Zawgyi Font
ယုံၾကည္မႈကင္းမဲ့ေသာေလာကႀကီးတြင္ ရွိေသာ ယုံၾကည္ျခင္း၏တန္ဖိုး
ယုံၾကည္မႈကင္းမဲ့ေသာေလာကႀကီးတြင္ ရွိေသာ ယုံၾကည္ျခင္း၏တန္ဖိုး
ရွင္လုကာခရစ္ဝင္ ၁၈:၈ “ငါဆိုသည္ကား၊ သူတို႔ဘက္၌ အလ်င္အျမန္ တရားစီရင္ေတာ္မူမည္။ သို႔ေသာ္လည္း လူသားသည္ ႂကြလာေသာအခါ ယုံၾကည္ျခင္းကို ေျမႀကီးေပၚမွာ ေတြ႕မည္ေလာဟု သခင္ဘုရားသည္ မိန္႔ေတာ္မူ၏။”
ယုံၾကည္ျခင္းကင္းမဲ့မႈေတြ တိုးပြားေနတဲ့ ေလာကကမၻာႀကီးမွာ ကၽြန္ုပ္တို႔ ေနထိုင္အသက္ရွင္ၾကပါတယ္။ တန္ဖိုးရွိတဲ့ အရာေတြကေန ေျပာင္းေရြ႕သြားၿပီး အတၱႀကီးျခင္းေတြ တိုးပြားႀကီးမားေနတဲ့ ေလာကီေရးရာ ကမၻာႀကီး ျဖစ္ပါ တယ္။ သခင္ခရစ္ေတာ္သာ ယေန႔ျပန္လာပါလၽွင္ ယုံၾကည္ျခင္းရွိတဲ့သူ ဘယ္ႏွစ္ေယာက္ေလာက္ရွာေဖြနိုင္မည္နည္း။ သင္ကရာ အဲဒီအထဲမွာ တစ္ဉီးအပါအဝင္လား။
ဘုရားသခင္က ယုံၾကည္ကိုင္းရွိုင္းတဲ့သူေတြကို ရွာေဖြေနတယ္လို႔ သမၼာက်မ္းစာက ရွင္းလင္းစြာ ေျပာထားပါတယ္။ ရာဇဝင္ခ်ဳပ္ဒုတိယေစာင္ ၁၆:၉ တြင္ “ထာဝရဘုရားသည္ စုံလင္ေသာ ေစတနာစိတ္ ရွိေသာသူတို႔ဘက္၌၊ ခိုင္ခံ့စြာ ေနျခင္းငွါ၊ ေျမႀကီးတျပင္ လုံးကို အႏွံ့အျပားၾကည့္ရႈလ်က္ ရွိေတာ္မူ၏။ ဤအမႈ၌ မင္းႀကီးသည္ မိုက္စြာျပဳၿပီ။ ယခုမွစ၍ စစ္မႈရွိလိမ့္မည္ဟု ဆို၏။”
ဘုရားသခင္က သစၥာရွိေသာသူေတြကို ရွာေဖြေနျခင္းမွာ သူတို႔ေတြကို ေကာင္းခ်ီးေပးခ်င္လို႔ျဖစ္ပါတယ္။ သူ၏ ႀကီးျမတ္တဲ့ တန္ဖိုးေတာ္အားျဖင့္ သူ႔၏ခ်စ္ျခင္းေမတၱာကို ေဖာ္ျပခ်င္လို႔ျဖစ္ပါတယ္။ ကၽြန္ုပ္တို႔၏ သစၥာေစာင့္သိ ျခင္းက ဘုရား၏ေကာင္းခ်ီးေတြကို အသက္တာတြင္ ပြင့္သြားေစမည့္ ေသာ့ျဖစ္ပါတယ္။
သခင္ေယရႈက ရွင္မႆဲ ၉:၂၉ တြင္ “ထိုအခါ သူတို႔၏ မ်က္စိကို တို႔ေတာ္မူ၍၊ သင္တို႔ ယုံျခင္းရွိသည္အတိုင္း သင္တို႔၌ျဖစ္ေစ”ဟု မိန္႔ေတာ္မူသည္။ သင့္အသက္တာရွိ အားလုံးေသာအစိတ္အပိုင္းေတြကဆီသို႔ ေကာင္းခ်ီးသြန္း ေလာင္းဖို႔အတြက္ ဘုရားရွင္အလိုေတာ္ရွိပါတယ္ . . သင္၏မိသားစု ၊ သင္၏အသက္ေမြးဝမ္းေက်ာင္း ၊ သင့္ဘ႑ာ ႏွင့္ သင္၏ေပါင္းသင္းဆက္ဆံေရးေတြေပါ့။
ေကာင္းခ်ီးေတြက ကၽြန္ုပ္တို႔ ေမၽွာ္လင့္သလို ျဖစ္နိုင္မည္မဟုတ္ ၊ ဒါေပမဲ့ ဘာဘဲျဖစ္ျဖစ္ ဘုရားရွင္က ကၽြန္ုပ္တို႔ဘဝ အတြက္ လုပ္ေဆာင္ေနပါတယ္။ သင္၏ယုံၾကည္ျခင္း အဆင့္အတိုင္း သူလုပ္ေဆာင္ပါလိမ့္မည္။ သင္၌ ႀကီးျမတ္ေသာ ယုံၾကည္ျခင္းရွိပါလၽွင္ ႀကီးျမတ္တဲ့ေကာင္းခ်ီးကို ရရွိပါလိမ့္မည္။ အနည္းငယ္ေသာ ယုံၾကည္ျခင္းအတြက္ အနည္းငယ္ေသာ ေကာင္းခ်ီးကိုရမည္။ ယုံၾကည္ျခင္းကင္းမဲ့ပါလၽွင္ ေကာင္းခ်ီးသည္လည္း သင့္အသက္တာမွာ ေရာက္ရွိလာမွာ မဟုတ္ပါ။
စိတ္မေကာင္းျဖစ္ရတာက ဘုရားကိုယုံၾကည္ၿပီး သစၥာရွိေသာသူေတြ ၊ သခင္ခရစ္ေတာ္၌ အျမဲတေစ တစိုက္မတ္ အသက္ရွင္ၾကတဲ့ သူေတြကို ရွာေဖြရ ခက္ခဲပါတယ္။ သမၼာက်မ္းစာက ေျပာထားသည္မွာ သုတၱံ ၂၀:၆ “လူမ်ားတို႔သည္ မိမိတို႔ျပဳေသာ ေက်းဇူးကို ၾကားေျပာတတ္၏။ သစၥာ ရွိေသာ သူကိုကား၊ အဘယ္သူရွာ၍ ေတြ႕နိုင္သနည္း။”
အျပစ္တရားသည္ အာဒံ ႏွင့္ ဧဝ တို႔၏ကမၻာသို႔ ေရာက္ရွိသြားတဲ့အခါမွာ ကၽြန္ုပ္တို႔အားလုံးတို႔၏ စာရိတၱေတြ ေဖာက္ျပန္ပ်က္စီးသြားၾကပါတယ္။ အခ်ိန္တိုင္းမွာ ေကာင္းမႈလုပ္တဲ့သူ မရွိၾကဘူး။ ဒါေပမဲ့ ယုံၾကည္ျခင္းသည္ ေအာင္နိုင္ျခင္းအတြက္ ေသာ့ျဖစ္ပါတယ္။ ပိုမိုႀကီးျမတ္တဲ့ ယုံၾကည္ျခင္းရွိေလေလ မ်ားျပားတဲ့ ေအာင္နိုင္ျခင္းေတြကို ကၽြန္ုပ္တို႔အသက္တာမွာ ေတြ႕ၾကဳံရပါလိမ့္မည္။
ရွင္ေယာဟန္ဩဝါဒစာ ပဌမေစာင္ ၅:၄ “ဘုရားသခင္၏သားျဖစ္ေသာသူ မည္သည္ကား၊ ေလာကကို ေအာင္တတ္၏။ ေလာကကို ေအာင္ျခင္း အေၾကာင္းမူကား၊ ငါတို႔၏ ယုံၾကည္ျခင္းေပတည္း”
ဆင္ျခင္ရန္
-ႀကီးမားတဲ့ ယုံၾကည္ျခင္းက ႀကီးမားတဲ့ေကာင္းခ်ီးဆီပို႔ေဆာင္တယ္ဆိုလၽွင္ တစ္ခ်ိဳ႕ေသာ ယုံၾကည္ျခင္းရွိတဲ့ သူေတြ၏အသက္တာသည္ ဘာေၾကာင့္မ်ား ႐ုန္းကန္ေနရဆဲျဖစ္ရသနည္း။
- ဘုရားသခင္အား သင္၏ယုံၾကည္ေနမႈကို တိုးပြားေစဖို႔ရန္ မည္ကဲ့သိုေသာ ကာလ (သို႔) အံ့ဩဖြယ္ရာ (သို႔) အေျဖေတြ အတြက္ ဆုေတာင္းရန္ရွိပါသနည္း။
-သင္၏ယုံၾကည္ျခင္းကား တစ္ပါးသူေတြအတြက္ (သခင္ေယရႈအား သူတို႔၏ကယ္တင္ရွင္အျဖစ္မသိၾကေသာသူ) တို႔အတြက္ မည္ကဲ့သို႔ေသာ သက္ေသသာဓကျဖစ္ေစပါသနည္း။
---------------------------------------------------------------------------------
Unicode
---------------------------------------------------------------------------------
Unicode
ယုံကြည်မှုကင်းမဲ့သောလောကကြီးတွင် ရှိသော
ယုံကြည်ခြင်း၏တန်ဖိုး
ရှင်လုကာခရစ်ဝင် ၁၈:၈ “ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။
သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည်
မိန့်တော်မူ၏။”
ယုံကြည်ခြင်းကင်းမဲ့မှုတွေ
တိုးပွားနေတဲ့ လောကကမ္ဘာကြီးမှာ ကျွန်ုပ်တို့ နေထိုင်အသက်ရှင်ကြပါတယ်။ တန်ဖိုးရှိတဲ့
အရာတွေကနေ ပြောင်းရွေ့သွားပြီး အတ္တကြီးခြင်းတွေ
တိုးပွားကြီးမားနေတဲ့ လောကီရေးရာ ကမ္ဘာကြီး ဖြစ်ပါ တယ်။ သခင်ခရစ်တော်သာ ယနေ့ပြန်လာပါလျှင်
ယုံကြည်ခြင်းရှိတဲ့သူ ဘယ်နှစ်ယောက်လောက်ရှာဖွေနိုင်မည်နည်း။ သင်ကရာ အဲဒီအထဲမှာ တစ်ဉီးအပါအဝင်လား။
ဘုရားသခင်က
ယုံကြည်ကိုင်းရှိုင်းတဲ့သူတွေကို ရှာဖွေနေတယ်လို့ သမ္မာကျမ်းစာက ရှင်းလင်းစွာ ပြောထားပါတယ်။ ရာဇဝင်ချုပ်ဒုတိယစောင်
၁၆:၉ တွင် “ထာဝရဘုရားသည် စုံလင်သော စေတနာစိတ် ရှိသောသူတို့ဘက်၌၊ ခိုင်ခံ့စွာ နေခြင်းငှါ၊
မြေကြီးတပြင် လုံးကို အနှံ့အပြားကြည့်ရှုလျက် ရှိတော်မူ၏။ ဤအမှု၌ မင်းကြီးသည် မိုက်စွာပြုပြီ။
ယခုမှစ၍ စစ်မှုရှိလိမ့်မည်ဟု ဆို၏။”
ဘုရားသခင်က
သစ္စာရှိသောသူတွေကို ရှာဖွေနေခြင်းမှာ သူတို့တွေကို ကောင်းချီးပေးချင်လို့ဖြစ်ပါတယ်။
သူ၏ ကြီးမြတ်တဲ့ တန်ဖိုးတော်အားဖြင့် သူ့၏ချစ်ခြင်းမေတ္တာကို ဖော်ပြချင်လို့ဖြစ်ပါတယ်။
ကျွန်ုပ်တို့၏ သစ္စာစောင့်သိ ခြင်းက ဘုရား၏ကောင်းချီးတွေကို အသက်တာတွင် ပွင့်သွားစေမည့်
သော့ဖြစ်ပါတယ်။
သခင်ယေရှုက
ရှင်မဿဲ ၉:၂၉ တွင် “ထိုအခါ သူတို့၏ မျက်စိကို တို့တော်မူ၍၊
သင်တို့ ယုံခြင်းရှိသည်အတိုင်း သင်တို့၌ဖြစ်စေ”ဟု မိန့်တော်မူသည်။ သင့်အသက်တာရှိ
အားလုံးသောအစိတ်အပိုင်းတွေကဆီသို့ ကောင်းချီးသွန်း လောင်းဖို့အတွက် ဘုရားရှင်အလိုတော်ရှိပါတယ်
. . သင်၏မိသားစု ၊ သင်၏အသက်မွေးဝမ်းကျောင်း ၊ သင့်ဘဏ္ဍာ နှင့် သင်၏ပေါင်းသင်းဆက်ဆံရေးတွေပေါ့။
ကောင်းချီးတွေက ကျွန်ုပ်တို့ မျှော်လင့်သလို ဖြစ်နိုင်မည်မဟုတ် ၊ ဒါပေမဲ့
ဘာဘဲဖြစ်ဖြစ် ဘုရားရှင်က ကျွန်ုပ်တို့ဘဝ အတွက်
လုပ်ဆောင်နေပါတယ်။ သင်၏ယုံကြည်ခြင်း အဆင့်အတိုင်း သူလုပ်ဆောင်ပါလိမ့်မည်။ သင်၌ ကြီးမြတ်သော
ယုံကြည်ခြင်းရှိပါလျှင် ကြီးမြတ်တဲ့ကောင်းချီးကို ရရှိပါလိမ့်မည်။ အနည်းငယ်သော ယုံကြည်ခြင်းအတွက်
အနည်းငယ်သော ကောင်းချီးကိုရမည်။ ယုံကြည်ခြင်းကင်းမဲ့ပါလျှင် ကောင်းချီးသည်လည်း သင့်အသက်တာမှာ
ရောက်ရှိလာမှာ မဟုတ်ပါ။
စိတ်မကောင်းဖြစ်ရတာက
ဘုရားကိုယုံကြည်ပြီး သစ္စာရှိသောသူတွေ ၊ သခင်ခရစ်တော်၌ အမြဲတစေ တစိုက်မတ် အသက်ရှင်ကြတဲ့
သူတွေကို ရှာဖွေရ ခက်ခဲပါတယ်။ သမ္မာကျမ်းစာက ပြောထားသည်မှာ
သုတ္တံ ၂၀:၆ “လူများတို့သည် မိမိတို့ပြုသော
ကျေးဇူးကို ကြားပြောတတ်၏။ သစ္စာ ရှိသော သူကိုကား၊ အဘယ်သူရှာ၍ တွေ့နိုင်သနည်း။”
အပြစ်တရားသည်
အာဒံ နှင့် ဧဝ တို့၏ကမ္ဘာသို့ ရောက်ရှိသွားတဲ့အခါမှာ ကျွန်ုပ်တို့အားလုံးတို့၏ စာရိတ္တတွေ
ဖောက်ပြန်ပျက်စီးသွားကြပါတယ်။ အချိန်တိုင်းမှာ ကောင်းမှုလုပ်တဲ့သူ မရှိကြဘူး။ ဒါပေမဲ့
ယုံကြည်ခြင်းသည် အောင်နိုင်ခြင်းအတွက် သော့ဖြစ်ပါတယ်။ ပိုမိုကြီးမြတ်တဲ့ ယုံကြည်ခြင်းရှိလေလေ
များပြားတဲ့ အောင်နိုင်ခြင်းတွေကို ကျွန်ုပ်တို့အသက်တာမှာ တွေ့ကြုံရပါလိမ့်မည်။
ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၅:၄ “ဘုရားသခင်၏သားဖြစ်သောသူ မည်သည်ကား၊
လောကကို အောင်တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်းပေတည်း”
ဆင်ခြင်ရန်
-ကြီးမားတဲ့
ယုံကြည်ခြင်းက ကြီးမားတဲ့ကောင်းချီးဆီပို့ဆောင်တယ်ဆိုလျှင် တစ်ချို့သော ယုံကြည်ခြင်းရှိတဲ့
သူတွေ၏အသက်တာသည် ဘာကြောင့်များ ရုန်းကန်နေရဆဲဖြစ်ရသနည်း။
-
ဘုရားသခင်အား သင်၏ယုံကြည်နေမှုကို တိုးပွားစေဖို့ရန် မည်ကဲ့သိုသော ကာလ (သို့) အံ့ဩဖွယ်ရာ
(သို့) အဖြေတွေ အတွက် ဆုတောင်းရန်ရှိပါသနည်း။
-သင်၏ယုံကြည်ခြင်းကား
တစ်ပါးသူတွေအတွက် (သခင်ယေရှုအား သူတို့၏ကယ်တင်ရှင်အဖြစ်မသိကြသောသူ) တို့အတွက် မည်ကဲ့သို့သော
သက်သေသာဓကဖြစ်စေပါသနည်း။