Unicode
ဘုရားရှင်၏ ကြီးမားတဲ့ ပန်းချီကားကို မြင်ကြည့်လိုက်ပါ။
The Big
Picture Meaning
Definition: The complete, overarching
story or idea. This phrase usually implies that one should think of the future,
or think of other parallel factors, and not focus on the small details. The bigger
picture allows you to keep your eyes trained on the ultimate goals.
ဖိလိပ္ပိ ၁:၁၂ “ညီအစ်ကိုတို့၊ ငါ၌ရောက်သော အမှုအရာတို့သည် ဧဝံဂေလိတရားကို
မမြစ်တားသည်သာမက၊ ပြုစု ရာဖြစ်သည်ဟု သင်တို့ သိစေခြင်းငှါ ငါအလိုရှိ၏။”
သင့်အသက်တာတွင်
မည်သို့ပင် အဆိုး၊အကောင်း၊ ရုပ်ဆိုးမှုတွေ ဖြစ်နေသော်ငြားလည်း …. ဘုရားသခင်ကတော့ သူ့အကြံအစည်ကို
လုပ်ဆောင်နေပါမည်။ ဒါကို ရှင်ပေါလု သဘောပေါက်ပါတယ်။ ဒါကို ဖိလိပ္ပိဩဝါဒစာ မှာ သူဖော်ပြထားပါတယ်။
ဖိလိပ္ပိ ၁:၁၂ “ညီအစ်ကိုတို့၊ ငါ၌ရောက်သော အမှုအရာတို့သည်
ဧဝံဂေလိတရားကို မမြစ်တားသည်သာမက၊ ပြုစု ရာဖြစ်သည်ဟု သင်တို့ သိစေခြင်းငှါ ငါအလိုရှိ၏။”
ရှင်ပေါလု၏
ခရစ်ယာန်စတင်ဖြစ်လာသော
Damascus (Located in south-western
Syria) ဆီသို့သွားရာလမ်းပေါ်မှသည်
သူ၌ ကြီးမားတဲ့ အိမ်မက်တစ်ခုရှိခဲ့ပါတယ်။ သူ ရောမ (Capital city of Italy) မြို့မှာတရားဒေသနာဟောကြားဖို့အတွက်
အလိုရှိခဲ့တယ်။ အဲဒီအချိန်တုန်းက အဲဒီရောမမြို့က ကမ္ဘာပေါ်မှာ အထင်ကရ အရှိဆုံးမြို့
ဖြစ်တဲ့အတွက်ကြောင့် သူ၏အိမ်မက်ဖြစ်တဲ့ တရားဒေသနာဟောပြောခြင်းကို အဲဒီမှာ လုပ်ဆောင်ချင်နေခဲ့တယ်။
ဒါပေမဲ့
ဘုရားရှင်မှာ တခြားစိတ်ကူးအကြံအစည် ရှိနေခဲ့တယ်။ ရောမမြို့မှာ ကောင်းကျိုးလုပ်ငန်းတွေ
ပါဝင်လှုပ်ရှား သူတွေကို တရားဒေသနာဟောကြားစေမည့်အစား ရှင်ပေါလုကို ဘုရားရှင်က နီရို၏တော်ဝင်အကျဉ်း
ထောင်ထဲပို့ လိုက်ပါတယ်။ အဲအီအချိန်မှာ ကဲသာ ကြီးစိုးတဲ့အချိန်ပေါ့။ နရိုဆိုတာ မတရားမှုတွေေ
၊ အဖြစ်ဆိုးတွေ နှင့်ပတ်သက် နေတာတွေပေါ့။
(၂)
နှစ်မျှ ၊ ၂၄ နာရီပတ်လုံး အစောင့်တွေ၏ သံကြိုးတုတ်ခြင်းကို ရှင်ပေါလု ခံခဲ့ရပါတယ်။
၄ နာရီတိုင်းမှာ အစောင့်တွေ ပြောင်းလဲသွားကြတယ်။ (၂) နှစ်ကျော် ထောင်ထဲမှာ အစောင့်တွေ
မရေတွက်နိုင်အောင်ပင် သက်သေရဖို့ စုစုပေါင်း ၄၃၈၀ အခွင့်အလမ်းတွေရခဲ့ပါတယ်။ ဒီမှာ မည်သူက
စစ်မှန်တဲ့ ထောင်မှူးလဲ ။ ဖမ်းမိသော လူထုတွေကို
မည်သူ ရရှိသနည်း။
ဒါတွေသည်
ရှင်ပေါလု၏အကြံအစည်မဟုတ်ပါ။ ဒါပေမဲ့ ဘုရားရှင်သာ တောက်လျှောက်ပါဝင်ခဲ့သူဖြစ်ပြီး (၂)
မျိုးသောရလဒ်ကို ထုတ်ဖော်ခြင်းအရာမှာလည်း ကျွန်ုပ်တို့သေချာသိကြပါတယ်။
ပထမဉီးစွာ
ဖိလိပ္ပိ ၄ တွင်ပြောထားသည်မှာ ၂ နှစ်အတွင်းမှာ ရှင်ပေါလု၏ ရောမ သက်သေများအားဖြင့် တစ်ချို့သော
နီရိုပိုင် အိမ်သူအိမ်သားတစ်ချို့မှာ ယုံကြည်သူခရစ်ယာန်ဖြစ်လာကြပါတယ်။
ဒုတိယအနေဖြင့်
ပေါလုလို မနားတမ်းလုပ်ဆောင်တတ်တဲ့သူမျိုးကို ရဖို့ဆိုတာ ခက်ခဲခြင်းမျိုးဖြစ်တယ်။ ထောင်ထဲမှာ
သူဆက်နေရဖို့ တွန်းအားပေးခံခဲ့ရတယ်။ နောက်ဆုံးရလဒ်က သူ၏ဓမ္မသစ်ကျမ်း တစ်စိတ်တစ်ဒေသကို
ရေးသားခဲ့ပါတယ်။ ပိုမိုကြီးများတဲ့ အကျိုးရလဒ်ကို ကျွန်ုပ်အံ့ဩမိပါတယ်။ ကေလောသဲမှာရှိတဲ့
သူ၏တရား ဒေသနာတွေ (သို့) နှစ်ပေါင်းများစွာ သခင်ခရစ်တော်အကြောင်းကို ဖော်ပြရေးသားခဲ့တဲ့စာအုပ်တွေ
အကြောင်းပေါ့။
ဘုရားရှင်မှာ
ကြီးမားတဲ့အကြံအစည်ရှိတယ်ဆိုတာကို ရှင်ပေါလု သိခဲ့ပါတယ်။ သူ၏ပြသနာတွေအားဖြင့် ဘုရားရှင်ပြု
တော်မူတယ်ဆိုတာကို သူတွေ့မြင်သည့်အတွက် သူပျော်ရွှင်နိုင်ပါပြီ။
သင့်အား
ဆွဲချစေမည့် ပြသနာတွေကို စတင်ရရှိတဲ့အချိန်တွေမှာ ရှင်ပေါလု လုပ်ဆောင်သကဲ့သို့ သင်လုပ်ဆောင်
ဖို့လိုအပ်ပါတယ်။ ဘုရား၏အမြင်ကနေ ကြည့်တတ်ဖို့ လေ့လာပါ။ “ဘုရားရှင်အဲဒီမှာ ဘာလုပ်နေပါသလဲ”
၊ “ပိုမိုကြီးမြတ်တဲ့ ပန်းချီကားကရော မည်သို့နည်း” ၊ ဘုရားရှင်၏အမြင်ကမည်သို့နည်း”
လို့မေးပါ။ ထို့နောက် သင်၏ပြသနာတွေကို ယုံကြည်ခြင်းအားဖြင့် ရင်ဆိုင်နိုင်စွမ်းရှိလာမည်။
ဆင်ခြင်ရန်
-အခက်အခဲတွေကို
သင့်အား ဘုရားရှင်က ဘာကြောင့်များ ရင်ဆိုင်ဖြတ်သန်းစေတယ်လို့ သင်ထင်မြင်ပါသနည်း။
-အတိတ်ကာလတွေတုန်းက
ခက်ခဲတဲ့အခြေအနေအလယ်မှာ ဘုရားမည်ကဲ့သို့ သင့်အတွက် လုပ်ဆောင်သွား သလဲဆိုတာကို မြင်ပါသနည်း။
-----------------------------------------------------------------------------------------------------------------------
Zawgyi Font
ဆင်ခြင်ရန်