Unicode Version
ဆင်ခြင်ရန်
သင်၏ပြသနာကို
မဟုတ်ဘဲ ၊ သင်၏ ရည်မှန်းချက် ၊ ရည်ရွယ်ချက်ပေါ်တွင် အာရုံစူးစိုက်ပါ။
ဖိလိပ္ပိ ၁:၂၂-၂၅ “ဤကိုယ်ခန္ဓာ၌ ငါသည်အသက်ရှင်လျှင်၊ ငါပြုသောအမှု၏
အကျိုးကား ထိုသို့သောအကျိုးဖြစ်၏။ သို့သော်လည်း အဘယ်အကျိုးကို ရွေးယူရမည်ဟု ငါမသိ။ ထိုအကျိုးနှစ်ပါး၏အကြား၌ ငါသည်ယခု ကျဉ်းမြောင်းစွာ နေရ၏။ စုတေ့၍ ခရစ်တော်နှင့်အတူ
နေ ခြင်းငှါ တောင့်တလိုချင်သော စိတ်ရှိ၏။ သာ၍ အလွန် ထူးမြတ်သော အကျိုးဖြစ်၏။ သို့သော်လည်း ကိုယ်ခန္ဓာ၌ နေရလျှင် သင်တို့၌ သာ၍ အကျိုးရှိလိမ့်မည်။ ထိုသို့ ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ်သည်ဖြစ်၍၊ သင်တို့ရှိရာသို့
ငါတဖန်ရောက်လာသော အားဖြင့်၊ သင်တို့သည် ယေရှုခရစ်ကို အမှီပြု၍ ငါ့အတွက်ကြောင့် သာ၍
ဝါကြွားဝမ်းမြောက်ခြင်း ရှိစေခြင်းငှါ၊”
သင်၏ပြသနာကို
အာရုံစိုက်မည့်အစား သင်၏ရည်ရွယ်ချက် ၊ ရည်မှန်းချက်တွေကိုသာ အာရုံစိုက်တဲ့အခါ ပြသနာအပေါင်း၌
ကျရှုံးသွားတဲ့အသက်တာဖြစ်နေသည့်တိုင် သင်ပျော်ရွှင်နိုင်ပါသေးတယ်။
ရောမ
ထောင်ထဲ၌ရှိစဉ်ကာလတွေမှာ ရှင်ပေါလုသည် အသက်ကြီးရင့်နေပြီဖြစ်တယ်။ အိမ်နှင့် အလွန် အလှမ်းဝေးနေပြီး
သေဒဏ်စီရင်ခြင်းကို စောင့်ဆိုင်းနေရသောသူဖြစ်တယ်။ အရာအားလုံး သူ့ဆီက ယူဆောင်သွား ကြပြီ
- သူ၏ မိတ်ဆွေတွေ၊ သူ၏ လွှတ်လပ်ခြင်းတွေ ၊ သူ၏ဖြစ်တည်မှုတွေ ၊ သူ၏အေးချမ်းမှုတွေပေါ့။
အစောင့်များဖြင့် စောင့်ကြည့်ခြင်းနှင့် သံကြိုးခပ်ထားခြင်းတွေကို တစ်ရက်မှာ ၂၄ နာရီလုံးလုံး
ခံစားခဲ့ရပါတယ်။ ရှင်ပေါလုအတွက်တော့ သေချာတဲ့ ပျော်ရွှင်မှု မဟုတ်ခဲ့ပါ။
ဒါပေမဲ့ သူ၏ရည်ရွယ်ချက်
ကိုတော့ ဘယ်အရာကမျှ ယူဆောင်သွားလို့မရပါဘူး။ အရာအားလုံး ဆုံးရှုံးခဲ့ရသည့်တိုင် သူ၏
ရည်ရွယ်ချက်ကို ဆက်လက်လုပ်ဆောင်ဖို့ ရွေးချယ်မှုပြုခဲ့ပါတယ်။ သူ၏ရည်ရွယ်ချက်က ဘာလဲ။
သူတစ်ပါးအတွက် ပြုခြင်းတွေသည် ဘုရားအတွက် အသုံးတော်ခံခြင်းပင်ဖြစ်ပါတယ်။
Paul says in Philippians
1:22-25, “If by continuing to live I can do more worthwhile work, then
I am not sure which I should choose. I am pulled in two directions. I want very
much to leave this life and be with Christ, which is a far better thing; but
for your sake it is much more important that I remain alive. I am sure of this,
and so I know that I will stay. I will stay on with you all, to add to your
progress and your joy in the faith” (GNT).
လူသားတွေ၏ ရှာဖွေခြင်း၏အဓိပ္ပါယ်အကြောင်းရေးသားခဲ့တဲ့
Viktor Frankl ရဲ့စာအုပ်ဖတ်ခြင်းကို ကျွန်ုပ်ဘယ်တော့မှာ မေ့နိုင်မည်မဟုတ်ပါ။
Frankl သည် နာဇီဂျာမနီ အသေခံခြင်းစခန်းများထဲသို့
ခေါ်ဆောင်ခြင်းခံရတဲ့ ဂျုးစိတ်ရောဂါသည်တစ်ဉီးဖြစ်ပါတယ်။ သူ၏မိသားစုဝင်တွေနှင့် သူငယ်ချင်းအားလုံးတို့သည်
ဂက်(စ်) ဓါတ်ငွေ့ဖြင့် အသေသတ်ခြင်းခံခဲ့ရပါတယ်။ နာဇီပါတီဝင်တွေရှေ့မှာ အရှိအတိုင်းအဝတ်မဲ့ဖြင့်
မတ်တတ်ရပ်ခဲ့ရတဲ့ နေ့အကြောင်းကို သူ၏စာအုပ်မှာ ပြေားထားပါတယ်။ နာဇီတွေက အကျဉ်းသားတွေ၏
အဝတ်အစားတွေအပြင် Frankl ၏ လက်ထပ်လက်စွပ်ကိုပါ ချွတ်ယူသွားကြတယ်။ သူ၌ဘာမှ မရှိဘဲ မတ်တတ်ရပ်နေခဲ့တယ်
၊ ရုတ်တရက် သူသဘောပေါက်လိုက်တာက ဒီနာဇီတွေက သူ့ဆီကနေ အရာတစ်ခုကိုတော့ သူဆောင်သွားလို့မရဘူးဆိုတာကိုပါ။
သူ့ရွေးချယ်မည့် တုံ့ပြန်ချက်ကိုပေါ့။
သူတစ်ပါး၏ သင့်အပေါ်လုပ်ဆောင်ချက်တွေ ၊ သင့်အနီးအနားတွင် လုပ်ဆောင်သွားတာတွေကို
သင်အားလုံးတော့ ထိန်းချုပ်လို့မရနိုင်ပါ။ ဒါပေမဲ့ သင်မည်ကဲ့သို့ တုံ့ပြန်မလဲဆိုတာကိုတော့
သင်ထိန်းချုပ်လုပ်ဆောင်နိုင်ပါတယ်။
ဆင်ခြင်ရန်
-မည်သို့သောအရာကို သင့်အသက်တာအတွက် ရည်ရွယ်ချက်ဖြစ်တယ်လို့
ယုံကြည်ပါသနည်း။
-သင်၏တုံ့ပြန်မှုကို
သင်ရွေးချယ်လို့ရတယ်ဆိုတာကို သင်သဘောပေါက်ပါလျှင် ခက်ခဲတဲ့အခြေအနေမှာ အဲဒီအရာက သင်၏ရှုထောင့်အမြင်ကို
မည်ကဲ့သို့ ပြောင်းလဲစေသနည်း။
-သင်၏ရည်ရွယ်ချက်ပေါ်မဟုတ်ဘဲ
မည်သို့သောအနှောက်အယှက် (သို့) ဩဇာလွှမ်းမိုးမှုတွေသည် သင်၏ပြသနာတွေ ပေါ် အာရုံစိုက်ခြင်းကို
ဖြစ်စေပါသနည်း။
---------------------------------------------------------------------------------------------
Zawgyi Font
သင္၏ျပသနာကို မဟုတ္ဘဲ ၊ သင္၏ ရည္မွန္းခ်က္ ၊ ရည္ရြယ္ခ်က္ေပၚတြင္ အာ႐ုံစူးစိုက္ပါ။
ဖိလိပၸိ ၁:၂၂-၂၅ “ဤကိုယ္ခႏၶာ၌ ငါသည္အသက္ရွင္လၽွင္၊ ငါျပဳေသာအမႈ၏ အက်ိဳးကား ထိုသို႔ေသာအက်ိဳးျဖစ္၏။ သို႔ေသာ္လည္း အဘယ္အက်ိဳးကို ေရြးယူရမည္ဟု ငါမသိ။ ထိုအက်ိဳးႏွစ္ပါး၏အၾကား၌ ငါသည္ယခု က်ဥ္းေျမာင္းစြာ ေနရ၏။ စုေတ့၍ ခရစ္ေတာ္ႏွင့္အတူ ေန ျခင္းငွါ ေတာင့္တလိုခ်င္ေသာ စိတ္ရွိ၏။ သာ၍ အလြန္ ထူးျမတ္ေသာ အက်ိဳးျဖစ္၏။ သို႔ေသာ္လည္း ကိုယ္ခႏၶာ၌ ေနရလၽွင္ သင္တို႔၌ သာ၍ အက်ိဳးရွိလိမ့္မည္။ ထိုသို႔ ရွိလိမ့္မည္ဟု ယုံမွားျခင္းႏွင့္ ကင္းလြတ္သည္ျဖစ္၍၊ သင္တို႔ရွိရာသို႔ ငါတဖန္ေရာက္လာေသာ အားျဖင့္၊ သင္တို႔သည္ ေယရႈခရစ္ကို အမွီျပဳ၍ ငါ့အတြက္ေၾကာင့္ သာ၍ ဝါႂကြားဝမ္းေျမာက္ျခင္း ရွိေစျခင္းငွါ၊”
သင္၏ျပသနာကို အာ႐ုံစိုက္မည့္အစား သင္၏ရည္ရြယ္ခ်က္ ၊ ရည္မွန္းခ်က္ေတြကိုသာ အာ႐ုံစိုက္တဲ့အခါ ျပသနာအေပါင္း၌ က်ရႈံးသြားတဲ့အသက္တာျဖစ္ေနသည့္တိုင္ သင္ေပ်ာ္ရႊင္နိုင္ပါေသးတယ္။
ေရာမ ေထာင္ထဲ၌ရွိစဥ္ကာလေတြမွာ ရွင္ေပါလုသည္ အသက္ႀကီးရင့္ေနၿပီျဖစ္တယ္။ အိမ္ႏွင့္ အလြန္ အလွမ္းေဝးေနၿပီး ေသဒဏ္စီရင္ျခင္းကို ေစာင့္ဆိုင္းေနရေသာသူျဖစ္တယ္။ အရာအားလုံး သူ႔ဆီက ယူေဆာင္သြား ၾကၿပီ - သူ၏ မိတ္ေဆြေတြ၊ သူ၏ လႊတ္လပ္ျခင္းေတြ ၊ သူ၏ျဖစ္တည္မႈေတြ ၊ သူ၏ေအးခ်မ္းမႈေတြေပါ့။ အေစာင့္မ်ားျဖင့္ ေစာင့္ၾကည့္ျခင္းႏွင့္ သံႀကိဳးခပ္ထားျခင္းေတြကို တစ္ရက္မွာ ၂၄ နာရီလုံးလုံး ခံစားခဲ့ရပါတယ္။ ရွင္ေပါလုအတြက္ေတာ့ ေသခ်ာတဲ့ ေပ်ာ္ရႊင္မႈ မဟုတ္ခဲ့ပါ။
ဒါေပမဲ့ သူ၏ရည္ရြယ္ခ်က္ ကိုေတာ့ ဘယ္အရာကမၽွ ယူေဆာင္သြားလို႔မရပါဘူး။ အရာအားလုံး ဆုံးရႈံးခဲ့ရသည့္တိုင္ သူ၏ ရည္ရြယ္ခ်က္ကို ဆက္လက္လုပ္ေဆာင္ဖို႔ ေရြးခ်ယ္မႈျပဳခဲ့ပါတယ္။ သူ၏ရည္ရြယ္ခ်က္က ဘာလဲ။ သူတစ္ပါးအတြက္ ျပဳျခင္းေတြသည္ ဘုရားအတြက္ အသုံးေတာ္ခံျခင္းပင္ျဖစ္ပါတယ္။
Paul says in Philippians 1:22-25, “If by continuing to live I can do more worthwhile work, then I am not sure which I should choose. I am pulled in two directions. I want very much to leave this life and be with Christ, which is a far better thing; but for your sake it is much more important that I remain alive. I am sure of this, and so I know that I will stay. I will stay on with you all, to add to your progress and your joy in the faith” (GNT).
လူသားေတြ၏ ရွာေဖြျခင္း၏အဓိပၸါယ္အေၾကာင္းေရးသားခဲ့တဲ့ Viktor Frankl ရဲ့စာအုပ္ဖတ္ျခင္းကို ကၽြန္ုပ္ဘယ္ေတာ့မွာ ေမ့နိုင္မည္မဟုတ္ပါ။ Frankl သည္ နာဇီဂ်ာမနီ အေသခံျခင္းစခန္းမ်ားထဲသို႔ ေခၚေဆာင္ျခင္းခံရတဲ့ ဂ်ဳးစိတ္ေရာဂါသည္တစ္ဉီးျဖစ္ပါတယ္။ သူ၏မိသားစုဝင္ေတြႏွင့္ သူငယ္ခ်င္းအားလုံးတို႔သည္ ဂက္(စ္) ဓါတ္ေငြ႕ျဖင့္ အေသသတ္ျခင္းခံခဲ့ရပါတယ္။ နာဇီပါတီဝင္ေတြေရွ႕မွာ အရွိအတိုင္းအဝတ္မဲ့ျဖင့္ မတ္တတ္ရပ္ခဲ့ရတဲ့ ေန႔အေၾကာင္းကို သူ၏စာအုပ္မွာ ေျပားထားပါတယ္။ နာဇီေတြက အက်ဥ္းသားေတြ၏ အဝတ္အစားေတြအျပင္ Frankl ၏ လက္ထပ္လက္စြပ္ကိုပါ ခၽြတ္ယူသြားၾကတယ္။ သူ၌ဘာမွ မရွိဘဲ မတ္တတ္ရပ္ေနခဲ့တယ္ ၊ ႐ုတ္တရက္ သူသေဘာေပါက္လိုက္တာက ဒီနာဇီေတြက သူ႔ဆီကေန အရာတစ္ခုကိုေတာ့ သူေဆာင္သြားလို႔မရဘူးဆိုတာကိုပါ။ သူ႔ေရြးခ်ယ္မည့္ တုံ႔ျပန္ခ်က္ကိုေပါ့။
သူတစ္ပါး၏ သင့္အေပၚလုပ္ေဆာင္ခ်က္ေတြ ၊ သင့္အနီးအနားတြင္ လုပ္ေဆာင္သြားတာေတြကို သင္အားလုံးေတာ့ ထိန္းခ်ဳပ္လို႔မရနိုင္ပါ။ ဒါေပမဲ့ သင္မည္ကဲ့သို႔ တုံ႔ျပန္မလဲဆိုတာကိုေတာ့ သင္ထိန္းခ်ဳပ္လုပ္ေဆာင္နိုင္ပါတယ္။
ဆင္ျခင္ရန္
-မည္သို႔ေသာအရာကို သင့္အသက္တာအတြက္ ရည္ရြယ္ခ်က္ျဖစ္တယ္လို႔ ယုံၾကည္ပါသနည္း။
-သင္၏တုံ႔ျပန္မႈကို သင္ေရြးခ်ယ္လို႔ရတယ္ဆိုတာကို သင္သေဘာေပါက္ပါလၽွင္ ခက္ခဲတဲ့အေျခအေနမွာ အဲဒီအရာက သင္၏ရႈေထာင့္အျမင္ကို မည္ကဲ့သို႔ ေျပာင္းလဲေစသနည္း။
-သင္၏ရည္ရြယ္ခ်က္ေပၚမဟုတ္ဘဲ မည္သို႔ေသာအေႏွာက္အယွက္ (သို႔) ဩဇာလႊမ္းမိုးမႈေတြသည္ သင္၏ျပသနာေတြ ေပၚ အာ႐ုံစိုက္ျခင္းကို ျဖစ္ေစပါသနည္း။