Unicode Version
———————————————————————-
Zawgyi Version
ဖိလိပ္ပိ ၁:၉-၁၁ "
ဆင်ခြင်ရန်
ဂလာတိ ၅:၂၂-၂၃
—————
Unicode Version
အကောင်းဘက်မြင်သော/ အပြုသဘောဆောင်သောဆုတောင်းခြင်းတွေသည်
ခိုင်မာတဲ့ပေါင်းသင်းဆက်ဆံရေးအကျိုးကိုဖြစ်ပေါ်စေပါတယ်။
ဖိလိပ္ပိ၁:၉-၁၁"
ငါသည်အဘယ်သို့ဆုတောင်းသနည်းဟူမူကား၊သင်တို့သည်ခြားနားသောအရာတို့ကိုပိုင်ခြားစေခြင်းငှါဉာဏ်ပညာအမျိုးမျိုးရှိလျက်၊ (Phi 1:9)
မေတ္တာပါရမီတိုးပွါး၍ပြည့်စုံမည်အကြောင်းကို၎င်း၊ (Phi 1:10)
ယေရှုခရစ်အားဖြင့်ဘုရားသခင်၏ဘုန်းအသရေတော်ကိုထင်ရှားစေတတ်သောဖြောင့်မတ်ခြင်းအကျင့်နှင့်သင်တို့သည်ပြည့်စုံ၍ခရစ်တော်၏နေ့ရက်တိုင်အောင်စိတ်ကြည်ဖြူလျက်၊တိမ်းလဲခြင်းအမှုနှင့်ကင်းလွတ်လျက်ရှိမည်အကြောင်းကို၎င်း၊ငါဆုတောင်းပဌနာပြု၏။ (Phi 1:11)
တမန်တော်ရှင်ပေါလုသည်သူ့အသက်တာတွင်တွေ့ရှိသော သူတွေအတွက်ဝမ်းမြောက်စွာဖြင့်ဆုတောင်းမှုပြုခဲ့ပါတယ်။သူတစ်ပါးအသက်တာရှိအကြောင်းအရာတွေကိုသင်ပြောင်းလဲချင်စိတ်တွေရှိနေတယ်။သင့်ကိုယ်သင်တော့မပြောင်းလဲချင်ပါ။ကျွနု်ပ်တို့အားလုံးတခြားသူတွေကိုပြေင်းလဲဖို့အမြဲတမ်းအလိုရှိကြပါတယ်။ဒါပေမဲ့သင်မလုပ်နိုင်ပါဘူး။သို့သော်ငြားလည်းသင်ဆုတောင်းနိုင်ပါတယ်။တခြားသူတွေမှာဘုရားပါဝင်လုပ်ဆောင်ခွင့်ပြုဖို့ဆုတောင်းပါ။
အပြုသဘောဆောင်တဲ့ဆုတောင်းခြင်းတွေကအကောင်းမြင်တဲ့အတွေးတွေထက်ပိုပြီးအကျိုးသက်ရောက်မှုရှိပါတယ်။သင်၏ဇနီး/ခင်ပွန်း(သို့) သားသမီး(သို့) မိတ်ဆွေသူငယ်ချင်း(သို့) သင်၏အခြေအနေတွေကိုလောကကြီးကပြောင်းလဲပေးဖို့မရှိပါ။အကောင်းမြင်တတ်တဲ့အတွေးအခေါ်တွေကသာသင့်ကိုပြောင်းလဲစေနိုင်ပါတယ်။ဒါပေမဲ့တစ်ခြားတစ်ယောက်ကိုတော့မပြောင်းလဲစေပါ။ဒါပေမဲ့ကောင်းတဲ့အမြင်ရှိတဲ့ဆုတောင်းတွေကတစ်စုံတစ်ယောက်မှာထူးခြားတဲ့ပြောင်းလဲမှုကိုလုပ်ဆောင်နိုင်ပါတယ်။
ဆိုးဝါးတဲ့ပေါင်းသင်းဆက်ဆံရေးကနေအကောင်းဘက်သို့ပြောင်းလဲဖို့ရန်မည်သို့သောနည်းလမ်းကအမြန်ဆုံးဖြစ်မည်နည်း။တခြားသူအတွက်စတင်ဆုတောင်းပါ။သင့်ကိုပြောင်းလဲစေလိမ့်မည်။တခြားသူကိုလည်းပြောင်းလဲစေနိုင်တယ်။
တခြားသူတွေအတွက်မည်ကဲ့သို့ဆုတောင်းရမလဲဆိုတာကိုရှင်ပေါလုကတောင်ဆိုထားပါတယ်။ဖိလိပ္ပိ၁:၉-၁၁ကျမ်းပိုဒ်ကနေကျွနု်ပ်တို့အသက်တာရှိလူတွေအတွက်ဆုတောင်းပေးဖို့ရန်လေ့လာနိုင်တဲ့နည်းလမ်း(၄) မျိုးမှာ- သူတစ်ပါးအတွက်
(၁) ချစ်ခြင်းအားဖြင့်ကြီးထားဖို့ဆုတောင်းပေးပါ။
"ငါသည်အဘယ်သို့ဆုတောင်းသနည်းဟူမူကား၊မေတ္တာပါရမီတိုးပွါး၍ပြည့်စုံမည်အကြောင်းကို၎င်း၊ (Phi 1:10)"
(၂) ဉာဏ်အမြော်အမြင်ရှိတဲ့ရွေးချယ်မှုကိုပြုဖို့ရန်ဆုတောင်းပေး
"သင်တို့သည်ခြားနားသောအရာတို့ကိုပိုင်ခြားစေခြင်းငှါဉာဏ်ပညာအမျိုးမျိုးရှိလျက်၊" (Phi 1:9)
(၃) သမာသမတ်ရှိသောအသက်တာဖြင့်နေထိုင်ဖို့ရန်ဆုတောင်းပေးပါ။
"ခရစ်တော်၏နေ့ရက်တိုင်အောင်စိတ်ကြည်ဖြူလျက်၊တိမ်းလဲခြင်းအမှုနှင့်ကင်းလွတ်လျက်ရှိမည်အကြောင်းကို၎င်း၊ငါဆုတောင်းပဌနာပြု၏။ (Phi 1:11)"
(၄) ခရစ်တော်နှင့်တူလာစေဖို့ဆုတောင်းပေးပါ။
"ယေရှုခရစ်အားဖြင့်ဘုရားသခင်၏ဘုန်းအသရေတော်ကိုထင်ရှားစေတတ်သောဖြောင့်မတ်ခြင်းအကျင့်နှင့်သင်တို့သည်ပြည့်စုံ၍...."
အထက်ပါနည်းလမ်းတွေအတိုင်းသင့်အတွက်နှင့်သင်၏အသက်တာရှိလူတစ်ဉီးဉီးအတွက်ဆုတောင်းပါ။သတိပြန်လည်လာစေဖို့လိုအပ်နေတဲ့ပေါင်းသင်းဆက်ဆံရေး(သို့) မျော်လင့်ချက်မဲ့နေတဲ့ပေါင်းသင်းဆက်ဆံရေးတွေကိုဘုရားရှင်မည်ကဲ့သို့လုပ်ဆောင်မည်ဆိုတာကိုစောင့်ကြည့်ပါ။
ဆင်ခြင်ရန်
-စွန်းထင်းနေတဲ့သင့်အသက်တာရှိပေါင်းသင်းဆက်ဆံရေးအကြောင်းကိုစဉ်းစားကြည့်ပါ။ယနေ့ဖော်ပြတဲ့နည်းလမ်း(၄) မျိုးဖြင့်မည်ကဲ့သို့သင်ဆုတောင်းနိုင်မည်နည်း။
-အပြုသဘောဆောင်တဲ့သင်၏ဆုတောင်းကားသင်ဆုတောင်းပေးနေသူအတွက်သာမကသင့်အတွက်ပါမည်ကဲ့သို့ပြောင်းလဲစေပါသနည်း။
-အချိန်ခဏယူလျက်ဂလာတိ၅:၂၂-၂၃ကိုဖတ်ပါ။သခင်ခရစ်တော်နောက်လိုက်တဲ့သင့်အသက်တာ၌မည်ကဲ့သို့ပိုမိုများပြားတဲ့ဝိညာဉ်အသီးကိုတွေ့မြင်ပါသနည်း။
ဂလာတိ၅:၂၂-၂၃
ဝိညာဉ်ပကတိ၏အကျိုးမူကား၊ချစ်ခြင်း၊ဝမ်းမြောက်ခြင်း၊ငြိမ်သက်ခြင်း၊စိတ်ရှည်ခြင်း၊ကျေးဇူးပြုခြင်း၊ကောင်းမြတ်ခြင်း၊သစ္စာစောင့်ခြင်း၊ (Gal 5:22)
နူးညံ့သိမ်မွေ့ခြင်း၊ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ထိုသို့သောအကျင့်ကိုအဘယ်တရားမျှမမြစ်တား။ (Gal 5:23)