏အဆိုးဝါးဆုံးသော အသင်းတော်များ၏ စတင်ဖြစ်ပွားရာ အကြောင်းအရာ တစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီမြို့မှာ အသင်းတော်စတင်ဖို့ သွားခဲ့စဉ်ခါက ထုနှက်ခြင်းခံခဲ့ရတယ်၊ ကျာပွတ်နှင့်ရိုက်နှက်ခံ ရခြင်း ၊ အရှက်ခွဲခံရခြင်း ၊ မှားယွင်းစွာ ဖမ်းဆီးခံခဲ့ရပါတယ်။ ထောင်ထဲအပို့ခံရပြီး ငလျင်ဒဏ်ကြောင့် သေကံမရောက် သက်မပျောက်ဘဝတွေ ကြုံတွေ့ခဲ့ရပါတယ်။ မြို့၏ခေါင်းဆောင်များ သိမ်မွေ့သောအပြောလေးဖြင့် မြို့ကနေထွက်ခွါဖို့ ရန် ပြောကြားခြင်းခံခဲ့ရပါတယ်။
 ယုံကြည်သူတွေကို ရှင်ပေါလုပြောနေစဲ စကားက “Every time I think of you, I give thanks to my God”  (Philippians 1:3 NLT).
ရှင်ပေါလု အဲဒီမြို့မှာ ဘာတွေများ လုပ်ဆောင်ခဲ့သနည်း။ သူ အမှတ်ရစရာတွေကို ရွေးချယ်နေပါတယ်။ ဖိလိပ္ပိမြို့က သူ့အတွက် ပျော်ရွှင်စရာမကောင်းခဲ့ဘူး ၊ အဲဒီမြို့မှာ နှိပ်စက်ညှဉ်းပန်းမှုတွေ နှင့် ဒုက္ခဝေဒနာခံစားခဲ့ရတာတွေ များစွာတို့ကို သူကြံ့ကြံ့ခံ၊ တောင့်ခံခဲ့ပါတယ်။ အဲဒီခံစားချက်တွေအစား သူ၌ဖြစ်ပျက်ခဲ့သော ကောင်းသောအရာတွေ အပေါ်မှာ သူ၏ ကျေးဇူးတင်ရှိခြင်းတွေကို ဖော်ပြခဲ့ပါတယ်။
တစ်စုံတစ်ယောက်ကို ကြာရှည်စွာ သိကျွမ်းလေ သူအားထောက်ခံမှုမျိုးတွေ ပိုများလေပါ။ သူ၏အပြစ်တွေကို ပိုမြင်လေဖြစ်ပြီး ကောင်းသောအရာတွေထက် ဆိုးသောအရာတွေကိုသာ မှတ်မိနေပါမည်။
အသက်တာရှိ တစ်ချို့သောလူတို့နှင့် ပတ်သက်ခဲ့သော နာကျင်စရာ အမှတ်ရမှုတွေကို သင်တွယ်ဖက်ထားတုန်းပဲလား။ အဲဒီ ချိတ်ဆက်နေတဲ့ချိန်ကောက်ကို လွှတ်သွားဖို့ သင်ဘယ်တော့မှခွင့်မပြုဘူးဆိုလှျင် သင်၏ပေါင်းသင်းဆက် ဆံရေးမှာ ပျော်ရွှင်လာစရာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အတိတ်ကအကြောင်းတွေကို သင်ဆုပ်ကိုင်ထား လို့ဖြစ်ပါတယ်။
အဲဒီလို အမှတ်တရတွေက ရွေးချယ်စရာဖြစ်တယ်ဆိုတာကို သင်နားလည်ဖို့ လိုအပ်ပါတယ်။ သူငယ်ချင်းနှစ်ဉီး စကားပြောထားတဲ့ ပုံပြင်အကြောင်းကို ကျွန်ုပ် တစ်ကြိမ်တော့ ကြားဖူးပါတယ်။ တစ်ဉီးက “အဲဒီအချိန်တုန်းက နင့်ခင်ပွန်းလုပ်ဆောင်ခဲ့တာတွေကို နင်မမှတ်မိဘူးလား” လို့ သူငယ်ချင်းကို မေးလိုက်ပါတယ်။ သူငယ်ချင်းက “ငါ အဲဒီအကြောင်းတွေကို မေ့လိုက်ပြီဆိုတာကို  သေချာမှတ်မိတာပေါ့” လို့ပြန်ဖြေပါတယ်။
သင်၏အမှတ်ရစရာတွေသည် ရွေးချယ်မှုဖြစ်တယ်။ နာကျင်ခံစားရတဲ့ အမှတ်ရစရာတွေကို ဆုပ်ကိုင်ထားချင်တယ် ဆိုလျှင် ဆက်လက် ဆုပ်ကိုင်ပေါ့။ ဒါပေမဲ့ သင်ပျော်ရွှင်လာဖို့မဖြစ်နိုင်တော့ပါ။ ဖိလိပ္ပိမှာ ဖြစ်ခဲ့တဲ့ နာကျင်မှု အမှတ်ရစရာတွေကို အာရုံစိုက်ဖို့ အကြောင်းရင်းတွေက ရှင်ပါလု မှာရှိနေပါတယ်။ အဲဒါတွေအစား သူ၏အသက်တာ မှာရှိတဲ့သူတွေ နှင့် သူ့အားဖြင့် ဘုရားရှင်လုပ်ဆောင်ခဲတာတွေကို “ကျေးဇူးတင်ရှိခြင်း” ရွေးချယ်မှုဖြင့် အသက်တာကို ရှင်သန်သွားခဲ့ပါတယ်။ ထိုနည်းလမ်းအတိုင်း သင်ပြုတဲ့အခါ သင်၏ပေါင်းသင်းဆက်ဆံရေးတွေမှာ သင်မျှော်မှန်းထား တာထက်ကို ကျော်လွန်ပြီး ဘုရားရှင် ကောင်းချီးပေးပါလိမ့်မည်။
ဆင်ခြင်ရန်
-တစ်ခါတစ်ရံမှာ ဘာကြောင့်များ ကောင်းသောအမှတ်ရစရာတွေကို အစားထိုးဖို့ထက် နာကျင်ခံစားရခြင်းအမှတ် ရစရာတွေကို ဆုပ်ကိုင်ရဖို့ ပိုလွယ်ကူနေပါသနည်း။
-ကောင်းသောအမှတ်ရစရာတွေပေါ် အာရုံစိုက်ခြင်းက အနာဂတ်အတွက် သင်မျှော်လင့်နေသောအရာတွေကို မည်ကဲ့သို့ ပြောင်းလဲစေပါသနည်း။
-သင့်အသက်တာရှိ ဘုရားပြင်ဆင်ပေးထားသော သူတို့အတွက် မည်ကဲ့သို့ ကျေးဇူးတင်စရာအဖြစ် ဖော်ပြနိုင်မည် နည်း။ အသေးစိတ်ဖြစ်နိုင်သမျှ ဖော်ပြပါ။
----------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်