When You Pray for Relief, Worship First

Zawgyi Font
သက္သာရာရဖို႔အတြက္ သင္ဆုေတာင္းတဲ့အခါ အရင္ဆုံးဝတ္ျပဳကိုးကြယ္ပါ။
ရာဇဝ င္ခ်ဳပ္ဒုတိယေစာင္ ၂၀:၅-၆ “ေယာရွဖတ္သည္ ဗိမာန္ေတာ္တန္တိုင္းသစ္ေရွ႕ ယုဒျပည္သူေယရႈရွလင္ၿမိဳ႕သား စည္းေဝးရာ ပရိသတ္အလယ္၌ရပ္လ်က္ ….. ဆုေတာင္း၏။”

မျဖစ္နိုင္စရာ အေျခအေနေရာက္ေနတယ္လို႔ ခံစားရတဲ့ အခ်ိန္ကာလေတြိ ၊ အဖက္ဖက္မွ တိုက္ခိုက္မႈေတြ ေတြ႕ၾကဳံသလိုခံစားရေသာ အခ်ိန္ကာလေတြသည္ ဘဝအသက္တာမွာ ပါဝင္ေနပါတယ္။ ဤအရာမ်ိဳးသည္ ရွင္ဘုရင္ ေယာရွဖတ္၌လည္း ျဖစ္ပ်က္ခဲ့ပါတယ္။ မတူညီေသာ တိုင္းျပည္ (၃) ျပည္မွ စစ္ေၾကာင္းေတြကို ရင္ဆိုင္ရတဲ့အခါ ဘုရားထံဆုေတာင္းခဲ့သူျဖစ္တယ္။ အဲဒီလိုအခ်ိန္ကာေလေတြကို ျဖတ္ေက်ာ္နိုင္ဖို႔ရန္ သင္၏ဆုေတာင္းကိုလည္း ဘုရင္ေယာရွဖတ္ သက္သာ ရာရဖို႔ ၊ ကယ္မမႈ ရဖို႔အတြက္ျပဳသကဲ့သို႔ နမူနာယူေလ့လာဖို႔ လိုအပ္ပါတယ္။

ရာဇဝင္ခ်ဳပ္ ဒုတိယေစာင္တြင္ ေဖာ္ျပထားေသာ ေယာရွဖတ္လုပ္ေဆာင္ခဲ့သည္အရာ (၃) မ်ိဳးကဲ့သို႔ သင္သည္လည္း လုပ္ေဆာင္နိုင္ပါတယ္။

ဘုရားရွင္ထံ ျပန္လည္အာ႐ုံစူးစိုက္မႈျပဳပါ။
သင္၏ျပသနာက သင့္အေရွ႕ကေန ေပၚထြက္လာေသာ္လည္း သင္၏အာ႐ုံကို ဘုရားသခင္၏ ကတိေတာ္ႏွင့္ ဝိေသသလကၡဏာေပၚတြင္ ေရြ႕ေျပာင္းလိုက္ပါ။ ေယာရွဖတ္က “အဖဘုရား ကိုယ္ေတာ္သည္ တိုင္းနိုင္ငံရွိသမၽွတို႔ကို အစိုးရေတာ္မူသည္မဟုတ္ေလာ ။ အဘယ္သူမၽွ မဆီးတားနိုင္ေအာင္ ခြန္အားတန္ခိုးႀကီးေတာ္မူသည္ မဟုတ္ေလာ။ ကၽြန္ုပ္ရင္ဆိုင္ေတြ႕ၾကဳံရမည့္အရာေတြထက္ တန္ခိုးႀကီးေတာ္မူသည္မဟုတ္ေလာ။” လို႔သူ၏ဆုေတာင္းမွာ ေမးခဲ့ပါ တယ္။ သင္၏ျပသနာေတြသည္လည္း သင္ကိုယ္တြယ္ဖို႔ရန္ အလြန္ႀကီးမားေနမည္။ ဒါေပမဲ့ ဘုရားအတြက္ ေတာ့ ဘယ္ေတာ့မွ မႀကီးမားပါ။ သင္၏အာ႐ုံစိုက္မႈေတြကို ေျပာင္းေရြ႕ျခင္းအားျဖင့္ သင္၏ရႈျမင္မႈေတြကို ေျပာင္းလဲလိုက္ပါ။

ဘုရားရွင္၏ သစၥာေစာင့္သိခဲ့မႈ ၊ တိက်ေသခ်ာခဲ့မႈေတြကို ျပန္လည္သတိရပါ။
ေယာရွဖတ္သည္ ဣသေရလ လူမ်ိဳးတို႔ေပၚ ဘုရားရွင္ျပဳခဲ့ေသာ လုပ္ေဆာင္မႈေတြကို ျပန္လည္ေရတြက္ခဲ့ပါတယ္။ ဘုရားရွင္၏ သင့္အေပၚလုပ္ေဆာင္ခဲ့သမၽွေတြကို ျပန္လည္သတိရေအာက္ေမ့ျခင္းသည္ အနာဂတ္ကာလေတြအတြက္ သူ႔ကို ယုံၾကည္ဖို႔ရန္ အကူအညီျဖစ္ေစပါသည္။ သင့္အသက္တာတြင္ ဘုရားရွင္ ႀကီးမားတဲ့လုပ္ေဆာင္မႈလုပ္ခဲ့တဲ့ အခ်ိန္ကာလေတြကို ျပန္လည္သတိရဖို႔ လိုအပ္ပါတယ္။

ဘုရားရွင္၏ ကူညီမစမႈကို ေတာင္းခံပါ။
ေယာရွဖတ္၏ အေျခခံဆုေတာင္းခဲ့ေသာ .. “အဖဘုရား ၊ ကၽြန္ုပ္၏ျပသနာေတြသည္ ကိုယ္ေတာ္အတြက္ မခက္ခဲပါ။ အရင္ကာလေတြမွာ ကိုယ္ေတာ္ကူညီခဲ့ပါတယ္။ ယခုတြင္လည္း ထပ္မံလုပ္ေဆာင္ေတာ္မူပါ”။ ဘုရားရွင္ သင့္ကို ခ်စ္သည္ .. သင္၏ျပသနာေတြကိုလည္း ဂ႐ုစိုက္ေတာ္မူသည္။”

ေယာရွဖတ္၏ဆုေတာင္းသည္ ေမးခြန္း (၃) မ်ိဳးျဖင့္တည္ေဆာက္ထားပါသည္။ “ကိုယ္ေတာ္သည္ ေကာင္းကင္ဘုံ ၏အရွင္သခင္ ျဖစ္ေတာ္မူသည္မဟုတ္ေလာ?” ၊  “အကၽြန္ုပ္တို႔ကို ယခင္အခ်ိန္က ကူညီခဲ့သည္မဟုတ္ ေလာ?” ၊ ကိုယ္ေတာ္ထပ္မံၿပီး မျပဳသေလာ?” တို႔ျဖစ္ပါတယ္။

စိတ္ထိခိုက္ေနခဲ့တဲ့ခါ ဘုရားရွင္၏အကူအညီ သင္လိုအပ္ပါတယ္။ ဒါေပမဲ့ သင္၏အနည္းငယ္ေသာဆုေတာင္းခ်က္ေတြ တင္လိုက္႐ုံေလးနဲ႔ လိုခ်င္တာမွန္သမၽွရဖို႔ေပးတတ္တဲ့ “vending machine”မ်ိဳး မဟုတ္ဘူး ဆိုတာကို သင္နားလည္ သေဘာေပါက္ဖို႔ အေရးႀကီးပါတယ္။ အရင္ ဝတ္ျပဳကိုးကြယ္ဖို႔ သင့္အား ဘုရားရွင္အလိုေတာ္ရွိပါတယ္။ ဘုရားရွင္အား အာ႐ုံျပဳၿပီး သူ၏ကတိျပဳမႈေတြ၊ သစၥာရွိမႈေတြ အတြက္ ေက်းဇူးတင္လိုက္ေသာအခ်ိန္သည္ သင္ဝတ္ျပဳေနခ်ိန္ ျဖစ္ပါတယ္။ ေနာက္ၿပီး ဘုရား၏အကူအညီ မစမႈကို ေတာင္းခံၿပီး ဆုေတာင္းလိုက္ပါ။

ေယာရွဖတ္သည္ ထာဝရဘုရားအား အကူအညီေတာင္းခံၿပီး သစၥာရွိစြာ ဝတ္ျပဳကိုးကြယ္ခဲ့တယ္။ ဘုရားရွင္သည္လည္း သူ႔အား ရန္သူလက္မွ ကယ္မခဲ့ပါတယ္။ ထိုနည္းတူစြာ သင့္အတြက္ ဘုရားျပဳေတာ္မူပါမည္။

---------------------------------------------------------------------------------------------------------------------
Unicode


သက်သာရာရဖို့အတွက် သင်ဆုတောင်းတဲ့အခါ အရင်ဆုံးဝတ်ပြုကိုးကွယ်ပါ။
ရာဇဝင်ချုပ်ဒုတိယစောင် ၂၀:၅-၆ “ယောရှဖတ်သည် ဗိမာန်တော်တန်တိုင်းသစ်ရှေ့ ယုဒပြည်သူယေရှုရှလင်မြို့သား စည်းဝေးရာ ပရိသတ်အလယ်၌ရပ်လျက် ….. ဆုတောင်း၏။”

မဖြစ်နိုင်စရာ အခြေအနေရောက်နေတယ်လို့ ခံစားရတဲ့ အချိန်ကာလတွေိ အဖက်ဖက်မှ တိုက်ခိုက်မှုတွေ တွေ့ကြုံသလိုခံစားရသော အချိန်ကာလတွေသည် ဘဝအသက်တာမှာ ပါဝင်နေပါတယ်။ ဤအရာမျိုးသည် ရှင်ဘုရင် ယောရှဖတ်၌လည်း ဖြစ်ပျက်ခဲ့ပါတယ်။ မတူညီသော တိုင်းပြည် (၃) ပြည်မှ စစ်ကြောင်းတွေကို ရင်ဆိုင်ရတဲ့အခါ ဘုရားထံဆုတောင်းခဲ့သူဖြစ်တယ်။ အဲဒီလိုအချိန်ကာလေတွေကို ဖြတ်ကျော်နိုင်ဖို့ရန် သင်၏ဆုတောင်းကိုလည်း ဘုရင်ယောရှဖတ် သက်သာ ရာရဖို့ ၊ ကယ်မမှု ရဖို့အတွက်ပြုသကဲ့သို့ နမူနာယူလေ့လာဖို့ လိုအပ်ပါတယ်။

ရာဇဝင်ချုပ် ဒုတိယစောင်တွင် ဖော်ပြထားသော ယောရှဖတ်လုပ်ဆောင်ခဲ့သည်အရာ (၃) မျိုးကဲ့သို့ သင်သည်လည်း လုပ်ဆောင်နိုင်ပါတယ်။

ဘုရားရှင်ထံ ပြန်လည်အာရုံစူးစိုက်မှုပြုပါ။
သင်၏ပြသနာက သင့်အရှေ့ကနေ ပေါ်ထွက်လာသော်လည်း သင်၏အာရုံကို ဘုရားသခင်၏ ကတိတော်နှင့် ဝိသေသလက္ခဏာပေါ်တွင် ရွေ့ပြောင်းလိုက်ပါ။ ယောရှဖတ်က “အဖဘုရား ကိုယ်တော်သည် တိုင်းနိုင်ငံရှိသမျှတို့ကို အစိုးရတော်မူသည်မဟုတ်လော ။ အဘယ်သူမျှ မဆီးတားနိုင်အောင် ခွန်အားတန်ခိုးကြီးတော်မူသည် မဟုတ်လော။ ကျွန်ုပ်ရင်ဆိုင်တွေ့ကြုံရမည့်အရာတွေထက် တန်ခိုးကြီးတော်မူသည်မဟုတ်လော။” လို့သူ၏ဆုတောင်းမှာ မေးခဲ့ပါ တယ်။ သင်၏ပြသနာတွေသည်လည်း သင်ကိုယ်တွယ်ဖို့ရန် အလွန်ကြီးမားနေမည်။ ဒါပေမဲ့ ဘုရားအတွက် တော့ ဘယ်တော့မှ မကြီးမားပါ။ သင်၏အာရုံစိုက်မှုတွေကို ပြောင်းရွေ့ခြင်းအားဖြင့် သင်၏ရှုမြင်မှုတွေကို ပြောင်းလဲလိုက်ပါ။

ဘုရားရှင်၏ သစ္စာစောင့်သိခဲ့မှု ၊ တိကျသေချာခဲ့မှုတွေကို ပြန်လည်သတိရပါ။
ယောရှဖတ်သည် ဣသရေလ လူမျိုးတို့ပေါ် ဘုရားရှင်ပြုခဲ့သော လုပ်ဆောင်မှုတွေကို ပြန်လည်ရေတွက်ခဲ့ပါတယ်။ ဘုရားရှင်၏ သင့်အပေါ်လုပ်ဆောင်ခဲ့သမျှတွေကို ပြန်လည်သတိရအောက်မေ့ခြင်းသည် အနာဂတ်ကာလတွေအတွက် သူ့ကို ယုံကြည်ဖို့ရန် အကူအညီဖြစ်စေပါသည်။ သင့်အသက်တာတွင် ဘုရားရှင် ကြီးမားတဲ့လုပ်ဆောင်မှုလုပ်ခဲ့တဲ့ အချိန်ကာလတွေကို ပြန်လည်သတိရဖို့ လိုအပ်ပါတယ်။

ဘုရားရှင်၏ ကူညီမစမှုကို တောင်းခံပါ။
ယောရှဖတ်၏ အခြေခံဆုတောင်းခဲ့သော .. “အဖဘုရား ၊ ကျွန်ုပ်၏ပြသနာတွေသည် ကိုယ်တော်အတွက် မခက်ခဲပါ။ အရင်ကာလတွေမှာ ကိုယ်တော်ကူညီခဲ့ပါတယ်။ ယခုတွင်လည်း ထပ်မံလုပ်ဆောင်တော်မူပါ”။ ဘုရားရှင် သင့်ကို ချစ်သည် .. သင်၏ပြသနာတွေကိုလည်း ဂရုစိုက်တော်မူသည်။”

ယောရှဖတ်၏ဆုတောင်းသည် မေးခွန်း (၃) မျိုးဖြင့်တည်ဆောက်ထားပါသည်။ “ကိုယ်တော်သည် ကောင်းကင်ဘုံ ၏အရှင်သခင် ဖြစ်တော်မူသည်မဟုတ်လော?” ၊  “အကျွန်ုပ်တို့ကို ယခင်အချိန်က ကူညီခဲ့သည်မဟုတ် လော?” ၊ ကိုယ်တော်ထပ်မံပြီး မပြုသလော?” တို့ဖြစ်ပါတယ်။

စိတ်ထိခိုက်နေခဲ့တဲ့ခါ ဘုရားရှင်၏အကူအညီ သင်လိုအပ်ပါတယ်။ ဒါပေမဲ့ သင်၏အနည်းငယ်သောဆုတောင်းချက်တွေ တင်လိုက်ရုံလေးနဲ့ လိုချင်တာမှန်သမျှရဖို့ပေးတတ်တဲ့ “vending machine”မျိုး မဟုတ်ဘူး ဆိုတာကို သင်နားလည် သဘောပေါက်ဖို့ အရေးကြီးပါတယ်။ အရင် ဝတ်ပြုကိုးကွယ်ဖို့ သင့်အား ဘုရားရှင်အလိုတော်ရှိပါတယ်။ ဘုရားရှင်အား အာရုံပြုပြီး သူ၏ကတိပြုမှုတွေ၊ သစ္စာရှိမှုတွေ အတွက် ကျေးဇူးတင်လိုက်သောအချိန်သည် သင်ဝတ်ပြုနေချိန် ဖြစ်ပါတယ်။ နောက်ပြီး ဘုရား၏အကူအညီ မစမှုကို တောင်းခံပြီး ဆုတောင်းလိုက်ပါ။

ယောရှဖတ်သည် ထာဝရဘုရားအား အကူအညီတောင်းခံပြီး သစ္စာရှိစွာ ဝတ်ပြုကိုးကွယ်ခဲ့တယ်။ ဘုရားရှင်သည်လည်း သူ့အား ရန်သူလက်မှ ကယ်မခဲ့ပါတယ်။ ထိုနည်းတူစွာ သင့်အတွက် ဘုရားပြုတော်မူပါမည်။