The Only Place to Find Hope
Zawgyi Font
မျှော်လင့်ခြင်းရှာဖွေဖို့ရန် တစ်ခုတည်းသောနေရာ
ဆင်ခြင်ရန်
------------------------------------------------------------------------------
Unicode:
မျှော်လင့်ချက်ရှာဖွေဖို့ရန် တစ်ခုတည်းသောနေရာ
ရောမ ၁၅:၁၃ “သင်တို့သည်သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် မြော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းငှါ၊ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်း အမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်း၊ မျှော်လင့် ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။”
၁၉၂၇ ခုနှစ် ကမ်းခြေမြို့နယ်တစ်ခု၌ အမေရိကန်ရေငုပ်သင်္ဘောတစ်စင်းသည် စတင်ထွက်ခွါနေသောလုံခြုံရေး ရေယာဉ် တစ်စီးနှင့်ထိခိုက်မိပြီး နှစ်မြုပ်ဖို့ စတင်ပါတော့တယ်။ ကမ်းခြေလုံခြုံရေးနှင့် ရေတပ်တို့မှ ပျက်စီးခြင်းတွေကို ကြည့်ရှုဖို့နှင့် ကယ်ဆယ်ရေးလုပ်ငန်းတွေစတင်ဖို့ ရေငုပ်သမားတို့ကို စေလွှတ်လိုက်ပါတယ်။ ရေငုပ်သမားတွေ ရေငုပ်သင်္ဘောအနားရောက်သွားချိန်မှာ သင်္ဘောသားတွေ သင်္ဘောကိုယ်ထည်မှာရှိတဲ့ မော့စ်အချက်ပြသင်္ကေတ (မီးရောင်/အလင်း ရောင်ဖြင့် အချက်ပြခြင်း)   ကို ဆွဲလှည့်နေကြသံကို ကြားခဲ့ကြတယ်။ သင်္ဘောသားတွကို “မျှော်လင့် ချက်ရှိပါ သလား”လို့ မေးခဲ့ပါတယ်။
ဤမေးခွန်းသည် အသက်တာအတွက် အခြေခံကျသောမေးခွန်းပင်ဖြစ်ပြီး လူပေါင်းများစွာက နေ့စဉ် နည်းလမ်းပေါင်း များစွာဖြင့် မေးလေ့ရှိကြပါတယ်။ ကျန်းမာရေးစမ်းသပ်မှုရလဒ်ကို ဆရာဝန်အခန်းရှေ့တွင်ထိုင်ပြီးစောင့်ဆိုင်းချိန် ၊ ဇနီးမောင်နှံတွေ လပေါင်းများစွာ အကြံပြုတိုက်တွန်းမှုတွေကို ရယူရချိန် ၊ ဒေဝါလီအတွက်ခုံရုံးမှာ အခွန်စရင်းကိုင်နှင့် ကိုင်တွယ်ဖြေရှင်းရချိန် ၊ (သို့) ကလေးပျောက်နေတယ်လို့ မိသားစုဝင်တွေကြားရတဲ့အချိန်တွေမှာ အမေးခံရတဲ့ မေးခွန်းပေါ့။
အစာမရှိဘဲ ရက် (၄၀) လောက် သင်အသက်ရှင်နိုင်တယ်။ ရေမသောက်ဘဲ (၃)ရက် နှင့် လေမရှူဘဲ (၈) မိနစ်လောက် သင်အသက်ရှင်နိုင်ပါတယ်။ ဒါပေမဲ့ မျှော်လင့်ချက်မဲ့ခဲ့ပါလျှင် သင်တစ်စက္ကန့်တောင် မခံနိုင်ပါ။ ဒါသည် အသက်တာ မုချလိုအပ်သော ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ မျှော်လင့်ချက်ပျောက်ဆုံးသွားတဲ့အချိန်သည် အသက်တာကွယ်ပျောက် သွားပြီဖြစ်သည်။
နေရာအနှံ့အပြားရှိလူတွေသည် မျှော်လင့်ခြင်းကို မှားယွင်းသောနေရာတွေမှာ ရှာဖွေနေကြတယ်။ ပေါင်းသင်းဆက်ဆံ ရေးမှာ ရှာကြတယ်၊ စာဖတ်ခြင်းအားဖြင့်လည်းကောင်း ၊ ဘာသာရေးစာအုပ်တွေနှင့် မိမိကိုယ်ကို နည်းလမ်းကျစေခြင်း စတဲ့ အနေအထားတွေမှာရှာဖွေနေကြပါတယ်။
ဒါပေမဲ့ စစ်မှန်တဲ့ မျှော်လင့်ခြင်းကို တစ်နေရာတည်းမှာသာရှာဖွေဖို့ရှိပါသည်။ သမ္မာကျမ်းစာက ဖော်ပြထားသည်မှာ စစ်မှန်တဲ့ မျှော်လင့်ခြင်းကို မိမိကိုယ်ကို ဘုရားထံတော် ပြန်လှည့်ခြင်းမှ ရှာဖွေတွေ့နိုင်မည်။ ရောမ ၁၅:၁၃ “သင်တို့သည်သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးအားဖြင့် မြော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းငှါ၊ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်း အမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်း၊ မြော်လင့် ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါ စေသော။”
အဲဒီလိုမျှော်လင့်ခြင်းမျိုးကို သင်လိုအပ်ပါတယ်။ သခင်ခရစ်တော်နှင့် ရင်းနှီးဆက်သွယ်ခြင်းအားဖြင့်သာ ရရှိနိုင်ပါမည်။ သူ့အား လက်ခံယုံကြည်ပါလှျင် သင့်အထဲ၌ မျှော်လင့်ခြင်းနှင့်အတူ ဘုရား၏ ချုပ်ထိန်းပေးခြင်း ၊ ချစ်ခြင်း ၊ သင့်အတွက် ကောင်းမှုဖြစ်ဖို့တွေအတွက် လုပ်ဆောင်ခြင်းများဖြင့် ဖြည့်ဆည်းပေးသွားဖို့ သန့်ရှင်းသော ဝိညာဉ် တော်က လုပ်ဆောင်မှုတွေပြုသွားမှာဖြစ်တယ်။
အဲဒီမျှော်လင့်ချက်မျိုးသည် သင့်အား မျှော်လင့်ချက်ပျက်သုဉ်းခြင်းများမှ ကယ်မပြီး အသက်ရှူချောင်သွားတဲ့ နေရာဆီပို့ဆောင်ပေးပါမည်။
ဆင်ခြင်ရန်
-သင့်အတွက် ဘုရားသခင်ရှိနေခြင်းကို အမှတ်ရဖို့ရန် အခက်ခဲဆုံးဖြစ်ခဲ့သော အချိန်ကား မည်ကဲ့သို့နည်း။
-သခင်ခရစ်တော်နောက်လိုက်တစ်ယောက်အဖြစ် သင်လိုက်လျှောက်အသက်ရှင်ပါလျှင် သူ၏မျှော်လင့်ခြင်းတွေကို သင့်အသက်တာကို မည်ကဲ့သို့ ပြောင်းလဲစေခဲ့သနည်း။
-သင့်အသက်တာ၌ စိတ်ဓါတ်ပျက်သုန်းချင်းဆိုင်ရာ ကြားရောက်နေတဲ့သူကား မည်သူနည်း။ သူ့အား သတိပေးဖို့ရန် (သို့) မျှော်လင့်ခြင်းကို ဘယ်မှာတွေ့သည်ကို သူ့တို့အားပြောဖို့ရန် သင့်ကိုအလိုရှိနေသူဖြစ်တယ်။