God Blesses You So You Can Be Generous
Unicode:
သင့်ကို ဘုရားကောင်းချီးပေးခြင်းအတွက် သူတစ်ပါးကို သင်ရက်ရောနိုင်ပြီဖြစ်သည်။
ကောရိန္သုဒုတိယစောင် ၉:၁၁ “ထိုသို့သင်တိုသည် စေတနာစိတ်နှင့် အမျိုးမျိုးသောစွန့်ကြဲပေးကမ်းခြင်းအလို့ငှါ အရာရာ၌ကြွယ်ဝခြင်း ရှိသည်ဖြစ်၍၊ ငါတို့အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်း ရှိလိမ့်မည်။
လူတော်တော်များများ “ဘုရားသခင်၏ ကောင်းချီးခံစားရခြင်း”၏အဓိပ္ပါယ်ကို မှန်ကန်စွာ နားမလည်ကြပါဘူး။  ဘုရားသခင်သင့်ကို နည်းလမ်းပေါင်းများစွာဖြင့် ကောင်းချီးပေးတဲ့အခါ သနားကြင်နာဝေငှတတ်ဖို့အတွက် အခွင့်အရေးဖြစ်တယ်၊ ဘုရားကိုလည်း ကျေးဇူးဆပ်ရာရောက်ပါတယ်။ ဘုရားရှင်သင့်ကို ကောင်းချီးမပေးရင်တော့ သင် ကပ်စေးနှဲနိုင်တာပေါ့၊ သင့်ကို ကောင်းချီးပေးတာ သင်သည်လည်း ရက်ရောဝေငှနိုင်ဖို့ဖြစ်ပါတယ်။ သူတစ်ပါးကို ပေးကမ်းပါလျှင် ဘုရားသခင်သည် သင့်ကို ပြန်ပေးမည်ဖြစ်ပြီး ၊ သင်များစွာပိုပေးပါလျှင် ဘုရားကလည်း သင့်ကို များစွာပေးပါမည်။ ဒီလိုပေးကမ်းမှု များလေ … သင့်အတွက် များလေပါ။
သင်စုပုံထားနိုင်မည့် အရာတွေကို ဘုရားသင့်ကို မပေးပါ။ သင့်လက်ထဲမှာရှိတဲ့အရာတွေကို လက်လွှတ်ပါလျှင် လက်ဗလာဖြစ်သွားခြင်းက ဘုရားဆီမှ ပိုပြီးကြီးမားတဲ့ကောင်းချီးလက်ခံရရှိနိုင်ဖို့ဖြစ်ပါတယ်။
ဒါပေမဲ့ ယခင်က ကျွန်ုပ်ပြောခဲဖူးတဲ့အတိုင်းဘဲ ၊ သင်၏စရိုက်ဝိသေသ လက္ခဏာပေါ်မူတည်ပြီး ဘုရားက သင့်ကို ကောင်းချီးပေးမှာဖြစ်တယ်။ ဒါကြောင့် ကျေးဇူးတော်နှင့်ဆိုင်သော စရိုက်လက္ခဏာဖြင့် အသက်ရှင်ဖို့က အင်မတန် အရေးကြီးပါတယ်။ သမ္မာကျမ်းစာထဲတွင် ကောရိန္သု ဒုတိယစောင် ၉:၁၂  “အဘယ်သို့နည်းဟူမူကား၊ ဤလုပ်ကျွေးခြင်း အမှုသည် သန့်ရှင်းသူတို့၏ ဆင်းရဲခြင်းကို မစသည် သာမက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစရာ အကြောင်းအများနှင် ပြည့်စုံလျက်ရှိ၏။
သင်က ပေးကမ်းဝေငှတဲ့အခါ သင်၏လုပ်ဆောင်မှုကို ဖော်ပြပါတယ်။ လုပ်ဆောင်မှုနှင့် ပေးကမ်းမှုတွေနှစ်ခုလုံးက မရှိမဖြစ်တွေပါ။ ချစ်ခြင်းမေတ္တာပေါ်တည်တဲ့ အပြုအမူတွေဖြစ်ပါတယ်။ လုပ်ဆောင်ခြင်း ၊ ပေးကမ်းခြင်းမရှိဘဲ သင်မချစ်နိုင်ပါဘူး။ အကောင်းဆုံးက သင်၏လုပ်ဆောင်ခြင်းတွေသည် ဘုရားရှင်အား ကျေးဇူးတင်ခြင်းကို ဖော်ဆောင်ဖို့ ဉီးတည်နေခြင်းဖြစ်ပါတယ်။
အချိန်ခဏယူလျက် သင်၏ ကျေးဇူးတင်ရှိခြင်းကို ဘုရားအားဖော်ပြလိုက်ပါ။
ဆင်ခြင်ရန်
-      ကျေးဇူးတင်ခြင်းနှင့်ဆိုင်သော လက္ခဏာတွေကို ကြီးထွားဖို့ရန်ဆိုတဲ့ အဓိပ္ပါယ်ကား မည်သို့နည်း။
-      သင်၏ပေးကမ်းဝေငှခြင်းတွေက ဘုရား၏သင့်အပေါ်ပေးကမ်းစွန့်ကြဲမှုတွေကို မည်ကဲ့သို့ တန်ပြန်သက် ရောက်မှု ရှိပါသနည်း။
-      လုပ်ဆောင်ခြင်းနှင့် ပေးကမ်းခြင်းဖြစ်ဖို့ရန် သင်၏အရင်းခံ စိတ်ဓါတ်လှုံ့ဆော်မှုကား မည်သို့နည်း။ ဤလုပ်ဆောင်ခြင်းတွေက ဘုရားရှင်အားကျေးဇူးတင်ရှိခြင်းကို ဖော်ပြဖို့ရန် မည်ကဲ့သို့ ဉီးတည်မှုဖြစ် စေသနည်း။
-----------------------------------------------------------------------------------------------------------------------
Zawgyi Font
ကောရိန်သုဒုတိယစောင် ၉:၁၁ “ထိုသို့သင်တိုသည် စေတနာစိတ်နှင့် အမျိုးမျိုးသောစွန့်ကြဲပေးကမ်းခြင်းအလို့ငှါ အရာရာ၌ကြွယ်ဝခြင်း ရှိသည်ဖြစ်၍၊ ငါတို့အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်း ရှိလိမ့်မည်။”
ဆင်ခြင်ရန်