Happiness Habit: Give Your Life Away


Unicode
ပျော်ရွှင်ဝမ်းမြောက်ခြင်း၏အလေ့အကျင့် သည် သင့်အသက်တာကို စွန့်လွှတ်ပေးဆပ်ခြင်းဖြစ်တယ်။
ဖိလိပ္ပိ ၁:၂၁ “အသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။

အသက်တာကို ပေးအပ်ခြင်း နှင့် ဝန်ဆောင်ခြင်း အားဖြင့် ပျော်ရွှင်ချမ်းမြေ့ခြင်းဖြစ်ပေါ်စေပါတယ်။ ဒါကို နားလည်ခြင်း မရှိသရွေ့ သင့်အသက်တာ၌ များများစားစားပျော်ရွှင်စရာဖြစ်လာမည် မဟုတ်ပါ။ စစ်မှန်သော ပျော်ရွှင်ခြင်းသည် မိမိကိုယ်ကျိုးအတွက် အားရကျေနပ်ခြင်းဆီမှ လာခြင်းမဟုတ်ပါ။ မိမိကိုယ်ကို ကိုယ်ကျိုးစွန့်ခြင်း ၊ အနစ်နာခံခြင်းမှ သာလာခြင်းဖြစ်ပါတယ်။

တမန်တော်ရှင်ပေါလုက ပျော်ရွှင်ဖို့အတွက်ကို သူသိထားခဲ့တယ်။ သူ၏ပြသနာတွေကို အာရုံမထားဘဲ သူ၏ရည်ရွယ် ချက်ပန်းတိုင်ကိုသာ အားရုံစိုက်ပြီး နေထိုင်ခဲ့ပါတယ်။ သူ၏ရည်ရွယ်ချက်တွေကို ဖိလိပ္ပိ ကျမ်းမှာ ပေါင်းစည်းထားပါ တယ် ဖိလိပ္ပိ ၁:၂၁ “အသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။

မေးခွန်းတစ်ခု၏ ကွက်လပ်ကို ဖြည့်ရမည်ဆိုလျှင် သင်ဘာကို ဖြည့်မည်နည်း။ “For me to live is ______.” ငါ၏အသက်ရှင်ခြင်းအရာသည် ……… ဖြစ်၏။ မိမိကိုယ်ကိုဖျော်ဖြေခြင်းတွေလား ၊ အားကစားလား၊ အဝတ်အစားလား ၊ မိသားစုအတွက်လား ၊ သူငယ်ချင်းအတွက်လား ၊ အသက်မွေးဝမ်းကျောင်းအတွက်လား။ သင့်မှာ ဖြေနိုင်စရာ ကောင်းတဲ့အရာတွေအများကြီးရှိနေမှာပါ။ ဒါပေမဲ့ သင့်ကို ခရစ်တော်အားဖြင့် ထာဝရအသက်ပေးခဲ့တဲ့ ဖန်ဆင်းရှင် လောက်တော့ ဘယ်အရာကမှ ထိုက်တန်ခြင်းမရှိပါဘူး။

သင့်အသက်တာမှာ သင်ဘယ်လောက်ပျော်ရွှင်သလဲဆိုတာကို ဖော်ပြမည့် အရာကို သင်မည်သို့ဖြည့်မည်နည်း။ “ပိုက်ဆံ” (သို့) “အောင်မြင်ခြင်း” (သို့) သာယာပျော်ရွှင်ခြင်း ၊(သို့) တတ်စွမ်းခြင်း တွေကိုသာ သင်ဖြည့်မယ်ဆိုလျှင် သင့်အသက်တာ၏ အချိန်အများစုတွေမှာ သင်မပျော်ရွှင်နိုင်ဘူး ဖြစ်သွားပါလိမ့်မည်။ ဤအချက်ကား အဲဒီအရာတွေပေါ်မှာ တစ်စုံတစ်ခု မှားယွင်းနေသလားဆိုတာကို ပြောနေခြင်းမဟုတ်ပါ။ ဤအရာတွေက ပထမနေရာနှင့် မထိုက်တန်ရုံပါ။ သင့်ကို ဖန်ဆင်းထားခြင်းသည် ပိုက်ဆံမြောက်များစွာ အတွက် လုပ်ဆောင်ပြီး ၊ ထို့နောက် သေဆုံးပြီး လက်လွှတ်လိုက်ခြင်း မျိုးမဟုတ်ပါဘူး။

သင်အသက်တာအားဖြင့် ကြီးမားတဲ့ရည်ရွယ်ချက် ဘုရားရှင်ဆီမှာ ရှိပါတယ်။ ပျော်ရွှင်ခြင်းဆီသို့ ဉီးတည်ခေါ် ဆောင်မည့် တစ်ခုတည်းသော အဖြေက - ခရစ်တော်အားဖြင့် အသက်ရှင်ပြီး အသက်တာ ကိုယ်ကျိုး စွန့်လွှတ်ခြင်း ဖြစ်ပါတယ်။ ဒါသည် သင်၌ရှိသော ရည်ရွယ်ချက်ပင်ဖြစ်ပါတယ်။

ဆင်ခြင်ရန်
-ယနေ့မှာ ဤဆုတောင်းချက်ကို ပြုဖို့ ဖိတ်ခေါ်ပါတယ်။
“သခင်ခရစ်တော်ဘုရား … ကျွန်ုပ်၏ပျော်ရွှင်ခြင်းတွေကို ဖြစ်စေမည့် အခြေအနေတွေကိုသာ ခွင့်ပြုနေတယ်ဆိုတာကို သခင်ခရစ်တော် သိပါ၏။ ဇီဇာကြောင်တဲ့ လူတွေမှ ကျွန်ုပ်၏ ပျော်ရွှင်ခြင်းတွေကို လုယူခြင်းတွေ ၊ ပြသနာများ၊  ဖိအားပေးမှုများ ၊ နာကျင်မှုများ၏ တမင်သက်သက်ဖန်တီးမှုဖြစ်ခြင်းတွေကို ကျွန်ုပ်ခွင့်ပြုထားတာတွေကိုလည်း သခင် သိပါ၏။
ကျွန်ုပ်အသက်တာရှိ ပြသနာတိုင်း ၊ အခက်အခဲတိုင်းကို သခင်ဘုရား၏ အမြင်ဖြင့် ကြည့်ဖို့အတွက် ကူညီမစတော်မူပါ။ မယုံကြည်သူတွေအတွက် သာဓကဖြစ်စေပြီး ယုံကြည်သူတွေအတွက် တည်ဆောက်စရာဖြစ်စေမည့် နည်းလမ်း များဖြင့် အခက်အခဲပြသနာတွေကို ကိုင်းတွယ်ဖြေရှင်းချင်ပါသည်။ သူတစ်ပါး၏ အပြော နှင့် လုပ်ဆောင်မှု တွေသည် အကျွန်ုပ်၏ ပျော်ရွှင်ခြင်းကို (ကျွန်ုပ်ခွင့်မပြုသရွေ့) မထိန်းချုပ်နိုင်ဘူးဆိုတာကို သတိရဖို့ရန် ကူညီမ စတော်မူပါ။

ကျွန်ုပ် နားမလည်နိုင်သော ၊ မဖြေရှင်းနိုင်သော အရာတွေဖြစ်ပျက်ခြင်းများအတွက် အရာအားလုံး အကောင်း အတွက်ဖြစ်လာစေဖို့ ဘုရားရှင်အား လုပ်ဆောင်ဖို့ရန် ကျွန်ုပ်ယုံကြည်ချင်ပါတယ်။ ကျွန်ုပ်၏ပြသနာများကို အာရုံစိုက် ခြင်းမျိုးမဟုတ်ဘဲ ကျွန်ုပ်အသက်တာအတွက် အလိုတော်ရှိသော ရည်ရွယ်ချက်ကို အာရုံထား နေထိုင်သွားနိုင်ဖို့ရန် မစတော်မူပါ။ ကျွန်ုပ်၏ကျန်ရှိသော အသက်တာကို သူတစ်ပါးအားဝန်ဆောင်မှုပေးခြင်းအားဖြင့် ဘုရားရှင်အတွက် အသုံးချနိုင်သောအသက်တာဖြစ်စေပါ။ အလိုတော်ရှိသော ရည်ရွယ်ချက်အားဖြင့် အသက်ရှင်ခြင်းနှင့် သေခြင်းအတွက် အကျွန်ုပ်အား အဖဘုရား အသုံးပြုတော်မူပါ။ ယနေ့မှ စတင်၍ သခင်ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းဖြစ်စေပါ။ ခရစ်တော်၏နာမတော်အားဖြင့် တောင်းလျှောက်ပါ၏… အာမင်။

--------------------------------------------------------------------------------------------
Zawgyi Font
ေပ်ာ္ရႊင္ဝမ္းေျမာက္ျခင္း၏အေလ့အက်င့္ သည္ သင့္အသက္တာကို စြန႔္လႊတ္ေပးဆပ္ျခင္းျဖစ္တယ္။

ဖိလိပၸိ ၁:၂၁ “အသက္ရွင္သည္အရာမွာ ခရစ္ေတာ္ျဖစ္၏။ ေသလၽွင္မူကား၊ သာ၍အက်ိဳးရွိ၏။”

အသက္တာကို ေပးအပ္ျခင္း ႏွင့္ ဝန္ေဆာင္ျခင္း အားျဖင့္ ေပ်ာ္ရႊင္ခ်မ္းေျမ့ျခင္းျဖစ္ေပၚေစပါတယ္။ ဒါကို နားလည္ျခင္း မရွိသေရြ႕ သင့္အသက္တာ၌ မ်ားမ်ားစားစားေပ်ာ္ရႊင္စရာျဖစ္လာမည္ မဟုတ္ပါ။ စစ္မွန္ေသာ ေပ်ာ္ရႊင္ျခင္းသည္ မိမိကိုယ္က်ိဳးအတြက္ အားရေက်နပ္ျခင္းဆီမွ လာျခင္းမဟုတ္ပါ။ မိမိကိုယ္ကို ကိုယ္က်ိဳးစြန႔္ျခင္း ၊ အနစ္နာခံျခင္းမွ သာလာျခင္းျဖစ္ပါတယ္။

တမန္ေတာ္ရွင္ေပါလုက ေပ်ာ္ရႊင္ဖို႔အတြက္ကို သူသိထားခဲ့တယ္။ သူ၏ျပသနာေတြကို အာ႐ုံမထားဘဲ သူ၏ရည္ရြယ္ ခ်က္ပန္းတိုင္ကိုသာ အား႐ုံစိုက္ၿပီး ေနထိုင္ခဲ့ပါတယ္။ သူ၏ရည္ရြယ္ခ်က္ေတြကို ဖိလိပၸိ က်မ္းမွာ ေပါင္းစည္းထားပါ တယ္ ဖိလိပၸိ ၁:၂၁ “အသက္ရွင္သည္အရာမွာ ခရစ္ေတာ္ျဖစ္၏။ ေသလၽွင္မူကား၊ သာ၍အက်ိဳးရွိ၏။”

ေမးခြန္းတစ္ခု၏ ကြက္လပ္ကို ျဖည့္ရမည္ဆိုလၽွင္ သင္ဘာကို ျဖည့္မည္နည္း။ “For me to live is ______.” ငါ၏အသက္ရြင္်ခင္းအရာသၫ္ ……… ျဖစ္၏။ မိမိကိုယ္ကိုေဖ်ာ္ေျဖျခင္းေတြလား ၊ အားကစားလား၊ အဝတ္အစားလား ၊ မိသားစုအတြက္လား ၊ သူငယ္ခ်င္းအတြက္လား ၊ အသက္ေမြးဝမ္းေက်ာင္းအတြက္လား။ သင့္မွာ ေျဖနိုင္စရာ ေကာင္းတဲ့အရာေတြအမ်ားႀကီးရွိေနမွာပါ။ ဒါေပမဲ့ သင့္ကို ခရစ္ေတာ္အားျဖင့္ ထာဝရအသက္ေပးခဲ့တဲ့ ဖန္ဆင္းရွင္ ေလာက္ေတာ့ ဘယ္အရာကမွ ထိုက္တန္ျခင္းမရွိပါဘူး။ 

သင့္အသက္တာမွာ သင္ဘယ္ေလာက္ေပ်ာ္ရႊင္သလဲဆိုတာကို ေဖာ္ျပမည့္ အရာကို သင္မည္သို႔ျဖည့္မည္နည္း။ “ပိုက္ဆံ” (သို႔) “ေအာင္ျမင္ျခင္း” (သို႔) သာယာေပ်ာ္ရႊင္ျခင္း ၊(သို႔) တတ္စြမ္းျခင္း ေတြကိုသာ သင္ျဖည့္မယ္ဆိုလၽွင္ သင့္အသက္တာ၏ အခ်ိန္အမ်ားစုေတြမွာ သင္မေပ်ာ္ရႊင္နိုင္ဘူး ျဖစ္သြားပါလိမ့္မည္။ ဤအခ်က္ကား အဲဒီအရာေတြေပၚမွာ တစ္စုံတစ္ခု မွားယြင္းေနသလားဆိုတာကို ေျပာေနျခင္းမဟုတ္ပါ။ ဤအရာေတြက ပထမေနရာႏွင့္ မထိုက္တန္႐ုံပါ။ သင့္ကို ဖန္ဆင္းထားျခင္းသည္ ပိုက္ဆံေျမာက္မ်ားစြာ အတြက္ လုပ္ေဆာင္ၿပီး ၊ ထို႔ေနာက္ ေသဆုံးၿပီး လက္လႊတ္လိုက္ျခင္း မ်ိဳးမဟုတ္ပါဘူး။ 

သင္အသက္တာအားျဖင့္ ႀကီးမားတဲ့ရည္ရြယ္ခ်က္ ဘုရားရွင္ဆီမွာ ရွိပါတယ္။ ေပ်ာ္ရႊင္ျခင္းဆီသို႔ ဉီးတည္ေခၚ ေဆာင္မည့္ တစ္ခုတည္းေသာ အေျဖက - ခရစ္ေတာ္အားျဖင့္ အသက္ရွင္ၿပီး အသက္တာ ကိုယ္က်ိဳး စြန႔္လႊတ္ျခင္း ျဖစ္ပါတယ္။ ဒါသည္ သင္၌ရွိေသာ ရည္ရြယ္ခ်က္ပင္ျဖစ္ပါတယ္။

ဆင္ျခင္ရန္
-ယေန႔မွာ ဤဆုေတာင္းခ်က္ကို ျပဳဖို႔ ဖိတ္ေခၚပါတယ္။ 
“သခင္ခရစ္ေတာ္ဘုရား … ကၽြန္ုပ္၏ေပ်ာ္ရႊင္ျခင္းေတြကို ျဖစ္ေစမည့္ အေျခအေနေတြကိုသာ ခြင့္ျပဳေနတယ္ဆိုတာကို သခင္ခရစ္ေတာ္ သိပါ၏။ ဇီဇာေၾကာင္တဲ့ လူေတြမွ ကၽြန္ုပ္၏ ေပ်ာ္ရႊင္ျခင္းေတြကို လုယူျခင္းေတြ ၊ ျပသနာမ်ား၊  ဖိအားေပးမႈမ်ား ၊ နာက်င္မႈမ်ား၏ တမင္သက္သက္ဖန္တီးမႈျဖစ္ျခင္းေတြကို ကၽြန္ုပ္ခြင့္ျပဳထားတာေတြကိုလည္း သခင္ သိပါ၏။
ကၽြန္ုပ္အသက္တာရွိ ျပသနာတိုင္း ၊ အခက္အခဲတိုင္းကို သခင္ဘုရား၏ အျမင္ျဖင့္ ၾကည့္ဖို႔အတြက္ ကူညီမစေတာ္မူပါ။ မယုံၾကည္သူေတြအတြက္ သာဓကျဖစ္ေစၿပီး ယုံၾကည္သူေတြအတြက္ တည္ေဆာက္စရာျဖစ္ေစမည့္ နည္းလမ္း မ်ားျဖင့္ အခက္အခဲျပသနာေတြကို ကိုင္းတြယ္ေျဖရွင္းခ်င္ပါသည္။ သူတစ္ပါး၏ အေျပာ ႏွင့္ လုပ္ေဆာင္မႈ ေတြသည္ အကၽြန္ုပ္၏ ေပ်ာ္ရႊင္ျခင္းကို (ကၽြန္ုပ္ခြင့္မျပဳသေရြ႕) မထိန္းခ်ဳပ္နိုင္ဘူးဆိုတာကို သတိရဖို႔ရန္ ကူညီမ စေတာ္မူပါ။ 

ကၽြန္ုပ္ နားမလည္နိုင္ေသာ ၊ မေျဖရွင္းနိုင္ေသာ အရာေတြျဖစ္ပ်က္ျခင္းမ်ားအတြက္ အရာအားလုံး အေကာင္း အတြက္ျဖစ္လာေစဖို႔ ဘုရားရွင္အား လုပ္ေဆာင္ဖို႔ရန္ ကၽြန္ုပ္ယုံၾကည္ခ်င္ပါတယ္။ ကၽြန္ုပ္၏ျပသနာမ်ားကို အာ႐ုံစိုက္ ျခင္းမ်ိဳးမဟုတ္ဘဲ ကၽြန္ုပ္အသက္တာအတြက္ အလိုေတာ္ရွိေသာ ရည္ရြယ္ခ်က္ကို အာ႐ုံထား ေနထိုင္သြားနိုင္ဖို႔ရန္ မစေတာ္မူပါ။ ကၽြန္ုပ္၏က်န္ရွိေသာ အသက္တာကို သူတစ္ပါးအားဝန္ေဆာင္မႈေပးျခင္းအားျဖင့္ ဘုရားရွင္အတြက္ အသုံးခ်နိုင္ေသာအသက္တာျဖစ္ေစပါ။ အလိုေတာ္ရွိေသာ ရည္ရြယ္ခ်က္အားျဖင့္ အသက္ရွင္ျခင္းႏွင့္ ေသျခင္းအတြက္ အကၽြန္ုပ္အား အဖဘုရား အသုံးျပဳေတာ္မူပါ။ ယေန႔မွ စတင္၍ သခင္ခရစ္ေတာ္အားျဖင့္ အသက္ရွင္ျခင္းျဖစ္ေစပါ။ ခရစ္ေတာ္၏နာမေတာ္အားျဖင့္ ေတာင္းေလၽွာက္ပါ၏… အာမင္။