Unicode Version
သင်၏အထီးကျန်မှု အချိန်အခါတွေကို မဖြုန်းတီးပါနှင့်။
တိမောသေဩဝါဒစာ ဒုတိယစောင် ၄:၁၃ “တရောမြို့တွင်ကာပုလက်၌ ငါထားခဲ့သော
ဝတ်လုံကို၎င်း၊ စာစောင်ကို၎င်း၊ အထူးသဖြင့်သားရေစာ ကို၎င်း၊ သင်သည်လာသောအခါ ယူခဲ့လော့။”
အထီးကျန်ရာသီကာလတွေကို ဖြတ်သန်းရချိန်တွေမှာ
သင်ဘာတွေ လုပ်သင့်သနည်း။
အဖြေကို တိမောသေ ဒုတိယစောင် အခန်းကြီး
(၄) တွင် တမန်တော်ရှင်ပေါလု၏ ထောင်ထဲ၌ အသေသတ်ခြင်းခံရဖို့ စောင်းဆိုင်းချိန်
အသက်တာအားဖြင့် သာဓကပြ ဖော်ပြထားပါတယ်။
အထီးကျန်ခြင်းကာလတွေကို ဖြတ်သန်းရချိန်တွေမှာ သင်၏အချိန်အများစုကို အသုံးချရန်လိုအပ်ပါတယ်။
ဆိုလိုသည်မှာ ဆိုးသောအခြေအနေကနေ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်တယ်။ ဘာမှမလုပ်လျှင်
တောင် စုံစမ်းနှောင့်ယှက်ခြင်းကို ခုခံတွန်းလှန်ပါ။ အရေးယူမှုတစ်ခုကို လုပ်ဆောင်ပါ
. . . တစ်မျိုးမျိုးထဲမှ လုပ်ဆောင်မှုတစ်ခုပေါ့။ သင်တစ်ဉီးတည်း ဖြစ်နေချိန် ကာလတွေမှာ
အခွင့်အခါကောင်းယူဖို့ရန် ဖန်တီးမှုနည်း လမ်းများကို စဉ်းစားပါ။
ထောင်ထဲကနေ
တမန်တော်ရှင်ပေါလုက တိမောသေဆီစာရေးပြီး ပြောတာက …. “တရောမြို့တွင်ကာပုလက်၌
ငါထားခဲ့သော ဝတ်လုံကို၎င်း၊ စာစောင်ကို၎င်း၊ အထူးသဖြင့်သားရေစာ ကို၎င်း၊ သင်သည်လာသောအခါ
ယူခဲ့လော့။” တိမောသေဩဝါဒစာ ဒုတိယစောင် ၄:၁၃
အထီးကျန်တဲ့အချိန်ကာလတွေမှာ
သင်အဆင်ပြေပြီး အကျိုးဖြစ်ထွန်းရန် လိုအပ်ပါတယ်။ တမန်တော်ရှင်ပေါလုက အထီးကျန်မှုကို
ဖြတ်သန်းရသည့်တိုင် သနားစရာလူပုဂိ္ဂုလ်အနေနဲ့မနေပါဘူး။ ညည်းငြူခြင်း နှင့် အရှုံးပေးခြင်း
မရှိပါ။ ဤသူသည် ခရစ်တော်နှင့်တူသော အသက်ရှင်ခြင်းနှင့် နေထိုင်ခဲ့ပြီး အကောင်းဆုံးသော
ယုံကြည်သူခရစ်ယာန်ကောင်း တစ်ဉီးဖြစ်ပြီး ခရစ်တော်ဆီ မရေတွက်နိုင်သော လူများကို အောင်နိုင်ခဲ့ပြီး
နောက်ဆုံးသောနေ့ရက်များတွင် တစ်ကိုယ်တည်းနေသော ရှင်ပေါလုပင်ဖြစ်ပါတယ်။ သူဘာကို လုပ်ဆောင်ခဲ့သလဲ။
သူ အကောင်းဆုံးသောအခြေ အနေကို လုပ်ဆောင်ခဲ့တယ်။ အချိန်ကို အသုံးချခဲ့တယ်။ (၂) ခုသောအရာကို
ပြောပါခဲ့တယ်။
(၁) ငါ့အင်္ကျီကို ယူလာခဲ့။
ထိုရောမ အကျဉ်းထောင်သည်
စိုစွတ်သော ၊ မှောင်မိုက်သော အေးစက်သောအခန်းများ ပင်ဖြစ်တယ်။ သူ့ကိုယ်သူ အတတ်နိုင်ဆုံး
ဂရုစိုက်နေထိုင်ခဲ့တယ်။ ကျွန်ုပ်တို့ကိုယ်တိုင် အထီးကျန်ပြီး စိတ်ဓါတ်ကျနေချိန်တွေမှာ
လူသား မှန်လျှင် - ခန္ဓာပိုင်းဆိုင်ရာ (သို့) တခြားနည်းလမ်းဖြင့် မိမိကိုယ်ကိုတော့
အလွန်ဂရုစိုက်ဖို့ဆိုတာ မလုပ်ကြတော့ပါ။ လေ့ကျင့်ခန်းလည်း မလုပ် ၊ ကောင်းကောင်းလည်း
မစားနိုင်တော့ပါ။ တမန်တော်ရှင်ပေါလုကတော့ သူ့ကိုယ်သူ အတတ်နိုင်ဆုံးဂရုစိုက်ခဲ့ပါတယ်။
သင်အထီးကျန်ဖြစ်နေတဲ့အတွက်ကြောင့် သင်ကိုယ်သင် ကောင်းစွာ ဂရုမစိုက်နိုင် တော့လျှင်
ဤစကားကို ယနေ့ သင်ကြားရန်လိုအပ်ပါတယ်။
(၂) ငါ့စာအုပ်ယူလာခဲ့။
ရှင်ပေါလုက လူသားဆန်ပါတယ်။
တစ်ဉီးတည်း အထီးမကျန်ချင်ပါ။ ဘုရားသည်လည်း သူ့ကို ဤကဲ့သို့ အထီးကျန်မှုအဖြစ် ထားရှိစေခြင်းမဟုတ်ပါ။
ရောမအကျဉ်းထောင်တွင် တစ်ဉီးတည်းနေရခြင်းသည် သူနေထိုင်လို သည့် နေရာနှင့် ဆန့်ကျင်ဘက်ဖြစ်တယ်။
သို့သော် သူတတ်နိုင်သမျှ အကောင်းဆုံးလုပ်ဆောင်ခဲ့တယ်။ ယနေ့ သင်ဖတ်နေသော ဓမ္မသစ်ကျမ်းရှိစာများကို ရေးသားခဲ့သူဖြစ်တယ်။
ဘုရားသခင် သူ့ကို နှေးကွေးစေနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ သူကို တစ်ယောက်တည်း
ချုပ်နှောင်ထားခြင်းဖြစ်တယ်။ နှစ်ပေါင်း ၂၀၀၀ ခန့်အကြာတွင် ကျွန်ုပ်တို့သည် ရှင်ပေါလု၏အထီးကျန်မှုများမှ
အကျိုးကျေးဇူးများခံစား နေရဆဲဖြစ်ပါတယ်။
ဆင်ခြင်ရန်
-သင်အထီးကျန်နေသည့်အခါဖြစ်ဖြစ်
၊ ယခုပင်ဖြစ်ဖြစ် တစ်စုံတစ်ခုသော အကျိုးရှိစေမည့်အရာ
(သို့) အကူအညီ ဖြစ်စေမည့်အရာကို လုပ်ဆောင်နိုင်မည်နည်း။
-သင့်ကိုယ်သင်
ပိုမိုကောင်းမွန်စွာ စောင့်ရှောက်နိုင်ဖို့ရန် မည်သို့သော လက်တွေ့ကျသော ခြေလှမ်းတွေဖြင့်
ယနေ့ပင် လုပ်ဆောင်နိုင်မည်နည်း။
-သင်၏အထီးကျန်ခြင်းကာလတွေမှ
လေ့လာသိရှိခဲ့ရတဲ့အရာတွေဖြင့် မည်သူ အကျိုးအရှိဆုံးဖြစ်မည်နည်း။
---------------------------------------------------------------------------------
Zawgyi Version
သင္၏အထီးက်န္မႈ အခ်ိန္အခါေတြကို မျဖဳန္းတီးပါႏွင့္။
တိေမာေသဩဝါဒစာ ဒုတိယေစာင္ ၄:၁၃ “တေရာၿမိဳ႕တြင္ကာပုလက္၌ ငါထားခဲ့ေသာ ဝတ္လုံကို၎၊ စာေစာင္ကို၎၊ အထူးသျဖင့္သားေရစာ ကို၎၊ သင္သည္လာေသာအခါ ယူခဲ့ေလာ့။”
အထီးက်န္ရာသီကာလေတြကို ျဖတ္သန္းရခ်ိန္ေတြမွာ သင္ဘာေတြ လုပ္သင့္သနည္း။ အေျဖကို တိေမာေသ ဒုတိယေစာင္ အခန္းႀကီး (၄) တြင္ တမန္ေတာ္ရွင္ေပါလု၏ ေထာင္ထဲ၌ အေသသတ္ျခင္းခံရဖို႔ ေစာင္းဆိုင္းခ်ိန္ အသက္တာအားျဖင့္ သာဓကျပ ေဖာ္ျပထားပါတယ္။
အထီးက်န္ျခင္းကာလေတြကို ျဖတ္သန္းရခ်ိန္ေတြမွာ သင္၏အခ်ိန္အမ်ားစုကို အသုံးခ်ရန္လိုအပ္ပါတယ္။ ဆိုလိုသည္မွာ ဆိုးေသာအေျခအေနကေန အေကာင္းဆုံးျဖစ္ေအာင္ လုပ္ေဆာင္ျခင္းျဖစ္တယ္။ ဘာမွမလုပ္လွ်င္ ေတာင္ စုံစမ္းေႏွာင့္ယွက္ျခင္းကို ခုခံတြန္းလွန္ပါ။ အေရးယူမႈတစ္ခုကို လုပ္ေဆာင္ပါ . . . တစ္မ်ိဳးမ်ိဳးထဲမွ လုပ္ေဆာင္မႈတစ္ခုေပါ့။ သင္တစ္ဉီးတည္း ျဖစ္ေနခ်ိန္ ကာလေတြမွာ အခြင့္အခါေကာင္းယူဖို႔ရန္ ဖန္တီးမႈနည္း လမ္းမ်ားကို စဥ္းစားပါ။
ေထာင္ထဲကေန တမန္ေတာ္ရွင္ေပါလုက တိေမာေသဆီစာေရးၿပီး ေျပာတာက …. “တေရာၿမိဳ႕တြင္ကာပုလက္၌ ငါထားခဲ့ေသာ ဝတ္လုံကို၎၊ စာေစာင္ကို၎၊ အထူးသျဖင့္သားေရစာ ကို၎၊ သင္သည္လာေသာအခါ ယူခဲ့ေလာ့။” တိေမာေသဩဝါဒစာ ဒုတိယေစာင္ ၄:၁၃
အထီးက်န္တဲ့အခ်ိန္ကာလေတြမွာ သင္အဆင္ေျပၿပီး အက်ိဳးျဖစ္ထြန္းရန္ လိုအပ္ပါတယ္။ တမန္ေတာ္ရွင္ေပါလုက အထီးက်န္မႈကို ျဖတ္သန္းရသည့္တိုင္ သနားစရာလူပုဂိၢဳလ္အေနနဲ႔မေနပါဘူး။ ညည္းျငဴျခင္း ႏွင့္ အရႈံးေပးျခင္း မရွိပါ။ ဤသူသည္ ခရစ္ေတာ္ႏွင့္တူေသာ အသက္ရွင္ျခင္းႏွင့္ ေနထိုင္ခဲ့ၿပီး အေကာင္းဆုံးေသာ ယုံၾကည္သူခရစ္ယာန္ေကာင္း တစ္ဉီးျဖစ္ၿပီး ခရစ္ေတာ္ဆီ မေရတြက္ႏိုင္ေသာ လူမ်ားကို ေအာင္ႏိုင္ခဲ့ၿပီး ေနာက္ဆုံးေသာေန႔ရက္မ်ားတြင္ တစ္ကိုယ္တည္းေနေသာ ရွင္ေပါလုပင္ျဖစ္ပါတယ္။ သူဘာကို လုပ္ေဆာင္ခဲ့သလဲ။ သူ အေကာင္းဆုံးေသာအေျခ အေနကို လုပ္ေဆာင္ခဲ့တယ္။ အခ်ိန္ကို အသုံးခ်ခဲ့တယ္။ (၂) ခုေသာအရာကို ေျပာပါခဲ့တယ္။
(၁) ငါ့အက်ႌကို ယူလာခဲ့။
ထိုေရာမ အက်ဥ္းေထာင္သည္ စိုစြတ္ေသာ ၊ ေမွာင္မိုက္ေသာ ေအးစက္ေသာအခန္းမ်ား ပင္ျဖစ္တယ္။ သူ႔ကိုယ္သူ အတတ္ႏိုင္ဆုံး ဂ႐ုစိုက္ေနထိုင္ခဲ့တယ္။ ကြၽႏ္ုပ္တို႔ကိုယ္တိုင္ အထီးက်န္ၿပီး စိတ္ဓါတ္က်ေနခ်ိန္ေတြမွာ လူသား မွန္လွ်င္ - ခႏၶာပိုင္းဆိုင္ရာ (သို႔) တျခားနည္းလမ္းျဖင့္ မိမိကိုယ္ကိုေတာ့ အလြန္ဂ႐ုစိုက္ဖို႔ဆိုတာ မလုပ္ၾကေတာ့ပါ။ ေလ့က်င့္ခန္းလည္း မလုပ္ ၊ ေကာင္းေကာင္းလည္း မစားႏိုင္ေတာ့ပါ။ တမန္ေတာ္ရွင္ေပါလုကေတာ့ သူ႔ကိုယ္သူ အတတ္ႏိုင္ဆုံးဂ႐ုစိုက္ခဲ့ပါတယ္။ သင္အထီးက်န္ျဖစ္ေနတဲ့အတြက္ေၾကာင့္ သင္ကိုယ္သင္ ေကာင္းစြာ ဂ႐ုမစိုက္ႏိုင္ ေတာ့လွ်င္ ဤစကားကို ယေန႔ သင္ၾကားရန္လိုအပ္ပါတယ္။
(၂) ငါ့စာအုပ္ယူလာခဲ့။
ရွင္ေပါလုက လူသားဆန္ပါတယ္။ တစ္ဉီးတည္း အထီးမက်န္ခ်င္ပါ။ ဘုရားသည္လည္း သူ႔ကို ဤကဲ့သို႔ အထီးက်န္မႈအျဖစ္ ထားရွိေစျခင္းမဟုတ္ပါ။ ေရာမအက်ဥ္းေထာင္တြင္ တစ္ဉီးတည္းေနရျခင္းသည္ သူေနထိုင္လို သည့္ ေနရာႏွင့္ ဆန႔္က်င္ဘက္ျဖစ္တယ္။ သို႔ေသာ္ သူတတ္ႏိုင္သမွ် အေကာင္းဆုံးလုပ္ေဆာင္ခဲ့တယ္။ ယေန႔ သင္ဖတ္ေနေသာ ဓမၼသစ္က်မ္းရွိစာမ်ားကို ေရးသားခဲ့သူျဖစ္တယ္။ ဘုရားသခင္ သူ႔ကို ေႏွးေကြးေစႏိုင္သည့္ တစ္ခုတည္းေသာနည္းလမ္းမွာ သူကို တစ္ေယာက္တည္း ခ်ဳပ္ေႏွာင္ထားျခင္းျဖစ္တယ္။ ႏွစ္ေပါင္း ၂၀၀၀ ခန႔္အၾကာတြင္ ကြၽႏ္ုပ္တို႔သည္ ရွင္ေပါလု၏အထီးက်န္မႈမ်ားမွ အက်ိဳးေက်းဇူးမ်ားခံစား ေနရဆဲျဖစ္ပါတယ္။
ဆင္ျခင္ရန္
-သင္အထီးက်န္ေနသည့္အခါျဖစ္ျဖစ္ ၊ ယခုပင္ျဖစ္ျဖစ္ တစ္စုံတစ္ခုေသာ အက်ိဳးရွိေစမည့္အရာ (သို႔) အကူအညီ ျဖစ္ေစမည့္အရာကို လုပ္ေဆာင္ႏိုင္မည္နည္း။
-သင့္ကိုယ္သင္ ပိုမိုေကာင္းမြန္စြာ ေစာင့္ေရွာက္ႏိုင္ဖို႔ရန္ မည္သို႔ေသာ လက္ေတြ႕က်ေသာ ေျခလွမ္းေတြျဖင့္ ယေန႔ပင္ လုပ္ေဆာင္ႏိုင္မည္နည္း။
-သင္၏အထီးက်န္ျခင္းကာလေတြမွ ေလ့လာသိရွိခဲ့ရတဲ့အရာေတြျဖင့္ မည္သူ အက်ိဳးအရွိဆုံးျဖစ္မည္နည္း။