Unicode
သင်မေးခွန်းမေးတဲ့အခါ ဘုရားရှင်သင့်ကို ဖြေပေးပါတယ်။
ဟဗက္ကုတ်အနာဂတ္တိကျမ်း ၃:၂ ‘အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏
ဗျာဒိတ်တော်သံကို ကြား၍ ကြောက်ရွံ့ပါပြီ။ အိုထာဝရ ဘုရား၊ ယခုနှစ်များအတွင်းတွင် အမှုတော်ကို
ပြုပြင် တော်မူပါ။ ယခုနှစ်များအတွင်းတွင် ထင်ရှားစေတော်မူ ပါ။ အမျက်ထွက်တော်မူသော်လည်း
ကရုဏာတရားကို အောက်မေ့တော်မူပါ။”
ဘုရားရှင်၏စကားတော်ကို
သင်ကြားချင်ပါလျှင် သူ့အား ဝတ်ပြကိုးကွယ်ပါ။
တခြားသောစကားအရဆိုလျှင်
သင့်အသက်တာအတွက် ဘုရားရှင်ရှိတော်မူခြင်း နှင့် သင့်အသက်တာ အသေးစိပ်က အစ စိတ်ဝင်စားတဲ့ဘုရားအပေါ်မှာ
ကျေးဇူးတင်လိုက်ပါ။
ဘုရားရှင်သင့်ကို
အမြင်တွေပေးထားပါတယ်။ အိမ်မက်တွေကိုလည်းပေးထားတယ်။ ဘုရားသင့်ကို ဘာလုပ်စေချင် သလဲဆိုတာကိုလည်း
သင်သိပါတယ်။ ဒါကြောင့် ယခုပင် သင့်ဆုတောင်း၏အဖြေပေးခြင်းအတွက် ကျေးဇူးတင် လိုက်ပါ။
ဒါသည် ဘုရားဝတ်ပြုခြင်းဆိုင်ရာ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။
တစ်ကိုယ်တော်စကားကြော ရှည်နေသလို
ဖြစ်နေတဲ့သင်၏ဆုတောင်းကို မြင်ရဖို့အတွက် ကျွန်ုပ်သင့်ကို ရပ်တန့်စေချင်တယ်။ စစ်မှန်တဲ့အဖြစ်ကို
မြင်နိုင်အောင်ကြည့်ပါ။ စကားကြောရှည်နေသလား။ ဆုတောင်းခြင်းက ဘုရားနှင့်စကားပြောနေတာဖြစ်တယ်။
သင်ဆုတောင်းတဲ့အခါ ဘုရားရှင်ကြားရတယ်။ သင်မေးခွန်းမေးတဲ့အချိန်မှာ သူဖြေပေးနေတယ်။ သင့်ကို
နေ့တိုင်းစကားပြောချင်တယ်။ သစ္စာရှိစွာဖြင့် နေ့စဉ်နေ့တိုင်း ဘုရားနှင့် စကားပြောပါလျှင်
သင့်အသက်တာကို လုံးဝဥဿုံ ပြောင်းလဲပစ်လိမ့်မည်။
ဘုရားကို
သင်မသိသရွေ့ အသံတော်ကို သင်မကြားနိုင်ဘူးဆိုတာကို နားလည်ဖို့ အင်မတန်အရေးကြီးပါတယ်။
ဘုရားကို သိဖို့ အဆင့် (၃) ဆင့်ရှိပါတယ်။ အသိအမှတ်ပြုခြင်း
၊ သိကျွမ်းခြင်း နှင့် ခင်မင်ရင်းနှီးခြင်းတို့ဖြစ်ပါတယ်။ ဘုရားရှင်ဘယ်မှာရှိတယ်ဆိုတာကို
သင်သိတယ် ဒါပေမဲ့ သင်အမှန်တကယ်သူ့ကို မသိဘူးဆိုလျှင် သင်သည် အသိအမှတ်ပြုခြင်းအဆင့်သာဖြစ်သည်။
(သို့) သူ့အား အနည်းငယ်သိတယ် ၊ ဒါပေမဲ့ အရမ်းမရင်းနှီးဘူးဆိုလျှင် သင်၏ အဆင့်သည် သိကျွမ်းခြင်းအဆင့်သာဖြစ်တယ်။
ဘုရားကတော့
သင့်ကို ခင်မင်ရင်းနှီးသောအဆင့်အဖြစ် အသက်ရှင်နေထိုင်စေချင်တယ်။ သင်၏ သူငယ်ချင်းဖြစ်
ချင်တယ်။ အချိန်တိုင်းမှာ စကားပြောချင်ပါတယ်။
ဆင်ခြင်ရန်
ယနေ့မှာ
သင့်ကို ဤဆုတောင်းချက်အားဖြင့် ဆုတောင်းဖို့ကျွန်ုပ်ဖိတ်ခေါ်ချင်ပါတယ်။
“အဖဘုရား . . . ကျွန်ုပ်၏သူငယ်ချင်းအဖြစ်
အလိုရှိတာကို သိရတဲ့အတွက် ကျွန်ုပ်အံ့ဩမိပါတယ်။ ဘုရားရှင်နှင့်အတူ စကားပြောဖို့ရန်
အကျွန်ုပ်အမှန်တကယ်လေ့လာချင်ပါတယ်။ နေ့စဉ်နေ့တိုင်း ဘုရားရှင်နှင့်အချိန်ယူဖို့ကို
ကျွန်ုပ်အား ကူညီဖေးမတော်မူပါ။ ကျွန်ုပ်ဘဝ၏ အသေးငယ်ဆုံးတွေတိုင် ဂရုပြုတဲ့အတွက် ကျေးဇူးတင်ပါ၏။
သခင်ခရစ်တော်ဘုရား … နေ့စဉ်နေ့တိုင်းမှာ ပိုပြီး ပိုပြီး သိချင်ပါ၏။ ကျွန်ုပ်၏ အလုပ်
၊ မိသားစု ၊ အနာဂတ် နှင့် အသက်တာအစိတ်အပိုင်းအားလုံးတို့တွင် ဘုရားရှင်၏ လမ်းပြပို့ဆောင်မှုပေါ်တည်ချင်ပါသည်။
ကျွန်ုပ်အသက်တာ၏ ကြီးကြပ်သူအဖြစ်ရှိဖို့အတွက် ဘုရားရှင်အားဖိတ်ခေါ်ပါ၏ ကယ်တင်ရှင် အဖုဘုရား
။ နာမတော်အားဖြင့် အထံတော်သို့ လိုက်လျှောက်ယုံကြည်ပြီး တောင်းလျှောက်ပါ၏။ အာမင်….
--------------------------------------------------------------
Zawgyi Font
ဆင်ခြင်ရန်