Unicode Version:
သင်၏ပေးကမ်းခြင်းအားဖြင့်
သခင်ခရစ်တော်နှင့်ပိုမိုတူလာမည်။
ဖိလိပ္ပိ ၂:၄-၅ “ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။
ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။”
ချစ်ခြင်းမေတ္တာမပါဘဲ
ပေးကမ်းနိုင်ပေမဲ့ ပေးကမ်းခြင်းမရှိဘဲ ချစ်ပါတယ်လို့မဆိုနိုင်ဘူး ဆိုတာကို သင်လေ့လာဖို့ရန်
ဘုရားရှင် အလိုတော်ရှိပါတယ်။
“ကျွန်ုပ်၏ကလေးတွေကို
စစ်မှန်စွာချစ်ပါတယ်” လို့သင်ပြောနေပေမဲ့ သူတို့ကို သင်အချိန်ပေးပါသလား။ “ကျွန်ုပ်၏ဇနီးကို
အမှန်အကန်ချစ်ပါတယ်” လို့ သင်ပြောပြီး သူ့ကို ဂရုစိုက်ပြုများ ပေးပါရဲ့လား။
ဤအရာတွေသည် ချစ်ခြင်းနှင့် ပတ်သက်သမျှတွေဖြစ်တယ်။ ပိုမိုပြီး ရက်ရောမှုတွေ ၊ စာနာထောက်ထားမှုတွေ
ဖြစ်လာခြင်းသည် သင်ပိုပြီး ချစ်ခြင်းမေတ္တာအရာ၌ ပွားများသူဖြစ်လာပါမည်။
သင်
စေတနာစိတ် ထားတဲ့အခါတိုင်းမှာ ပြောင်းလဲခြင်းက သင်၌ဖြစ်ပေါ်ပါတယ်။ သင် ပေးကမ်းတဲ့အချိန်တိုင်းမှာ
လည်း သင်၏နှလုံးသားသည်လည်း ဘုရားသခင်ထံသို့ ထပ်မံတိုးဝင်ဖို့ ဖြစ်စေပါတယ်။ ပေးကမ်းတဲ့အချိန်တိုင်းသည်
ပိုမိုသောချစ်ခြင်းမေတ္တာရှင်ဖြစ်လာပါမည်။ သခင်ခရစ်တော်နှင့်လည်း ပိုမိုတူလာပါမည်။
ဖိလိပ္ပိ ၁:၁၁ “ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော
ဖြောင့်မတ်ခြင်း အကျင့်နှင့် သင်တို့သည် ပြည့်စုံ၍ ခရစ်တော်၏ နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက်၊
တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက်ရှိမည်အကြောင်းကို၎င်း၊ ငါဆုတောင်း ပဌနာပြု၏။”
ဒီမှာ
ကျွန်ုပ်တို့ပြောနေတာက ထူးကဲတဲ့ ယဉ်ကျေးမှုအကြောင်းပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့လူမှုအဖွဲ့အစည်း
တွေမှာတော့ ပေးကမ်းဖို့ မပြောထားပါဘူး။ ကျွန်ုပ်တို့၏ ယဉ်ကျေးမှုကသာ ရယူဖို့အတွက် အမြဲတမ်းပြောနေခြင်း
ဖြစ်တယ်။ အဲဒါတွေအားလုံးကျွန်ုပ်တို့နှင့်သက်ဆိုင်ပါသည်။ ကျွန်ုပ်၊ ကျွန်ုပ်၏ဉစ္စာ ၊ ကျွန်ုပ်၏လိုအပ်မှုတွေ…
ကျွန်ုပ်…. ကျွန်ုပ်. ကျွန်ုပ်တို့မှာ “ကျွန်ုပ်” ဆိုတဲ့ ပြသနာတွေရှိနေကြပါတယ်။
ပေးကမ်းစွန့်ကြဲတတ်ကြတယ်အခါ
သင့်အတွက်ကို သင်အာရုံစိုက်ဖို့ မရှိတော့ပေါ။ ဒါကြောင့် သင့်ကိုယ်သင်နှင့် သင့်အတွက်
စဉ်းစားနေခြင်းကနေ ရပ်တန့်နိုင်မည်ဖြစ်ပြီး သူတစ်ပါးအတွက် စဉ်းစားနိုင်သွားမည်ဖြစ်သည်။
ဖိလိပ္ပိ ၂:၄-၅ “ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊
သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။ ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း
ရှိစေကြလော့။”
ဆင်ခြင်ရန်
- သင်
ရက်ရောပေးကမ်းလာသည်နှင့်အမျှ ဘုရားသခင်နှင့်ပက်သတ်ပြီး ဘာတွေကို လေ့လာသင်ကြားခဲ့ရသနည်း။
-
ယဉ်ကျေးမှုကို မည်ကဲ့သို့သော နည်းလမ်းဖြင့် တွန်းလှန်နိုင်ပြီး ပေးကမ်းစွန့်ကြဲခြင်းကို
ပိုမိုဖြစ်စေမည်နည်း။
- တခြားသူတစ်ဉီး၏ရက်ရောမှုက သင့်အား ယေရှုနှင့်မည်သို့
ပိုမိုနီးကပ်စေပါသနည်း။
----------------------------------------------------------------------------------------------------
Zawgyi Version:
ဆင်ခြင်ရန်