Zawgyi Font
သင္၏ ျမတ္နိုးတန္ဖိုးထားရမႈေတြကို ယုံၾကည္ျခင္းအားျဖင့္ မွတ္ယူပါ။
သင္၏ ျမတ္နိုးတန္ဖိုးထားရမႈေတြကို ယုံၾကည္ျခင္းအားျဖင့္ မွတ္ယူပါ။
မႆဲ၂၅:၂၁ “အရွင္ကလည္း၊ သာဓု၊ သစၥာရွိေသာ ငယ္သားေကာင္း။ သင္သည္ အမႈငယ္၌သစၥာေစာင့္ေလၿပီ။ မ်ား စြာေသာ အမႈအခြင့္ကို သင္၌ငါအပ္ေပးမည္။ သင္၏သခင္ႏွင့္အတူ စည္းစိမ္ကိုဝင္စားေလာ့ဟု မိန္႔ေတာ္မူ၏။”
ကမၻာေျမေပၚရွိ ကၽြန္ုပ္တို႔၏အသက္တာ အခ်ိန္ခဏတာတြင္ ဘယ္အရာကိုမၽွ စစ္မွန္စြာပိုင္ဆိုင္ၾကသည္မဟုတ္ပါ။ ကၽြန္ုပ္တို႔ အသက္ရွင္ေနထိုင္စဥ္ကာလတြင္ ပိုင္ဆိုင္ထားတယ္လို႔ဆိုတဲ့အရာေတြက ဘုရားသခင္ ေခ်းငွားေပးထား တာပါ။ ဆာလံ ၂၄:၁ “ထာဝရဘုရားသည္ ေျမႀကီးႏွင့္ ေျမႀကီးတန္ဆာ ကို၎၊ ေလာကဓာတ္ႏွင့္ေလာကသား တို႔ကို၎၊ ပိုင္ေတာ္မူ၏။ ၂အေၾကာင္းမူကား၊ ထိုေနရာကို သမုဒၵရာေပၚ မွာတည္၍၊ ေရမ်ားေပၚမွာ ျမဲၿမံေစေတာ္မူၿပီ။”
ေလကတြင္ ရွိေသာ ပစၥည္းဉစၥာေတြကို ေစာင့္ေရွာက္ဖို႔အတြက္ ႏွင့္ စီမံဖို႔အတြက္ ဘုရားက လူသားေတြကို ပထမဉီးတာဝန္ ေပးထားခဲ့ပါတယ္။ ဤအခန္းက႑က ဘယ္ေတာ့မွ မပယ္ဖ်က္ပါ။ ဒါသည္ ယေန႔ကၽြန္ုပ္တို႔ ရည္ရြယ္ခ်က္ေတြ၏ တစ္စိတ္တစ္ပိုင္းျဖစ္ပါတယ္။ ကၽြန္ုပ္တို႔ ေမြ႕ေလ်ာ္ေသာအရာအားလုံးတို႔သည္ ကၽြန္ုပ္တို႔၏လက္ ထဲသို႔ ဘုရားရွင္အပ္ႏွင္းထားေသာအရာဟု ယုံၾကည္ျခင္းအားျဖင့္ မွတ္ယူသေဘာထားရပါမည္။
လြန္ခဲ့ေသာႏွစ္အနည္းငယ္က ဇနီးေမာင္ႏွံစုံတြဲတစ္တြဲသည္ ကၽြန္ေတာ္ႏွင့္ ကၽြန္ေတာ့ဇနီးတို႔ကို သူတို႔၏ ဟာဝါရီမွာရွိတဲ့ ပင္လယ္ျပင္ေရွ႕ကအိမ္သို႔ အပန္းေျဖခရီးအတြက္ အသုံးျပဳခြင့္ေပးပါတယ္။ “ကိုယ့္အိမ္လို သေဘာ ထားၿပီး အသုံးျပဳပါ” လို႔သူတို႔မွာသကဲ့သို႔ ကၽြန္ုပ္တို႔ အပန္းေျပဖို႔ရာ ေနထိုင္ခဲ့ပါတယ္။ ေရကူးကန္မွာ ေရကူးၾကတယ္၊ ေရခဲေသတၱာထဲက အစာေတြကို စားသုံးခဲ့တယ္၊ ေရခ်ိဳးခန္းက ပုဝါေတြ ၊ ခြက္ေယာက္ပန္းကန္ေတြ အသုံးျပဳခဲ့တယ္။ ၿပီးေတာ့ အေပ်ာ္သေဘာျဖင့္ ကုတင္ေပၚမွာေတာင္ ခုန္ခဲ့ပါေသးတယ္။
ဒါေပမဲ့ အရာရာတိုင္းကို ကၽြန္ုပ္တို႔မပိုင္ဆိုင္ခဲ့ဘူးဆိုတာ သိခဲ့တယ္။ ဒါေၾကာင့္ ဂ႐ုတစိုက္ျဖင့္ အရာအာလုံးကို အသုံးျပဳခဲ့ပါတယ္။ အဲဒီအိမ္ကို မပိုင္ဆိုင္ရဘဲ အက်ိဳးရွိစြာအသုံးျပဳခဲ့ရတာေတြကို ေမြ႕ေလ်ာ္ပါတယ္ ၊ ေပ်ာ္ရႊင္ခဲ့ပါတယ္။ ကၽြန္ုပ္တို႔ကို ေပးထားေသာ ေကာင္းခ်ီးေတြအတြက္ ေကာင္းေသာ ဘ႑စိုး /ပစၥည္းထိန္း အျဖစ္ တာဝန္ယူဖို႔ျဖစ္ပါတယ္။
ဘုရားရွင္ဆီ ကၽြန္ုပ္တို႔၏တာဝန္ယူျခင္း ၊ တာဝန္ရွိျခင္းေတြကို ပုံေဆာင္ဖို႔ရန္အတြက္ သခင္ခရစ္ေတာ္က မၾကာခဏ ဆိုသလို ယုံၾကည္ျခင္းအားျဖင့္ အသက္ရွင္ၾကဖို႔ရန္ မ်ားစြာေသာ အျဖစ္အပ်က္ေတြျဖင့္ ရည္ညႊန္းေျပာဆိုခဲ့ပါတယ္။ ပင္ကိုစြမ္းရည္ႏွင့္ဆိုင္ေသာ ဇာတ္ေၾကာင္းထဲတြင္ လုပ္ငန္းရွင္သည္ အေစခံတစ္ဉီးခ်င္းစီ၏ တာဝန္ယူမႈေပၚ ခ်င့္တြက္ၿပီး ဆုလဒ္ေပးသနားေတာ္မူပါတယ္။
မႆဲ၂၅:၂၁ “အရွင္ကလည္း၊ သာဓု၊ သစၥာရွိေသာ ငယ္သားေကာင္း။ သင္သည္ အမႈငယ္၌သစၥာေစာင့္ေလၿပီ။ မ်ား စြာေသာ အမႈအခြင့္ကို သင္၌ငါအပ္ေပးမည္။ သင္၏သခင္ႏွင့္အတူ စည္းစိမ္ကိုဝင္စားေလာ့ဟု မိန္႔ေတာ္မူ၏။”
သင့္အသက္တာ ကုန္ဆုံးခ်ိန္၌ သင္သည္လည္း ဘုရားအပ္ႏွံခဲ့ေသာအရာေပၚ မည္ကဲ့သို႔ ေကာင္းစြာကိုင္တြယ္ျခင္း ေတြအတိုင္း တန္ဖိုးခ်င့္တြက္ခံရမည္ျဖစ္ၿပီး ဆုလဒ္ေတာ္ခ်ီးျမႇင္းခံရမည္ျဖစ္သည္။ အဒီအဓိပၸါယ္က သင္ျပဳသမၽွေသာ အရာအားလုံး တို႔သည္ - ေန႔စဥ္ရိုးရွင္းေသာအိမ္မႈကိစၥအပါအဝင္ နိစၥထာဝရအတြက္ ပါဝင္ပတ္သက္ျခင္း ေတြရွိပါတယ္။ အရာအားလုံးကို ယုံၾကည္ျခင္းအားျဖင့္ လက္ခံသေဘာထားတယ္ဆိုလၽွင္ ဆုလဒ္ေတာ္သည္ နိစၥထာဝရတြင္ရွိေနသည္ကို ဘုရားရွင္ ကတိေပးထားၿပီးျဖစ္သည္။
ပထမဉီးစြာ ဘုရားသခင္၏အတည္ျပဳခ်က္ကို သင္ရရွိပါမည္။ ဘုရားက သင့္အား “Good job! Well done!” လို႔ေျပာၿပီးေနာက္တြင္ ရာထူးတိုးျမႇင့္ျခင္းေတြႏွင့္ နိစၥထာဝရတြင္ ပိုၿပီးႀကီးျမတ္တဲ့ တာဝန္ယူမႈေတြကို ေပးအပ္ျခင္း ခံရပါမည္။ “I will put you in charge of many things.” Then you will be honored with a celebration: “Come and share your Master’s happiness.”
ဘုရားရွင္၏ ေကာင္းခ်ီးေပးမႈေတြသည္ အျမဲတမ္းသစၥာရွိေသာ ဘ႑ာထိန္းေကာင္းအတြက္ ရွိေနမည္ျဖစ္ၿပီး အဲဒီထက္ႀကီးျမတ္တဲ့ ဝမ္းေျမာက္စရာေတြ ရွိလိမ့့္မည္မဟုတ္ပါ။
ဆင္ျခင္ရန္
-ေငြေၾကးမွအပ ၊ ဘုရားရွင္သင့္အား တာဝန္ယူမႈေတြေပၚ ထိန္းသိမ္းတတ္ဖို႔ အလိုေတာ္ရွိသည္အတိုင္း မည္ကဲ့သို႔ေသာ အရာေတြိကို အပ္ႏွင္းထားပါသနည္း။
-အဒီတာဝန္ယူျခင္းေတြကို သစၥာရွိစြာျဖင့္ စီမံဖို႔အတြက္ သင္၏ေန႔စဥ္ဓူဝအလုပ္ေတြကို မည္ကဲ့သို႔ေသာနည္းလမ္း ေတြျဖင့္ လုပ္ေဆာင္ပါသနည္း။ အဲဒီအရာေတြကို ႀကီးထြားဖြံ့ၿဖိဳးဖို႔ရန္ မည္ကဲ့သို႔လုပ္ေဆာင္နိုင္ပါမည္နည္း။
-ေကာင္းကင္ဘုံရွိ တာဝန္ယူရျခင္းအေၾကာင္းေတြကို သင္စဥ္းစားခဲ့ဖူးပါသလား။ နိစၥထာဝရတြင္ ပိုမိုေသာတာဝန္ယူမႈ ေတြကို ဘာေၾကာင့္ သင္အလိုရွိရပါသနည္း။
-------------------------------------------------------------------------------
Unicode
-------------------------------------------------------------------------------
Unicode
သင်၏ မြတ်နိုးတန်ဖိုးထားရမှုတွေကို ယုံကြည်ခြင်းအားဖြင့် မှတ်ယူပါ။
မဿဲ၂၅:၂၁ “အရှင်ကလည်း၊ သာဓု၊ သစ္စာရှိသော
ငယ်သားကောင်း။ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ များ စွာသော အမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။
သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော်မူ၏။”
ကမ္ဘာမြေပေါ်ရှိ ကျွန်ုပ်တို့၏အသက်တာ
အချိန်ခဏတာတွင် ဘယ်အရာကိုမျှ စစ်မှန်စွာပိုင်ဆိုင်ကြသည်မဟုတ်ပါ။ ကျွန်ုပ်တို့ အသက်ရှင်နေထိုင်စဉ်ကာလတွင်
ပိုင်ဆိုင်ထားတယ်လို့ဆိုတဲ့အရာတွေက ဘုရားသခင် ချေးငှားပေးထား တာပါ။ ဆာလံ
၂၄:၁ “ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာ ကို၎င်း၊ လောကဓာတ်နှင့်လောကသား တို့ကို၎င်း၊
ပိုင်တော်မူ၏။ ၂အကြောင်းမူကား၊ ထိုနေရာကို သမုဒ္ဒရာပေါ် မှာတည်၍၊ ရေများပေါ်မှာ
မြဲမြံစေတော်မူပြီ။”
လေကတွင် ရှိသော ပစ္စည်းဉစ္စာတွေကို
စောင့်ရှောက်ဖို့အတွက် နှင့် စီမံဖို့အတွက် ဘုရားက လူသားတွေကို ပထမဉီးတာဝန် ပေးထားခဲ့ပါတယ်။
ဤအခန်းကဏ္ဍက ဘယ်တော့မှ မပယ်ဖျက်ပါ။ ဒါသည် ယနေ့ကျွန်ုပ်တို့ ရည်ရွယ်ချက်တွေ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
ကျွန်ုပ်တို့ မွေ့လျော်သောအရာအားလုံးတို့သည် ကျွန်ုပ်တို့၏လက် ထဲသို့ ဘုရားရှင်အပ်နှင်းထားသောအရာဟု
ယုံကြည်ခြင်းအားဖြင့် မှတ်ယူသဘောထားရပါမည်။
လွန်ခဲ့သောနှစ်အနည်းငယ်က
ဇနီးမောင်နှံစုံတွဲတစ်တွဲသည် ကျွန်တော်နှင့် ကျွန်တော့ဇနီးတို့ကို သူတို့၏ ဟာဝါရီမှာရှိတဲ့
ပင်လယ်ပြင်ရှေ့ကအိမ်သို့ အပန်းဖြေခရီးအတွက် အသုံးပြုခွင့်ပေးပါတယ်။ “ကိုယ့်အိမ်လို
သဘော ထားပြီး အသုံးပြုပါ” လို့သူတို့မှာသကဲ့သို့ ကျွန်ုပ်တို့ အပန်းပြေဖို့ရာ နေထိုင်ခဲ့ပါတယ်။
ရေကူးကန်မှာ ရေကူးကြတယ်၊ ရေခဲသေတ္တာထဲက အစာတွေကို စားသုံးခဲ့တယ်၊ ရေချိုးခန်းက ပုဝါတွေ
၊ ခွက်ယောက်ပန်းကန်တွေ အသုံးပြုခဲ့တယ်။ ပြီးတော့ အပျော်သဘောဖြင့် ကုတင်ပေါ်မှာတောင်
ခုန်ခဲ့ပါသေးတယ်။
ဒါပေမဲ့
အရာရာတိုင်းကို ကျွန်ုပ်တို့မပိုင်ဆိုင်ခဲ့ဘူးဆိုတာ သိခဲ့တယ်။ ဒါကြောင့် ဂရုတစိုက်ဖြင့်
အရာအာလုံးကို အသုံးပြုခဲ့ပါတယ်။ အဲဒီအိမ်ကို မပိုင်ဆိုင်ရဘဲ အကျိုးရှိစွာအသုံးပြုခဲ့ရတာတွေကို
မွေ့လျော်ပါတယ် ၊ ပျော်ရွှင်ခဲ့ပါတယ်။ ကျွန်ုပ်တို့ကို ပေးထားသော ကောင်းချီးတွေအတွက် ကောင်းသော
ဘဏ္ဍစိုး /ပစ္စည်းထိန်း အဖြစ် တာဝန်ယူဖို့ဖြစ်ပါတယ်။
ဘုရားရှင်ဆီ ကျွန်ုပ်တို့၏တာဝန်ယူခြင်း
၊ တာဝန်ရှိခြင်းတွေကို ပုံဆောင်ဖို့ရန်အတွက် သခင်ခရစ်တော်က မကြာခဏ ဆိုသလို ယုံကြည်ခြင်းအားဖြင့်
အသက်ရှင်ကြဖို့ရန် များစွာသော အဖြစ်အပျက်တွေဖြင့် ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ပင်ကိုစွမ်းရည်နှင့်ဆိုင်သော
ဇာတ်ကြောင်းထဲတွင် လုပ်ငန်းရှင်သည် အစေခံတစ်ဉီးချင်းစီ၏ တာဝန်ယူမှုပေါ် ချင့်တွက်ပြီး
ဆုလဒ်ပေးသနားတော်မူပါတယ်။
မဿဲ၂၅:၂၁ “အရှင်ကလည်း၊ သာဓု၊ သစ္စာရှိသော
ငယ်သားကောင်း။ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ များ စွာသော အမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။
သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော်မူ၏။”
သင့်အသက်တာ ကုန်ဆုံးချိန်၌
သင်သည်လည်း ဘုရားအပ်နှံခဲ့သောအရာပေါ် မည်ကဲ့သို့ ကောင်းစွာကိုင်တွယ်ခြင်း တွေအတိုင်း
တန်ဖိုးချင့်တွက်ခံရမည်ဖြစ်ပြီး ဆုလဒ်တော်ချီးမြှင်းခံရမည်ဖြစ်သည်။ အဒီအဓိပ္ပါယ်က သင်ပြုသမျှသော
အရာအားလုံး တို့သည် - နေ့စဉ်ရိုးရှင်းသောအိမ်မှုကိစ္စအပါအဝင် နိစ္စထာဝရအတွက် ပါဝင်ပတ်သက်ခြင်း
တွေရှိပါတယ်။ အရာအားလုံးကို ယုံကြည်ခြင်းအားဖြင့် လက်ခံသဘောထားတယ်ဆိုလျှင် ဆုလဒ်တော်သည်
နိစ္စထာဝရတွင်ရှိနေသည်ကို ဘုရားရှင် ကတိပေးထားပြီးဖြစ်သည်။
ပထမဉီးစွာ ဘုရားသခင်၏အတည်ပြုချက်ကို သင်ရရှိပါမည်။ ဘုရားက သင့်အား “Good job! Well done!” လို့ပြောပြီးနောက်တွင် ရာထူးတိုးမြှင့်ခြင်းတွေနှင့် နိစ္စထာဝရတွင် ပိုပြီးကြီးမြတ်တဲ့ တာဝန်ယူမှုတွေကို ပေးအပ်ခြင်း ခံရပါမည်။ “I will put you in charge of many things.”
Then you will be honored with a celebration: “Come and share your Master’s
happiness.”
ဘုရားရှင်၏
ကောင်းချီးပေးမှုတွေသည် အမြဲတမ်းသစ္စာရှိသော ဘဏ္ဍာထိန်းကောင်းအတွက် ရှိနေမည်ဖြစ်ပြီး
အဲဒီထက်ကြီးမြတ်တဲ့ ဝမ်းမြောက်စရာတွေ ရှိလိမ့့်မည်မဟုတ်ပါ။
ဆင်ခြင်ရန်
-ငွေကြေးမှအပ ၊ ဘုရားရှင်သင့်အား
တာဝန်ယူမှုတွေပေါ် ထိန်းသိမ်းတတ်ဖို့ အလိုတော်ရှိသည်အတိုင်း မည်ကဲ့သို့သော အရာတွေိကို
အပ်နှင်းထားပါသနည်း။
-အဒီတာဝန်ယူခြင်းတွေကို သစ္စာရှိစွာဖြင့်
စီမံဖို့အတွက် သင်၏နေ့စဉ်ဓူဝအလုပ်တွေကို မည်ကဲ့သို့သောနည်းလမ်း တွေဖြင့် လုပ်ဆောင်ပါသနည်း။
အဲဒီအရာတွေကို ကြီးထွားဖွံ့ဖြိုးဖို့ရန် မည်ကဲ့သို့လုပ်ဆောင်နိုင်ပါမည်နည်း။
-ကောင်းကင်ဘုံရှိ တာဝန်ယူရခြင်းအကြောင်းတွေကို
သင်စဉ်းစားခဲ့ဖူးပါသလား။ နိစ္စထာဝရတွင် ပိုမိုသောတာဝန်ယူမှု တွေကို ဘာကြောင့် သင်အလိုရှိရပါသနည်း။