Money Is Not Your Biggest Problem

Zawgyi Font
ေငြေၾကးက သင့္အတြက္အႀကီးမားဆုံးျပသနာမဟုတ္ပါ။
ရွင္မႆဲ ၆:၃၂-၃၃ “ထိုအရာမ်ားကို သင္တို႔သည္ အသုံးလိုေၾကာင္းကို ေကာင္းကင္ဘုံ၌ရွိေတာ္မူေသာ သင္တို႔အဘသည္ သိေတာ္မူ၏။ ဘုရားသခင္၏ နိုင္ငံေတာ္ႏွင့္ေျဖာင့္မတ္ျခင္းတရားေတာ္ကို ေရွ႕ဦးစြာရွာၾကေလာ့။ ေနာက္မွ ထိုအရာ မ်ားကို ထပ္၍ေပးေတာ္မူလတံ့။”

အခ်ိန္တိုင္းလိုလို ကၽြန္ုပ္တို႔ ေငြေၾကးႏွင့္ပတ္သက္ၿပီး စိုးရိမ္ၾကတယ္။ ဘုရားကို မယုံၾကည္တဲ့ အသြင္ေဆာင္ၾကပါတယ္။ “ငါ့ေပၚမွာဘဲ မူတည္ပါတယ္” လို႔ေျပာဆိုေနတဲ့နည္းလမ္းေတြေပါ့။ အဲဒီစကားမ်ိဳး သမၼာက်မ္းစာမွာမရွိပါ။

ဘုရားသခင္၏ခ်စ္ျခင္းေမတၱာကို ကၽြန္ုပ္တို႔သံသယျဖစ္တယ္ဆိုတာကို စိုးရိမ္ျခင္းက မီးေမာင္းထိုးေနပါတယ္။ ဘုရားေျပာထားတာေတြကို ဆာလံဆရာက ဆိုထားပါေသးတယ္။ ဆာလံ ၁၁၁:၅ “ေၾကာက္ရြံ့ရိုေသေသာသူတို႔ကို ေကၽြးေမြးေတာ္မူ၏။ ပဋိညာဥ္တရားေတာ္ကို အစဥ္ေအာက္ေမ့ေတာ္မူ၏။”

ၿပီးေတာ့ ေရာမဝတၱဳကလည္းဆိုထားပါတယ္။ ဘုရားရွင္သည္ တစ္ဉီးတည္းေသာသားေတာ္ သခင္ေယရႈကို ေစလြတ္ၿပီး သင့္အျပစ္ေတြအတြက္ ကားတိုင္ေပၚမွာ ေပးဆပ္ခဲ့တယ္။ သားေတာ္ကို စြန႔္သည္တိုင္ သင့္ကို ခ်စ္ပါလၽွင္ သင္၏ ကုန္က်စရိတ္ေတြကိုလည္း ျပည့္ဝစြာ ဂ႐ုျပဳဖို႔ရန္အတြက္ သင့္ကိုခ်စ္ေတာ္မူသည္မွာ ေသခ်ာပါသည္။

သင့္ကို အျပစ္၏ေသျခင္းမွ ကယ္တင္လိုက္ခ်ိန္တြင္ သင္၏အႀကီးမားဆုံးေသာျပသနာကိုပါ ေျဖရွင္းခဲ့ၿပီျဖစ္တယ္။ ဒါေၾကာင့္ တျခားေသာ ႏွိုင္းယွဥ္စရာ အေၾကာင္းအရာေတြသည္ အေသးအဖြဲျဖစ္ပါတယ္။ စစ္မွန္တဲ့အေျခခံ အေရးႀကီးတဲ့အခ်က္က .. ဘုရားရွင္လုပ္မယ္လို႔ဆိုထားတဲ့အရာကို လုပ္မယ္ဆိုတာကို သင္ယုံၾကည္ပါသလား - သင့္အတြက္ျဖည့္ဆည္းေပးမည့္အရာေတြကိုေပါ့။

သင္လိုအပ္ေသာအရာေတြအတြက္ ဘုရားကို ေတာင္းေလၽွာက္မည္လား ။ ဒါမွမဟုတ္ အဖိုးအခေပးဖို႔အတြက္ ရွာေဖြမည္လား။
ေရာင့္ရဲတင္းတိမ္ဖို႔ရန္ ေလ့လာျခင္းမ်ား ျပဳဖို႔ ဆႏၵရွိပါသလား။ ဘုရားရွင္က သင္၏လိုအပ္ခ်က္ေတြကို ေစာင့္ေရွာက္ေနျခင္းအတြက္ ဘုရားရွင္အား သင္၏သႆေမဓအခြန္ (ဆယ္ဖို႔တစ္ဖို႔) ႏွင့္ သူ၏ပညတ္တရားေတာ္ ေတြကိုသင့္၌ရွိေစျခင္းျဖင့္ ကိုးကြယ္နိုင္ဖို႔ ဆႏၵရွိပါသလား။

သင္၏ေငြေၾကးဆိုင္ရာကိစၥေတြမွာ သမာဓိ အျပည့္ျဖင့္ ေျဖာင့္မတ္စြာ အသက္ရွင္ဖို႔ရန္ ဆႏၵရွိပါသလား။
သင္၏ အသက္တာက႑ အားလုံးမွာ သခင္ခရစ္ေတာ္ကို ျပည့္ဝစြာ ယုံၾကည္ဖို႔ရန္ ဆႏၵရွိပါသလား။

ေငြေၾကးဆိုင္ရာ ေၾကာက္ရြံ့ျခင္းေတြကေန လႊတ္ေျမာက္ဖို႔အတြက္ သင္အေလးအနက္ျဖစ္တယ္ဆိုလၽွင္ လုပ္ေဆာင္ဖို႔ အတြက္ ဘုရားရွင္ ရွင္းလင္းစြာေျပာထားတဲ့စကားေတြအတိုင္း ေရြးခ်ယ္ရမည္။ ဘုရားရွင္ေျပာထားသည္မွာ “I will do this, the promise, if you will obey the premise.” ဘုရား၏အဆိုျပဳခ်က္ေတြကို သင္လိုက္နာပါလၽွင္ သူ၏ကတိေတာ္ ေတြကို လုပ္ေဆာင္သြားမည္ျဖစ္သည္ ”

သင္ပိုင္ဆိုင္ေသာ အရာေတြ ၊ အရင္းအျမစ္ေတြအေပၚ သစၥာရွိေသာ ဘ႑ာစိုးတစ္ဉီးျဖစ္ဖို႔ ယေန႔ပင္ ေရြးခ်ယ္မႈျပဳ လိုက္ပါ။ ဒါမွ ဘုရား၏ သင့္အတြက္ ရည္ရြယ္ထားေသာအရာေတြေပၚ သင့္အား အသုံးျပဳနိုင္မည္ ျဖစ္သည္။

ဆင္ျခင္ရန္
-သင္၌ ရရွိထားေသာ လိုအပ္ခ်က္မွန္သမၽွကို ဘုရားရွင္ဂ႐ုျပဳေစာင့္ေရွာက္ဖို႔ သင္နက္ရွိုင္းစြာ ယုံၾကည္ပါလၽွင္ သင္၏ေငြေၾကးဆိုင္ရာေတြကို စီမံမႈျပဳဖို႔ရန္ တိက်တဲ့နည္းလမ္းမ်ားျဖင့္ မည္ကဲ့သို႔ေျပာင္းလဲေစမည္နည္း။
-လက္ရွိပိုင္ဆိုင္ထားတဲ့အရာေတြအေပၚ သင္တင္းတိမ္မႈျဖစ္ပါရဲ့လား။ ဘာေၾကာင့္လဲ (သို႔) ဘာေၾကာင့္မဟုတ္သလဲ။
-သင့္ေငြေၾကးေတြကို ထိန္းခ်ဳပ္ဖို႔ အေျဖရွာတဲ့နည္းလမ္းေတြ ႏွင့္ သင့္ရည္ရြယ္ခ်က္ေတြေနာက္လိုက္ဖို႔ သင့္ေငြေတြကို ျပဳသည့္ နည္းလမ္းေတြကို ေျဖာင့္ခ်က္ေပးဖို႔ရန္ အခ်ိန္ေပးပါ။ သစၥာရွိျခင္း ၊ နာခံျခင္းအရာေတြမွာ စိတ္အားထက္သန္သူအျဖစ္ ႀကီးထြားဖို႔ရန္ ဘုရားထံခြင့္လႊတ္မႈႏွင့္ ကူညီေဖးမမႈေတြကို ေတာင္းခံလိုက္ပါ။

-------------------------------------------------------------------------------
Unicode 
ငွေကြေးက သင့်အတွက်အကြီးမားဆုံးပြသနာမဟုတ်ပါ။
ရှင်မဿဲ ၆:၃၂-၃၃ “ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာ များကို ထပ်၍ပေးတော်မူလတံ့။”

အချိန်တိုင်းလိုလို ကျွန်ုပ်တို့ ငွေကြေးနှင့်ပတ်သက်ပြီး စိုးရိမ်ကြတယ်။ ဘုရားကို မယုံကြည်တဲ့ အသွင်ဆောင်ကြပါတယ်။ “ငါ့ပေါ်မှာဘဲ မူတည်ပါတယ်” လို့ပြောဆိုနေတဲ့နည်းလမ်းတွေပေါ့။ အဲဒီစကားမျိုး သမ္မာကျမ်းစာမှာမရှိပါ။

ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့သံသယဖြစ်တယ်ဆိုတာကို စိုးရိမ်ခြင်းက မီးမောင်းထိုးနေပါတယ်။ ဘုရားပြောထားတာတွေကို ဆာလံဆရာက ဆိုထားပါသေးတယ်။ ဆာလံ ၁၁၁:၅ “ကြောက်ရွံ့ရိုသေသောသူတို့ကို ကျွေးမွေးတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော်မူ၏။”

ပြီးတော့ ရောမဝတ္တုကလည်းဆိုထားပါတယ်။ ဘုရားရှင်သည် တစ်ဉီးတည်းသောသားတော် သခင်ယေရှုကို စေလွတ်ပြီး သင့်အပြစ်တွေအတွက် ကားတိုင်ပေါ်မှာ ပေးဆပ်ခဲ့တယ်။ သားတော်ကို စွန့်သည်တိုင် သင့်ကို ချစ်ပါလျှင် သင်၏ ကုန်ကျစရိတ်တွေကိုလည်း ပြည့်ဝစွာ ဂရုပြုဖို့ရန်အတွက် သင့်ကိုချစ်တော်မူသည်မှာ သေချာပါသည်။

သင့်ကို အပြစ်သေခြင်းမှ ကယ်တင်လိုက်ချိန်တွင် သင်၏အကြီးမားဆုံးသောပြသနာကိုပါ ဖြေရှင်းခဲ့ပြီဖြစ်တယ်။ ဒါကြောင့် တခြားသော နှိုင်းယှဉ်စရာ အကြောင်းအရာတွေသည် အသေးအဖွဲဖြစ်ပါတယ်။ စစ်မှန်တဲ့အခြေခံ အရေးကြီးတဲ့အချက်က .. ဘုရားရှင်လုပ်မယ်လို့ဆိုထားတဲ့အရာကို လုပ်မယ်ဆိုတာကို သင်ယုံကြည်ပါသလား - သင့်အတွက်ဖြည့်ဆည်းပေးမည့်အရာတွေကိုပေါ့။

သင်လိုအပ်သောအရာတွေအတွက် ဘုရားကို တောင်းလျှောက်မည်လား ။ ဒါမှမဟုတ် အဖိုးအခပေးဖို့အတွက် ရှာဖွေမည်လား။
ရောင့်ရဲတင်းတိမ်ဖို့ရန် လေ့လာခြင်းများ ပြုဖို့ ဆန္ဒရှိပါသလား။ ဘုရားရှင်က သင်၏လိုအပ်ချက်တွေကို စောင့်ရှောက်နေခြင်းအတွက် ဘုရားရှင်အား သင်၏သဿမေဓအခွန် (ဆယ်ဖို့တစ်ဖို့) နှင့် သူ၏ပညတ်တရားတွေကိုသင့်၌ရှိစေခြင်းဖြင့် ကိုးကွယ်နိုင်ဖို့ ဆန္ဒရှိပါသလား။

သင်၏ငွေကြေးဆိုင်ရာကိစ္စတွေမှာ သမာဓိ အပြည့်ဖြင့် ဖြောင့်မတ်စွာ အသက်ရှင်ဖို့ရန် ဆန္ဒရှိပါသလား။
သင်၏ အသက်တာကဏ္ဍ အားလုံးမှာ သခင်ခရစ်တော်ကို ပြည့်ဝစွာ ယုံကြည်ဖို့ရန် ဆန္ဒရှိပါသလား။

ငွေကြေးဆိုင်ရာ ကြောက်ရွံ့ခြင်းတွေကနေ လွှတ်မြောက်ဖို့အတွက် သင်အလေးအနက်ဖြစ်တယ်ဆိုလျှင် လုပ်ဆောင်ဖို့ အတွက် ဘုရားရှင် ရှင်းလင်းစွာပြောထားတဲ့စကားတွေအတိုင်း ရွေးချယ်ရမည်။ ဘုရားရှင်ပြောထားသည်မှာ I will do this, the promise, if you will obey the premise.” ဘုရား၏အဆိုပြုချက်တွေကို သင်လိုက်နာပါလျှင် သူ၏ကတိတော် တွေကို လုပ်ဆောင်သွားမည်ဖြစ်သည်

သင်ပိုင်ဆိုင်သော အရာတွေ ၊ အရင်းအမြစ်တွေအပေါ် သစ္စာရှိသော ဘဏ္ဍာစိုးတစ်ဉီးဖြစ်ဖို့ ယနေ့ပင် ရွေးချယ်မှုပြု လိုက်ပါ။ ဒါမှ ဘုရား၏ သင့်အတွက် ရည်ရွယ်ထားသောအရာတွေပေါ် သင့်အား အသုံးပြုနိုင်မည် ဖြစ်သည်။

ဆင်ခြင်ရန်
-သင်၌ ရရှိထားသော လိုအပ်ချက်မှန်သမျှကို ဘုရားရှင်ဂရုပြုစောင့်ရှောက်ဖို့ သင်နက်ရှိုင်းစွာ ယုံကြည်ပါလျှင် သင်၏ငွေကြေးဆိုင်ရာတွေကို စီမံမှုပြုဖို့ရန် တိကျတဲ့နည်းလမ်းများဖြင့် မည်ကဲ့သို့ပြောင်းလဲစေမည်နည်း။
-လက်ရှိပိုင်ဆိုင်ထားတဲ့အရာတွေအပေါ် သင်တင်းတိမ်မှုဖြစ်ပါရဲ့လား။ ဘာကြောင့်လဲ (သို့) ဘာကြောင့်မဟုတ်သလဲ။

-သင့်ငွေကြေးတွေကို ထိန်းချုပ်ဖို့ အဖြေရှာတဲ့နည်းလမ်းတွေ နှင့် သင့်ရည်ရွယ်ချက်တွေနောက်လိုက်ဖို့ သင့်ငွေတွေကို ပြုသည့် နည်းလမ်းတွေကို ဖြောင့်ချက်ပေးဖို့ရန် အချိန်ပေးပါ။ သစ္စာရှိခြင်း ၊ နာခံခြင်းအရာတွေမှာ စိတ်အားထက်သန်သူအဖြစ် ကြီးထွားဖို့ရန် ဘုရားထံခွင့်လွှတ်မှုနှင့် ကူညီဖေးမမှုတွေကို တောင်းခံလိုက်ပါ။