You Can’t Afford Not to Tithe

Zawgyi Font
ဆယ္ဖို႔တစ္ဖို႔ မေပးျခင္းကို သင္မတတ္နိုင္ပါ။ 
သုတၱံ ၃:၉ “သင္သည္ကိုယ္ဥစၥာႏွင့္ အဦးသီးေသာ အသီး အႏွံရွိသမၽွကို ထာဝရဘုရားအား ပူေဇာ္ေလာ့”

အထက္ပါက်မ္းပိုဒ္သည္ သႆေမဓအခြန္ (ဆယ္ဖို႔တစ္ဖို႔) ႏွင့္ဆိုင္ေသာ အေျခခံသေဘာတရားျဖစ္ၿပီး သင္ ေဒၚလာ ၁၀၀ ရတဲ့အခ်ိန္တိုင္းတြင္ ေဒၚလာ ၁၀ သည္ ဘုရားထံသို႔ျပန္သြားရပါမည္။

သႆေမဓျပဳျခင္းသည္ ဝတ္ျပဳျခင္း၏ အျပဳအမူပင္ျဖစ္ပါတယ္။ ဘုရားသခင္ဆီ ျပန္ေပးအပ္ျခင္းျဖစ္ပါတယ္။ သင္ရရွိသမၽွေကာင္းေသာအရာတို႔ ၊ ေထာက္ပံ့ျခင္း ၊ ဖန္တီးေပးျခင္း အရာအားလုံးတို႔သည္ ဘုရားသခင္ဆီမွ ဆုေက်းဇူးျဖစ္တယ္ဆိုတာကို သိမွတ္ဖို႔ရန္ ဘရားအလိုေတာ္ရွိပါတယ္။ သင့္အသက္တာမွာလည္း သူ႔အား ပထမေနရာေပးဖို႔အလိုရွိပါတယ္။ သို႔မွသာ သင့္အသက္တာ ႏွင့္ သင့္အနားရွိလူေတြေပၚသို႔ ဘုရားရွင္မည္သို႔ လုပ္ေဆာင္ေပးတယ္ဆိုတာကို ေစာင့္ၾကည့္ဖို႔ႏွင့္ ရက္ေရာေပးကမ္းနိုင္ဖို႔ သင္ယူနိုင္မည္ျဖစ္သည္။

သႆေမဓ အခြန္ေပးဖို႔ သင္မတတ္နိုင္ဘူးလို႔ သင္ထင္ေကာင္းထင္ေနမည္။ ေကာင္းခ်ီးေပးအပ္ထားတဲ့အရာကေန ၁၀ ရာခိုင္ႏႈန္းျပန္ေပးရဖို႔က သင့္အတြက္ အရမ္းမ်ားေနတယ္လို႔ သင္ေတြးေနပါမည္။ ဒါေပမဲ့ တကယ္တမ္းမွာေတာ့ မေပးဘဲေနျခင္းကို သင္မတတ္နိုင္ပါ။

ကမၻာေလာကႏွင့္ဆိုင္တဲ့ ဥပေဒရွိပါတယ္ - မ်ိဳးေစ့ၾကဲျခင္း ႏွင့္ ရိတ္သိမ္းျခင္း အေျခခံေတြပါ။ ေဝဖန္မႈ မ်ိဳးေစ့ေတြကို ကၽြန္ုပ္စိုက္ပ်ိဳးပါလၽွင္ ေဝဖန္မႈ ေတြကိုသာ ရိတ္သိမ္းရပါမည္။ ရက္ေရာေပးကမ္ျခင္း ကို ကၽြန္ုပ္စိုက္ပ်ိဳးပါလၽွင္ ရက္ေရာမႈကို ကၽြန္ုပ္ရိတ္သိမ္းရပါမည္။

စိုက္ပ်ိဳးေရးသမားတိုင္း ဤအေၾကာင္းအရာကို သိၾကပါတယ္။ လယ္သမားတစ္ဉီးသည္ သူ၏က်ီထဲ၌ မ်ိဳးေစ့ ၄ အိတ္ရွိပါလၽွင္ သူ၏ လစ္လပ္ေနတဲ့ စိုက္ကြင္းဆီကိုၾကည့္ၿပီး သူညည္းတြားမည္မဟုတ္ပါ။ “ေကာက္ပဲသီးႏွံေတြ မရွိပါလား ၊ အဲဒီစိုက္ကြင္းမွာ ေကာက္ပဲသီးႏွံေတြကို ကၽြန္ုပ္အလိုဆႏၵရွိပါတယ္။” သူအျပင္ထြက္ၿပီး မ်ိဳးေစ့ေတြကို စတင္ၾကဲပါေတာ့တယ္။ သင္၌ လိုအင္ေတြ ရွိလာတဲ့အခါ မ်ိဳးေစ့ကို ၾကဲပါ။

ကၽြန္ုပ္၌ မ်ိဳးေစ့ရွိတဲ့အခါ ေပးကမ္းသင့္ပါတယ္ ဆိုတာ ယုတၱိမရွိအျမင္မ်ိဳးျဖစ္ေစပါတယ္။ ဒါေၾကာင့္ ယုံၾကည္ျခင္း လိုအပ္ေနတာေပါ့။ ဘုရားသခင္က ဘာေျပာထားလဲဆိုလၽွင္ “ငါ၏လမ္းသည္ သင့္လမ္းအတိုင္းမဟုတ္ ၊ ဒါေပမဲ့ ငါ၏လမ္းကို သင္ယုံၾကည္နိုင္ပါတယ္”။

ဘာေၾကာင့္မ်ား ဘုရားရွင္ အဲဒီလမ္းကို ခ်ျပထားပါသလဲ။ ဘာေၾကာင့္လဲဆိုေတာ့ ဘုရားရွင္က ေပးကမ္းတဲ့ သူျဖစ္တယ္။ စၾကာဝဌာမွာ ဘုရားရွင္သာလၽွင္ ေပးကမ္းမႈ အရွိဆုံးပါ။ သူ႔နည္းအတိုင္း သင့္ကိုလည္း သင္ယူဖို႔ကို အလိုေတာ္ရွိပါတယ္။

ဒါေၾကာင့္ ဤေလာကသို႔ သင္ေရာက္ေနတာေပါ့။ သခင္ခရစ္ေတာ္ႏွင့္ တူလာေစဖို႔ရန္ သင့္အား ေပးေသာ ေကာင္းခ်ီးေတြမွာ ဘုရားရွင္၏ သာဓကအတိုင္း လိုက္ေလၽွာက္ပါ။ သင့္အသက္တာတြင္ ဘုရားရွင္က သူ၏ ဝိေသသ လကၡဏာေတြျဖင့္ တည္ေဆာက္ေပးမည္ျဖစ္သည္။

မာလခိအနာဂတၱိက်မ္း ၃:၁၀ “ဆယ္ဘို႔တဘို႔ရွိသမၽွကို ဘ႑ာတိုက္ထဲသို႔ သြင္း၍၊ ငါ့အိမ္ေတာ္၌ စားစရာရွိေစျခင္းငွါ ျပဳၾကေလာ့။ ငါသည္ မိုဃ္းေကာင္းကင္ျပတင္းေပါက္တို႔ကို ဖြင့္၍ ေကာင္းႀကီးမဂၤလာကို အကုန္အစင္ သြန္းေလာင္း မည္ ၊ မသြန္းေလာင္းမည္ကို ထိုသို႔ စုံစမ္းၾကေလာ့ဟု ေကာင္းကင္ဗိုလ္ေျခအရွင္ ထာဝရဘုရား မိန္႔ေတာ္မူ၏။”

ဆင္ျခင္ရန္
-သင့္အသက္တာတြင္ မည္ကဲ့သိုေသာ အႀကီးျမတ္ဆုံးေသာအရာကို စိုက္ခဲ့ပါသနည္း။ အက်ိဳးအျမတ္ကို မည္ကဲ့သို႔ ရိတ္သိမ္းခဲ့ရပါသနည္း။
- သႆေမဓ အခြန္ (ဆယ္ဖို႔တစ္ဖို႔) ေပးျခင္းအရာ၌ သင္သစၥာတည္ေနခဲ့ၿပီဆိုလၽွင္ ေပးကမ္းျခင္းအေလ့အထကို မည္ကဲ့သို႔ ဆက္လက္ႀကီးထြားေအာင္ လုပ္ေဆာင္နိုင္မည္နည္း။
-သင္၏ နံပါတ္ (၁) ပန္းတိုင္သည္ သခင္ခရစ္ေတာ္နည္းတူျဖစ္ဖို႔ဆိုလၽွင္ အဲဒီအရာက သင့္အသက္တာကို မည္ကဲ့သို႔ တန္ျပန္သက္ေရာက္ပါမည္နည္း။

---------------------------------------------------------------------------------
Unicode 
ဆယ်ဖို့တစ်ဖို့ မပေးခြင်းကို သင်မတတ်နိုင်ပါ။
သုတ္တံ ၃:၉ “သင်သည်ကိုယ်ဥစ္စာနှင့် အဦးသီးသော အသီး အနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့”

အထက်ပါကျမ်းပိုဒ်သည် သဿမေဓအခွန် (ဆယ်ဖို့တစ်ဖို့) နှင့်ဆိုင်သော အခြေခံသဘောတရားဖြစ်ပြီး သင် ဒေါ်လာ ၁၀၀ ရတဲ့အချိန်တိုင်းတွင် ဒေါ်လာ ၁၀ သည် ဘုရားထံသို့ပြန်သွားရပါမည်။

သဿမေဓပြုခြင်းသည် ဝတ်ပြုခြင်း၏ အပြုအမူပင်ဖြစ်ပါတယ်။ ဘုရားသခင်ဆီ ပြန်ပေးအပ်ခြင်းဖြစ်ပါတယ်။ သင်ရရှိသမျှကောင်းသောအရာတို့ ၊ ထောက်ပံ့ခြင်း ၊ ဖန်တီးပေးခြင်း အရာအားလုံးတို့သည် ဘုရားသခင်ဆီမှ ဆုကျေးဇူးဖြစ်တယ်ဆိုတာကို သိမှတ်ဖို့ရန် ဘရားအလိုတော်ရှိပါတယ်။ သင့်အသက်တာမှာလည်း သူ့အား ပထမနေရာပေးဖို့အလိုရှိပါတယ်။ သို့မှသာ သင့်အသက်တာ နှင့် သင့်အနားရှိလူတွေပေါ်သို့ ဘုရားရှင်မည်သို့ လုပ်ဆောင်ပေးတယ်ဆိုတာကို စောင့်ကြည့်ဖို့နှင့် ရက်ရောပေးကမ်းနိုင်ဖို့ သင်ယူနိုင်မည်ဖြစ်သည်။

သဿမေဓ အခွန်ပေးဖို့ သင်မတတ်နိုင်ဘူးလို့ သင်ထင်ကောင်းထင်နေမည်။ ကောင်းချီးပေးအပ်ထားတဲ့အရာကနေ ၁၀ ရာခိုင်နှုန်းပြန်ပေးရဖို့က သင့်အတွက် အရမ်းများနေတယ်လို့ သင်တွေးနေပါမည်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ မပေးဘဲနေခြင်းကို သင်မတတ်နိုင်ပါ။

ကမ္ဘာလောကနှင့်ဆိုင်တဲ့ ဥပဒေရှိပါတယ် - မျိုးစေ့ကြဲခြင်း နှင့် ရိတ်သိမ်းခြင်း အခြေခံတွေပါ။ ဝေဖန်မှု မျိုးစေ့တွေကို ကျွန်ုပ်စိုက်ပျိုးပါလျှင် ဝေဖန်မှု တွေကိုသာ ရိတ်သိမ်းရပါမည်။ ရက်ရောပေးကမ်ခြင်း ကို ကျွန်ုပ်စိုက်ပျိုးပါလျှင် ရက်ရောမှုကို ကျွန်ုပ်ရိတ်သိမ်းရပါမည်။
စိုက်ပျိုးရေးသမားတိုင်း ဤအကြောင်းအရာကို သိကြပါတယ်။ လယ်သမားတစ်ဉီးသည် သူ၏ကျီထဲ၌ မျိုးစေ့ ၄ အိတ်ရှိပါလျှင် သူ၏ လစ်လပ်နေတဲ့ စိုက်ကွင်းဆီကိုကြည့်ပြီး သူညည်းတွားမည်မဟုတ်ပါ။ “ကောက်ပဲသီးနှံတွေ မရှိပါလား ၊ အဲဒီစိုက်ကွင်းမှာ ကောက်ပဲသီးနှံတွေကို ကျွန်ုပ်အလိုဆန္ဒရှိပါတယ်။” သူအပြင်ထွက်ပြီး မျိုးစေ့တွေကို စတင်ကြဲပါတော့တယ်။ သင်၌ လိုအင်တွေ ရှိလာတဲ့အခါ မျိုးစေ့ကို ကြဲပါ။

ကျွန်ုပ်၌ မျိုးစေ့ရှိတဲ့အခါ ပေးကမ်းသင့်ပါတယ် ဆိုတာ ယုတ္တိမရှိအမြင်မျိုးဖြစ်စေပါတယ်။ ဒါကြောင့် ယုံကြည်ခြင်း လိုအပ်နေတာပေါ့။ ဘုရားသခင်က ဘာပြောထားလဲဆိုလျှင် “ငါ၏လမ်းသည် သင့်လမ်းအတိုင်းမဟုတ် ၊ ဒါပေမဲ့ ငါ၏လမ်းကို သင်ယုံကြည်နိုင်ပါတယ်”။

ဘာကြောင့်များ ဘုရားရှင် အဲဒီလမ်းကို ချပြထားပါသလဲ။ ဘာကြောင့်လဲဆိုတော့ ဘုရားရှင်က ပေးကမ်းတဲ့ သူဖြစ်တယ်။ စကြာဝဌာမှာ ဘုရားရှင်သာလျှင် ပေးကမ်းမှု အရှိဆုံးပါ။ သူ့နည်းအတိုင်း သင့်ကိုလည်း သင်ယူဖို့ကို အလိုတော်ရှိပါတယ်။

ဒါကြောင့် ဤလောကသို့ သင်ရောက်နေတာပေါ့။ သခင်ခရစ်တော်နှင့် တူလာစေဖို့ရန် သင့်အား ပေးသော ကောင်းချီးတွေမှာ ဘုရားရှင်၏ သာဓကအတိုင်း လိုက်လျှောက်ပါ။ သင့်အသက်တာတွင် ဘုရားရှင်က သူ၏ ဝိသေသ လက္ခဏာတွေဖြင့် တည်ဆောက်ပေးမည်ဖြစ်သည်။

မာလခိအနာဂတ္တိကျမ်း ၃:၁၀ “ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါ ပြုကြလော့။ ငါသည် မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကို ဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင် သွန်းလောင်း မည် ၊ မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။”

ဆင်ခြင်ရန်
-သင့်အသက်တာတွင် မည်ကဲ့သိုသော အကြီးမြတ်ဆုံးသောအရာကို စိုက်ခဲ့ပါသနည်း။ အကျိုးအမြတ်ကို မည်ကဲ့သို့ ရိတ်သိမ်းခဲ့ရပါသနည်း။
- သဿမေဓ အခွန် (ဆယ်ဖို့တစ်ဖို့) ပေးခြင်းအရာ၌ သင်သစ္စာတည်နေခဲ့ပြီဆိုလျှင် ပေးကမ်းခြင်းအလေ့အထကို မည်ကဲ့သို့ ဆက်လက်ကြီးထွားအောင် လုပ်ဆောင်နိုင်မည်နည်း။

-သင်၏ နံပါတ် (၁) ပန်းတိုင်သည် သခင်ခရစ်တော်နည်းတူဖြစ်ဖို့ဆိုလျှင် အဲဒီအရာက သင့်အသက်တာကို မည်ကဲ့သို့ တန်ပြန်သက်ရောက်ပါမည်နည်း။