Your Integrity Shows Your Faithfulness

Zawgyi Font
သင္၏တည္ၾကည္မႈ ၊ သမာဓိရွိမႈေတြသည္ သင္၏သစၥာေစာင့္သိျခင္း ၊ ယုံၾကည္ျခင္းကို ေဖာ္ျပသည္။
လုကာ ၁၆:၁၀ “အနည္းငယ္ေသာ အမႈ၌ သစၥာရွိေသာသူသည္ ႀကီးေသာအမႈ၌လည္း သစၥာရွိလိမ့္မည္။ အနည္းငယ္ ေသာအမႈ၌ သစၥာမရွိေသာသူသည္ ႀကီးေသာအမႈ၌ သစၥာမရွိ။”

“မည္သူႏွင့္မၽွပတ္သက္မႈ မရွိတဲ့ သင့္၏ကိုယ္ပိုင္ လႊတ္လပ္ခ်ိန္ေတြမွာ ဘာကိုလုပ္ေဆာင္ပါသနည္း။” ဆိုတဲ့စကား လုံးသည္ ယေန႔မွာ ေယဘုယ်အားျဖင့္ လူေတြေျပာဆိုၾကတဲ့စကားပါ။ တကယ္ေတာ့ အဲဒါေတြသည္ စစ္မွန္မႈ မရွိတဲ့အရာေပါ့။ သင္ေကာ အဲဒီလိုအခ်ိန္ေတြမွာ ဘာလုပ္သလဲ။ ပိတ္ေနတဲ့ျပတင္းေပါက္ေနာက္ကြယ္ (သို႔) တျခားသူေတြအျမင္ကေန ကြယ္ေနတဲ့အခ်ိန္မွာ သင္၏စစ္မွန္တဲ့စရိုက္လကၡဏာကို တည္ေဆာက္တယ္၊ ေဖာ္ၿပ ပါတယ္။ ဤအရာေတြကို သင္ public (လူျမင္ကြင္း)  မွာလုပ္ေဆာင္သမၽွေသာအရာကဲ့သို႔ ဘုရားသခင္သည္ ရွင္းလင္းစြာ ျမင္ရ ပါသည္။

တကယ္ေတာ့ ေသးငယ္ေသာအရာ ၊ မျမင္နိုင္ေသာအရာေတြကို လုပ္ေဆာင္ျခင္းေတြသည္ ဘုရား၏ သင့္အသက္တာ အေပၚ သြန္းေလာင္းမည့္ public ေကာင္းခ်ီးမဂၤလာေတြ၏ မ်ိဳးေစ့ျဖစ္ပါတယ္။ “ကၽြန္ုပ္၏ public (လူျမင္ကြင္း) အသက္တာမွာ သမာဓိရွိပါတယ္ ၊ဒါေပမဲ့ private (ကြယ္ရာအသက္တာ) မွာေတာ့မရွိပါ။” လို႔ဆိုၿပီး သင့္အသက္တာကို အဲဒီလိုပိုင္းျခားလို႔မရပါ။ public(လူျမင္ကြင္း)  မွာ သင္ႀကိဳးစားအသက္ရွင္သည့္စရိုက္လကၡဏာ မ်ားကို ယခုပင္စရင္း ျပဳစုနိုင္မယ္ ဆိုတာ ကၽြန္ုပ္ေျပာရဲပါတယ္။ private (ကြယ္ရာအသက္တာ)  ခ်ိန္မွာ သတိမမူျခင္းေတြ ၊ လက္လြတ္ စပယ္ ျပဳမူျခင္း ေတြကို ရွိေစျခင္းသည္ လူ႔အသိုင္းအဝိုင္းတြင္ အပုပ္နံ့ ႏွင့္ ပုဂိၢဳလ္ေရးရာ က်ရႈံးျခင္းသို႔ ဉီးတည္သြားေစမည္ျဖစ္သည္။ ဘယ္လိုပင္ေျပာေျပာ အေသးအဖြဲေလးကိုပင္ သစၥာမရွိေသာသူသည္ ႀကီးေသာ အမႈတြင္လည္း သစၥာရွိမည္မဟုတ္ပါ။

အေျခခံသေဘာတရားေတြသည္ အျမဲတမ္းအသစ္ျဖစ္စရာမရွိပါ။ သခင္ခရစ္ေတာ္ ေဖာ္ျပထားသည္မွာ လုကာ ၁၆:၁၂ “သူတပါးအမႈ၌ သင္တို႔သည္ သစၥာမရွိလၽွင္၊ အဘယ္သူသည္ အပိုင္ေပးမည္နည္း။ ”

ရာစုႏွစ္ေပါင္းမ်ားစြာကပင္ ကၽြမ္းက်င္မႈ ၊ ကုန္သြယ္မႈ (သို႔) အသက္ေမြးမႈ ေတြကို ေလ့လာခဲ့တဲ့သူ မွန္သမၽွသည္ အလုပ္သင္ကာလေတြကို ျဖတ္သန္းလာခဲ့ရပါတယ္။ သင္က စက္ျပင္သမားျဖစ္လာမယ္ဆိုလၽွင္ သင့္ကိုယ္ပိုင္အစြမ္း ျဖင့္မစတင္မွီ တျခားေသာ စက္ျပင္ဆရာတဉီးထံ ေလ့လာဆည္းဖူးသင္ယူမႈေတြကို အလုပ္သင္တစ္ဉီးအျဖစ္ ျပဳခဲ့ရပါမည္။ သင့္ကိုယ္သင္ ကိုယ္ပိုင္စြမ္းရည္အျဖစ္ မအပ္ႏွံမွီ ဆရာသမား၏အလုပ္တြင္ ထမ္းေဆာင္ျခင္းမ်ား ၊ တာဝန္ယူျခင္းမ်ားျဖင့္ အလုပ္သင္ရပါမည္။

အလုပ္သင္ျခင္း၏ အေျခခံသေဘာတရားသည္ သင့္အသက္တာအစိတ္အပိုင္းမွန္သမၽွကို အက်ိဳးသက္ေရာက္မႈျဖစ္ ေစပါတယ္။ သင္၏ ကိုယ္ပိုင္ထမ္းေဆာင္ရျခင္းေတြကို ဘုရားသခင္ မေပးခင္မွာ ဤအလုပ္သင္အေျခခံသေဘာတရား ေတြသည္ သူတစ္ပါး၏ေငြေၾကးဆိုင္ရာေတြ ၊သူတစ္ပါး၏ ပိုင္ဆိုင္မႈေတြ ႏွင့္ အစီအစဥ္ေတြကို မည္ကဲ့သို႔ကိုင္တြယ္ ရမည္ကို အက်ိဳးသက္ေရာက္ေစပါတယ္။ 

Ministry = to provide information or services about an organization or cause
ကၽြန္ုပ္ႏွင့္ဆိုင္ေသာ Ministry ကို ဘုရားရွင္မေပးမွီ တျခားသူ၏ Ministry တြင္ လူငယ္သင္းအုပ္ဆရာအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ ကၽြန္ုပ္ မည္ကဲ့သို႔ ကိုင္တြယ္လုပ္ေဆာင္ေနသလဲ ဆိုတာကို ဘုရားရွင္ ေစာင့္ၾကည့္ပါတယ္။ ကၽြန္ုပ္၏ သမာဓိ ၊ တည္ၾကည္မႈေတြကိုလည္း ဘုရားရွင္ စမ္းသပ္ခဲ့ပါတယ္။ The ministry of Saddleback Church မွာကၽြန္ုပ္ဉီးေဆာင္ရန္ ဘုရားရွင္ ခြင့္ျပဳခ်ိန္ မတိုင္မွီ တျခားသူ၏ Ministry တြင္ကၽြန္ုပ္၏ သစၥာေစာင့္သိမႈကို သက္ေသ သာဓကျပဖို႔ လိုအပ္ပါတယ္။

တစ္စုံတစ္ေယာက္က သင့္အား ကားတစ္စီး ငွားေပးလၽွင္ သင္မည္ကဲ့သို ထိန္းသိမ္းမည္နည္း။ မိသားစုတစ္စုက သင့္အား သူတို႔၏အိမ္ကို အပန္းေျဖခရီးတြင္ အသုံးျပဳေစလၽွင္ သင္၏ကိုယ္ပိုင္အိမ္ကဲ့သို ျပဳမူပါမည္လား။ မည္သူမၽွ သင္လုပ္သမၽွကို မေစာင့္ၾကည့္ဘူးဆိုလၽွင္ သင္ ဝီရိယကင္းမဲ့စြာ လုပ္ေဆာင္ပါသလား။

ဘုရားသခင္က သင္၏သမာဓိကို ေစာင့္ၾကည့္ေနပါတယ္။ အေသးငယ္ဆုံးေသာအရာေပၚ သစၥာေစာင့္သိျခင္းျဖင့္ ႀကီးေသာအမႈအတြက္ သင့္အား ယုံၾကည္နိုင္ဖို႔ကို သင္ေဖာ္ျပမည္လား။

ဆင္ျခင္ရန္
-သင္၏ သမာဓိကို စမ္းသပ္ဖို႔ရန္ မည္သို႔ေသာအရာကို ဘုရားသခင္ အသုံးျပဳၿပီး သင့္ထံ အပ္ႏွံပါသနည္း။
-သင့္အသက္တာ မည္သည့္အပိုင္းတြင္ ေသးငယ္ေသာအရာေလးမ်ားကို သစၥာေစာင့္သိဖို႔ အခက္ခဲဆုံးျဖစ္ေန ပါသနည္း။
-ဘုရားရွင္ အရာအားလုံးကို ျမင္ေတာ္မူတယ္ဆိုတာကို သတိရဖို႔ရန္ သင္၏ public (လူျမင္ကြင္းအသက္တာ)  တြင္ တစ္စုံတစ္ရာ ေျပာင္းလဲသြားပါသလား။

-----------------------------------------------------------------------------------
Unicode

သင်၏တည်ကြည်မှု သမာဓိရှိမှုတွေသည် သင်၏သစ္စာစောင့်သိခြင်း ယုံကြည်ခြင်းကို ဖော်ပြသည်။
လုကာ ၁၆:၁၀ “အနည်းငယ်သော အမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ် သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌ သစ္စာမရှိ။”

မည်သူနှင့်မျှပတ်သက်မှု မရှိတဲ့ သင့်၏ကိုယ်ပိုင် လွှတ်လပ်ချိန်တွေမှာ ဘာကိုလုပ်ဆောင်ပါသနည်း။” ဆိုတဲ့စကား လုံးသည် ယနေ့မှာ ယေဘုယျအားဖြင့် လူတွေပြောဆိုကြတဲ့စကားပါ။ တကယ်တော့ အဲဒါတွေသည် စစ်မှန်မှု မရှိတဲ့အရာပေါ့။ သင်ကော အဲဒီလိုအချိန်တွေမှာ ဘာလုပ်သလဲ။ ပိတ်နေတဲ့ပြတင်းပေါက်နောက်ကွယ် (သို့) တခြားသူတွေအမြင်ကနေ ကွယ်နေတဲ့အချိန်မှာ သင်၏စစ်မှန်တဲ့စရိုက်လက္ခဏာကို တည်ဆောက်တယ်၊ ဖော်ပြ ပါတယ်။ ဤအရာတွေကို သင် public (လူမြင်ကွင်း)  မှာလုပ်ဆောင်သမျှသောအရာကဲ့သို့ ဘုရားသခင်သည် ရှင်းလင်းစွာ မြင်ရ ပါသည်။

တကယ်တော့ သေးငယ်သောအရာ ၊ မမြင်နိုင်သောအရာတွေကို လုပ်ဆောင်ခြင်းတွေသည် ဘုရား၏ သင့်အသက်တာ အပေါ် သွန်းလောင်းမည့် public ကောင်းချီးမင်္ဂလာတွေ၏ မျိုးစေ့ဖြစ်ပါတယ်။ “ကျွန်ုပ်၏ public (လူမြင်ကွင်း) အသက်တာမှာ သမာဓိရှိပါတယ် ၊ဒါပေမဲ့ private (ကွယ်ရာအသက်တာ) မှာတော့မရှိပါ။လို့ဆိုပြီး သင့်အသက်တာကို အဲဒီလိုပိုင်းခြားလို့မရပါ။ public(လူမြင်ကွင်း)  မှာ သင်ကြိုးစားအသက်ရှင်သည့်စရိုက်လက္ခဏာ များကို ယခုပင်စရင်း ပြုစုနိုင်မယ် ဆိုတာ ကျွန်ုပ်ပြောရဲပါတယ်။ private (ကွယ်ရာအသက်တာ)  ချိန်မှာ သတိမမူခြင်းတွေ ၊ လက်လွတ် စပယ် ပြုမူခြင်း တွေကို ရှိစေခြင်းသည် လူ့အသိုင်းအဝိုင်းတွင် အပုပ်နံ့ နှင့် ပုဂိ္ဂုလ်ရေးရာ ကျရှုံးခြင်းသို့ ဉီးတည်သွားစေမည်ဖြစ်သည်။ ဘယ်လိုပင်ပြောပြော အသေးအဖွဲလေးကိုပင် သစ္စာမရှိသောသူသည် ကြီးသော အမှုတွင်လည်း သစ္စာရှိမည်မဟုတ်ပါ။

အခြေခံသဘောတရားတွေသည် အမြဲတမ်းအသစ်ဖြစ်စရာမရှိပါ။ သခင်ခရစ်တော် ဖော်ပြထားသည်မှာ လုကာ ၁၆:၁၂ “သူတပါးအမှု၌ သင်တို့သည် သစ္စာမရှိလျှင်၊ အဘယ်သူသည် အပိုင်ပေးမည်နည်း။ ”

ရာစုနှစ်ပေါင်းများစွာကပင် ကျွမ်းကျင်မှု ၊ ကုန်သွယ်မှု (သို့) အသက်မွေးမှု တွေကို လေ့လာခဲ့တဲ့သူ မှန်သမျှသည် အလုပ်သင်ကာလတွေကို ဖြတ်သန်းလာခဲ့ရပါတယ်။ သင်က စက်ပြင်သမားဖြစ်လာမယ်ဆိုလျှင် သင့်ကိုယ်ပိုင်အစွမ်း ဖြင့်မစတင်မှီ တခြားသော စက်ပြင်ဆရာတဉီးထံ လေ့လာဆည်းဖူးသင်ယူမှုတွေကို အလုပ်သင်တစ်ဉီးအဖြစ် ပြုခဲ့ရပါမည်။ သင့်ကိုယ်သင် ကိုယ်ပိုင်စွမ်းရည်အဖြစ် မအပ်နှံမှီ ဆရာသမား၏အလုပ်တွင် ထမ်းဆောင်ခြင်းများ ၊ တာဝန်ယူခြင်းများဖြင့် အလုပ်သင်ရပါမည်။

အလုပ်သင်ခြင်း၏ အခြေခံသဘောတရားသည် သင့်အသက်တာအစိတ်အပိုင်းမှန်သမျှကို အကျိုးသက်ရောက်မှုဖြစ် စေပါတယ်။ သင်၏ ကိုယ်ပိုင်ထမ်းဆောင်ရခြင်းတွေကို ဘုရားသခင် မပေးခင်မှာ ဤအလုပ်သင်အခြေခံသဘောတရား တွေသည် သူတစ်ပါး၏ငွေကြေးဆိုင်ရာတွေ ၊သူတစ်ပါး၏ ပိုင်ဆိုင်မှုတွေ နှင့် အစီအစဉ်တွေကို မည်ကဲ့သို့ကိုင်တွယ် ရမည်ကို အကျိုးသက်ရောက်စေပါတယ်။

Ministry = to provide information or services about an organization or cause
ကျွန်ုပ်နှင့်ဆိုင်သော Ministry ကို ဘုရားရှင်မပေးမှီ တခြားသူ၏ Ministry တွင် လူငယ်သင်းအုပ်ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်ုပ် မည်ကဲ့သို့ ကိုင်တွယ်လုပ်ဆောင်နေသလဲ ဆိုတာကို ဘုရားရှင် စောင့်ကြည့်ပါတယ်။ ကျွန်ုပ်၏ သမာဓိ ၊ တည်ကြည်မှုတွေကိုလည်း ဘုရားရှင် စမ်းသပ်ခဲ့ပါတယ်။ The ministry of Saddleback Church မှာကျွန်ုပ်ဉီးဆောင်ရန် ဘုရားရှင် ခွင့်ပြုချိန် မတိုင်မှီ တခြားသူ၏ Ministry တွင်ကျွန်ုပ်၏ သစ္စာစောင့်သိမှုကို သက်သေ သာဓကပြဖို့ လိုအပ်ပါတယ်။

တစ်စုံတစ်ယောက်က သင့်အား ကားတစ်စီး ငှားပေးလျှင် သင်မည်ကဲ့သို ထိန်းသိမ်းမည်နည်း။ မိသားစုတစ်စုက သင့်အား သူတို့၏အိမ်ကို အပန်းဖြေခရီးတွင် အသုံးပြုစေလျှင် သင်၏ကိုယ်ပိုင်အိမ်ကဲ့သို ပြုမူပါမည်လား။ မည်သူမျှ သင်လုပ်သမျှကို မစောင့်ကြည့်ဘူးဆိုလျှင် သင် ဝီရိယကင်းမဲ့စွာ လုပ်ဆောင်ပါသလား။

ဘုရားသခင်က သင်၏သမာဓိကို စောင့်ကြည့်နေပါတယ်။ အသေးငယ်ဆုံးသောအရာပေါ် သစ္စာစောင့်သိခြင်းဖြင့် ကြီးသောအမှုအတွက် သင့်အား ယုံကြည်နိုင်ဖို့ကို သင်ဖော်ပြမည်လား။

ဆင်ခြင်ရန်
-သင်၏ သမာဓိကို စမ်းသပ်ဖို့ရန် မည်သို့သောအရာကို ဘုရားသခင် အသုံးပြုပြီး သင့်ထံ အပ်နှံပါသနည်း။
-သင့်အသက်တာ မည်သည့်အပိုင်းတွင် သေးငယ်သောအရာလေးများကို သစ္စာစောင့်သိဖို့ အခက်ခဲဆုံးဖြစ်နေ ပါသနည်း။

-ဘုရားရှင် အရာအားလုံးကို မြင်တော်မူတယ်ဆိုတာကို သတိရဖို့ရန် သင်၏ public (လူမြင်ကွင်းအသက်တာ)  တွင် တစ်စုံတစ်ရာ ပြောင်းလဲသွားပါသလား။