Unicode Version
-------------------------------------------------------------------------------------------------------------------------
Zawgyi Version
အထီးကျန်ခြင်းသည်
ဘုရားသခင်နှင့် ဆက်ဆံရေးကို တောင့်တခြင်းဖြစ်သည်။
ကမ္ဘာဉီးကျမ်း ၂:၁၈ “ထာဝရအရှင်ဘုရားသခင်ကလည်း၊ ယောက်ျားသည် တယောက်တည်းမနေကောင်း၊
သူနှင့်တော် သော အထောက်အမကို သူဘို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။
သင်ပြောနေသော အထီးကျန်ခြင်းသည်
တကယ်ပင် ဘုရားသခင်အတွက် အိမ်ကိုလွမ်းခြင်းဖြစ်၏။ သင်အသိအမှတ် မပြုခဲ့ရုံပါ။ သင်၌ သခင်ခရစ်တော်နှင့် ရင်းနှီးကျွမ်းဝင်သော
ဆက်ဆံရေး ဖြစ်ဖို့ဘုရားသခင်သင့်ကို ပုံဖော်ဖန်တီး ထားပါတယ်။ ထိုသားတော်သည် အသေခံတော်မူသည်ဖြစ်၍
ဘယ်အရာကမျှ အစားထိုးလို့မရပါ။ ဘယ်သူမှ ၊ ဘယ်အတွေ့အကြုံ ၊ ဘယ်ဆေး ၊ ဘယ်လိုအောင်မြင်မှုတွေ
၊ ဘယ်လိုအရာတွေ ၊ ဘယ်လို ပိုင်ဆိုင်မှုတွေကမျှ အစားမထိုးနိုင်ပါ။ ဘုရားသခင်သူ့အတွက်
ဖန်ဆင်းထားတဲ့ သင့်နှလုံးသားထဲက ထိုအနာပေါက်ကို ဘယ်အရာကမှ ဖြည့်လို့မရပါ။ သူ့ကိုသိစေဖို့
အလိုတော်ရှိပါတယ်။
ဘုရားသခင်ကို
မည်ကဲ့သို့ သင်သိနိုင်မည်နည်း။
(၁) သခင်ခရစ်တော်ထံ သင့်အသက်တာကိုဖွင့်ပါ။
“သခင်ခရစ်တော်ဘုရား
. . . သခင့်အား အကျွန်ုပ်သိချင်ပါတယ်၊ သခင် အကျွန်ုပ်ကို ချစ်ခဲ့တဲ့အတိုင်း ၊ ကျွန်ုပ်မသိခဲ့သည့်တိုင်
သခင့်အားချစ်ဖို့ လေ့လာသင်ယူချင်ပါ၏။ သခင်နှင့် မိတ်သဟာရဖွဲ့ချင်ပါ၏။” လို့ဆိုပါ။ ဘုရားနှင့်
ဆက်ဆံရေးရှိဖို့ သင်ကိုဖန်ဆင်းခဲ့ပါတယ်။ ဘာသာတရား၏အကြောက်တရားနှင့်မဟုတ် ၊ စည်းမျဉ်းစည်း
ကမ်း ၊ ထုံးတမ်းစဉ်းလာမဟုတ် … ရှိတဲ့နေရာမှာ ဘုရားနှင့်သင်စကားပြောပြီး သင်၌ဘုရားလုပ်
ဆောင်မည့် အရာတွေအားဖြင့် ရင်းနှီးကျွမ်းဝင်စေသောဆက်ဆံရေးဖြစ်ပါတယ်။ ၄င်းသည် သင်၏အနက်ရှိုင်းဆုံး
အထီးကျန်မှု ကိုကာကွယ်ပေးပါသည်။
(၂) အသင်းတော်မိသားစုတွင် ဆက်သွယ်ပါဝင်ပါ။
ကွျန်ုပ်တို့ကို
အထီးကျန်ခရစ်ယာန်များဖြစ်ဖို့ရန် မရည်ရွယ်ထားပါ။ ပါဝင်နိုင်ဖို့ နေရာတစ်ခုရှာပါ။ သင့်အားသိကျွမ်းနိုင်ဖို့အတွက်
အဖွဲ့ငယ်လေးတွင်ပါဝင်ပြီး သင် အခက်အခဲဖြစ်နေချိန်မှာ လိုအပ်မည့် အထောက် အပံ့ပေးနိုင်မည့်နေရာကို
ရှာပါ။ အခွင့်အရေးအဖြစ်ပြုပါ။ အရဲစွန့်ပါ။ အဖွဲ့ငယ်တစ်ခုနှင့်ပူးပေါင်းပါ။
များစွာသောခရစ်ယာန်တွေ အထီးကျန်ဖြစ်ကြရတဲ့
တကယ့်အကြောင့်ရင်းက အစေခံသင့်သည့်အချိန်တွင် ထိုင်နေတဲ့ အတွက်ကြောင့်ဖြစ်တယ်။ ကျွန်ုပ်တို့၏ဝန်းကျင်တွေမှာ
အထီးကျန်တဲ့သူတွေ ၊ ဂရုစိုက်စောင့်ရှောက်မှုကို စောင့်မျှော် နေတဲ့သူများစွာနှင့် ပြည့်နှက်နေတဲ့ကမ္ဘာတစ်ခုဖြစ်ပါတယ်။
အဲဒီလူတွေက အနည်းဆုံး
(၂) နှစ်အတွင်းမှာ ခရီးမသွား ၊ ဘယ်မှရောက်တဲ့
အရွယ်အိုတဲ့သူတွေ ၊ “ငါ့ဘဝအတွက် ဘာလုပ်ရမလဲ”ဆိုတဲ့စိတ်တွေနဲ့ ရှုပ်ထွေးနေကြ တဲ့ လူငယ်တွေ
၊ အထီးကျန်တဲ့နေရာတိုက်ခန်းသို့ ညတိုင်းအိမ်ပြန်တဲ့ တစ်ကိုယ်ရေအရွယ်ရောက်ပြီး သူတွေ၊
ခင်ပွန်းသည် ကို သင်္ဂြုလ်ပြီးရုံလေး ဖြစ်နေတဲ့ မုဆိုးမတွေ ၊ အလုပ်ဆင်းပြီး ဘာမှလုပ်စရာမရှိလို့
အရက်ဘား သို့ ညတိုင်း ဉီးတည်နေတဲ့ ဝန်ထမ်းတွေ ဖြစ်ပါတယ်။
ကမ္ဘာကြီးမှာ
ချစ်ခြင်းမေတ္တာရဖို့ စောင်းဆိုင်းနေတဲ့ လူတွေဖြင့် ပြည့်နှက်နေပါတယ်။ “ငါ့မှာ သူငယ်ချင်းမရှိဘူး”
လို့မပြောပါနဲ့။ “အဖဘုရား … မည်သူ့ကို အမှုဆောင်ဖို့ ကျွန်ုပ်ကို
သုံးနိုင်မည်နည်း ၊ ဘုရား၏ချစ်ခြင်းမေတ္တာကို မည်သူ့အား ပြသနိုင်မည်နည်း” လို့စတင်ပြောဆိုပါ။
အထီးကျန်သောသူတွေနှင့် မိတ်ဆွေဖြစ်ရန် သင်ကိုယ်တိုင် ကတိပြုလုပ်ဆောင်သမျှတို့သည် ထူးခြားသောအသက်တာကို
ပိုင်ဆိုင်ရပါလိမ့်မည်။ ၄င်းသည် ခိုင်လုံသော ၊အဖိုးထိုက်တန်သော ဘဝ၏ရည်မှန်းချက်ပင်ဖြစ်ပါတယ်။
ဓမ္မအမှုတွင် ပါဝင်ပါ။
အထီးကျန်အသက်တာကို သင်ဖြတ်သန်းသွားရခြင်းတွေရှိမည်။ ဒါပေမဲ့ သခင်ခရစ်တော်နှင့်သာ
ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးရှိပါလျှင် အထီးကျန်ခြင်းကို သင်တစ်ဉီးတည်းဖြတ်သန်းမသွားရတော့ပါ။
ဆုတောင်းရန်
သခင်ခရစ်တော်နှင့်
ဆက်ဆံရေးမရှိဘူးဆိုလျှင် ဤဆုတောင်းမှုကိုပြုရန် ဖိတ်ခေါ်ပါတယ်။
“သခင်ခရစ်တော်ဘုရား … အရာအားလုံးကို နားမလည်နိုင်ပါ။ သို့ပေမဲ့ ကျွန်ုပ်၏စိတ်နှလုံးကို
ဘုရားရှင်ဖြည့်ဆည်းနိုင်မည်ကို နားလည်ပါ၏။ သခင်ဘုရား၏ ချစ်ခြင်းမေတ္တာကို ခံရဖို့နှင့်
မိတ်သဟာရဖွဲ့ရဖို့အတွက် ကျွန်ုပ်ကို ဖန်ဆင်းတော်မူသည်ကို သတိမူမိပါ၏။ ယနေ့တွင် ဘုရားရှင်နှင့်
ဆက်ဆံရေးကို စတင်ချင်ပါသည်။ ကျွန်ုပ်၏နာကျင်မှုတွေ နှင့် အထီးကျန်မှုတွေကို ဘုရားရှင်၏ချစ်ခြင်းမေတ္တာဖြင့်
အစားထိုးပေးဖို့ သခင့်အား ကျွန်ုပ်၏အသက်တာသို့ ဝင်လာဖို့ရန် ဖိတ်ခေါ်ပါ၏။ အဖဘုရား၏မိသားစုဝင်
၊ အသင်းသား ဖြစ်ချင်ပါ၏။ သခင့်၏ချစ်ခြင်းနှင့် အကူအညီလိုနေသောသူတွေကို ကျွန်ုပ်၏အသက်တာပေးကမ်းခြင်းအားဖြင့်
ကူညီချင်ပါ၏။”
အထက်ပါဆုတောင်းကို
ပြုပါလျှင် ဘုရားသခင်ကြားပါ၏၊ ပြီးနောက် သင့်အား ခရစ်ယာန်အသက်တာ၏ ပထမဆုံးခြေလှမ်းသို့
စတင်ပို့ဆောင်ပေးပါမည်။
သင်
မည်သို့သော ဝိညာဉ်ရေးရာခရီးရောက်နေပါစေ ဤကဲ့သို့ဆုတောင်းနိုင်ပါသည်။ “အဖဘုရား … ကျွန်ုပ်၏လိုအပ်မှု
တွေကို ဖြည့်ဆည်းပေးတဲ့အတွက် ကျေးဇူးတင်ပါသည်။ သားတော် သခင်ယေရှုကို စေလွှတ်ခဲ့သောကြောင့်လည်း
ကျေးဇူးတင်ပါ၏။ သို့မှသာ ဘုရားသခင်နှင့် ကျွန်ုပ်တို့ ဆက်သွယ်မှုပြုနိုင်ပြီး ကျွန်ုပ်တို့အသက်တာတွင်
ရှိနေပေးခြင်း ကြောင့်လည်း ကျွန်ုပ်တို့လုံးဝအထီးကျန် လိမ့်မည် မဟုတ်ပါ။ ကျေးဇူးတင်ပါ၏။
ခရစ်တော်၏နာမတော် အားဖြင့် တောင်းလျှောက်ပါ၏။” အာမင်…
-------------------------------------------------------------------------------------------------------------------------
Zawgyi Version
အထီးက်န္ျခင္းသည္ ဘုရားသခင္ႏွင့္ ဆက္ဆံေရးကို ေတာင့္တျခင္းျဖစ္သည္။
ကမာၻဉီးက်မ္း ၂:၁၈ “ထာဝရအရွင္ဘုရားသခင္ကလည္း၊ ေယာက္်ားသည္ တေယာက္တည္းမေနေကာင္း၊ သူႏွင့္ေတာ္ ေသာ အေထာက္အမကို သူဘို႔ငါလုပ္ဦးမည္ဟု အႀကံရွိေတာ္မူ၏။
သင္ေျပာေနေသာ အထီးက်န္ျခင္းသည္ တကယ္ပင္ ဘုရားသခင္အတြက္ အိမ္ကိုလြမ္းျခင္းျဖစ္၏။ သင္အသိအမွတ္ မျပဳခဲ့႐ုံပါ။ သင္၌ သခင္ခရစ္ေတာ္ႏွင့္ ရင္းႏွီးကြၽမ္းဝင္ေသာ ဆက္ဆံေရး ျဖစ္ဖို႔ဘုရားသခင္သင့္ကို ပုံေဖာ္ဖန္တီး ထားပါတယ္။ ထိုသားေတာ္သည္ အေသခံေတာ္မူသည္ျဖစ္၍ ဘယ္အရာကမွ် အစားထိုးလို႔မရပါ။ ဘယ္သူမွ ၊ ဘယ္အေတြ႕အႀကဳံ ၊ ဘယ္ေဆး ၊ ဘယ္လိုေအာင္ျမင္မႈေတြ ၊ ဘယ္လိုအရာေတြ ၊ ဘယ္လို ပိုင္ဆိုင္မႈေတြကမွ် အစားမထိုးႏိုင္ပါ။ ဘုရားသခင္သူ႔အတြက္ ဖန္ဆင္းထားတဲ့ သင့္ႏွလုံးသားထဲက ထိုအနာေပါက္ကို ဘယ္အရာကမွ ျဖည့္လို႔မရပါ။ သူ႔ကိုသိေစဖို႔ အလိုေတာ္ရွိပါတယ္။
ဘုရားသခင္ကို မည္ကဲ့သို႔ သင္သိႏိုင္မည္နည္း။
(၁) သခင္ခရစ္ေတာ္ထံ သင့္အသက္တာကိုဖြင့္ပါ။
“သခင္ခရစ္ေတာ္ဘုရား . . . သခင့္အား အကြၽႏ္ုပ္သိခ်င္ပါတယ္၊ သခင္ အကြၽႏ္ုပ္ကို ခ်စ္ခဲ့တဲ့အတိုင္း ၊ ကြၽႏ္ုပ္မသိခဲ့သည့္တိုင္ သခင့္အားခ်စ္ဖို႔ ေလ့လာသင္ယူခ်င္ပါ၏။ သခင္ႏွင့္ မိတ္သဟာရဖြဲ႕ခ်င္ပါ၏။” လို႔ဆိုပါ။ ဘုရားႏွင့္ ဆက္ဆံေရးရွိဖို႔ သင္ကိုဖန္ဆင္းခဲ့ပါတယ္။ ဘာသာတရား၏အေၾကာက္တရားႏွင့္မဟုတ္ ၊ စည္းမ်ဥ္းစည္း ကမ္း ၊ ထုံးတမ္းစဥ္းလာမဟုတ္ … ရွိတဲ့ေနရာမွာ ဘုရားႏွင့္သင္စကားေျပာၿပီး သင္၌ဘုရားလုပ္ ေဆာင္မည့္ အရာေတြအားျဖင့္ ရင္းႏွီးကြၽမ္းဝင္ေစေသာဆက္ဆံေရးျဖစ္ပါတယ္။ ၄င္းသည္ သင္၏အနက္ရႈိင္းဆုံး အထီးက်န္မႈ ကိုကာကြယ္ေပးပါသည္။
(၂) အသင္းေတာ္မိသားစုတြင္ ဆက္သြယ္ပါဝင္ပါ။
ကြ်ႏ္ုပ္တို႔ကို အထီးက်န္ခရစ္ယာန္မ်ားျဖစ္ဖို႔ရန္ မရည္႐ြယ္ထားပါ။ ပါဝင္ႏိုင္ဖို႔ ေနရာတစ္ခုရွာပါ။ သင့္အားသိကြၽမ္းႏိုင္ဖို႔အတြက္ အဖြဲ႕ငယ္ေလးတြင္ပါဝင္ၿပီး သင္ အခက္အခဲျဖစ္ေနခ်ိန္မွာ လိုအပ္မည့္ အေထာက္ အပံ့ေပးႏိုင္မည့္ေနရာကို ရွာပါ။ အခြင့္အေရးအျဖစ္ျပဳပါ။ အရဲစြန႔္ပါ။ အဖြဲ႕ငယ္တစ္ခုႏွင့္ပူးေပါင္းပါ။
မ်ားစြာေသာခရစ္ယာန္ေတြ အထီးက်န္ျဖစ္ၾကရတဲ့ တကယ့္အေၾကာင့္ရင္းက အေစခံသင့္သည့္အခ်ိန္တြင္ ထိုင္ေနတဲ့ အတြက္ေၾကာင့္ျဖစ္တယ္။ ကြၽႏ္ုပ္တို႔၏ဝန္းက်င္ေတြမွာ အထီးက်န္တဲ့သူေတြ ၊ ဂ႐ုစိုက္ေစာင့္ေရွာက္မႈကို ေစာင့္ေမွ်ာ္ ေနတဲ့သူမ်ားစြာႏွင့္ ျပည့္ႏွက္ေနတဲ့ကမာၻတစ္ခုျဖစ္ပါတယ္။ အဲဒီလူေတြက အနည္းဆုံး (၂) ႏွစ္အတြင္းမွာ ခရီးမသြား ၊ ဘယ္မွေရာက္တဲ့ အ႐ြယ္အိုတဲ့သူေတြ ၊ “ငါ့ဘဝအတြက္ ဘာလုပ္ရမလဲ”ဆိုတဲ့စိတ္ေတြနဲ႔ ရႈပ္ေထြးေနၾက တဲ့ လူငယ္ေတြ ၊ အထီးက်န္တဲ့ေနရာတိုက္ခန္းသို႔ ညတိုင္းအိမ္ျပန္တဲ့ တစ္ကိုယ္ေရအ႐ြယ္ေရာက္ၿပီး သူေတြ၊ ခင္ပြန္းသည္ ကို သျဂၤုလ္ၿပီး႐ုံေလး ျဖစ္ေနတဲ့ မုဆိုးမေတြ ၊ အလုပ္ဆင္းၿပီး ဘာမွလုပ္စရာမရွိလို႔ အရက္ဘား သို႔ ညတိုင္း ဉီးတည္ေနတဲ့ ဝန္ထမ္းေတြ ျဖစ္ပါတယ္။
ကမာၻႀကီးမွာ ခ်စ္ျခင္းေမတၱာရဖို႔ ေစာင္းဆိုင္းေနတဲ့ လူေတြျဖင့္ ျပည့္ႏွက္ေနပါတယ္။ “ငါ့မွာ သူငယ္ခ်င္းမရွိဘူး” လို႔မေျပာပါနဲ႔။ “အဖဘုရား … မည္သူ႔ကို အမႈေဆာင္ဖို႔ ကြၽႏ္ုပ္ကို သုံးႏိုင္မည္နည္း ၊ ဘုရား၏ခ်စ္ျခင္းေမတၱာကို မည္သူ႔အား ျပသႏိုင္မည္နည္း” လို႔စတင္ေျပာဆိုပါ။ အထီးက်န္ေသာသူေတြႏွင့္ မိတ္ေဆြျဖစ္ရန္ သင္ကိုယ္တိုင္ ကတိျပဳလုပ္ေဆာင္သမွ်တို႔သည္ ထူးျခားေသာအသက္တာကို ပိုင္ဆိုင္ရပါလိမ့္မည္။ ၄င္းသည္ ခိုင္လုံေသာ ၊အဖိုးထိုက္တန္ေသာ ဘဝ၏ရည္မွန္းခ်က္ပင္ျဖစ္ပါတယ္။ ဓမၼအမႈတြင္ ပါဝင္ပါ။
အထီးက်န္အသက္တာကို သင္ျဖတ္သန္းသြားရျခင္းေတြရွိမည္။ ဒါေပမဲ့ သခင္ခရစ္ေတာ္ႏွင့္သာ ရင္းႏွီးကြၽမ္းဝင္ေသာ ဆက္ဆံေရးရွိပါလွ်င္ အထီးက်န္ျခင္းကို သင္တစ္ဉီးတည္းျဖတ္သန္းမသြားရေတာ့ပါ။
ဆုေတာင္းရန္
သခင္ခရစ္ေတာ္ႏွင့္ ဆက္ဆံေရးမရွိဘူးဆိုလွ်င္ ဤဆုေတာင္းမႈကိုျပဳရန္ ဖိတ္ေခၚပါတယ္။
“သခင္ခရစ္ေတာ္ဘုရား … အရာအားလုံးကို နားမလည္ႏိုင္ပါ။ သို႔ေပမဲ့ ကြၽႏ္ုပ္၏စိတ္ႏွလုံးကို ဘုရားရွင္ျဖည့္ဆည္းႏိုင္မည္ကို နားလည္ပါ၏။ သခင္ဘုရား၏ ခ်စ္ျခင္းေမတၱာကို ခံရဖို႔ႏွင့္ မိတ္သဟာရဖြဲ႕ရဖို႔အတြက္ ကြၽႏ္ုပ္ကို ဖန္ဆင္းေတာ္မူသည္ကို သတိမူမိပါ၏။ ယေန႔တြင္ ဘုရားရွင္ႏွင့္ ဆက္ဆံေရးကို စတင္ခ်င္ပါသည္။ ကြၽႏ္ုပ္၏နာက်င္မႈေတြ ႏွင့္ အထီးက်န္မႈေတြကို ဘုရားရွင္၏ခ်စ္ျခင္းေမတၱာျဖင့္ အစားထိုးေပးဖို႔ သခင့္အား ကြၽႏ္ုပ္၏အသက္တာသို႔ ဝင္လာဖို႔ရန္ ဖိတ္ေခၚပါ၏။ အဖဘုရား၏မိသားစုဝင္ ၊ အသင္းသား ျဖစ္ခ်င္ပါ၏။ သခင့္၏ခ်စ္ျခင္းႏွင့္ အကူအညီလိုေနေသာသူေတြကို ကြၽႏ္ုပ္၏အသက္တာေပးကမ္းျခင္းအားျဖင့္ ကူညီခ်င္ပါ၏။”
အထက္ပါဆုေတာင္းကို ျပဳပါလွ်င္ ဘုရားသခင္ၾကားပါ၏၊ ၿပီးေနာက္ သင့္အား ခရစ္ယာန္အသက္တာ၏ ပထမဆုံးေျခလွမ္းသို႔ စတင္ပို႔ေဆာင္ေပးပါမည္။
သင္ မည္သို႔ေသာ ဝိညာဥ္ေရးရာခရီးေရာက္ေနပါေစ ဤကဲ့သို႔ဆုေတာင္းႏိုင္ပါသည္။ “အဖဘုရား … ကြၽႏ္ုပ္၏လိုအပ္မႈ ေတြကို ျဖည့္ဆည္းေပးတဲ့အတြက္ ေက်းဇူးတင္ပါသည္။ သားေတာ္ သခင္ေယရႈကို ေစလႊတ္ခဲ့ေသာေၾကာင့္လည္း ေက်းဇူးတင္ပါ၏။ သို႔မွသာ ဘုရားသခင္ႏွင့္ ကြၽႏ္ုပ္တို႔ ဆက္သြယ္မႈျပဳႏိုင္ၿပီး ကြၽႏ္ုပ္တို႔အသက္တာတြင္ ရွိေနေပးျခင္း ေၾကာင့္လည္း ကြၽႏ္ုပ္တို႔လုံးဝအထီးက်န္ လိမ့္မည္ မဟုတ္ပါ။ ေက်းဇူးတင္ပါ၏။ ခရစ္ေတာ္၏နာမေတာ္ အားျဖင့္ ေတာင္းေလွ်ာက္ပါ၏။” အာမင္…