Every Season of Life Has a Purpose

Unicode Version


အသက်တာ၏ ရာသီအချိန်အခါတိုင်းတွင် ရည်ရွယ်ချက်ရှိပါသည်။
ဒေသနာကျမ်း ၃:၁၁ “ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နုလုံးကိုလည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။ သို့ရာတွင်၊ ဘုရားသခင်စီရင်တော်မူသောအမှုကို၊ အစမှအဆုံး တိုင်အောင်၊ လူသည် စစ်၍မကုန်နိုင်။ ”

အသက်တာသည် မတူညီခြားနားမှုတွေနှင့် ပြည့်နေပါတယ်။ တောင်တန်းတွေကို ဖြတ်သန်းပြီး ချိုင့်ဝှမ်းတွေကို ဖြတ်ကျော်ရပါတယ်။ အောင်မြင်ခြင်းတွေ နှင့် ကျရှုံးခြင်းတွေကိုလည်း ရင်ဆိုင်ဖြတ်သန်းရတယ်။ အောင်ပွဲတွေ ရသလို ဆုံးရှုံးမှုတွေကိုပါ ရရှိကြပါတယ်။

ရာသီဥတုမှာလည်း လေးမျိုးရှိပါတယ်။ သို့သော် သင်၏အသက်တာတွင် မတူညီသောရာသီဥတုတွေ များစွာရှိပြီး အသက်တာ၏  ရာသီတိုင်းမှာလည်း ကောင်းခြင်း ၊ ဆိုးခြင်းတွေ  ပါဝင်ပါတယ်။

ဒေသနာကျမ်း ၃:၁-၈ “ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ မိုဃ်းကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီး ကို့ကို ပြုရသောအချိန်ရှိ၏။ ဘွားချိန်နှင့်သေချိန်လည်းရှိ၏။ စိုက်ပျိုးရသော အချိန်နှင့် စိုက်ပျိုးရသောအရာ ကို နှုတ်ရသောအချိန် လည်းရှိ၏။ သတ်ရသောအချိန်နှင့် အနာပျောက်စေရသော အချိန်လည်း ရှိ၏။ ဖြိုဖျက်ရသော အချိန်နှင့် တည်ဆောက်ရသော အချိန်လည်း ရှိ၏။ ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏။ ညည်းတွားရသော အချိန်နှင့် ကခုန်ရသော အချိန်လည်း ရှိ၏။ ကျောက်တို့ကို ဖြန့်ကြဲရသောအချိန်နှင့် စုသိမ်းရ သော အချိန်လည်း ရှိ၏။ ဘက်ယမ်းရသောအချိန်နှင့်၊ မဘက်ယမ်းဘဲ ခွဲခွါ၍ နေရသောအချိန်လည်း ရှိ၏။ ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက် ရသော အချိန်လည်းရှိ၏။ သိုထားရသောအချိန်နှင့် ပစ်လိုက် ရသောအချိန်လည်းရှိ၏။ အဝတ်ကို ဆုတ်ရသောအချိန် နှင့် ချုပ်ရသော အချိန်လည်းရှိ၏။ တိတ်ဆိတ်စွာနေသောအချိန်နှင့်၊ စကားပြောရသော အချိန်လည်းရှိ၏။ ချစ်ရသော အချိန်နှင့် မုန်းရသောအချိန်လည်း ရှိ၏။ စစ်တိုက်သောအချိန်နှင့် စစ်ငြိမ်းရသောအချိန် လည်းရှိ၏။”

‌အသက်တာသည် ခြားနားသော ရာသီဉတုများ ပေါင်းစပ်မှုပင်ဖြစ်ပါတယ်။ အမြဲတမ်းနေသာပြီး မိုးခေါင်နေခြင်းက သဲကန္တာရကို ဖြစ်စေပါတယ်။ သင့်အသက်တာကို ဘုရား၏ အလိုတော်အတိုင်း ရှာဖွေခြင်းနှင့် လိုက်လျှောက်အသက် ရှင်နေထိုင်ပါက  သင့်အသက်တာတွင် တန်ဖိုးရှိမှုနှင့် ရည်ရွယ်ချက်ရှိမှုတွေကို နောက်ဆုံးမှာ မြင်တွေ့ရမည်ဖြစ်သည်။
ဘုရား၏အလိုသို့လိုက်လျှောက်ခြင်းသည် ဘုရားကျောင်းတက်ခြင်း (သို့) ဆိတ်ငြိမ်ချိန် ထားပြီး ဝတ်ပြုချိန်လို့ သင်ထင်ကောင်းထင်နေမည်။ ဗီဒို ထဲမှ အဝတ်အထည်တွေကို ရှင်းလင်းခြင်းသကဲ့သို့ပင် ဘုရား၏အလိုတော်နှင့် ရှိနိုင်ပါသည်။ သင်၏မြက်ပင်တွေကို ရိတ်တဲ့အခါတွင်လည်း ဘုရားအလိုတော်နှင့် ရှိနေနိုင်ပါသည်။ နေရာအသစ်သို့ ပြောင်းရွေ့သည်အခါ (သို့) သင်နေထိုင်နေတဲ့နေရာမှာဘဲ ရှိနေတဲ့အခါတွင်လည်း ဘုရား၏အလိုတော်နှင့် ရှိနေနိုင်ပါတယ်။ အရာရာတိုင်းအတွက် အချိန် နှင့် ရာသီဉတုရှိကြပါတယ်။
“အရာရာတိုင်းက လှပနေတယ်” ဆိုတဲ့သီချင်းကလေးကို Ray Stevens ဆိုခဲ့ပါတယ်။ အဲဒီသီချင်းမှာ “အရာရာတိုင်း သူ့အလှနှင့်သူ ၊ သူ့နည်းလမ်းနည်းသူ လှပနေပါတယ်” ဆိုတဲ့စာသားလည်း ပါဝင်ပါတယ်။ အရာအားလုံးကတော့ မလှပါဘူး။ ကင်ဆာဆိုတာ မလှပါဘူး။ ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုသည်လည်း မလှပပါဘူး။ စစ်ပွဲသည်လည်း မလှပါဘူး။
သမ္မာကျမ်းစာက ဒေသနာကျမ်း ၃ အခန်းငယ် ၁၁ တွင် ကွဲပြားစွာ ဖော်ပြထားပါတယ်။ ဒေသနာကျမ်း ၃:၁၁ “ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ ” ဘာကြောင့်လဲဆိုတော့ သမ္မာကျမ်းစာတွင် ပြောထားတာက - မကောင်းသောအရာများကိုယူပြီး အချိန်တန်လျှင် ဘုရားရှင် သူတို့ကိုပြောင်းလဲစေပြီး သူရည်ရွယ်ထားတဲ့အတိုင်း ကောင်းကျိုးအတွက် အသုံးပြုနိုင်သည်။
ယခုတွင် သင်သည် မလှပသော ရာသီဉတုကို ဖြတ်ကျော်ကောင်း ဖြတ်ကျော်နေမည်။ သင်၏ ငွေကြေးဆိုင်ရာတွေ ၊ ကျန်းမာရေးတွေ နှင့် အနာဂတ်တွေက ကြည့်ရဆိုးနေမည်။

ဒါပေမဲ့ သင်၏ကျိုးပဲ့နေသော အစိတ်အပိုင်းများဖြင့် ဘုရားရှင်အား ယုံကြည်သည်အတိုင်း ဘရားသခင်က သင်ကို ထိုအရာတွေထဲမှ တစ်စုံတစ်ခုကို ကောင်းသောအရာတွေအဖြစ် ပြုလုပ်ပေးနိုင်ပါတယ်။

ဆင်ခြင်ရန်
-မည်သို့သော ခက်ခဲခြင်းအခြေအနေတွေဖြင့် ယနေ့ပင် ဘုရားရှင်ထံအပ်နှံဖို့ သင်လိုအပ်နေသနည်း။
- အသက်တာတွင်  ခက်ခဲသော ရာသီဥတုဆိုင်ရာတွေ၏ ရည်ရွယ်ချက်အတွက် ကမ္ဘာကြီးက မည်ကဲ့သို့ ဖြေရှင်ပေးမည်နည်း။
-ဘုရားသခင်၏အလိုတော်အတိုင်း သင်ရှိနေကြောင်းကို မည်ကဲ့သို့သောနည်းလမ်းတွေဖြင့် သင်သိရှိနိုင်ပါသနည်း။



--------------------------------------------------------------------------------------------------------------------------

Zawgyi Version

အသက္တာ၏ ရာသီအခ်ိန္အခါတိုင္းတြင္ ရည္႐ြယ္ခ်က္ရွိပါသည္။
ေဒသနာက်မ္း ၃:၁၁ “ခပ္သိမ္းေသာအရာတို႔ကို မိမိတို႔အခ်ိန္တန္မွ၊ ေလ်ာက္ပတ္စြာ ဖန္ဆင္းေတာ္မူၿပီ။ လူစိတ္ႏုလုံးကိုလည္း အနႏၲကာလ၌ စြဲလန္းေစေတာ္မူၿပီ။ သို႔ရာတြင္၊ ဘုရားသခင္စီရင္ေတာ္မူေသာအမႈကို၊ အစမွအဆုံး တိုင္ေအာင္၊ လူသည္ စစ္၍မကုန္ႏိုင္။ ”

အသက္တာသည္ မတူညီျခားနားမႈေတြႏွင့္ ျပည့္ေနပါတယ္။ ေတာင္တန္းေတြကို ျဖတ္သန္းၿပီး ခ်ိဳင့္ဝွမ္းေတြကို ျဖတ္ေက်ာ္ရပါတယ္။ ေအာင္ျမင္ျခင္းေတြ ႏွင့္ က်ရႈံးျခင္းေတြကိုလည္း ရင္ဆိုင္ျဖတ္သန္းရတယ္။ ေအာင္ပြဲေတြ ရသလို ဆုံးရႈံးမႈေတြကိုပါ ရရွိၾကပါတယ္။

ရာသီဥတုမွာလည္း ေလးမ်ိဳးရွိပါတယ္။ သို႔ေသာ္ သင္၏အသက္တာတြင္ မတူညီေသာရာသီဥတုေတြ မ်ားစြာရွိၿပီး အသက္တာ၏  ရာသီတိုင္းမွာလည္း ေကာင္းျခင္း ၊ ဆိုးျခင္းေတြ  ပါဝင္ပါတယ္။

ေဒသနာက်မ္း ၃:၁-၈ “ခပ္သိမ္းေသာ အမႈအရာတို႔သည္ မိမိတို႔အခ်ိန္ ရွိ၏။ မိုဃ္းေကာင္းကင္ေအာက္၌ ႀကံစည္သမွ် အသီးသီး ကို႔ကို ျပဳရေသာအခ်ိန္ရွိ၏။ ဘြားခ်ိန္ႏွင့္ေသခ်ိန္လည္းရွိ၏။ စိုက္ပ်ိဳးရေသာ အခ်ိန္ႏွင့္ စိုက္ပ်ိဳးရေသာအရာ ကို ႏႈတ္ရေသာအခ်ိန္ လည္းရွိ၏။ သတ္ရေသာအခ်ိန္ႏွင့္ အနာေပ်ာက္ေစရေသာ အခ်ိန္လည္း ရွိ၏။ ၿဖိဳဖ်က္ရေသာ အခ်ိန္ႏွင့္ တည္ေဆာက္ရေသာ အခ်ိန္လည္း ရွိ၏။ ငိုရေသာအခ်ိန္ႏွင့္ ရယ္ရေသာအခ်ိန္လည္းရွိ၏။ ညည္းတြားရေသာ အခ်ိန္ႏွင့္ ကခုန္ရေသာ အခ်ိန္လည္း ရွိ၏။ ေက်ာက္တို႔ကို ျဖန္႔ႀကဲရေသာအခ်ိန္ႏွင့္ စုသိမ္းရ ေသာ အခ်ိန္လည္း ရွိ၏။ ဘက္ယမ္းရေသာအခ်ိန္ႏွင့္၊ မဘက္ယမ္းဘဲ ခြဲခြါ၍ ေနရေသာအခ်ိန္လည္း ရွိ၏။ ဆည္းဖူးရေသာအခ်ိန္ႏွင့္ ဥစၥာေပ်ာက္ ရေသာ အခ်ိန္လည္းရွိ၏။ သိုထားရေသာအခ်ိန္ႏွင့္ ပစ္လိုက္ ရေသာအခ်ိန္လည္းရွိ၏။ အဝတ္ကို ဆုတ္ရေသာအခ်ိန္ ႏွင့္ ခ်ဳပ္ရေသာ အခ်ိန္လည္းရွိ၏။ တိတ္ဆိတ္စြာေနေသာအခ်ိန္ႏွင့္၊ စကားေျပာရေသာ အခ်ိန္လည္းရွိ၏။ ခ်စ္ရေသာ အခ်ိန္ႏွင့္ မုန္းရေသာအခ်ိန္လည္း ရွိ၏။ စစ္တိုက္ေသာအခ်ိန္ႏွင့္ စစ္ၿငိမ္းရေသာအခ်ိန္ လည္းရွိ၏။”

အသက္တာသည္ ျခားနားေသာ ရာသီဉတုမ်ား ေပါင္းစပ္မႈပင္ျဖစ္ပါတယ္။ အၿမဲတမ္းေနသာၿပီး မိုးေခါင္ေနျခင္းက သဲကႏၲာရကို ျဖစ္ေစပါတယ္။ သင့္အသက္တာကို ဘုရား၏ အလိုေတာ္အတိုင္း ရွာေဖြျခင္းႏွင့္ လိုက္ေလွ်ာက္အသက္ ရွင္ေနထိုင္ပါက  သင့္အသက္တာတြင္ တန္ဖိုးရွိမႈႏွင့္ ရည္႐ြယ္ခ်က္ရွိမႈေတြကို ေနာက္ဆုံးမွာ ျမင္ေတြ႕ရမည္ျဖစ္သည္။

ဘုရား၏အလိုသို႔လိုက္ေလွ်ာက္ျခင္းသည္ ဘုရားေက်ာင္းတက္ျခင္း (သို႔) ဆိတ္ၿငိမ္ခ်ိန္ ထားၿပီး ဝတ္ျပဳခ်ိန္လို႔ သင္ထင္ေကာင္းထင္ေနမည္။ ဗီဒို ထဲမွ အဝတ္အထည္ေတြကို ရွင္းလင္းျခင္းသကဲ့သို႔ပင္ ဘုရား၏အလိုေတာ္ႏွင့္ ရွိႏိုင္ပါသည္။ သင္၏ျမက္ပင္ေတြကို ရိတ္တဲ့အခါတြင္လည္း ဘုရားအလိုေတာ္ႏွင့္ ရွိေနႏိုင္ပါသည္။ ေနရာအသစ္သို႔ ေျပာင္းေ႐ြ႕သည္အခါ (သို႔) သင္ေနထိုင္ေနတဲ့ေနရာမွာဘဲ ရွိေနတဲ့အခါတြင္လည္း ဘုရား၏အလိုေတာ္ႏွင့္ ရွိေနႏိုင္ပါတယ္။ အရာရာတိုင္းအတြက္ အခ်ိန္ ႏွင့္ ရာသီဉတုရွိၾကပါတယ္။

“အရာရာတိုင္းက လွပေနတယ္” ဆိုတဲ့သီခ်င္းကေလးကို Ray Stevens ဆိုခဲ့ပါတယ္။ အဲဒီသီခ်င္းမွာ “အရာရာတိုင္း သူ႔အလွႏွင့္သူ ၊ သူ႔နည္းလမ္းနည္းသူ လွပေနပါတယ္” ဆိုတဲ့စာသားလည္း ပါဝင္ပါတယ္။ အရာအားလုံးကေတာ့ မလွပါဘူး။ ကင္ဆာဆိုတာ မလွပါဘူး။ ကေလးသူငယ္ညႇင္းပန္းႏွိပ္စက္မႈသည္လည္း မလွပပါဘူး။ စစ္ပြဲသည္လည္း မလွပါဘူး။

သမၼာက်မ္းစာက ေဒသနာက်မ္း ၃ အခန္းငယ္ ၁၁ တြင္ ကြဲျပားစြာ ေဖာ္ျပထားပါတယ္။ ေဒသနာက်မ္း ၃:၁၁ “ခပ္သိမ္းေသာအရာတို႔ကို မိမိတို႔အခ်ိန္တန္မွ၊ ေလ်ာက္ပတ္စြာ ဖန္ဆင္းေတာ္မူၿပီ။ ” ဘာေၾကာင့္လဲဆိုေတာ့ သမၼာက်မ္းစာတြင္ ေျပာထားတာက - မေကာင္းေသာအရာမ်ားကိုယူၿပီး အခ်ိန္တန္လွ်င္ ဘုရားရွင္ သူတို႔ကိုေျပာင္းလဲေစၿပီး သူရည္႐ြယ္ထားတဲ့အတိုင္း ေကာင္းက်ိဳးအတြက္ အသုံးျပဳႏိုင္သည္။ 
ယခုတြင္ သင္သည္ မလွပေသာ ရာသီဉတုကို ျဖတ္ေက်ာ္ေကာင္း ျဖတ္ေက်ာ္ေနမည္။ သင္၏ ေငြေၾကးဆိုင္ရာေတြ ၊ က်န္းမာေရးေတြ ႏွင့္ အနာဂတ္ေတြက ၾကည့္ရဆိုးေနမည္။

ဒါေပမဲ့ သင္၏က်ိဳးပဲ့ေနေသာ အစိတ္အပိုင္းမ်ားျဖင့္ ဘုရားရွင္အား ယုံၾကည္သည္အတိုင္း ဘရားသခင္က သင္ကို ထိုအရာေတြထဲမွ တစ္စုံတစ္ခုကို ေကာင္းေသာအရာေတြအျဖစ္ ျပဳလုပ္ေပးႏိုင္ပါတယ္။

ဆင္ျခင္ရန္
-မည္သို႔ေသာ ခက္ခဲျခင္းအေျခအေနေတြျဖင့္ ယေန႔ပင္ ဘုရားရွင္ထံအပ္ႏွံဖို႔ သင္လိုအပ္ေနသနည္း။
- အသက္တာတြင္  ခက္ခဲေသာ ရာသီဥတုဆိုင္ရာေတြ၏ ရည္႐ြယ္ခ်က္အတြက္ ကမာၻႀကီးက မည္ကဲ့သို႔ ေျဖရွင္ေပးမည္နည္း။ 
-ဘုရားသခင္၏အလိုေတာ္အတိုင္း သင္ရွိေနေၾကာင္းကို မည္ကဲ့သို႔ေသာနည္းလမ္းေတြျဖင့္ သင္သိရွိႏိုင္ပါသနည္း။