Zawgyi Font
ဆင်ခြင်ရန်
------------------------------------------------------------------------------
Unicode
------------------------------------------------------------------------------
Unicode
ဝိညာဉ်ရေးရာကြီးထွားမှုအတွက် လမ်းညွှန်သွန်သင်ခြင်း /ပြုပြင်ခြင်း အကြောင်းအရာ
တိမောသေဩဝါဒစာဒုတိယစောင် ၂:၂ “သက်သေခံအများရှိသည်နှင့်
ငါ့ထံ၌ကြားရပြီးသော အရာတို့ကို၊ သစ္စာနှင့် ပြည့်စုံ၍ သူတပါးတို့ကို သွန်သင်ခြင်းငှါ၊
တတ်စွမ်းနိုင်သော သူတို့၌ အပ်ပေးလော့”
ယုံကြည်သူ ခရစ်ယာန်တိုင်း “ရှင်ပေါလု” နှင် “တိမောသေ” ကို လိုအပ်ပါတယ်။
“ရှင်ပေါလု” သည် သင့်ထက် နှစ်ပေါင်းများစွာ
ယုံကြည်သူခရစ်ယာန်တစ်ယောက်အဖြစ် ရှိခဲ့သူဖူးဖြစ်ပြီး သင့်ကို အားပေးတိုက်တွန်းဖို့နှင့်
လေ့ကျင့်ပျိုးထောင်ဖို့ရန် အကူအညီပေးသူဖြစ်ပါတယ်။
သူသည် သင့်ထက်တစ်လကြီးသူ ဖြစ်ကောင်းဖြစ်မည်။
ဒါပေမဲ့ ဘုရားနှင့်အတူ ခရီးကြာကြာလျှောက်လှမ်းနိုင်ခြေရှိပြီး ဝိညာဉ်ရေးရာမှာလည်း ပိုပြီးရင့်ကျက်တဲ့သူ
၊ သင့်ကို ကောင်းရာညွှန်ပြပေးနိုင်သူဖြစ်သည်။
“တိမောသေ” သည် သင်လောက်ကြာရှည်စွာ ယုံကြည်သော ခရစ်ယာန်တစ်ဉီးမဟုတ်ခဲ့ပါ။
သူသည် တည်ဆောက်စရာ အသက်တာအတွက်
သင်ကူညီပေးသည်ကို ယုံကြည်သူဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်ကို အားပေးတိုက်တွန်းမှုတွေ ၊ ဘုရားသခင်၌ ကြီးထွားသောအသက်တာအဖြစ်
နာခံခြင်းတွေကို သင်ပေးခဲ့ပါပြီ။
ဒါကြောင့် သင့်အသက်တာတွင်
“ရှင်ပေါလု”နှင့် “တိမောသေ” ရှိနေပါတယ်။ သူတစ်ပါးအတွက်လည်း သင်သည် ရှင်ပေါလုနှင့် တိမောသေ
ဖြစ်ပါတယ်။
တိမောသေဩဝါဒစာ ဒုတိယစောင်တွင်
“တိမောသေ”ကို “ရှင်ပေါလု” ပြောထားသည်မှာ “သက်သေခံအများရှိသည်နှင့် ငါ့ထံ၌ကြားရပြီးသော
အရာတို့ကို၊ သစ္စာနှင့်ပြည့်စုံ၍ သူတပါးတို့ကို သွန်သင်ခြင်းငှါ၊ တတ်စွမ်းနိုင်သော
သူတို့၌ အပ်ပေးလော့” တိမောသေဩဝါဒစာဒုတိယစောင် ၂:၂
အဲဒီကျမ်းပိုဒ်မှာ ခေတ် ၄ခေတ်ကိုတွေ့ရပါမည်။
“တိမောသေ”ကို ကောင်းရာလမ်းညွှန်ခဲ့တယ်လို့ ရှင်ပေါလုဆိုပါတယ်။ အဓိပ္ပါယ်က ဝိညာဉ်ရေးရာ
ရင့်ကျက်လာဖို့ ရှင်ပေါလု လမ်းပြခဲ့ခြင်းဖြစ်တယ်။ ယခုအချိန်မှာ “တိမောသေ” သည် လည်း
လမ်းညွှန်ပြသပေးနိုင်ဖို့ တစ်စုံတစ်ယောက်ကို ရှာဖွေသင့်ပါတယ်။ ပြီးနောက် အဲဒီ တစ်စုံတစ်ယောက်သည်
လည်း တခြားတစ်ယောက်ကို လမ်းပြသွန်သင်မှုပေးဖို့ ရှာဖွေနိုင်မည်ဖြစ်သည်။
“လမ်းညွှန်သွန်သင်ခြင်း” ဆိုသောစကားလုံးအတွက်
ခြိမ်းခြောက်မှု မဖြစ်ပါနှင့်။ “လမ်းညွှန်သွန်သင်ခြင်း” ဆိုတာ တစ်စုံတစ်ယောက်ကို တစ်လတစ်ကြိမ်လောက်
မနက်စာအတွက် ဖိတ်ခေါ်ပြီး “How’s it going?”လို့မေးလိုက်ခြင်း
ဖြစ်ပါတယ်။ သင်၌ သူငယ်ချင်းလိုအပ်ပါတယ်။ သူ့အတွက် နားထောင်ပေးဖို့ရန် ၊ အားပေးဖို့ရန်
နှင့် ဆုတောင်းပေး ဖို့ရန်ဖြစ်တယ်။ ဤကဲ့သို့လုပ်ဆောင်ဖို့ရန် “ပြီးပြည့်စုံတဲ့ ခရစ်ယာန်”
တစ်ဉီးဖြစ်ဖို့မလိုပါ။ လုပ်ဆောင်လိုတဲ့ စိတ်ဆန္ဒပဲ လိုအပ်ပါတယ်။
သင့်အသက်တာအတွက် ဘုရားသခင်၏ခေါ်တော်မူခြင်းကို
ပြီးပြည့်စုံစွာဖြင့် အသက်ရှင်ဖို့ရန် တခြားသူတွေကို သင်လိုအပ်ပါတယ်။ တခြားသောယုံကြည်သူခရစ်ယာန်
- သင့်ထက်ပိုပြီး ရင့်ကျက်တဲ့သူ တွေဆီက သင်လေ့လာသင်ယူပြီး နာခံတဲ့အခါဖြစ်စေ (သို့)
သင့်၏ဉာဏ်အမြော်အမြင်နှင့် အတွေ့အကြုံတွေကို သင့်ထက်ငယ်ရွယ်သောသူတို့နှင့် ဝေမျှတဲ့အခါဖြစ်စေ
သင်ပိုပြီး ပြည့်ဝစွာ ခရစ်တော်နောက်လိုက်သောသူတစ်ဉီးအဖြစ် ကြီးထွားရင့်ကျက်လာပါလိမ့်မည်။
ဆင်ခြင်ရန်
-သင်၌ တစ်စုံတစ်ဉီး၏ လမ်းညွှန်သင်ပြမှု
ရှိခဲ့ဖူးပါသလား။ အဲဒီ ရင်းနှီးကျွမ်းဝင်ခြင်းက သင့်အတွက် အများဆုံး သက်ရောက်မှုဖြစ်စေသနည်း။
-သင့်အသက်တာ၌ “တိမောသေ” မရှိပါလျှင် မည်ကဲ့သို့သောနည်းလမ်းတွေဖြင့်
တစ်စုံတစ်ယောက် (လမ်းညွှန်သင် ပြမှုကိုလိုအပ်သောသူ) ကို သင် ရှာဖွေနိုင်မည်နည်း။