When You’re Overwhelmed, Stand Strong

Zawgyi Font
သင္ စိတ္ထိခိုက္ေနခ်ိန္ေတြမွာ ႀကံ့ခိုင္စြာ တည္ရွိေစပါ။
ရာဇဝင္ခ်ဳပ္ ဒုတိယေစာင္ ၂၀:၂၀ “သင္တို႔၏ဘုရားသခင္ကို ယုံၾကည္ၾက ေလာ့။ သို႔ျပဳလၽွင္ တည္ၾကည္ၾကလိမ့္မည္။ ပေရာဖက္ ေတာ္တို႔ကို ယုံၾကည္ၾကေလာ့။ သို႔ျပဳလၽွင္ ေအာင္ျမင္ ၾကလိမ့္မည္ဟု မိန္႔ေတာ္မူ၏။”

ဘုရားရွင္ကို ယုံၾကည္ျခင္းထက္ သင္၏ျပသနာကိုသာ အာ႐ုံစိုက္ေနတဲ့အခါ ေျခကုန္လက္ပန္းက်ျခင္းျဖင့္ ဇာတ္သိမ္းဖို႔သာ ရွိေတာ့မည္။ သင္ အနိုင္ယူျခင္း ခံရဖို႔သာရွိမည္။ ဘာေၾကာင့္လဲဆိုေတာ့ သင္တစ္ဉီးတည္း ရင္ဆိုင္ဖို႔ရန္ ဘုရားရွင္က သင့္ကိုပုံေဖာ္ထားတာမဟုတ္ပါ။ ကိုယ္ပိုင္ခြန္အားျဖင့္ ျပသနာတိုင္းကို ရင္ဆိုင္ဖို႔ လိုအပ္တဲ့ စြမ္းအင္ ၊ တန္ဖိုး သင့္မွာမရွိပါဘူး။ ဘုရား၏ တန္ခိုးကို သင္လိုအပ္ပါတယ္။

တစ္ခ်ိန္တည္းမွာ သင္၏ျပသနာကို အာ႐ုံစိုက္လို႔မရသလို ဘုရားကိုလည္း အာ႐ုံစိုက္လို႔မရပါ။ သင့္ကို လုပ္ေဆာင္ဖို႔ ကတိထားၿပီးေသာအရာေတြႏွင့္ မည္သူက ဘုရားျဖစ္တယ္ဆိုတာကို သင့္အာ႐ုံကို ေျပာင္းလဲဖို႔ လိုပါၿပီ။ 

အသက္တာမွာ သင့္ကို စမ္းသပ္ဖို႔ေတြ ၊ ဆုတ္ယုတ္သြားဖို႔ႏွင့္ ေခ်မႈန္းဖို႔ စေသာ အေတြ႕အၾကဳံေတြျဖင့္ ျပည့္ဝေန ပါတယ္။
ဘုရားရွင္အား “ကၽြန္ုပ္ေတာင္းပန္ပါတယ္၊ အရာအားလုံးႀကိဳးစား ခဲ့ေသာ္ျငားလည္း ဤအေျခေအနေတြကို မကိုင္တြယ္နိုင္ပါ ၊ ဘုရားရွင္အား အပ္ႏွံပါတယ္ ၊ ဘာေၾကာင့္လဲဆိုေတာ့ ဘုရားရွင္ႀကီးျမတ္ေတာ္မူေသာ ေၾကာင့္ျဖစ္ပါတယ္” လို႔ေျပာဖို႔အဆင္သင့္ျဖစ္ေနတဲ့ အခ်ိန္သည္ သင္ေျခကုန္လက္ပန္းက်ေနတဲ့အခ်ိန္ ျဖစ္ပါတယ္။

ဒါေၾကာင့္ သင္စိတ္ထိခိုက္မႈေတြ လႊမ္းမိုးတဲ့အခါမွာ ဘာကိုလုပ္ေဆာင္သင့္ပါသလဲ။ ႀကံ့ခိုင္စြာ တည္ေနဖို႔ဘဲျဖစ္တယ္။
ႀကံ့ခိုင္စြာတည္ေနျခင္းက ဘုရားရွင္၏ ဝိေသသလကၡဏာ၌ တိတ္ဆိတ္စြာယုံစားေသာ သေဘာထားျခင္းမ်ိဳး ျဖစ္ပါတယ္။ သန႔္ရွင္းေသာ ဝိညာဥ္ေတာ္ ႏွင့္ ႏႈတ္ကပတ္ေတာ္မွတစ္ဆင့္ ေဖာ္ျပေသာအရာေပၚ သင့္ယုံၾကည္ ျခင္းအား တည္ထားပါလၽွင္ ေအာင္ျမင္ျခင္းကို သင္ပိုင္ဆိုင္ရပါမည္။ ဘုရားရွင္ႏွင့္အတူ ရွိပါလၽွင္ ဘယ္ေတာ့မွ လက္ေလ်ာ့ အရႈံးေပးရျခင္းမ်ိဳး သင္၌မရွိေတာ့ျခင္းက သင္ႀကံ့ခိုင္စြာတည္ေနျခင္းေၾကာင့္ ျဖစ္ပါတယ္။

ဝန္ထုပ္ဝန္ပိုးေတြက ဒုကၡျဖစ္ေစတဲ့အခါ စိတ္၏ ဖိအားေပးေအာက္မွာ ၿပိဳလဲသြားေစဖို႔ ေသြးေဆာင္ျဖားေရာင္း ျခင္း ခံရေကာင္း ခံရပါမည္။ ကြဲျပားေနတဲ့ အေျခအေနေတြကေန သင့္ကို ေမွာက္ယက္လဲဖို႔ ဘုရားရွင္ အလိုေတာ္မရွိပါ။ သင္၏သမာဓိတည္ၾကည္မႈေတြကိုလည္း စြန႔္လႊတ္ဖို႔ ဘုရားအလိုေတာ္မရွိပါ။ အဲဒီအရာေတြကေန သင္ယူဖို႔ႏွင့္ စိန္ေခၚမႈေတြကေနတစ္ဆင့္ ေက်ာ္လႊားဖို႔ရန္ ဘုရားရွင္အား ယုံၾကည္ျခင္းရွိဖို႔ အလိုေတာ္ရွိပါတယ္။ သင္အႀကံအစည္ျဖင့္ ေျပးလၽွင္ ဘုရားဆီမွ “သင္ယူမႈ” ေတြကို သင္လႊတ္သြားမည္ျဖစ္ၿပီး အဲဒီ သင္ခန္းစာကို ေနာက္ထပ္တစ္ႀကိမ္ ျပဳရဖို႔ အခြင့္အေရးရွိပါတယ္။ 

သင္ေအာင္ျမင္ဖို႔ကို ဘုရားရွင္ အာမခံထားပါတယ္။ ဒါေပမဲ့ သင္၏ကိစၥေတြအတြက္ ႀကံ့ခိုင္ေစခ်င္တယ္ဆိုလၽွင္ ဘုရားရွင္ႏွင့္ သူ၏ႏႈတ္ကပတ္ေတာ္ ကို အာ႐ုံစိုက္ၿပီး ယုံၾကည္ေနဖို႔လိုအပ္ပါတယ္။ 

သုတၱံ ၃:၅-၇ “ထာဝရဘုရားကို စိတ္ႏွလုံးအႂကြင္းမဲ့ ကိုးစားေလာ့။ ကိုယ္ဥာဏ္ကို အမွီမျပဳႏွင့္။ သြားေလရာရာ၌ ထာဝရဘုရားကို မ်က္ေမွာက္ ျပဳေလာ့။ သို႔ျပဳလၽွင္၊ သင္၏လမ္းခရီးတို႔ကို ပဲ့ျပင္ေတာ္ မူမည္။ ငါသည္ပညာရွိ၏ဟု ကိုယ္ကို မထင္ႏွင့္။ ထာဝရဘုရားကို ေၾကာက္ရြံ့၍ ဒုစရိုက္ကိုေရွာင္ေလာ့။ ”

ဆင္ျခင္ရန္
-ေနာက္ပိုင္းမွာ သင္မည္သို႔ေသာအရာကို အာ႐ုံစိုက္ခဲ့ဖူးပါသနည္း။ အဲဒီအရာက သင္အခက္အခဲရင္ဆိုင္ရခ်ိန္ေတြမွာ ဘုရားရွင္ထံ လွည့္ဖို႔အတြက္ ေဝးကြာေစပါသလား။
-ဘုရားသခင္၏ ဝိေသသလကၡဏာႏွင့္ ႏႈတ္ကပတ္ေတာ္တြင္ ယုံၾကည္မႈျဖစ္ဖို႔ရန္ဆိုတာ မည္ကဲ့သို႔နည္း။
-ယေန႔မွာ ဘုရားကို သိဖို႔ႏွင့္ ႏႈတ္ကပတ္ေတာ္ကို နက္ရွိုင္းစြာသိဖို႔ရန္ မည္ကဲ့သို သင္ အာ႐ုံစိုက္နိုင္မည္နည္း။ ဘုရားရွင္၏ သင့္အေပၚေခၚေတာ္မူျခင္းကတိေတာ္ကို ပိုမိုေကာင္းစြာ အမွတ္ရေစဖို႔အတြက္ မည္ကဲ့သို႔ေသာ အေလ့အထအားျဖင့္ သင္စတင္အသြင္ ေဆာင္နိုင္မည္နည္း။ 


-------------------------------------------------------------------------------
Unicode Code
သင် စိတ်ထိခိုက်နေချိန်တွေမှာ ကြံ့ခိုင်စွာ တည်ရှိစေပါ။
ရာဇဝင်ချုပ် ဒုတိယစောင် ၂၀:၂၀ “သင်တို့၏ဘုရားသခင်ကို ယုံကြည်ကြ လော့။ သို့ပြုလျှင် တည်ကြည်ကြလိမ့်မည်။ ပရောဖက် တော်တို့ကို ယုံကြည်ကြလော့။ သို့ပြုလျှင် အောင်မြင် ကြလိမ့်မည်ဟု မိန့်တော်မူ၏။”

ဘုရားရှင်ကို ယုံကြည်ခြင်းထက် သင်၏ပြသနာကိုသာ အာရုံစိုက်နေတဲ့အခါ ခြေကုန်လက်ပန်းကျခြင်းဖြင့် ဇာတ်သိမ်းဖို့သာ ရှိတော့မည်။ သင် အနိုင်ယူခြင်း ခံရဖို့သာရှိမည်။ ဘာကြောင့်လဲဆိုတော့ သင်တစ်ဉီးတည်း ရင်ဆိုင်ဖို့ရန် ဘုရားရှင်က သင့်ကိုပုံဖော်ထားတာမဟုတ်ပါ။ ကိုယ်ပိုင်ခွန်အားဖြင့် ပြသနာတိုင်းကို ရင်ဆိုင်ဖို့ လိုအပ်တဲ့ စွမ်းအင် ၊ တန်ခိုး သင့်မှာမရှိပါဘူး။ ဘုရား၏ တန်ခိုးကို သင်လိုအပ်ပါတယ်။

တစ်ချိန်တည်းမှာ သင်၏ပြသနာကို အာရုံစိုက်လို့မရသလို ဘုရားကိုလည်း အာရုံစိုက်လို့မရပါ။ သင့်ကို လုပ်ဆောင်ဖို့ ကတိထားပြီးသောအရာတွေနှင့် မည်သူက ဘုရားဖြစ်တယ်ဆိုတာကို သင့်အာရုံကို ပြောင်းလဲဖို့ လိုပါပြီ။

အသက်တာမှာ သင့်ကို စမ်းသပ်ဖို့တွေ ၊ ဆုတ်ယုတ်သွားဖို့နှင့် ချေမှုန်းဖို့ စသော အတွေ့အကြုံတွေဖြင့် ပြည့်ဝနေ ပါတယ်။
ဘုရားရှင်အား “ကျွန်ုပ်တောင်းပန်ပါတယ်၊ အရာအားလုံးကြိုးစား ခဲ့သော်ငြားလည်း ဤအခြေအေနတွေကို မကိုင်တွယ်နိုင်ပါ ၊ ဘုရားရှင်အား အပ်နှံပါတယ် ၊ ဘာကြောင့်လဲဆိုတော့ ဘုရားရှင်ကြီးမြတ်တော်မူသော ကြောင့်ဖြစ်ပါတယ်” လို့ပြောဖို့အဆင်သင့်ဖြစ်နေတဲ့ အချိန်သည် သင်ခြေကုန်လက်ပန်းကျနေတဲ့အချိန် ဖြစ်ပါတယ်။

ဒါကြောင့် သင်စိတ်ထိခိုက်မှုတွေ လွှမ်းမိုးတဲ့အခါမှာ ဘာကိုလုပ်ဆောင်သင့်ပါသလဲ။ ကြံ့ခိုင်စွာ တည်နေဖို့ဘဲဖြစ်တယ်။
ကြံ့ခိုင်စွာတည်နေခြင်းက ဘုရားရှင်၏ ဝိသေသလက္ခဏာ၌ တိတ်ဆိတ်စွာယုံစားသော သဘောထားခြင်းမျိုး ဖြစ်ပါတယ်။ သန့်ရှင်းသော ဝိညာဉ်တော် နှင့် နှုတ်ကပတ်တော်မှတစ်ဆင့် ဖော်ပြသောအရာပေါ် သင့်ယုံကြည် ခြင်းအား တည်ထားပါလျှင် အောင်မြင်ခြင်းကို သင်ပိုင်ဆိုင်ရပါမည်။ ဘုရားရှင်နှင့်အတူ ရှိပါလျှင် ဘယ်တော့မှ လက်လျော့ အရှုံးပေးရခြင်းမျိုး သင်၌မရှိတော့ခြင်းက သင်ကြံ့ခိုင်စွာတည်နေခြင်းကြောင့် ဖြစ်ပါတယ်။

ဝန်ထုပ်ဝန်ပိုးတွေက ဒုက္ခဖြစ်စေတဲ့အခါ စိတ်၏ ဖိအားပေးအောက်မှာ ပြိုလဲသွားစေဖို့ သွေးဆောင်ဖြားရောင်း ခြင်း ခံရကောင်း ခံရပါမည်။ ကွဲပြားနေတဲ့ အခြေအနေတွေကနေ သင့်ကို မှောက်ယက်လဲဖို့ ဘုရားရှင် အလိုတော်မရှိပါ။ သင်၏သမာဓိတည်ကြည်မှုတွေကိုလည်း စွန့်လွှတ်ဖို့ ဘုရားအလိုတော်မရှိပါ။ အဲဒီအရာတွေကနေ သင်ယူဖို့နှင့် စိန်ခေါ်မှုတွေကနေတစ်ဆင့် ကျော်လွှားဖို့ရန် ဘုရားရှင်အား ယုံကြည်ခြင်းရှိဖို့ အလိုတော်ရှိပါတယ်။ သင်အကြံအစည်ဖြင့် ပြေးလျှင် ဘုရားဆီမှ “သင်ယူမှု” တွေကို သင်လွှတ်သွားမည်ဖြစ်ပြီး အဲဒီ သင်ခန်းစာကို နောက်ထပ်တစ်ကြိမ် ပြုရဖို့ အခွင့်အရေးရှိပါတယ်။

သင်အောင်မြင်ဖို့ကို ဘုရားရှင် အာမခံထားပါတယ်။ ဒါပေမဲ့ သင်၏ကိစ္စတွေအတွက် ကြံ့ခိုင်စေချင်တယ်ဆိုလျှင် ဘုရားရှင်နှင့် သူ၏နှုတ်ကပတ်တော် ကို အာရုံစိုက်ပြီး ယုံကြည်နေဖို့လိုအပ်ပါတယ်။

သုတ္တံ ၃:၅-၇ “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။ ငါသည်ပညာရှိ၏ဟု ကိုယ်ကို မထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။ ”

ဆင်ခြင်ရန်
-နောက်ပိုင်းမှာ သင်မည်သို့သောအရာကို အာရုံစိုက်ခဲ့ဖူးပါသနည်း။ အဲဒီအရာက သင်အခက်အခဲရင်ဆိုင်ရချိန်တွေမှာ ဘုရားရှင်ထံ လှည့်ဖို့အတွက် ဝေးကွာစေပါသလား။
-ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် နှုတ်ကပတ်တော်တွင် ယုံကြည်မှုဖြစ်ဖို့ရန်ဆိုတာ မည်ကဲ့သို့နည်း။
-ယနေ့မှာ ဘုရားကို သိဖို့နှင့် နှုတ်ကပတ်တော်ကို နက်ရှိုင်းစွာသိဖို့ရန် မည်ကဲ့သို သင် အာရုံစိုက်နိုင်မည်နည်း။ ဘုရားရှင်၏ သင့်အပေါ်ခေါ်တော်မူခြင်းကတိတော်ကို ပိုမိုကောင်းစွာ အမှတ်ရစေဖို့အတွက် မည်ကဲ့သို့သော အလေ့အထအားဖြင့် သင်စတင်အသွင် ဆောင်နိုင်မည်နည်း။