Unicode Version
သင်၏အထီးကျန်မှုတွေကို နာကျည်းမှုတွေအဖြစ် ခွင့်မပြုပါနှင့်။
တိမောသေ ဒုတိယစောင် ၄:၁၆ " ပဌမအချိန်၌ အပြစ်တင်ခွင့်ကို ဖြေ၍ ငါသည်အစီရင်ခံရသော အခါ၊ ၊ငါ့ဘက်၌အဘယ်သူမျှ မနေ။ လူအပေါင်းတို့သည် ငါ့ကိုစွန်ပစ်ကြ၏။ "
ခရစ်တော်နောက်လိုက်တို့တွင် ရှင်ပေါလုသည် ကြီးမြတ်သောသူတစ်ဉီးဖြစ်သော်ငြားလည်း ရောမမြို့တွင် တရားရင်ဆိုင်ခဲ့ရသည်။ သူ့ကို ကာကွယ်ပြောဆိုပေးဖို့ တစ်ဉီးမှမရှိပါ။ သူတစ်ယောက်တည်းသာဖြစ်၏။ "ဤလူက လူကောင်းပါ။ မှန်ကန်တဲ့သူပါ။" လို့ ဘယ်သူမျှ ပြောဖို့မရှိပါ။
"ငတုံးတွေ ...ဒီနှစ်တွေမှာ သူတို့အတွက် လုပ်ဆောင်ပေးခဲ့တာကို" ဆိုတဲ့စကားကို ရှင်ပေါလု မပြောခဲ့ပါ။ အဲဒီစကားလုံးအစား "သူတို့၌ အပြစ်တင်တော်မမူပါနှင့်" လို့ဆိုခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ နာကျည်းမှုတွေက အမြဲတမ်းဆိုးဝါးတဲ့ အထီးကျန်ဆန်မှုကို ပေးပါတယ်။
ဒါသည် ကျွနု်ပ်တို့ အထီးကျန်ဆန်မှုတွေကို ဖြတ်သန်းရင်ဆိုင်ရချိန်တွေမှာ မည်ကဲ့သို့နေထိုင်ရမလဲဆိုတာကို ရှင်ပေါလု ၏သွန်သင်ခြင်း နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သင်အထီးကျန်တယ်လို့ ခံစားရတဲ့ခါ သင်၏နာကျင်မှုတွေကို နည်းနိုင်သမျှနည်းအောင် လုပ်ပါ။ စိတ်ခံစားချက် လျော့ကျသွားဖို့ လုပ်ဆောင်ရမည်။ မြှင့်တင်ဖို့လည်း ဆုတောင်းရမည်။ အဲဒီနာကျင်မှုတွေကို ထပ်ခါ ထပ်ခါ မတွေးမိပါစေနဲ့။ တွေးနေမယ်ဆိုလျှင် ပိုမိုကြီးထွားလာပြီး ထိန်းချုပ်မရ ဖြစ်သွားပါမည်။
မကျေမနပ်ဖြစ်ခြင်းတွေကို ငြင်းပယ်ပါ။ ဘာကြောင့်လဲဆိုတော့ သင့်ကို နာကျည်းမှုတွေက ဝါးမျိုသွားမည်ဖြစ်သည်။
နာကျည်းမှုနှင့် အထီးကျန်မှုတွေက အတူတကွသွားပါတယ်။ ဘာကြောင့်လဲဆိုတော စက်ဝန်းယန္တယား လည်ပတ်သလိုပင် အထီးကျန်ခြင်းတွေဖြစ်လာရင် အဲဒီအပေါ်မှာ အဆိုးတွေကို စတင်တွေးတောလာမယ်။ နောက် နာကျည်းခါးသီးမှုတွေဖြစ်လာမယ်။ အဲဒီနာကျည်းမှုက သင့်ကို အထီးကျန် ဆန်လာစေမှာဖြစ်တယ်။ ပိုပြီးတော့လည်း နာကျည်းလာစေမယ်။ မကြာမီမှာတေ့ နှလုံးက ခိုင်မာလာပြီး စိတ်ဓာတ်ကျလာကာ ဘယ်သူမှ အနားကပ်လို့မရတော့တဲ့ ပုဂ္ဂိုလ်ဖြစ်လာပါမည်။
နာကျည်းမှုတွေရှိနေတဲ့သူနားမှာ ဘယ်သူမှ မနေချင်ပါ။ အဆိုးမြင်တတ်တဲ့သူတွေ ၊ အမြဲလိုလို ဒေါသထွက်တတ်တဲ့သူတွေနားမှာ ဘယ်သူမှ မနေချင်ပါ။
နာကျည်းမှုတွေက သင့်ရဲ့ အထီးကျန်မှုတွေကို ဆက်လက်တည်တံ့စေပါတယ်။ ဒါကြောင့် အထီးကျန်မှုတွေကို နည်းသွားအောင် လုပ်ဆောင်သင့်ပါတယ်။ သင့်အသက်တာကို တံတိုင်းတွေ မခတ်လိုက်ပါနှင့်။
ဆင်ခြင်ရန်
- အထီးကျန်ဖြစ်မှုအပေါ်သင်၏သဘာဝတုံ့ပြန်မှုက မည်သို့နည်း။
- အထီးကျန်ဖြစ်ချိန်၌ သင်၏အသက်တာရှိ မည်သို့သော သူတွေကို သင်ဆက်သွယ်နိုင်သနည်း။
-သင်၏အထီးကျန်မှုကိုဖြစ်ပေါ်စေသည့် အဖြစ်အပျက်များ သို့မဟုတ် အခြေအနေများကိုပြန်လည်တွေးတောနေမည့်အစား သင်ဘာကိုလုပ်သင့်ပါသနည်း။
--------------------------------------------------------------------------------------------------------------------------
Zawgyi Version
ဆင်ခြင်ရန်