Unicode Version
ယုံကြည်စိတ်ချရသူဖြစ်ပါစေ
သုတ္တံကျမ်း ၂၅:၁၃ “စပါးရိတ်ရာကာလ၌ မိုဃ်းပွင့်ကြောင့် ချမ်း သကဲ့သို့၊
သစ္စာစောင့်သော တမန်သည် စေလွှတ်သော သူ ၌ ဖြစ်၍၊ သခင်စိတ်ကို ချမ်းဧစေတတ်၏။”
သင်ပျော်ရွှင်ချင်တယ်ဆိုလျှင်
လူတွေသင့်အပေါ်ယုံကြည်ရသောသူအဖြစ် ရှိစေပါ။
တမန်တော်ရှင်ပေါလုက
တိမောသေအားဖြင့် ဤသို့ သာဓကပြထားပါတယ်။ ဖိလိပ္ပိ ၂:၂၂
“သို့သော်လည်း သားသည်အဘ နှင့်အတူ ဆောင်ရွက်သကဲ့သို့၊ သူသည်ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို
အမှန်ဆောင်ရွက်သည်ဟု သူပြသော သက်သေကို သင်တို့ သိကြ၏။”
တိမောသေ၏
လုပ်ဆောင်ချက် အမျိုးပေါင်းများစွာကို ရှင်ပေါလုတွေ့မြင်ခဲ့ပြီး အတုမရှိသူအဖြစ် ၊ ယုံကြည်ရသူအဖြစ်၊
အားထားရသူအဖြစ် ဆင်ခြင်မိခဲ့ပါတယ်။ ဖိလိပ္ပိတွင် ပြေားထားသည်မှာ “သူသည်ငါနှင့်အတူ ဧဝံဂေလိတရား
အမှုကို အမှန်ဆောင်ရွက်သည်ဟု သူပြသော သက်သေကို သင်တို့ သိကြ၏။” သင်မည်ကဲ့သို့သော
စစ်မှန်တဲ့ ပုဂ္ဂိုလ် ဖြစ်တယ်ဆိုတာကို လူတွေသိထားပါသလား။ တိမောသေလိုမျိုး ယုံကြည်ရသောသူအဖြစ်
သက်သေဖြစ်နေသလိုမျိုး သင့်မှာရှိပါသလား။
ချေးငွေအတွက်
ဘဏ်ကို သင်သွားတဲ့အချိန်တိုင်းမှာ ဘဏ်က ကြွေးမီ ချက်လက်မှတ်ကို လုပ်ပေးပါမည်။ သင်မည်မျှယုံကြည်ရဖို့အတွက်
တန်ဖိုးရှိသလဲဆိုတာကို အဲဒီလက်မှတ်အားဖြင့်သူတို့ သိချင်ကြပါတယ်။ သင်၏ပေးချေစရာတွေကို
အချိန်မှီပေးရဲ့လား ။ သင်၏နှုတ်ထွက်စကားအတွက် အသံသွင်းထားသော မှတ်တမ်းရှိ ပါသလား။ ငွေတွေကို
ပြန်ပေးမှာလား။ သင်က အားကိုးယုံကြည်ရပါရသလား။ အသိအမှတ်ပြုလို့ရပါသလား။ စိတ်ချရပါသလား။
အကြောင်းအရာတစ်ခုက ၊ သင့်အသက်တာအချိန်အခါသမယတိုင်းမှာ သင့်အနီးအနားရှိလူတွေသည်
သင့်အပေါ်မှာ အကြွေးဆိုင်ရာချက်လက်မှတ်ကို လုပ်ဆောင်ကြပါတယ်။ သင်ပြောတဲ့အတိုင်း သင်ပြုသလားဆိုတာကို
သူတို့သိချင်ကြပါတယ်။ စစ်မှန်တဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေကို လုပ်ဆောင်သူလား။ စစ်မှန်တဲ့သင့်အရောင်ကို
သင်ပြမည်လား။ သင်က ယုံကြည်ရလို့ရတဲ့ သူလား။
သင့်အသက်တာရှိ ပေါင်းသင်းဆက်ဆံရေးတွေမှာ ပျော်ရွှင်ခြင်းရချင်တယ်ဆိုလျှင်
သင်သည် ယုံကြည်ရသောသူနှင့် စိတ်ချရသောသူဖြစ်ဖို့လိုအပ်ပါတယ်။
ယုံကြည်စိတ်ချရမှု၏ ဂုဏ်သတင်းကို မည်ကဲ့သို့ သင်ကြီးထွားဖွံ့ဖြိုးစေနိုင်ပါသနည်း။
ပထမဉီးစွာ သင် သမာသမတ်ကျစွာ အသက်ရှင်ဖို့လိုတယ်။
သမာသမတ်ဆိုတာ သင်ပြည့်ဝစုံလင်တယ်လို့ မဆိုလိုပါ။ ဆိုလိုသည်မှာ သင်ပိုင်ဆိုင်ရတဲ့အရှိအတိုင်းကို
သင်မြင်ခြင်းဖြစ်ပါတယ်။ သင်၏နှုတ်ထွက်အတိုင်း သင်လုပ်ဆောင်ခြင်းအတွက် သင်၏စစ်မှန်သည်ဖြစ်ပေါ်သည်။
သုတ္တံကျမ်း ၂၅:၁၃ “ စပါးရိတ်ရာကာလ၌ မိုဃ်းပွင့်ကြောင့် ချမ်း သကဲ့သို့၊
သစ္စာစောင့်သော တမန်သည် စေလွှတ်သော သူ ၌ ဖြစ်၍၊ သခင်စိတ်ကို ချမ်းဧစေတတ်၏။”
ဒုတိယအနေဖြင့် သင်၏ကတိတွေကို တည်ပါ။
ဆာလံ ၁၅:၄ “ဆိုးယုတ်သောသူကို အယုတ်ဟူ၍ ထင်မှတ်လျက်၊ ထာဝရဘုရားအား ကြောက်ရွံ့သောသူကို
ရိုသေ ထသော၊ ကိုယ်အကျိုးပျက်ရသော်လည်း ကိုယ်ကျိန်ဆို သော သစ္စာဂတိကိုမဖျက်၊ ကိုယ်ငွေကို ချေး၍ အတိုးမယူ၊ အပြစ်မရှိသော သူ၏တဘက်မှ တံစိုးကို မခံဘဲကျင့်သောသူသည်
လှုပ် ရှားခြင်းနှင့် အစဉ်အမြဲ ကင်းလွတ်လိမ့် မည်သတည်း။”
Psalm
15:4 says, “They always do what they promise, no matter how much it may cost”
(GNT).
မိမိ၏ကတိကိုတည်စေပြီး သမာသမတ်နည်းဖြင့် အသက်ရှင်ဖို့ရန် လေ့လာသင်ယူခြင်းသည် သင်၌ယုံကြည်
စိတ်ချရသောစိတ်ကို သူတစ်ပါးအား ဖော်ပြခြင်းဖြစ်ပြီး အသက်တာတွင် ပိုမိုပျော်ရွှင်စေခြင်းကို
ပိုင်ဆိုင်ရသည့် လူသားတစ်ဉီးအဖြစ် ပြောင်းလဲစေမည်ဖြစ်သည်။
ဆင်ခြင်ရန်
-
ယုံကြည်ရတဲ့ သူငယ်ချင်းတစ်ဉီးကို ပူလောင်အိုက်စပ်ခြင်းမှ ပြန်လည် လန်းဆန်းစေသောအချိုရည်
နှင့် သမ္မာကျမ်းစာက အဘယ်ကြောင့် နှိုင်းယှဉ်သည်ဟု သင်ထင်ပါသနည်း။ ယုံကြည်ရသော မိတ်ဆွေတစ်ဉီး၏
တန်ဖိုးကား အဘယ်သို့နည်း။
-သင့်ကိုယ်သင်ကော
သမာသမတ်ရှိတဲ့ပုဂ္ဂိုလ်တစ်ဉီးအဖြစ် စဉ်းစားပါသလား။ ဘာကြောင့်လဲ (သို့) ဘာကြောင့်မ ဟုတ်သလဲ။
-ကွဲပြားခြားနားတဲ့
အခြေအနေတွေမှာ သင့်အသက်တာကို ထူးခြားကွဲပြားသောပုံစံဖြင့် နေထိုင်ဖို့ မည်သည့်အချိန်တွေ
မှာ အများဆုံးသွေးဆောင်ခံရပါသနည်း။
------------------------------------------------------------------------------------------------------------------------Zawgyi Version
ယုံၾကည္စိတ္ခ်ရသူျဖစ္ပါေစ
သုတၱံက်မ္း ၂၅:၁၃ “စပါးရိတ္ရာကာလ၌ မိုဃ္းပြင့္ေၾကာင့္ ခ်မ္း သကဲ့သို႔၊ သစၥာေစာင့္ေသာ တမန္သည္ ေစလႊတ္ေသာ သူ ၌ ျဖစ္၍၊ သခင္စိတ္ကို ခ်မ္းဧေစတတ္၏။”
သင္ေပ်ာ္ရႊင္ခ်င္တယ္ဆိုလၽွင္ လူေတြသင့္အေပၚယုံၾကည္ရေသာသူအျဖစ္ ရွိေစပါ။
တမန္ေတာ္ရွင္ေပါလုက တိေမာေသအားျဖင့္ ဤသို႔ သာဓကျပထားပါတယ္။ ဖိလိပၸိ ၂:၂၂ “သို႔ေသာ္လည္း သားသည္အဘ ႏွင့္အတူ ေဆာင္ရြက္သကဲ့သို႔၊ သူသည္ငါႏွင့္အတူ ဧဝံေဂလိတရားအမႈကို အမွန္ေဆာင္ရြက္သည္ဟု သူျပေသာ သက္ေသကို သင္တို႔ သိၾက၏။”
တိေမာေသ၏ လုပ္ေဆာင္ခ်က္ အမ်ိဳးေပါင္းမ်ားစြာကို ရွင္ေပါလုေတြ႕ျမင္ခဲ့ၿပီး အတုမရွိသူအျဖစ္ ၊ ယုံၾကည္ရသူအျဖစ္၊ အားထားရသူအျဖစ္ ဆင္ျခင္မိခဲ့ပါတယ္။ ဖိလိပၸိတြင္ ေျပားထားသည္မွာ “သူသည္ငါႏွင့္အတူ ဧဝံေဂလိတရား အမႈကို အမွန္ေဆာင္ရြက္သည္ဟု သူျပေသာ သက္ေသကို သင္တို႔ သိၾက၏။” သင္မည္ကဲ့သို႔ေသာ စစ္မွန္တဲ့ ပုဂၢိဳလ္ ျဖစ္တယ္ဆိုတာကို လူေတြသိထားပါသလား။ တိေမာေသလိုမ်ိဳး ယုံၾကည္ရေသာသူအျဖစ္ သက္ေသျဖစ္ေနသလိုမ်ိဳး သင့္မွာရွိပါသလား။
ေခ်းေငြအတြက္ ဘဏ္ကို သင္သြားတဲ့အခ်ိန္တိုင္းမွာ ဘဏ္က ေႂကြးမီ ခ်က္လက္မွတ္ကို လုပ္ေပးပါမည္။ သင္မည္မၽွယုံၾကည္ရဖို႔အတြက္ တန္ဖိုးရွိသလဲဆိုတာကို အဲဒီလက္မွတ္အားျဖင့္သူတို႔ သိခ်င္ၾကပါတယ္။ သင္၏ေပးေခ်စရာေတြကို အခ်ိန္မွီေပးရဲ့လား ။ သင္၏ႏႈတ္ထြက္စကားအတြက္ အသံသြင္းထားေသာ မွတ္တမ္းရွိ ပါသလား။ ေငြေတြကို ျပန္ေပးမွာလား။ သင္က အားကိုးယုံၾကည္ရပါရသလား။ အသိအမွတ္ျပဳလို႔ရပါသလား။ စိတ္ခ်ရပါသလား။
အေၾကာင္းအရာတစ္ခုက ၊ သင့္အသက္တာအခ်ိန္အခါသမယတိုင္းမွာ သင့္အနီးအနားရွိလူေတြသည္ သင့္အေပၚမွာ အေႂကြးဆိုင္ရာခ်က္လက္မွတ္ကို လုပ္ေဆာင္ၾကပါတယ္။ သင္ေျပာတဲ့အတိုင္း သင္ျပဳသလားဆိုတာကို သူတို႔သိခ်င္ၾကပါတယ္။ စစ္မွန္တဲ့ ကိုင္တြယ္ေျဖရွင္းမႈေတြကို လုပ္ေဆာင္သူလား။ စစ္မွန္တဲ့သင့္အေရာင္ကို သင္ျပမည္လား။ သင္က ယုံၾကည္ရလို႔ရတဲ့ သူလား။
သင့္အသက္တာရွိ ေပါင္းသင္းဆက္ဆံေရးေတြမွာ ေပ်ာ္ရႊင္ျခင္းရခ်င္တယ္ဆိုလၽွင္ သင္သည္ ယုံၾကည္ရေသာသူႏွင့္ စိတ္ခ်ရေသာသူျဖစ္ဖို႔လိုအပ္ပါတယ္။
ယုံၾကည္စိတ္ခ်ရမႈ၏ ဂုဏ္သတင္းကို မည္ကဲ့သို႔ သင္ႀကီးထြားဖြံ့ၿဖိဳးေစနိုင္ပါသနည္း။
ပထမဉီးစြာ သင္ သမာသမတ္က်စြာ အသက္ရွင္ဖို႔လိုတယ္။
သမာသမတ္ဆိုတာ သင္ျပည့္ဝစုံလင္တယ္လို႔ မဆိုလိုပါ။ ဆိုလိုသည္မွာ သင္ပိုင္ဆိုင္ရတဲ့အရွိအတိုင္းကို သင္ျမင္ျခင္းျဖစ္ပါတယ္။ သင္၏ႏႈတ္ထြက္အတိုင္း သင္လုပ္ေဆာင္ျခင္းအတြက္ သင္၏စစ္မွန္သည္ျဖစ္ေပၚသည္။
သုတၱံက်မ္း ၂၅:၁၃ “ စပါးရိတ္ရာကာလ၌ မိုဃ္းပြင့္ေၾကာင့္ ခ်မ္း သကဲ့သို႔၊ သစၥာေစာင့္ေသာ တမန္သည္ ေစလႊတ္ေသာ သူ ၌ ျဖစ္၍၊ သခင္စိတ္ကို ခ်မ္းဧေစတတ္၏။”
ဒုတိယအေနျဖင့္ သင္၏ကတိေတြကို တည္ပါ။
ဆာလံ ၁၅:၄ “ဆိုးယုတ္ေသာသူကို အယုတ္ဟူ၍ ထင္မွတ္လ်က္၊ ထာဝရဘုရားအား ေၾကာက္ရြံ့ေသာသူကို ရိုေသ ထေသာ၊ ကိုယ္အက်ိဳးပ်က္ရေသာ္လည္း ကိုယ္က်ိန္ဆို ေသာ သစၥာဂတိကိုမဖ်က္၊ ကိုယ္ေငြကို ေခ်း၍ အတိုးမယူ၊ အျပစ္မရွိေသာ သူ၏တဘက္မွ တံစိုးကို မခံဘဲက်င့္ေသာသူသည္ လႈပ္ ရွားျခင္းႏွင့္ အစဥ္အျမဲ ကင္းလြတ္လိမ့္ မည္သတည္း။”
Psalm 15:4 says, “They always do what they promise, no matter how much it may cost” (GNT).
မိမိ၏ကတိကိုတည္ေစၿပီး သမာသမတ္နည္းျဖင့္ အသက္ရွင္ဖို႔ရန္ ေလ့လာသင္ယူျခင္းသည္ သင္၌ယုံၾကည္ စိတ္ခ်ရေသာစိတ္ကို သူတစ္ပါးအား ေဖာ္ျပျခင္းျဖစ္ၿပီး အသက္တာတြင္ ပိုမိုေပ်ာ္ရႊင္ေစျခင္းကို ပိုင္ဆိုင္ရသည့္ လူသားတစ္ဉီးအျဖစ္ ေျပာင္းလဲေစမည္ျဖစ္သည္။
ဆင္ျခင္ရန္
- ယုံၾကည္ရတဲ့ သူငယ္ခ်င္းတစ္ဉီးကို ပူေလာင္အိုက္စပ္ျခင္းမွ ျပန္လည္ လန္းဆန္းေစေသာအခ်ိဳရည္ ႏွင့္ သမၼာက်မ္းစာက အဘယ္ေၾကာင့္ ႏွိုင္းယွဥ္သည္ဟု သင္ထင္ပါသနည္း။ ယုံၾကည္ရေသာ မိတ္ေဆြတစ္ဉီး၏ တန္ဖိုးကား အဘယ္သို႔နည္း။
-သင့္ကိုယ္သင္ေကာ သမာသမတ္ရွိတဲ့ပုဂၢိဳလ္တစ္ဉီးအျဖစ္ စဥ္းစားပါသလား။ ဘာေၾကာင့္လဲ (သို႔) ဘာေၾကာင့္မ ဟုတ္သလဲ။
-ကြဲျပားျခားနားတဲ့ အေျခအေနေတြမွာ သင့္အသက္တာကို ထူးျခားကြဲျပားေသာပုံစံျဖင့္ ေနထိုင္ဖို႔ မည္သည့္အခ်ိန္ေတြ မွာ အမ်ားဆုံးေသြးေဆာင္ခံရပါသနည္း။