Unicode:
ဝမ်းမြောက်ဖို့ရာ
ရွေးချယ်မှုပြုပါ။
ဖိလိပ္ပိ ၁:၁၈-၁၉ “သို့ဖြစ်၍ အဘယ်သို့နည်း၊ လျှို့ဝှက်၍ ဟောပြောသည်ဖြစ်စေ၊
သစ္စာရှိ၍ ဟောပြောသည်ဖြစ်စေ၊ အဘယ်သို့သောအားဖြင့် ဟောပြောသည်ဖြစ်စေ၊ ခရစ်တော်၏တရားကို
ဟောပြောခြင်းရှိ၏။ ထိုအကြောင်း ကြောင့် ငါသည်ယခုဝမ်းမြောက်၏။ နောင်၌လည်း ဝမ်းမြောက်လိမ့်မည်။ အဘယ်သို့နည်းဟူမူကား၊ ငါသည်အလျှင်းရှက် ကြောက်ခြင်းမရှိ၊ ရဲရင့်ခြင်းနှင့်ပြည့်စုံ၍
အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့ကိုယ်ခန္ဓာ၌ ခရစ်တော်သည် အစဉ်မပြတ် ဂုဏ်အသရေထင်ရှား
တော်မူသကဲ့သို့”
တစ်စစီဖြစ်သွားတဲ့
အရာတွေ၊ အဆင်မပြေမှုတွေနှင့် တွေ့ကြုံရတဲ့အခါ သင့်ဖာသာသင် ကြိုးစားပြီး မလုပ်ဆောင်
ပါနှင့်။ အဲဒီတစ်စီဖြစ်သွားတဲ့အပိုင်းအစလေးတွေကို ပြန်လည်စုစည်းဖို့ရန် ဘုရားရှင်ထံ
အပ်နှံလိုက်ပါ။ ပြသနာရင်ဆိုင်နေရပါလျှင် သင်၌ ရွေးချယ်စရာ (၂) မျိုးရှိပါတယ်။ ဆုတောင်းခြင်း
(သို့) စိုးရိမ်ခြင်း ဖြစ်တယ်။
Paul
says in Philippians 1:18-19, “I will continue to rejoice. For I know
that as you pray for me and the Spirit of Jesus Christ helps me, this will lead
to my deliverance” (NLT).
အထက်ပါ ကျမ်းပိုဒ်တွင် တမန်တော်ရှင်ပေါလုက (+) လက္ခဏာ / ကောင်းသောအမြင်
ဖြင့်နေထိုင်ခြင်း နှင့် အခက်အခဲတွေ့ချိန်မှာတောင် ပျော်ရွှင်နိုင်ခြင်းအတွက် ခွန်အားဖြစ်စေမည့်
အမျိုးမျိုးသော အကြောင်းရင်းတွေကို ဖော်ပြထားပါတယ်။
ပထမဉီးစွာ
ပြသနာတွေအပေါ်မှာ ဘုရားရှင်၏ ရှုထောင့်ကနေ မြင်နိုင်ဖို့ သင်လိုအပ်ပါတယ်။ ရှင်ပေါလုပြောတဲ့
“For I know” သည်
သင်သိထားသည်အတိုင်း သင်သွားနေခြင်း ၊ အသက်ရှင်နေခြင်း အကြောင်းကို ဆိုလိုပါတယ်။ သူ၏
(ရှင်ပေါလု) အခက်အခဲများကြားတွင် ဘုရားရှင်လုပ်ဆောင်သွားတာတွေကို သူသိရှိခဲ့ပါတယ်။
ဘုရားရှင်၏ ကြီးမားတဲ့ အမြင် တွေအတိုင်း သူရှင်သန်ခဲ့ပါတယ်။
ဒုတိယအနေဖြင့်
ရှင်ပေါလု၌ သူ့အားဆုတောင်းပေးမည့်လူတွေကို ပိုင်ဆိုင်ထားတယ်၊ ဒါသည်လည်း သူ့ကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ရန်
အထောက်အမဖြစ်စေတယ်။ ထို့နောက် သူက “The Spirit of Jesus Christ helps me”. သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ရှင်ပေါလုကို
ဆက်လက်လုပ်ဆောင်နိုင်ဖို့ရန် ကူညီမှုဖြစ်စေပါတယ်။ သူ၏ပြသနာအားလုံးကို ကောင်းဖို့အတွက်
ဘုရားရှင်လုပ်ဆောင်မည်ဆိုတာကို သူယုံကြည်ပြီး “This will lead to my deliverance - ဒါတွေသည် ကျွန်ုပ်၏လွှတ်မြောက်ခြင်းဆီသို့
ဉီးတည်စေတယ် “လို့နောက်ဆုံးမှာ ဆိုခဲ့ပါတယ်။
ရှင်ပေါလု၌ ဘုရားရှင်၏ ရှုထောင့်အမြင်တွေ ရှိတယ်။ မိတ်ဆွေ ၊ သူငယ်ချင်းများ၏ဆုတောင်းမှုတွေ၊
သန့်ရှင်းသော ဝိညာဉ်တော်၏ ကူညီမစမှု နှင့် သူ၏ယုံကြည်ခြင်းတွေကြောင့် ရှင်ပေါလုအသက်တာသည်
အစဉ်ပျော်ရွှင်ခြင်း ၊ ဝမ်းမြောက်ခြင်းတွေဖြင့် ဆက်လက်၍တည်ဖို့ရန် ရွေးချယ်ပြီးဖြစ်သည်။
ပျော်ရွှင်ဝမ်းမြောက်ဖို့ရန်သည် သင်၏ရွေးချယ်မှုပင်ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-အခက်အခဲဖြစ်နေချိန်တွင်
ဘုရားကို ဝတ်ပြုရန်ဆိုသည်မှာ မည်ကဲ့သို့အမြင်ဖြစ်ပါသနည်း။
-ဆုတောင်းခြင်းအထောက်အမကို
သင်မည်ကဲ့သို့သာ လူတွေ၏ပေါ်မှာ အားထားပါသလဲ။ သင်၏နာကျင်ခံစားရ ချိန်တွေမှာ ဘုရားရှင်မည်ကဲ့သို့
အလုပ် လုပ်ဆောင်တာကို သင်တွေ့ကြုံရပါသနည်း။
-
ယခု သင်ခံစားရသော အခက်အခဲများကို စဉ်းစားကြည့်လိုက်ပါ။ နာကျင်မှုများမှ ဘုရားရှင်မည်ကဲ့သို့
လုပ်ဆောင် သွားသည်ကို တွေ့မြင်ရပါသနည်း။ ဤအတွေ့အကြုံအားဖြင့် ဘုရားရှင်မည်ကဲ့သို့ သင့်အားဖြင့်
လုပ်ဆောင်မှုပြု မည်ကို သင်မျှော်လင့်ပါသနည်း။
Zawgyi Font
ဆင်ခြင်ရန်