How You Give Reveals Your Heart
Unicode Version
သင်၏ ပေးဆပ်မှု / ပေးကမ်းမှု တွေသည် သင်၏စိတ်နှလုံးကို ဖော်ပြပါတယ်။
ဖိလိပ္ပိ ၃:၇ “သို့သော်လည်းငါ၏ အကျိုးစီးပွားကို ပြုစုသော အရာရှိသမျှတို့ကို ရှုံးစေသောအရာကဲ့သို့ ခရစ်တော် ကြောင့် ငါထင်မှတ်၏။ 
သင်၏ပေးကမ်းခြင်း ၊ ပေးဆပ်ခြင်းပြုတဲ့အချိန်တိုင်းသည် သင်၏အရေးကိစ္စအဖြစ် သင်ဖော်ပြြခင်းဖြစ်သည်။ သင့်၏ အချိန်နှင့်ငွေကို မည်ကဲ့သို့ အသုံးပြုသလဲဆိုတာကို ကျွန်ုပ်အားပြောပြပါ။ သင့်အတွက် အရေးကြီးဆုံးသော အရာတွေကို ကျွန်ုပ်ပြောပြပါမည်။ သင်၏ အချိန်ဇယားက သင့်ကလေးများသည် သင့်အတွက် အရေးကြီးဆုံးဖြစ် ကြောင်း ဖော်ပြပါလိမ့်မည်။ သင်၏ အသုံးစရိတ်က သင့်အတွက် အရေးကြီးဆုံး ဝါသနာကို ဖော်ပြပါလိမ့်မည်။
အသက်တာသည် လောကအရာတွေအတွက် မဟုတ်ပါ။ မည်ကဲ့သို့ ချစ်ခြင်းမေတ္တာရှိဖို့အတွက် လေ့လာခြင်းဖြစ်တယ်။ အသက်တာကုန်ဆုံးချိန်မှာ များစွာသော ပိုင်ဆိုင်ခြင်းတွေ ရှိနေပေမဲ့ မိသားစုနှင့် ခွာပြဲ နေလျှင်တော့ သင်သည် အရေးကြီးဆုံးအရာကို လက်လွှတ်လိုက်ရပါပြီ။
သင်၏အချိန် ၊ ငွေကြေး ၊ အားထုတ်လုပ်ဆောင်မှု နှင့် ၊ စွမ်းအင်တို့ကို ရက်ရောခြင်းသည် ဘုရားသခင်နှင့် လူသားတွေသည် သင့်အအတွက် အရေးပါသောသူတွေဖြစ်တယ်လို့ သင်ဖော်ပြနေခြင်းဖြစ်ပါတယ်။ တနည်းပြောရလျှင် အရေးကြီးဆုံးအရာမှာ ချစ်ခြင်းမေတ္တာဖြစ်ပါတယ်။
ဖိလိပ္ပိ ၃:၇ “သို့သော်လည်းငါ၏ အကျိုးစီးပွားကို ပြုစုသော အရာရှိသမျှတို့ကို ရှုံးစေသောအရာကဲ့သို့ ခရစ်တော် ကြောင့် ငါထင်မှတ်၏။ 
ရုပ်ဝါဒ၏ ချုပ်ကိုင်မှုကို သင်မည်သို့ ချိုးဖျက်သနည်း။ တစ်ခုတည်းသော နည်းလမ်းတော့ရှိသည်။ ရယူခြင်းများအတွက် ကုစားခြင်းသည် ပေးကမ်းခြင်းဖြစ်သည်။ ဒါကြောင့် အချိန်တိုင်းမှာ ဘုရားသခင် (သို့) တခြားသူတွေထံ သင်ရက် ရောခြင်း ၊ ပေးကမ်းစွန့်ကြဲခြင်းအားဖြင့် သင့်အသက်တာ၏ ရုပ်ဝါဒကို အမှန်တကယ် ဖြတ်တောက်ခြင်း ပင်ဖြစ် ပါတယ်။
ဖိလိပ္ပိ ၃:၂၀ “ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြော်လင့်လျက်နေကြ၏။ သင်၏ ရည်ရွယ်ချက်မှာ ဤလောကတွင် ဒီမှာ ဟိုမှာ အသက်ရှင်ဖို့သက်သက်မဟုတ်ပါ။ ထာဝရအတွက် သိုမှီးဖို့ဖြစ်တယ်။ ဤလောကတွင် နိစ္စထာရအတွက် ဘုံဗိမာန်ဆောက်နေခြင်းမဟုတ်ပါ။ လူတွေနှင့် ပေါင်းသင်းဆက်ဆံရေးမှာ အရေးကြီးတဲ့အရာတွေကို တည်ဆောက်ခြင်းအားဖြင့် နိစ္စထာဝရမှာ တည်ဆောက်စရာဖြစ်စေပါမည်။ ကောင်းကင်ဘုံ ဆိုင်ရာ အလင်းအဖြစ် သင်အသက်ရှင်နေထိုင်ခြင်းဖြစ်စေပါ။
ဆင်ခြင်ရန်
-လူတစ်ယောက်က သင့်ရဲ့အချိန်ဇယားကိုကြည့်မယ်ဆိုလျှင် သင့်အတွက် ဘယ်အရာက အရေးကြီးဆုံးဖြစ် တယ်ဆိုတာကို အဲဒီလူ မည်ကဲ့သို ပြောဆိုမည်နည်း။ ဘာကြောင့်နည်း။
-လူတစ်ယောက်က မည်သို့သောနေရာ (သို့) မည်သူအတွက် ငွေကြေးသုံးစွဲခြင်းကို ကြည့်တယ်ဆိုရင် သင့်အတွက် ဘယ်အရာက အရေးကြီးဆုံးဖြစ် တယ်ဆိုတာကို အဲဒီလူ မည်ကဲ့သို ပြောဆိုမည်နည်း။ ဘာကြောင့်နည်း။
-သင်ပေးကမ်းသည့်အချိန်တိုင်း ပေးကမ်းခြင်းအလေ့အထက မည်သို့ပြောင်းလဲသွားနိုင်သနည်း။
ငါ့၏စိတ်ဓာတ်လှုံ့ဆော်မှုကဘာလဲလို့သင့်ကိုယ်သင်ပြန်မေးပါ။
-------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်