Happy People Are Generous
Unicode Version
ပျော်ရွှင်တဲ့သူတွေမှာ ရက်ရောခြင်းတွေရှိပါတယ်။
ဖိလိပ္ပိ ၄:၁၈ “ယခုအခါ အရာရာ၌ငါရတတ်၏။ ဥစ္စာကြွယ်ဝ၏။ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ၍၊ ဘုရားသခင် နှစ်သက်အားရတော်မူသော ယဇ်တည်းဟူသော သင်တို့ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်လက်မှ ငါခံရ သည်ဖြစ်၍ ကြွယ်ဝလျက်ရှိ၏။ ”
သင်ပြုသောအလုပ်အားဖြင့် အသက်မွေးဝမ်းကျောင်းအတွက် ရရှိမည်ဖြစ်ပြီး တခြားသူတွေကို သင်ပေးသောအရာ အားဖြင့် လေးစားမှုနှင့် ကျေးဇူးတင်မှုတွေကို ရရှိပါမည်။ သင့်အသက်တာအတွက် အများဆုံးကျေးဇူးပြုဖူးသူ တွေ၏နာမည်များကို ရေးမှတ်ခြင်းပြုမယ်ဆိုလျှင် အဲဒီနာမည်တွေက သင့်အတွက် သူတို့၏အချိန် ၊ ငွေကြေး ၊ စွမ်းအင် နှင့် သည်းခံမှုတွေပြုခဲ့တဲ့သူတွေသာ ဖြစ်ပါမည်။
တမန်တော်ရှင်ပေါလုလည်း ဉပမာပေးထားပါတယ်။
ဖိလိပ္ပိ ၄:၁၀ “ယခု၌လည်း သင်တို့သည် ငါ့ကို ကြည့်ရှုပြုစုချင်သော စေတနာစိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်ခြင်းရှိ၏။ ထိုစေတနာစိတ်သည် အထက်ကရှိသော်လည်း ပြုစုရသောအခွင့် မရှိပြီ။”
ဖိလိပ္ပိ ၄:၁၄-၁၅ သို့သော်လည်း ဆင်းရဲဒုက္ခကိုငါ ခံရစဉ်အခါ၊ သင်တို့သည် ငါနှင့်ဆက်ဆံသောအားဖြင့် ကောင်းမွန်စွာ ပြုကြပြီ။  အချင်းဖိလိပ္ပိမြို့သားတို့၊ ဧဝံဂေလိတရားကို ဟောစပြု၍၊ မာကေဒေါနိပြည်မှ ငါထွက်ဆဲရှိသောအခါ အလှူလှူခြင်း၊ အလှူခံခြင်းအမှု၌၊ သင်တို့မှတပါး အဘယ်အသင်းတော်မျှငါနှင့်မဆက်ဆံကြ။
ဖိလိပ္ပိ ၄:၁၈ “ယခုအခါ အရာရာ၌ငါရတတ်၏။ ဥစ္စာကြွယ်ဝ၏။ မွှေးကြိုင်သောအနံ့နှင့် ပြည့်စုံ၍၊ ဘုရားသခင် နှစ်သက်အားရတော်မူသော ယဇ်တည်းဟူသော သင်တို့ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်လက်မှ ငါခံရ သည်ဖြစ်၍ ကြွယ်ဝလျက်ရှိ၏။ ”
“သူတို့တွေက အရမ်းစိတ်စေတနာကြီးပြီး ချစ်တတ်ကြတယ်၊ ကျွန်ုပ်အပေါ်တွင်လည်း ရက်ရောပေးကမ်းခဲ့ဖူးတယ်” လို့ လူဘယ်နှစ်ယောက်ကို သင်ပြောဖို့ရှိပါသနည်း။
သင့်အား ကျေးဇူးပြုခဲ့ဖူးသူတွေကို ကျေးဇူးတင်ဖို့ရန် ယနေ့ထက် ပိုကောင်းသောနေ့မရှိပါ။ ဖုန်းခေါ်ပြီး ကျေးဇူးတင် နိုင်တယ် (သို့) သူတို့၏ အထူးရင်းနှီးမြုပ်နှံမှုသည် သင်၌မည်ကဲ့သို့ဖြစ်ပြီး အသက်တာကို အဓိပ္ပါယ်ရှိတယ်ဆိုတာကို စာရေးပေးပို့နိုင်ပါတယ်။ အဲဒီနောက် သင့်ကိုယ်သင်မည်ကဲ့သို့ ဆပ်ကပ်အပ်နှံဖို့နှင့် တခြားသူတွေကို ရက်ရောခြင်းများ ဖြစ်ဖို့အတွက် သင့်အားကျေးဇူးပြုဖူးခဲ့တဲ့ သူတွေကို သင့်၏ စံပြနမူနာပုဂိ္ဂုလ်အဖြစ် ထားရှိပါ။
ဆင်ခြင်ရန်
- သင့်အသက်တာတွင် မည်ကဲ့သို့သောသူမျိုးကို သင်ဘာအတွက် ကျေးဇူးတင်ရှိသနည်း။  ဘာကြောင့်နည်း။
-အဲဒီလို လူတွေကို သင်ကျေးဇူးတင်ကြောင်း မည်ကဲ့သို့ပြနိုင်မည်နည်း။
-တခြားသူများ၏ အသက်တာတွင် သင်မည်သို့ ရင်းနှီးမြုပ်နှံနေသနည်း။ ဘာတွေကို ထပ်ပြီးလုပ်ဆောင်နိုင်အုံး မည်နည်း။
--------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်