Why Should You Be Generous When You’re Stretched Thin?

(1) Zawgyi Font
သင္ အားနည္းခ်ည့္နဲ႔ေသာအခါ ဘာေၾကာင့္မ်ား ရက္ေရာေပးကမ္းသင့္သနည္း။
လုကာ ၁၆:၉ “တဖန္ ငါဆိုသည္ကား၊ သင္တို႔သည္ စုေတ့ေသာအခါ၊ အစဥ္အျမဲတည္ေသာ ဗိမာန္၌သင္တို႔ကို လက္ခံလတံ့ေသာ အေဆြရွိေစျခင္းငွါ မျမဲေသာ ေလာကီစည္းစိမ္ကို သုံးေဆာင္ၾကေလာ့။”

လုကာ ၁၆:၁၁  “သို႔ျဖစ္၍ မျမဲေသာ ေလာကီစည္းစိမ္ကို သုံးရာတြင္ သင္တို႔သည္ သစၥာမရွိလၽွင္၊ မွန္ေသာစည္းစိမ္ကို သင္တို႔၌ အဘယ္သူအပ္မည္နည္း။

လုကာ ၁၆:၁၃  “အဘယ္အေစခံမၽွ သခင္ႏွစ္ဦးအေစကို မခံနိုင္။ သခင္တဦးကိုမုန္း၍ တဦးကိုခ်စ္မည္။ သခင္တဦး မွီခို၍ တဦးကို မခန္႔မညားျပဳမည္။ သင္တို႔သည္ ဘုရားသခင္၏ အေစကို၎၊ ေလာကီစည္းစိမ္၏အေစကို၎ မခံနိုင္ၾကဟု မိန္႔ေတာ္မူ၏။

သင္၌ ေဝမၽွေပးကမ္းစရာေတြကို မ်ားမ်ားပိုင္ဆိုင္ထားတဲ့အခါ သင္၏အခ်ိန္ ၊ စြမ္းအင္ (သို႔) ေငြေၾကး ေတြကို ေပးကမ္းဖို႔ လြယ္ကူပါတယ္။ ဒါေပမဲ့ သင္၌ အပိုေပးကမ္းစရာမရွိတဲ့အခ်ိန္သည္ စစ္မွန္တဲ့ရက္ေရာမႈကို စမ္းသပ္ျခင္းပင္ ျဖစ္ပါသည္။ သင္၌ ရွိေသာ အနည္းငယ္သာေသာအရာကို တစ္စုံတစ္ေယာက္အား ေပးကမ္း လုပ္ေဆာင္ ေနပါသလား။ သင္ျပဳပါလၽွင္ သင့္ကို ဂုဏ္ယူဝမ္းေျမာက္ေၾကာင္းေျပာပါရေစ။ စစ္မွန္ေသာ ရက္ေရာျခင္းဆိုင္ရာ ဘုရားရွင္၏ စမ္းသပ္မႈကို သင္ေအာင္ျမင္ခဲ့ၿပီ။

ဘုရားရွင္က သင့္၏စစ္မွန္ေသာ ရက္ေရာျခင္းကို ဘာေၾကာင့္မ်ား စမ္းသပ္ပါသနည္း။ ဘာေၾကာင့္လဲဆိုေတာ့ သင့္အား ဘုရားပုံသ႑ာန္ေတာ္အတိုင္း ဖန္ဆင္းထားၿပီး သခင္ခရစ္ေတာ္ႏွင့္ တူဖို႔ဆိုလၽွင္ မည္ကဲ့သို႔ ရက္ေရာရမည္ကို ေလ့လာဖို႔ သင္လိုအပ္ပါမည္။ သင္မလုပ္ေဆာင္ပါလၽွင္ ရင့္က်က္လာျခင္းအရာ၌ ႀကီးထြားဖြံ့ၿဖိဳးဖို႔ ဘယ္ေတာ့မွ မျဖစ္လာပါ။ သင့္အတြက္တာတြင္လည္း ဘုရားရွင္၏ေကာင္းခ်ီးကို ရေတာ့မည္မဟုတ္ပါ။

သင္၌ အရာရာ ေကာင္းမြန္စြာမျဖစ္ထြန္းဘဲ စီးပြားေရးက်ဆင္းေနမယ္ဆိုလၽွင္ ဘာျဖစ္မည္လဲ။ သင္အလုပ္ လက္မဲ့ျဖစ္မည္ (သို႔) ေငြေၾကးျပတ္လပ္မႈေတြျဖစ္လာမည္။ ေပးဆပ္ဖို႔စြမ္းအားေတြ ၊ အခ်ိန္ေတြ မရွိေတာ့ဘူးလို႔ သင္ခံစားလာရပါမည္။ ဒီလို အားနည္းေနတဲ့အခ်ိန္မွာ မည္ကဲ့သို႔ရက္ေရာနိုင္ပါမည္နည္း။

ရွင္ေပါလုေရးသားထားတဲ့ Macedonia မွာရွိတဲ့ အသင္းေတာ္အေၾကာင္းတြင္ ကၽြန္ုပ္တို႔အတြက္ ေကာင္းေသာ သာဓကကို ေတြ႕ရမွာပါ။  ေကာရိႏ္သဳဩဝါသစာဒုတိယေစာင္ ၈:၂ “ထိုအသင္းေတာ္တို႔သည္ ညႇဥ္းဆဲျခင္းအားျဖင့္ မ်ားစြာေသာ စုံစမ္းျခင္းကို ခံရေသာ္လည္း၊ အလြန္ႀကီးေသာ ဝမ္းေျမာက္ျခင္းႏွင့္၊ ဥစၥာျပဳန္းတီးေသာ ဆင္းရဲျခင္း အေၾကာင္းသည္၊ သူတို႔၏စြန္႔ၾကဲေပးကမ္းျခင္း စည္းစိမ္ကို ျဖစ္ေစ၍ႂကြယ္ဝျပည့္စုံ၏။” ရက္ေရာျခင္းႏွင့္ ဝမ္းေျမာက္ျခင္းသည္ အျမဲတမ္းအတူ ဒြန္တြဲၾကပါတယ္။

ဘုရားသခင္အား သင္မည္မၽွယုံၾကည္သလဲဆိုတာကို မွတ္ေက်ာက္တင္ေစေသာအရာကား သင္၏ေငြေၾကးကို ကိုင္တြယ္ျခင္းနည္းလမ္းပင္ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဘယ္အရာက သင့္အတြက္အေရးႀကီးသလဲ ဆိုတာကို  ေဖာ္ျပပါတယ္။

ဘယ္လိုအေၾကာင္းဘဲျဖစ္ျဖစ္ (သို႔) သင္၌မည္မၽွေလာက္ရွိရွိ ဝမ္းေျမာက္ျခင္းရဖို႔အတြက္ အကူအညီေပးဖို႔ ႏွင့္ အမွတ္ရေနဖို႔ ေအာက္ပါအခ်က္ (၄) ခ်က္ကို ေဝငွပါရေစ။

ဘုရားရွင္၏သေဘာထားကို နာခံျခင္းသည္ ဘုရား၏ဖန္တီးေပးျခင္း ၊ ေထာက္ပံ့ေပးျခင္းကို ရရွိေစသည္။
“အဖဘုရား … ကၽြန္ုပ္၌ ဘုရားအလိုေတာ္ရွိေသာ လုပ္ေဆာင္လိုေစသည္မ်ားကို လုပ္ေဆာင္ပါမည္။ ေငြေၾကး (သို႔) အရင္းအႏွီးပိုင္ဆိုင္ျခင္းေပၚ ဂ႐ုမထားဘဲ လုပ္ေဆာင္ပါမည္။” လို႔ သင္ဆိုပါလၽွင္ အဲဒီအရာကို လုပ္ေဆာင္ဖို႔ လိုအပ္ေသာအရာမွန္သမၽွကို ဘုရားရွင္ ေပးပါလိမ့္မည္။

ဘုရားရွင္ လုပ္ေဆာင္လိုေစေသာအရာကို ကၽြန္ုပ္လုပ္ေဆာင္စဥ္ မတတ္နိုင္ေသာအရာေတြကို ဘုရားရွင္ကူညီ လုပ္ေဆာင္သြားပါတယ္။ 
သင္၌ရွိသမၽွကို ဘုရားရွင္အားအပ္ႏွံပါ။ မစို႔မပို႔ ျဖစ္ေနလည္း ဘုရားရွင္က သင္ခန႔္မွန္းထားတာထက္ကို အဆေပါင္းမ်ားစြာ ပိုမိုလုပ္ေဆာင္သြားမည္ျဖစ္သည္။ ကေလးတစ္ဉီးဆီမွယူေဆာင္လာေသာ မုန႔္ငါးလုံးႏွင့္ ငါးႏွစ္ေကာင္ကို သခင္ခရစ္ေတာ္ျပဳေတာ္မူသကဲ့သို႔ - ေထာင္ေပါင္းမ်ားစြာေသာ လူေတြ အံ့ဩရေလာက္ေအာင္ စားခဲ့ၾကရပါတယ္။

ကၽြန္ုပ္လိုအပ္ခ်ိန္ေတြမွာ . . . ကၽြန္ုပ္မ်ိဳးေစ့ၾကဲဖို႔ လိုအပ္ပါတယ္။
ဘယ္အရာကိုဘဲျဖစ္ျဖစ္ ပိုမိုရယူဖို႔ လိုအပ္လၽွင္ ေပးကမ္းလိုက္ပါ။ ျပန္လည္ရိတ္သိမ္းရဖို႔ရန္ စိုက္ပ်ိဳးဖို႔အတြက္ မ်ိဳးေစ့ေတြကို ၾကဲရပါမည္။

စိုက္ပ်ိဳးျခင္းႏွင့္ ရိတ္သိမ္းျခင္းၾကားထဲမွာ အျမဲတမ္းၾကန႔္ၾကာပါတယ္။
ရိတ္သိမ္းျခင္းက အလိုအေလ်ာက္မျဖစ္လာပါ။ အခ်ိန္ ႏွင့္ စိတ္ရွည္ျခင္းကို လိုအပ္ပါတယ္။

သင္ရက္ေရာသည္အတိုင္း သင္၌လိုအပ္ေသာအရာမွန္သမၽွကို ဘုရားရွင္ ဂ႐ုျပဳေစာင့္ေရွာက္ေပးမည္ဆိုတာကို အျမဲတမ္း ယုံၾကည္နိုင္ပါတယ္။ သူတစ္ပါးကို ေပးကမ္းျခင္းသည္လည္း “ဘုရားရွင္သူတို႔ကို ေပးခ်င္၊ ေထာက္ပံ့ေပးခ်င္တယ္ဆိုတာကို” သင့္အားျဖင့္ ျမင္နိုင္ဖို႔ သင္ကူညီေနျခင္းျဖစ္ပါတယ္။

ဆင္ျခင္ရန္
-သင္ဘာကို လိုအပ္ပါသလဲ။ ဘုရားသခင္၏ ေကာင္းခ်ီးမဂၤလာကို ရိတ္သိမ္းရဖို႔အတြက္ ယေန႔မွာ သင္မည္ကဲ့သို႔ေသာ မ်ိဳးေစ့ကို ၾကဲမည္နည္း။
- သင္၏ရင္းႏွီးျမႇုပ္ႏွံထားမႈေပၚ ရိတ္သိမ္းမႈျပဳဖို႔အတြက္ မည္သို႔ေသာအခ်ိန္မွာ ဘုရားရွင္အခ်ိန္ယူၿပီး သင့္အားေဖာ္ ျပသနည္း။ သင့္အသက္တာ၏ အခ်ိန္ကာလ ေတြကို ျပန္လည္စဥ္းစားၾကည့္ပါ။
-ယုံၾကည္သူေတြမွာ သူတို႔၏ရက္ေရာေပးကမ္းျခင္းေတြကို သိခ်င္စိတ္ျဖစ္ဖို႔ရန္ ဘာေၾကာင့္မ်ား ျဖစ္သင့္ပါသနည္း။

---------------------------------------------------------------------------------
(2) Unicode
သင် အားနည်းချည့်နဲ့သောအခါ ဘာကြောင့်များ ရက်ရောပေးကမ်းသင့်သနည်း။
လုကာ ၁၆:၉ “တဖန် ငါဆိုသည်ကား၊ သင်တို့သည် စုတေ့သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့။”

လုကာ ၁၆:၁၁  “သို့ဖြစ်၍ မမြဲသော လောကီစည်းစိမ်ကို သုံးရာတွင် သင်တို့သည် သစ္စာမရှိလျှင်၊ မှန်သောစည်းစိမ်ကို သင်တို့၌ အဘယ်သူအပ်မည်နည်း။


လုကာ ၁၆:၁၃  “အဘယ်အစေခံမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦး မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြဟု မိန့်တော်မူ၏။

သင်၌ ဝေမျှပေးကမ်းစရာတွေကို များများပိုင်ဆိုင်ထားတဲ့အခါ သင်၏အချိန် ၊ စွမ်းအင် (သို့) ငွေကြေး တွေကို ပေးကမ်းဖို့ လွယ်ကူပါတယ်။ ဒါပေမဲ့ သင်၌ အပိုပေးကမ်းစရာမရှိတဲ့အချိန်သည် စစ်မှန်တဲ့ရက်ရောမှုကို စမ်းသပ်ခြင်းပင် ဖြစ်ပါသည်။ သင်၌ ရှိသော အနည်းငယ်သာသောအရာကို တစ်စုံတစ်ယောက်အား ပေးကမ်း လုပ်ဆောင် နေပါသလား။ သင်ပြုပါလျှင် သင့်ကို ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောပါရစေ။ စစ်မှန်သော ရက်ရောခြင်းဆိုင်ရာ ဘုရားရှင်၏ စမ်းသပ်မှုကို သင်အောင်မြင်ခဲ့ပြီ။

ဘုရားရှင်က သင့်၏စစ်မှန်သော ရက်ရောခြင်းကို ဘာကြောင့်များ စမ်းသပ်ပါသနည်း။ ဘာကြောင့်လဲဆိုတော့ သင့်အား ဘုရားပုံသဏ္ဍာန်တော်အတိုင်း ဖန်ဆင်းထားပြီး သခင်ခရစ်တော်နှင့် တူဖို့ဆိုလျှင် မည်ကဲ့သို့ ရက်ရောရမည်ကို လေ့လာဖို့ သင်လိုအပ်ပါမည်။ သင်မလုပ်ဆောင်ပါလျှင် ရင့်ကျက်လာခြင်းအရာ၌ ကြီးထွားဖွံ့ဖြိုးဖို့ ဘယ်တော့မှ မဖြစ်လာပါ။ သင့်အတွက်တာတွင်လည်း ဘုရားရှင်၏ကောင်းချီးကို ရတော့မည်မဟုတ်ပါ။

သင်၌ အရာရာ ကောင်းမွန်စွာမဖြစ်ထွန်းဘဲ စီးပွားရေးကျဆင်းနေမယ်ဆိုလျှင် ဘာဖြစ်မည်လဲ။ သင်အလုပ် လက်မဲ့ဖြစ်မည် (သို့) ငွေကြေးပြတ်လပ်မှုတွေဖြစ်လာမည်။ ပေးဆပ်ဖို့စွမ်းအားတွေ ၊ အချိန်တွေ မရှိတော့ဘူးလို့ သင်ခံစားလာရပါမည်။ ဒီလို အားနည်းနေတဲ့အချိန်မှာ မည်ကဲ့သို့ရက်ရောနိုင်ပါမည်နည်း။

ရှင်ပေါလုရေးသားထားတဲ့ Macedonia မှာရှိတဲ့ အသင်းတော်အကြောင်းတွင် ကျွန်ုပ်တို့အတွက် ကောင်းသော သာဓကကို တွေ့ရမှာပါ။  ကောရိန္သု​ဩဝါသစာ​ဒုတိယစောင် ၈:၂ “ထိုအသင်းတော်တို့သည် ညှဉ်းဆဲခြင်းအားဖြင့် များစွာသော စုံစမ်းခြင်းကို ခံရသော်လည်း၊ အလွန်ကြီးသော ဝမ်းမြောက်ခြင်းနှင့်၊ ဥစ္စာပြုန်းတီးသော ဆင်းရဲခြင်း အကြောင်းသည်၊ သူတို့၏စွန့်ကြဲပေးကမ်းခြင်း စည်းစိမ်ကို ဖြစ်စေ၍ကြွယ်ဝပြည့်စုံ၏။” ရက်ရောခြင်းနှင့် ဝမ်းမြောက်ခြင်းသည် အမြဲတမ်းအတူ ဒွန်တွဲကြပါတယ်။

ဘုရားသခင်အား သင်မည်မျှယုံကြည်သလဲဆိုတာကို မှတ်ကျောက်တင်စေသောအရာကား သင်၏ငွေကြေးကို ကိုင်တွယ်ခြင်းနည်းလမ်းပင် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်အရာက သင့်အတွက်အရေးကြီးသလဲ ဆိုတာကို  ဖော်ပြပါတယ်။

ဘယ်လိုအကြောင်းဘဲဖြစ်ဖြစ် (သို့) သင်၌မည်မျှလောက်ရှိရှိ ဝမ်းမြောက်ခြင်းရဖို့အတွက် အကူအညီပေးဖို့ နှင့် အမှတ်ရနေဖို့ အောက်ပါအချက် (၄) ချက်ကို ဝေငှပါရစေ။

ဘုရားရှင်၏သဘောထားကို နာခံခြင်းသည် ဘုရား၏ဖန်တီးပေးခြင်း ၊ ထောက်ပံ့ပေးခြင်းကို ရရှိစေသည်။
“အဖဘုရား … ကျွန်ုပ်၌ ဘုရားအလိုတော်ရှိသော လုပ်ဆောင်လိုစေသည်များကို လုပ်ဆောင်ပါမည်။ ငွေကြေး (သို့) အရင်းအနှီးပိုင်ဆိုင်ခြင်းပေါ် ဂရုမထားဘဲ လုပ်ဆောင်ပါမည်။” လို့ သင်ဆိုပါလျှင် အဲဒီအရာကို လုပ်ဆောင်ဖို့ လိုအပ်သောအရာမှန်သမျှကို ဘုရားရှင် ပေးပါလိမ့်မည်။

ဘုရားရှင် လုပ်ဆောင်လိုစေသောအရာကို ကျွန်ုပ်လုပ်ဆောင်စဉ် မတတ်နိုင်သောအရာတွေကို ဘုရားရှင်ကူညီ လုပ်ဆောင်သွားပါတယ်။
သင်၌ရှိသမျှကို ဘုရားရှင်အားအပ်နှံပါ။ မစို့မပို့ ဖြစ်နေလည်း ဘုရားရှင်က သင်ခန့်မှန်းထားတာထက်ကို အဆပေါင်းများစွာ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်သည်။ ကလေးတစ်ဉီးဆီမှယူဆောင်လာသော မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို သခင်ခရစ်တော်ပြုတော်မူသကဲ့သို့ - ထောင်ပေါင်းများစွာသော လူတွေ အံ့ဩရလောက်အောင် စားခဲ့ကြရပါတယ်။

ကျွန်ုပ်လိုအပ်ချိန်တွေမှာ . . . ကျွန်ုပ်မျိုးစေ့ကြဲဖို့ လိုအပ်ပါတယ်။
ဘယ်အရာကိုဘဲဖြစ်ဖြစ် ပိုမိုရယူဖို့ လိုအပ်လျှင် ပေးကမ်းလိုက်ပါ။ ပြန်လည်ရိတ်သိမ်းရဖို့ရန် စိုက်ပျိုးဖို့အတွက် မျိုးစေ့တွေကို ကြဲရပါမည်။

စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းကြားထဲမှာ အမြဲတမ်းကြန့်ကြာပါတယ်။
ရိတ်သိမ်းခြင်းက အလိုအလျောက်မဖြစ်လာပါ။ အချိန် နှင့် စိတ်ရှည်ခြင်းကို လိုအပ်ပါတယ်။

သင်ရက်ရောသည်အတိုင်း သင်၌လိုအပ်သောအရာမှန်သမျှကို ဘုရားရှင် ဂရုပြုစောင့်ရှောက်ပေးမည်ဆိုတာကို အမြဲတမ်း ယုံကြည်နိုင်ပါတယ်။ သူတစ်ပါးကို ပေးကမ်းခြင်းသည်လည်း “ဘုရားရှင်သူတို့ကို ပေးချင်၊ ထောက်ပံ့ပေးချင်တယ်ဆိုတာကို” သင့်အားဖြင့် မြင်နိုင်ဖို့ သင်ကူညီနေခြင်းဖြစ်ပါတယ်။

ဆင်ခြင်ရန်
-သင်ဘာကို လိုအပ်ပါသလဲ။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ရိတ်သိမ်းရဖို့အတွက် ယနေ့မှာ သင်မည်ကဲ့သို့သော မျိုးစေ့ကို ကြဲမည်နည်း။
- သင်၏ရင်းနှီးမြှုပ်နှံထားမှုပေါ် ရိတ်သိမ်းမှုပြုဖို့အတွက် မည်သို့သောအချိန်မှာ ဘုရားရှင်အချိန်ယူပြီး သင့်အားဖော် ပြသနည်း။ သင့်အသက်တာ၏ အချိန်ကာလ တွေကို ပြန်လည်စဉ်းစားကြည့်ပါ။

-ယုံကြည်သူတွေမှာ သူတို့၏ရက်ရောပေးကမ်းခြင်းတွေကို သိချင်စိတ်ဖြစ်ဖို့ရန် ဘာကြောင့်များ ဖြစ်သင့်ပါသနည်း။