Unicode
ဘုရား၏
ကောင်းမြတ်ခြင်းများဖြင့် အခြေပြုပါ ၊ သင့်ကိုယ်သင် နှိုးဆော်ပါ။
ဖိလိပ္ပိ ၃:၉ “သခင်ယေရှုကို သိသောပညာသည် အဘယ်မျှလောက်မြတ်သည်ကို ထောက်၍
ခပ်သိမ်းသောအရာတို့ကို ရှုံးသကဲ့သို့ ငါထင်မှတ်၏။ ပညတ်တရားအားဖြင့်ရသော ကိုယ်ဖြောင့်မတ်ခြင်းကို
မကိုးစားဘဲ ၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်ရသော ဖြောင့်မတ်ခြင်းကို ကိုးစားသဖြင့်
ခရစ်တော်ကို အမြတ်ရ၍ ထိုသခင်၌ တည်ပါမည် အကြောင်း ….”
(Legalism
= ပညတ်တရားအားဖြင့် ကိုယ်၏ဖြောင့်မတ်ခြင်းကို
ကိုးစားခြင်း ၊ ချမှတ်ထားသောစည်းမျဉ်းတွေအတိုင်း အစွန်းရောက် ကျင့်ကြံခြင်း)
Legalism သည်ပျော်ရွှင်ခြင်းတွေကို လုယက်သွားပါလိမ့်မည်။
ဘုရားကို မည်မျှချစ်ကြောင်းကို သက်သေပြဖို့ရန် လိုအပ်သော သဘောထားအမြင်ဖြစ်ပြီး အဓိပ္ပါယ်က
လုပ်ဆောင်သမျှသောအရာအားလုံးကို မှန်ကန်တိကျစွာပြုဖို့ ဖြစ်လာစေတယ်။ စည်းမျဉ်း ၊ စည်းကမ်း
၊ ကန့်သတ်ထားမှုတွေဖြင့် သင်၌တန်ဖိုးရှိကြောင်းကို သက်သေပြဖို့ရန် လိုက်နာခြင်းတွေကို
တွေးမြင်လာစေတယ်။ Legalism ဖြစ်ခြင်း၏အကျိုးဆက်တစ်ခုက တူညီတဲ့ မျှော်လင့်ချက်
တွေကို တွန်းအားအဖြစ် သူတစ်ပါးအပေါ်မှာ ကျွန်ုပ်တို့ လုပ်လာကြတယ်။ သူတစ်ပါးတို့သည်လည်း
သူတို့၏တန်ဖိုးကို ဘုရားထံ သက်သေပြဖို့ လိုအပ်တယ်လို့ ကျွန်ုပ်တို့တွေးထင်လာကြပါတယ်။
Legalism
ဖြစ်ခြင်းက သင်၏ ပျော်ရွှင်ခြင်းတွေကို
ဆိတ်သုဉ်းသွားစေမည့် ခံယူချက်မျိုးဖြစ်ပါတယ်။ အသင်းတော်ကို လည်း ပျော်ရွှင်ခြင်းကင်းမဲ့သွားအောင်
လုပ်ဆောင်ပြီး လူတိုင်းတွင်လည်း တာဝန်ဝတ္တရား (သို့) အပြစ်ရှိခြင်း (သို့) မိမိကိုယ်ကို
လိပ်ပြာမလုံခြင်းတွေကနေ ကင်းဝေးသွားရအောင် လွှတ်ထွက်သွားအောင် လုပ်ဆောင်ခြင်းတွေဖြစ်တယ်။
သူတစ်ပါးကို ဝေဖန်ခြင်း ၊ စီရင်ခြင်း ပြုတဲ့အခါမှာ သင့်ကိုယ်သင် Legalism သဘောထားရှိတဲ့အချိန်လို့ သိလို့ရပါတယ်။
ဘုရားရှင်၏ကောင်းမြတ်ခြင်း၌
အသက်တာကို ရှင်သန်တယ်ဆိုသည်မှာ သူတစ်ပါးကို သနားဂရုဏာထား တဲ့အချိန်တွေဖြစ်တယ်။ အဲဒီလို
ဘုရား၏ ကောင်းမြတ်ခြင်းအသက်တာ၌ အသက်ရှင်ကြသော လူတွေသည် ခွင့်လွှတ်ခြင်း တရားကို ပြုဖို့
လွယ်ကူစွာ ရှာဖွေတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားက သူတို့ကို ခွင့်လွှတ်ဆဲဘဲ ဆိုတာကို
သူတို့အမှတ်ရနေလို့ ဖြစ်တယ်။
ဘုရားသင့်ကို ပိုချစ်အောင် ဘယ်လိုမှ ၊ လုပ်ဆောင်လို့မရဘူးဆိုတာကို သင်နောက်ဆုံး
သဘောပေါက်ပါလျှင် ဤအရာသည် လောကတွင် တစ်ခုသော လွှတ်မြောက်ခြင်းဆိုင်ရာ ခံစားချက်တစ်ခုပင်ဖြစ်ပြီး
စစ်မှန်သော ပျော်ရွှင်ခြင်း၏ သော့ချက် ဖြစ်ပါတယ်။
သင့်ကိုယ်သင် နေ့စဉ်အသက်တာမှာ ဘုရား၏ကောင်းမြတ်ခြင်းအကြောင်းတွေကို
အမှတ်ရစေပြီး အဲဒီကောင်း မြတ်ခြင်းအားဖြင့် စိတ်၏ငြိမ်သက်ချမ်းသာခြင်းအတွက် အာရုံပြုလိုက်ပါ
၊ အခြေပြုလိုက်ပါ။
ဆင်ခြင်ရန်
-
သင်၏ဘုရားအပေါ်
ချစ်ကြောင်းကို သက်သေပြဖို့ရန်ဆိုသည့် ခံစားချက်ကို မည်ကဲ့သို့ ကိုင်တွယ် ဖြေရှင်းပါသနည်း။
-
ဘုရား၏ကောင်းခြင်းတွေ၌
သင်ယုံကြည်သည်တောင်မှ တစ်ချို့သော လှည့်ကွက်တွေက သင်၏နေ့စဉ် အသက်တာမှာ ဖြစ်ပေါ်ရပါသနည်း။
ဖိလိပ္ပိ ၃:၃ “ငါတို့သည် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်ကို
ကိုးကွယ်၍၊ ဇာတိ၌ကိုးစားခြင်းမရှိဘဲ၊ ယေရှုခရစ်၌သာ ဝါကြွားဝမ်းမြောက်သောသူဖြစ်၍ ……”
Philippians
3:3 says, “We Christians glory in what Christ Jesus has done for us and realize
that we are helpless to save ourselves” သခင်ခရစ်တော် သင့်အတွက် ပြုခဲ့သော အရာတွေအတွက် သင်မည်ကဲ့သို့ ချီးကျူးနိုင်မည်နည်း။
------------------------------------------------------------------------------------------------------------------------
Zawgyi Font
ဘုရား၏ ေကာင္းျမတ္ျခင္းမ်ားျဖင့္ အေျချပဳပါ ၊ သင့္ကိုယ္သင္ ႏွိုးေဆာ္ပါ။
ဖိလိပၸိ ၃:၉ “သခင္ေယရႈကို သိေသာပညာသည္ အဘယ္မၽွေလာက္ျမတ္သည္ကို ေထာက္၍ ခပ္သိမ္းေသာအရာတို႔ကို ရႈံးသကဲ့သို႔ ငါထင္မွတ္၏။ ပညတ္တရားအားျဖင့္ရေသာ ကိုယ္ေျဖာင့္မတ္ျခင္းကို မကိုးစားဘဲ ၊ ခရစ္ေတာ္ကို ယုံၾကည္ျခင္းအားျဖင့္ရေသာ ေျဖာင့္မတ္ျခင္းကို ကိုးစားသျဖင့္ ခရစ္ေတာ္ကို အျမတ္ရ၍ ထိုသခင္၌ တည္ပါမည္ အေၾကာင္း ….”
(Legalism = ပညတ္တရားအားျဖင့္ ကိုယ္၏ေျဖာင့္မတ္ျခင္းကို ကိုးစားျခင္း ၊ ခ်မွတ္ထားေသာစည္းမ်ဥ္းေတြအတိုင္း အစြန္းေရာက္ က်င့္ႀကံျခင္း)
Legalism သည္ေပ်ာ္ရႊင္ျခင္းေတြကို လုယက္သြားပါလိမ့္မည္။ ဘုရားကို မည္မၽွခ်စ္ေၾကာင္းကို သက္ေသျပဖို႔ရန္ လိုအပ္ေသာ သေဘာထားအျမင္ျဖစ္ၿပီး အဓိပၸါယ္က လုပ္ေဆာင္သမၽွေသာအရာအားလုံးကို မွန္ကန္တိက်စြာျပဳဖို႔ ျဖစ္လာေစတယ္။ စည္းမ်ဥ္း ၊ စည္းကမ္း ၊ ကန႔္သတ္ထားမႈေတြျဖင့္ သင္၌တန္ဖိုးရွိေၾကာင္းကို သက္ေသျပဖို႔ရန္ လိုက္နာျခင္းေတြကို ေတြးျမင္လာေစတယ္။ Legalism ျဖစ္ျခင္း၏အက်ိဳးဆက္တစ္ခုက တူညီတဲ့ ေမၽွာ္လင့္ခ်က္ ေတြကို တြန္းအားအျဖစ္ သူတစ္ပါးအေပၚမွာ ကၽြန္ုပ္တို႔ လုပ္လာၾကတယ္။ သူတစ္ပါးတို႔သည္လည္း သူတို႔၏တန္ဖိုးကို ဘုရားထံ သက္ေသျပဖို႔ လိုအပ္တယ္လို႔ ကၽြန္ုပ္တို႔ေတြးထင္လာၾကပါတယ္။
Legalism ျဖစ္ျခင္းက သင္၏ ေပ်ာ္ရႊင္ျခင္းေတြကို ဆိတ္သုဥ္းသြားေစမည့္ ခံယူခ်က္မ်ိဳးျဖစ္ပါတယ္။ အသင္းေတာ္ကို လည္း ေပ်ာ္ရႊင္ျခင္းကင္းမဲ့သြားေအာင္ လုပ္ေဆာင္ၿပီး လူတိုင္းတြင္လည္း တာဝန္ဝတၱရား (သို႔) အျပစ္ရွိျခင္း (သို႔) မိမိကိုယ္ကို လိပ္ျပာမလုံျခင္းေတြကေန ကင္းေဝးသြားရေအာင္ လႊတ္ထြက္သြားေအာင္ လုပ္ေဆာင္ျခင္းေတြျဖစ္တယ္။
သူတစ္ပါးကို ေဝဖန္ျခင္း ၊ စီရင္ျခင္း ျပဳတဲ့အခါမွာ သင့္ကိုယ္သင္ Legalism သေဘာထားရွိတဲ့အခ်ိန္လို႔ သိလို႔ရပါတယ္။
ဘုရားရွင္၏ေကာင္းျမတ္ျခင္း၌ အသက္တာကို ရွင္သန္တယ္ဆိုသည္မွာ သူတစ္ပါးကို သနားဂ႐ုဏာထား တဲ့အခ်ိန္ေတြျဖစ္တယ္။ အဲဒီလို ဘုရား၏ ေကာင္းျမတ္ျခင္းအသက္တာ၌ အသက္ရွင္ၾကေသာ လူေတြသည္ ခြင့္လႊတ္ျခင္း တရားကို ျပဳဖို႔ လြယ္ကူစြာ ရွာေဖြတတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဘုရားက သူတို႔ကို ခြင့္လႊတ္ဆဲဘဲ ဆိုတာကို သူတို႔အမွတ္ရေနလို႔ ျဖစ္တယ္။
ဘုရားသင့္ကို ပိုခ်စ္ေအာင္ ဘယ္လိုမွ ၊ လုပ္ေဆာင္လို႔မရဘူးဆိုတာကို သင္ေနာက္ဆုံး သေဘာေပါက္ပါလၽွင္ ဤအရာသည္ ေလာကတြင္ တစ္ခုေသာ လႊတ္ေျမာက္ျခင္းဆိုင္ရာ ခံစားခ်က္တစ္ခုပင္ျဖစ္ၿပီး စစ္မွန္ေသာ ေပ်ာ္ရႊင္ျခင္း၏ ေသာ့ခ်က္ ျဖစ္ပါတယ္။
သင့္ကိုယ္သင္ ေန႔စဥ္အသက္တာမွာ ဘုရား၏ေကာင္းျမတ္ျခင္းအေၾကာင္းေတြကို အမွတ္ရေစၿပီး အဲဒီေကာင္း ျမတ္ျခင္းအားျဖင့္ စိတ္၏ၿငိမ္သက္ခ်မ္းသာျခင္းအတြက္ အာ႐ုံျပဳလိုက္ပါ ၊ အေျချပဳလိုက္ပါ။
ဆင္ျခင္ရန္
- သင္၏ဘုရားအေပၚ ခ်စ္ေၾကာင္းကို သက္ေသျပဖို႔ရန္ဆိုသည့္ ခံစားခ်က္ကို မည္ကဲ့သို႔ ကိုင္တြယ္ ေျဖရွင္းပါသနည္း။
- ဘုရား၏ေကာင္းျခင္းေတြ၌ သင္ယုံၾကည္သည္ေတာင္မွ တစ္ခ်ိဳ႕ေသာ လွည့္ကြက္ေတြက သင္၏ေန႔စဥ္ အသက္တာမွာ ျဖစ္ေပၚရပါသနည္း။
- ဖိလိပၸိ ၃:၃ “ငါတို႔သည္ စိတ္ဝိညာဥ္အားျဖင့္ ဘုရားသခင္ကို ကိုးကြယ္၍၊ ဇာတိ၌ကိုးစားျခင္းမရွိဘဲ၊ ေယရႈခရစ္၌သာ ဝါႂကြားဝမ္းေျမာက္ေသာသူျဖစ္၍ ……” Philippians 3:3 says, “We Christians glory in what Christ Jesus has done for us and realize that we are helpless to save ourselves” သခင္ခရစ္ေတာ္ သင့္အတြက္ ျပဳခဲ့ေသာ အရာေတြအတြက္ သင္မည္ကဲ့သို႔ ခ်ီးက်ဴးနိုင္မည္နည္း။