Unicode;
အခြေအနေအားလုံးပေါ်မှာ
မည်ကဲ့သို့ ကျေးဇူးတော်ချီးမွမ်းနိုင်မည်နည်း။
သက်သာလောနိတ်ဩဝါဒစာ ပဌမစောင် ၅:၁၈ “အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။”
US နှင့် Canada
နိုင်ငံတွေမှာ တစ်နှစ်တစ်ကြိမ်
ကျေးဇူးတော်ချီးမွမ်းတဲ့နေ့ကို ကျင်းပကြပါတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်ုပ်တို့၏ ကျေးဇူးတင်မှုတွေကို
နေ့စဉ်အသက်တာမှာ ယူဆောင်ဖို့ အလိုတော်ရှိပါတယ်။ ဝိညာဉ်ရေးရာ အလေ့အထတွေကို ကြီးထွားဖို့ရန်
အလိုတော်ရှိြခင်းက ယုံကြည်သူတွေ၏ အသက်တာ အခြေခံကျသော ထင်ဟပ်မှုတစ်ခုဖြစ်ခြင်းကြောင့်ဖြစ်တယ်။ ဘုရားရှင်၏ချစ်ခြင်းမေတ္တာကို သင်နက်ရှိုင်းစွာ နားလည်သဘောပေါက်ပါလျှင်
သင်ပိုပြီး ကျေးဇူးတင်တတ်ခြင်း အသက်တာရရှိသွားမည်ဖြစ်သည်။
ဒါကြောင့် အခြေခံကျကျ ကျေးဇူးတင်ခြင်း၏
အဓိပ္ပါယ်ကားမည်သို့နည်း။
သမ္မာကျမ်းစာတွင်
ဖော်ပြထားသည်မှာ သက်သာလောနိတ်ဩဝါဒစာ ပဌမစောင် ၅:၁၈ “အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။”
ဒါသည် အခြေခံကျသော ကျေးဇူးတရားပင်ဖြစ်ပါတယ်။
အရာရာအားလုံး ၊ အခြေအနေအားလုံးအပေါ်မှာ ကျေးဇူးတင်ပါ။ ဘာကြောင့်လဲဆိုတော့ ဤကဲ့သို့
ကျေးဇူးတင်ခြင်းသည် သင့်အသက်တာအတွက် ဘုရားရှင်၏ ရည်ရွယ်ချက်ဖြစ်ပါတယ်။
ဘုရားရှင်က
အရာအားလုံးကို ထိန်းချုပ်ထားတဲ့အတွက် သင်သည် အရာအားလုံး၊ အခြေအနေတွေအားလုံးပေါ် ကျေးဇူးတင်နိုင်ပါတယ်။
အဆိုးထဲကနေ အကောင်းဆီသို့ ဘုရားရှင် ယူဆောင်နိုင်တယ်။ သင့်ပြုထားခဲ့သော အမှားတွေကနေ
ပြန်လှည့်စေနိုင်တယ်။ ဘာတွေဘဲဖြစ်ခဲ့ ဖြစ်ခဲ့ ဘုရားရှင့်သင့်အပေါ်ချစ်တဲ့အချစ်ကို ရပ်တန့်သွားမှာ
မဟုတ်ပါဘူး။ မည်သို့သောအခြေအနေတွေမဆို ၊ ပြသနာတွေမှာမဆို ကျေးဇူးတင်စရာ အခုတစ်ရာတိုင်
သင်ရှာဖွေနိုင်ပါတယ်။
အခြေခံကျတဲ့
ကျေးဇူးတရား - အခြေအနေတွေတိုင်းမှာ ကျေးဇူးတော်ချီးမွမ်းလိုက်ပါ - ဒါတွေသည် ဘုရား၏
အလိုတော်ဖြစ်ခြင်းက ဤအရာတွေသည် ဖော်ရွေစွာ
ပေါင်းသင်းဆက်ဆံရေးတွေကို ဖန်တီးလို့ဖြစ်ပါတယ်။
အဲဒါဘယ်လို
အဓိပ္ပါယ်လဲ။ ကျေးဇူးတရားတွေက သင်နှင့် တစ်ခြားသူတွေကြား ၊ သင်နှင့် ဘုရားရှင်ကြားမှရှိတဲ့
ပေါင်းသင်းဆက်ဆံရေးကို နက်ရှိုင်းအောင် အမြဲတမ်း တည်ဆောက်ပါတယ်။
တစ်စုံတစ်ယောက်နှင့်
ပိုမိုနီးကပ်ချင်တယ်ဆိုလျှင် အဲဒီလူကို ကျေးဇူးတင်စရာ အကြောင်းအရာ တွေကို စတင်ဖော်ပြပါ။
သင်၏ခင်ပွန်း /ဇနီးသည် နှင့် ဝေးကွာနေတယ်လို့ ခံစားရပါလျှင် သင်တို့စတင်တွေ့စဉ်ကာလတွေတုန်းကလို
ပြုဖို့တော့လိုအပ်ပါတယ်၊ ကျေးဇူးတင်ရှိခြင်းကို ဖော်ပြပါ။ ကြင်နာမှု နှင့် အားပေးမှု
စကားလုံးလေးတွေကို ရေးချပါ။ သူ့အားဖုန်းခေါ်ပြီး စာပို့ပါ၊ ပြီးနာက် သူ့အား ကျေးဇူးတင်ရှိ
ကြောင်းပြောပေးပါ။ သင်၏ချစ်ခြင်းတရားပျောက်ဆုံးနေခြင်းသည် ချစ်ခြင်းတရားနှင့်ဆိုင်သောအရာတွေ
၊ ဝန်ခံစရာတွေကို သင်ရပ်တန့်ထားလို့ဖြစ်တယ်။
သင်အဖွဲ့ငယ်လေးကို
တည်ထောင်ချင်ပါသလား။ တွေ့ဆုံပွဲတွေ မသွားပါနဲ့။ ဒီတစ်ပတ်မှာ သင်၏ အဖွဲ့ထဲမှာ ပါဝင်တဲ့သူတွေကို
စာ (သို့) email (သို့) ဖုန်းခေါ်ဆိုလိုက်ပြီး “သင်ဒီမှာ ရှိနေခြင်းဟာ ကျွန်ုပ်အတွက်
ကျေးဇူးတင်စရာအကြောင်းရင်းဖြစ်တယ်” လို့ဆိုလိုက်ပါ။ အဖွဲ့ဝင်တွေ စည်းလုံးလာသည်နှင့်အမျှ
သင်သည်လည်း ဤအဖွဲ့မှာ ကျေးဇူးတင်စရာ ပုဂိ္ဂုလ်အဖြစ် ရောက်ရှိလာပါမည်။
သက်သာလောနိတ်ဩဝါဒစာ ပဌမစောင် ၅:၁၁ “ငါတို့သည် နိုးလျက်ရှိသည်ဖြစ်စေ၊
အိပ်ပျော်သည်ဖြစ်စေ၊ ထိုသခင်နှင့်အတူ အသက်ရှင်မည် အကြောင်း၊ ငါတို့အဘို့ အသေခံတော်မူပြီ။ ထိုကြောင့်၊ သင်တို့သည်ယခုပင် ပြုသည်နည်းတူ၊ အချင်းချင်း တိုက်တွန်း၍
တယောက်ကိုတယောက် တည်ဆောက်ကြလော့။”
ဆင်ခြင်ရန်
-
ဤတစ်ပတ်မှာ
သေချာတဲ့ လူတစ်ယောက်ကို မည်ကဲ့သို့ အားပေးမှု (သို့) ဆက်သွယ်မှု ပြုနိုင်မည်နည်း။
-
သင်၏ခင်ပွန်း
/ဇနီးအား ၊ သင်၏သူငယ်ချင်း (သို့) အဖွဲ့ဝင်တွေဆီ သင်၏ကျေးဇူးတင်ရှိကြောင်းကို မည်သို့သော
ရိုးရှင်း တိကျသောနည်းလမ်းဖြင့် ဖော်ပြနိုင်မည်နည်း။
-
အခြေခံကျသော
ကျေးဇူးတရားတွေကို သင် ကြီးထွားရှင်သန်သည်အတိုင်း သင်နှင့် သင်၏ပေါင်းသင်း ဆက်ဆံရေးတွေကနေ
မည်ကဲ့သို့သော ပြောင်းလဲမှုတွေ ရှိတယ်လို့ သင်တွေးထင် ပါသနည်း။
-------------------------------------------------------------------------------------------------------------------------
Zawgyi Font
အေျခအေနအားလုံးေပၚမွာ မည္ကဲ့သို႔ ေက်းဇူးေတာ္ခ်ီးမြမ္းနိုင္မည္နည္း။
သက္သာေလာနိတ္ဩဝါဒစာ ပဌမေစာင္ ၅:၁၈ “အရာရာ၌ ေက်းဇူးေတာ္ကို ခ်ီးမြမ္းၾကေလာ့။ အေၾကာင္းမူကား၊ သင္တို႔သည္ ထိုသို႔က်င့္ေစျခင္းငွါ၊ ေယရႈခရစ္၌ ဘုရားသခင္အလိုေတာ္ရွိ၏။”
US ႏွင့္ Canada နိုင္ငံေတြမွာ တစ္ႏွစ္တစ္ႀကိမ္ ေက်းဇူးေတာ္ခ်ီးမြမ္းတဲ့ေန႔ကို က်င္းပၾကပါတယ္။ ဒါေပမဲ့ ဘုရားသခင္က ကၽြန္ုပ္တို႔၏ ေက်းဇူးတင္မႈေတြကို ေန႔စဥ္အသက္တာမွာ ယူေဆာင္ဖို႔ အလိုေတာ္ရွိပါတယ္။ ဝိညာဥ္ေရးရာ အေလ့အထေတြကို ႀကီးထြားဖို႔ရန္ အလိုေတာ္ရွိျခင္းက ယုံၾကည္သူေတြ၏ အသက္တာ အေျခခံက်ေသာ ထင္ဟပ္မႈတစ္ခုျဖစ္ျခင္းေၾကာင့္ျဖစ္တယ္။ ဘုရားရွင္၏ခ်စ္ျခင္းေမတၱာကို သင္နက္ရွိုင္းစြာ နားလည္သေဘာေပါက္ပါလၽွင္ သင္ပိုၿပီး ေက်းဇူးတင္တတ္ျခင္း အသက္တာရရွိသြားမည္ျဖစ္သည္။
ဒါေၾကာင့္ အေျခခံက်က် ေက်းဇူးတင္ျခင္း၏ အဓိပၸါယ္ကားမည္သို႔နည္း။
သမၼာက်မ္းစာတြင္ ေဖာ္ျပထားသည္မွာ သက္သာေလာနိတ္ဩဝါဒစာ ပဌမေစာင္ ၅:၁၈ “အရာရာ၌ ေက်းဇူးေတာ္ကို ခ်ီးမြမ္းၾကေလာ့။ အေၾကာင္းမူကား၊ သင္တို႔သည္ ထိုသို႔က်င့္ေစျခင္းငွါ၊ ေယရႈခရစ္၌ ဘုရားသခင္အလိုေတာ္ရွိ၏။” ဒါသည္ အေျခခံက်ေသာ ေက်းဇူးတရားပင္ျဖစ္ပါတယ္။ အရာရာအားလုံး ၊ အေျခအေနအားလုံးအေပၚမွာ ေက်းဇူးတင္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ ဤကဲ့သို႔ ေက်းဇူးတင္ျခင္းသည္ သင့္အသက္တာအတြက္ ဘုရားရွင္၏ ရည္ရြယ္ခ်က္ျဖစ္ပါတယ္။
ဘုရားရွင္က အရာအားလုံးကို ထိန္းခ်ဳပ္ထားတဲ့အတြက္ သင္သည္ အရာအားလုံး၊ အေျခအေနေတြအားလုံးေပၚ ေက်းဇူးတင္နိုင္ပါတယ္။ အဆိုးထဲကေန အေကာင္းဆီသို႔ ဘုရားရွင္ ယူေဆာင္နိုင္တယ္။ သင့္ျပဳထားခဲ့ေသာ အမွားေတြကေန ျပန္လွည့္ေစနိုင္တယ္။ ဘာေတြဘဲျဖစ္ခဲ့ ျဖစ္ခဲ့ ဘုရားရွင့္သင့္အေပၚခ်စ္တဲ့အခ်စ္ကို ရပ္တန႔္သြားမွာ မဟုတ္ပါဘူး။ မည္သို႔ေသာအေျခအေနေတြမဆို ၊ ျပသနာေတြမွာမဆို ေက်းဇူးတင္စရာ အခုတစ္ရာတိုင္ သင္ရွာေဖြနိုင္ပါတယ္။
အေျခခံက်တဲ့ ေက်းဇူးတရား - အေျခအေနေတြတိုင္းမွာ ေက်းဇူးေတာ္ခ်ီးမြမ္းလိုက္ပါ - ဒါေတြသည္ ဘုရား၏ အလိုေတာ္ျဖစ္ျခင္းက ဤအရာေတြသည္ ေဖာ္ေရြစြာ ေပါင္းသင္းဆက္ဆံေရးေတြကို ဖန္တီးလို႔ျဖစ္ပါတယ္။
အဲဒါဘယ္လို အဓိပၸါယ္လဲ။ ေက်းဇူးတရားေတြက သင္ႏွင့္ တစ္ျခားသူေတြၾကား ၊ သင္ႏွင့္ ဘုရားရွင္ၾကားမွရွိတဲ့ ေပါင္းသင္းဆက္ဆံေရးကို နက္ရွိုင္းေအာင္ အျမဲတမ္း တည္ေဆာက္ပါတယ္။
တစ္စုံတစ္ေယာက္ႏွင့္ ပိုမိုနီးကပ္ခ်င္တယ္ဆိုလၽွင္ အဲဒီလူကို ေက်းဇူးတင္စရာ အေၾကာင္းအရာ ေတြကို စတင္ေဖာ္ျပပါ။ သင္၏ခင္ပြန္း /ဇနီးသည္ ႏွင့္ ေဝးကြာေနတယ္လို႔ ခံစားရပါလၽွင္ သင္တို႔စတင္ေတြ႕စဥ္ကာလေတြတုန္းကလို ျပဳဖို႔ေတာ့လိုအပ္ပါတယ္၊ ေက်းဇူးတင္ရွိျခင္းကို ေဖာ္ျပပါ။ ၾကင္နာမႈ ႏွင့္ အားေပးမႈ စကားလုံးေလးေတြကို ေရးခ်ပါ။ သူ႔အားဖုန္းေခၚၿပီး စာပို႔ပါ၊ ၿပီးနာက္ သူ႔အား ေက်းဇူးတင္ရွိ ေၾကာင္းေျပာေပးပါ။ သင္၏ခ်စ္ျခင္းတရားေပ်ာက္ဆုံးေနျခင္းသည္ ခ်စ္ျခင္းတရားႏွင့္ဆိုင္ေသာအရာေတြ ၊ ဝန္ခံစရာေတြကို သင္ရပ္တန႔္ထားလို႔ျဖစ္တယ္။
သင္အဖြဲ႕ငယ္ေလးကို တည္ေထာင္ခ်င္ပါသလား။ ေတြ႕ဆုံပြဲေတြ မသြားပါနဲ႔။ ဒီတစ္ပတ္မွာ သင္၏ အဖြဲ႕ထဲမွာ ပါဝင္တဲ့သူေတြကို စာ (သို႔) email (သို႔) ဖုန္းေခၚဆိုလိုက္ၿပီး “သင္ဒီမွာ ရွိေနျခင္းဟာ ကၽြန္ုပ္အတြက္ ေက်းဇူးတင္စရာအေၾကာင္းရင္းျဖစ္တယ္” လို႔ဆိုလိုက္ပါ။ အဖြဲ႕ဝင္ေတြ စည္းလုံးလာသည္ႏွင့္အမၽွ သင္သည္လည္း ဤအဖြဲ႕မွာ ေက်းဇူးတင္စရာ ပုဂိၢဳလ္အျဖစ္ ေရာက္ရွိလာပါမည္။
သက္သာေလာနိတ္ဩဝါဒစာ ပဌမေစာင္ ၅:၁၁ “ငါတို႔သည္ နိုးလ်က္ရွိသည္ျဖစ္ေစ၊ အိပ္ေပ်ာ္သည္ျဖစ္ေစ၊ ထိုသခင္ႏွင့္အတူ အသက္ရွင္မည္ အေၾကာင္း၊ ငါတို႔အဘို႔ အေသခံေတာ္မူၿပီ။ ထိုေၾကာင့္၊ သင္တို႔သည္ယခုပင္ ျပဳသည္နည္းတူ၊ အခ်င္းခ်င္း တိုက္တြန္း၍ တေယာက္ကိုတေယာက္ တည္ေဆာက္ၾကေလာ့။”
ဆင္ျခင္ရန္
- ဤတစ္ပတ္မွာ ေသခ်ာတဲ့ လူတစ္ေယာက္ကို မည္ကဲ့သို႔ အားေပးမႈ (သို႔) ဆက္သြယ္မႈ ျပဳနိုင္မည္နည္း။
- သင္၏ခင္ပြန္း /ဇနီးအား ၊ သင္၏သူငယ္ခ်င္း (သို႔) အဖြဲ႕ဝင္ေတြဆီ သင္၏ေက်းဇူးတင္ရွိေၾကာင္းကို မည္သို႔ေသာ ရိုးရွင္း တိက်ေသာနည္းလမ္းျဖင့္ ေဖာ္ျပနိုင္မည္နည္း။
- အေျခခံက်ေသာ ေက်းဇူးတရားေတြကို သင္ ႀကီးထြားရွင္သန္သည္အတိုင္း သင္ႏွင့္ သင္၏ေပါင္းသင္း ဆက္ဆံေရးေတြကေန မည္ကဲ့သို႔ေသာ ေျပာင္းလဲမႈေတြ ရွိတယ္လို႔ သင္ေတြးထင္ ပါသနည္း။