Zawgyi Font
အရွက္တရားေတြကို ႏႈတ္ဆက္ရေအာင္
အရွက္တရားေတြကို ႏႈတ္ဆက္ရေအာင္
ေရာမ ၈:၃၃-၃၄ “ ဘုရားသခင္ေရြးေကာက္ေတာ္မူေသာ သူတို႔ကို အဘယ္သူသည္ အျပစ္တင္မည္နည္း။ ေျဖာင့္ မတ္ရာ၌ တည္ေစေသာသူကား ဘုရားသခင္ေပတည္း။”
သမၼာက်မ္းစာကေျပာထားသည္မွာ ဘုရားသခင္သည္ သင့္ကို ျပည့္ဝစြာလက္ခံတယ္၊ ႁခြင္းခ်က္မရွိခ်စ္ေတာ္မူတယ္။ အဲဒီအမွန္တရားေတြကို နားလည္သေဘာေပါက္ျခင္းျဖင့္ သင့္အသက္တာကို ေျပာင္းလဲေစလိမ့္မည္။ ေနာက္တဖန္ နဂိုလူေဟာင္းအတိုင္း ဘယ္ေတာ့မွ ျပန္မျဖစ္ေတာ့ပါ။
ပထမဉီးဆုံးေျပာင္းလဲေစမည့္အရာကား သင္သယ္ေဆာင္ေနတဲ့ ရွက္ေၾကာက္ျခင္း စိတ္ခံစားခ်က္ပင္ျဖစ္ပါတယ္။ ဘုရားရွင္၏ ႁခြင္းခ်က္မရွိေသာ ခ်စ္ျခင္းေမတၱာ၏ မွန္ကန္မႈေတြကို သင္သိလိုက္တာႏွင့္ ေနာက္ထပ္ဘယ္ေတာ့မွ အဲဒီရွက္ေၾကာက္ျခင္းေတြကို သယ္ေဆာင္ဖို႔မလိုေတာ့ေပ။
တစ္ခ်ိဳ႕ေသာသူေတြသည္ ဘုရားကို ေရွာင္ဖယ္ၿပီး အသက္တာကို သြားေနၾကျခင္းက ရွက္ေၾကာက္ျခင္းႏွင့္ အျပစ္ရွိေသာ / လိပ္ျပာမလုံေသာစိတ္တို႔ေၾကာင့္ျဖစ္ပါတယ္။ သူတို႔ကိုယ္သူတို႔ မျပည့္ဝၾကဘူး ၊ ဘုရားက စုံလင္ျပည့္ဝတယ္”ဆိုၿပီး စိတ္မလုံေတာ့ပါ။ ကၽြန္ုပ္၏က်ရႈံးတဲ့ပုံစံေတြကို ရိုးရွင္းစြာျဖင့္ သတိေပးေနတဲ့ ျပည့္ဝတဲ့ဘုရားသခင္ႏွင့္ ေလာကအရာ စြဲလမ္းျခင္းမ်ားကို ဘာေၾကာင့္မ်ားကၽြန္ုပ္တန္းတူထားရွိေနပါသနည္း။
ဒါေပမဲ့ ဘုရားကအဲဒီလိုမေတြးပါ။
ေရာမ ၅:၁ “ထို႔ေၾကာင့္ငါတို႔သည္ ယုံၾကည္ျခင္းရွိ၍ ေျဖာင့္မတ္ရာသို႔ေရာက္လၽွင္ ငါတို႔သခင္ေယရႈခရစ္အားျဖင့္ ဘုရားသခင္ေရွေတာ္၌ ၿငိမ္သက္ျခင္းကို ခံစားၾက၏။”
တျခားသူေတြ၏ေထာက္ခံခ်က္ေတြ /သေဘာက်မႈေတြကို ရယူဖို႔ႀကိဳးစားေနရမႈမ်ားျဖင့္ သင့္အသက္တာတစ္ခုလုံးကို ကုန္လြန္ေစခဲ့ေကာင္း ကုန္လြန္ေနမည္။ အဲဒါေတြက သင္ဘယ္လို ဝတ္စားတယ္ ၊ ေျပာဆိုတယ္ ၊ လုပ္ေဆာင္တယ္ဆိုတဲ့ အေပၚမွာ လြမ္းမိုးေစပါတယ္။ ဒါေပမဲ့ ဘုရားသခင္၏ခ်စ္ျခင္းေမတၱာကို သင္နားလည္သေဘာ ေပါက္ပါလၽွင္ ဘုရားမွလြဲ၌ မည္သူတစ္ဉီးမၽွ၏ ေထာက္ခံခ်က္/ သေဘာက်ခ်က္ေတြကို ရယူစရာ အေၾကာင္းလုံးဝမ လိုေတာ့ေပ။
သင္ခြင့္လႊတ္ျခင္းခံရၿပီဆိုတဲ့ ဘုရား၏ခ်စ္ျခင္းေမတၱာကို သင္သိသြားၿပီဆိုလၽွင္ သင္၏အျပစ္ေတြႏွင့္ ရွက္ေၾကာက္စ ရာေတြကို ႏႈတ္ဆက္နိုင္ပါၿပီ။ ေရာမ ၈:၁ “ဘုရားသခင္ ကယ္လႊတ္ေတာ္မူေသာေၾကာင့္ ေယရႈခရစ္၌တည္၍ ၊ ဇာတိပကတိအတိုင္းမက်င့္ ၊ ဝိညာဥ္ပကတိအတိုင္းက်င့္ေသာသူတို႔သည္ အျပစ္စီရင္ျခင္းႏွင့္ လႊတ္ၾက၏။”
ဂလာတိ ၅:၂၂-၂၃ တြင္မွတ္မိေကာင္း မွတ္မိေနပါမည္။ “ဝိညာဥ္ပကတိ၏အက်ိဳးမူကား ခ်စ္ျခင္း၊ ဝမ္းေျမာက္ျခင္း ၊ ၿငိမ္သက္ျခင္း၊ စိတ္ရွည္ျခင္း ၊ ေက်းဇူးျပဳျခင္း ၊ ေကာင္းျမတ္ျခင္း ၊ သစၥာေစာင့္ျခင္း ၊ ႏူးညံ့သိမ္ေမြ႕ျခင္း၊ ကာမဂုဏ္ခ်ဳပ္တည္းျခင္းေပတည္း။”
ထာဝရဘုရား၏ျပည့္ဝေသာ ခ်စ္ျခင္းေမတၱာတြင္ ခုံလႈံနိုင္ၿပီျဖစ္ေသာေၾကာင့္ ယေန႔ပင္ သင္ဝမ္းေျမာက္လိုက္ပါ။
ဆင္ျခင္ရန္
-ရွက္ေၾကာက္ျခင္းသည္ ဘာေၾကာင့္မ်ား အစြမ္းထက္ေသာ ေထာင္ေခ်ာက္ျဖစ္ရသနည္း။
-ရွက္ေၾကာက္ျခင္းႏွင့္အတူ သင့္ဘဝကို မည္ကဲ့သို႔ ဒြန္ဆြဲေနရသနည္း။ ဘုရား၏ခ်စ္ျခင္းက အဲဒီရွက္ေၾကာက္ျခင္း မ်ားမွ ကင္းလႊတ္ေစတယ္ဆိုတာကို မည္ကဲ့သို႔ နားလည္ပါသနည္း။
- တျခားသူေတြ၏ သင့္အေပၚထင္ျမင္ခ်က္ေတြကို လစ္လ်ဴရႈလ်က္ ဘုရား၏အလိုေတာ္ကိုသာလိုက္ေလၽွာက္ၿပီး သူ၏ခ်စ္ျခင္းေမတၱာ၌သာ တည္ေနပါလၽွင္ သင့္အတြက္ အသက္တာမည္ကဲ့သို႔ေျပာင္းလဲေစပါသနည္း။
----------------------------------------------------------------------------
Unicode:
----------------------------------------------------------------------------
Unicode:
အရှက်တရားတွေကို နှုတ်ဆက်ရအောင်
ရောမ ၈:၃၃-၃၄ “ ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။
ဖြောင့် မတ်ရာ၌ တည်စေသောသူကား ဘုရားသခင်ပေတည်း။”
သမ္မာကျမ်းစာကပြောထားသည်မှာ
ဘုရားသခင်သည် သင့်ကို ပြည့်ဝစွာလက်ခံတယ်၊ ခြွင်းချက်မရှိချစ်တော်မူတယ်။ အဲဒီအမှန်တရားတွေကို
နားလည်သဘောပေါက်ခြင်းဖြင့် သင့်အသက်တာကို ပြောင်းလဲစေလိမ့်မည်။ နောက်တဖန် နဂိုလူဟောင်းအတိုင်း
ဘယ်တော့မှ ပြန်မဖြစ်တော့ပါ။
ပထမဉီးဆုံးပြောင်းလဲစေမည့်အရာကား
သင်သယ်ဆောင်နေတဲ့ ရှက်ကြောက်ခြင်း စိတ်ခံစားချက်ပင်ဖြစ်ပါတယ်။ ဘုရားရှင်၏ ခြွင်းချက်မရှိသော
ချစ်ခြင်းမေတ္တာ၏ မှန်ကန်မှုတွေကို သင်သိလိုက်တာနှင့် နောက်ထပ်ဘယ်တော့မှ အဲဒီရှက်ကြောက်ခြင်းတွေကို
သယ်ဆောင်ဖို့မလိုတော့ပေ။
တစ်ချို့သောသူတွေသည်
ဘုရားကို ရှောင်ဖယ်ပြီး အသက်တာကို သွားနေကြခြင်းက ရှက်ကြောက်ခြင်းနှင့် အပြစ်ရှိသော
/ လိပ်ပြာမလုံသောစိတ်တို့ကြောင့်ဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ မပြည့်ဝကြဘူး ၊ ဘုရားက
စုံလင်ပြည့်ဝတယ်”ဆိုပြီး စိတ်မလုံတော့ပါ။ ကျွန်ုပ်၏ကျရှုံးတဲ့ပုံစံတွေကို ရိုးရှင်းစွာဖြင့်
သတိပေးနေတဲ့ ပြည့်ဝတဲ့ဘုရားသခင်နှင့် လောကအရာ စွဲလမ်းခြင်းများကို ဘာကြောင့်များကျွန်ုပ်တန်းတူထားရှိနေပါသနည်း။
ဒါပေမဲ့
ဘုရားကအဲဒီလိုမတွေးပါ။
ရောမ ၅:၁ “ထို့ကြောင့်ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်
ငါတို့သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်ရှေတော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။”
တခြားသူတွေ၏ထောက်ခံချက်တွေ
/သဘောကျမှုတွေကို ရယူဖို့ကြိုးစားနေရမှုများဖြင့် သင့်အသက်တာတစ်ခုလုံးကို ကုန်လွန်စေခဲ့ကောင်း
ကုန်လွန်နေမည်။ အဲဒါတွေက သင်ဘယ်လို ဝတ်စားတယ် ၊ ပြောဆိုတယ် ၊ လုပ်ဆောင်တယ်ဆိုတဲ့ အပေါ်မှာ
လွမ်းမိုးစေပါတယ်။ ဒါပေမဲ့ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သင်နားလည်သဘော ပေါက်ပါလျှင်
ဘုရားမှလွဲ၌ မည်သူတစ်ဉီးမျှ၏ ထောက်ခံချက်/ သဘောကျချက်တွေကို ရယူစရာ အကြောင်းလုံးဝမ
လိုတော့ပေ။
သင်ခွင့်လွှတ်ခြင်းခံရပြီဆိုတဲ့
ဘုရား၏ချစ်ခြင်းမေတ္တာကို သင်သိသွားပြီဆိုလျှင် သင်၏အပြစ်တွေနှင့် ရှက်ကြောက်စ ရာတွေကို
နှုတ်ဆက်နိုင်ပါပြီ။ ရောမ ၈:၁ “ဘုရားသခင် ကယ်လွှတ်တော်မူသောကြောင့်
ယေရှုခရစ်၌တည်၍ ၊ ဇာတိပကတိအတိုင်းမကျင့် ၊ ဝိညာဉ်ပကတိအတိုင်းကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့်
လွှတ်ကြ၏။”
ဂလာတိ ၅:၂၂-၂၃ တွင်မှတ်မိကောင်း မှတ်မိနေပါမည်။ “ဝိညာဉ်ပကတိ၏အကျိုးမူကား
ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း ၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း ၊ ကျေးဇူးပြုခြင်း ၊ ကောင်းမြတ်ခြင်း
၊ သစ္စာစောင့်ခြင်း ၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။”
ထာဝရဘုရား၏ပြည့်ဝသော ချစ်ခြင်းမေတ္တာတွင် ခုံလှုံနိုင်ပြီဖြစ်သောကြောင့်
ယနေ့ပင် သင်ဝမ်းမြောက်လိုက်ပါ။
ဆင်ခြင်ရန်
-ရှက်ကြောက်ခြင်းသည်
ဘာကြောင့်များ အစွမ်းထက်သော ထောင်ချောက်ဖြစ်ရသနည်း။
-ရှက်ကြောက်ခြင်းနှင့်အတူ
သင့်ဘဝကို မည်ကဲ့သို့ ဒွန်ဆွဲနေရသနည်း။ ဘုရား၏ချစ်ခြင်းက အဲဒီရှက်ကြောက်ခြင်း များမှ
ကင်းလွှတ်စေတယ်ဆိုတာကို မည်ကဲ့သို့ နားလည်ပါသနည်း။
-
တခြားသူတွေ၏ သင့်အပေါ်ထင်မြင်ချက်တွေကို လစ်လျူရှုလျက် ဘုရား၏အလိုတော်ကိုသာလိုက်လျှောက်ပြီး
သူ၏ချစ်ခြင်းမေတ္တာ၌သာ တည်နေပါလျှင် သင့်အတွက် အသက်တာမည်ကဲ့သို့ပြောင်းလဲစေပါသနည်း။