Unicode:
သင်၏ပင်ကိုယ်စွမ်းရည်ကို
အများဆုံးလုပ် ဆောင်ပါ။
ရှင်ပေတရု
သြဝါဒစာ ၄:၁၀ "သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီး ခံရသည်နှင့်အညီ၊ ဘုရားသခင်၏
အထူးထူးအပြားပြားသော ကျေးဇူးတော် ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်းဝေငှပေးကမ်းကြလော့။
(1Pe 4:10)"
ထူးခြားတဲ့အရည်အချင်း
၊ ပင်ကိုယ်စွမ်းရည် နှင့် ကောင်းချီးဆုလဒ်တို့ကို ဘုရားရှင်က သင့်အား ပေးခဲ့ပါတယ်။
ကျွန်တော့ Saddleback Church ကပြောနေကျဖြစ်တဲ့ SHAPE တို့ပေါင်းစည်းထားခြင်းမျိုးဖြစ်တယ်။
S - spiritual gift, H- heart, A- Abilities, P- Personality, E-Experience.
ဒီလိုပေါင်းစည်းထားတဲ့
အစွမ်းတွေသည် ဘုရားသခင်သင့်ကို ဖြစ်စေလိုသည်အတိုင်း ဖြစ်ဖို့နှင့် တခြားသူတွေ၌လည်း
တစ်စိတ်တစ်ဒေသဖြစ်ဖို့ ဘုရားလုပ်ဆောင်ထားခြင်းဖြစ်တယ်။
ငွေအများကကြီးတိုးပွားဖို့
၊ အငြိမ်းစားယူဖို့ ၊ သေဆုံးဖို့အတွက် သင်၏ပင်ကိုယ်စွမ်းရည်က ရ်ိုးစင်းတယ်လို့ သင်ထင်ပါလျှင်
သင့်ဘဝ၏ အဓိကအရာကို သင်လွှဲချော်သွားပါမည်။ ဘုရားသင့်ကို စွမ်းရည်ပေးထားခြင်းသည် သူတစ်ပါးကို
အကျိုးပြုဖို့အတွက်ဖြစ်ပါတယ်။ သင့်အတွက်မဟုတ်ပါ။ သူတစပါး၌ ပေးသနားတော်မူသော စွမ်းရည်တွေသည်လည်း
သင့်အတွက် အကျိုးသက်ရောက်ဖို့ဖြစ်တယ်။ သခင်ခရစ်တော်၏ ခန္ဓာနည်းတူ အစိတ်အပိုင်းအားလုံးတို့သည်
အရေးပါကြပါတယ်။ ဘုရား၏ မိသားစုဝင်တွေထဲမှာ အရေးမပါတဲ့သူ တစ်ယောက်မှ မရှိပါ။ သင့်ကိုလည်း
ဘုရားအမှုတော်ဆောင်ရန် ဖန်းတီးပြင်ဆင်ပြီး ပေးသနားတော်မူသော ကိုယ်ပိုင်စွမ်းရည် ဖြင့် ဘာကို
လုပ်ဆောင်မလဲဆိုတာကို ဘုရားက မြင်ချင်ပါတယ်။
သင်က
ဂီတပညာရှင်ဖြစ်ဖြစ်၊ စာရင်းကိုင်ဖြစ်ဖြစ် ၊ ဆရာမ (သို့) စားဖိုမှူးဖြစ်ဖြစ် သူတစ်ပါးကို
ဝန်ဆောင်မှုပေးဖို့ အဲဒီအရည်အချင်းတွေကို ဘုရားရှင်ပေးထားခဲ့တာဖြစ်တယ်။ သမ္မာကျမ်းစာတွင်
ဖော်ပြထားသည်မှာ ရှင်ပေတရု သြဝါဒစာ ၄:၁၀
"သင်တို့သည်
ဆုကျေးဇူးတော်ကို အသီးအသီး ခံရသည်နှင့်အညီ၊ ဘုရားသခင်၏ အထူးထူးအပြားပြားသော ကျေးဇူးတော်
ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်းဝေငှပေးကမ်းကြလော့။ (1Pe 4:10)
သင့်ကိုပေးသနားထားသော
အမွေဥစ္စာတို့ကို ဦးစီးဖို့က သင့်တာဝန်ဖြစ်ပါတယ်။ သင့်အမြင်မှာ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ
ဘုရားအတွက်က အရေးပါတာချည်းပါဘဲ။
ကောရိန္တု
ပဌမစောင် ၄း၂
ထိုမှတပါး၊
ဘဏ္ဍာစိုးမည်သည်ကား၊ သစ္စာရှိရမည်။ (1Co 4:2)
ဘုရားရှင်
သင့်ကိုဖန်ဆင်းတဲ့အထဲမှာ သင်၌ ရင်းနှီးမြုပ်နှံမှုတစ်ခုကိုပါ ပြုခဲ့ပါတယ်။ သင်၏ ကိုယ်ပိုင်စွမ်းရည်ကို
သူတစ်ပါး အတွက်(ပိုမိုကောင်းမွန်တဲ့ လောကကြီးဖြစ်လာဖို့ လုပ်ဆောင်နေတဲ့သူတွေ ) ၏ အကျိုးရှိဖို့
အသုံးပြုပါသလား။ သင့်အတွက်ဘဲ အသုံးပြုနေပါသလား။
ဘုရားရှင်သင့်အား
စွမ်းရည်တွေပေးပြီး သင့်အား အသုံးပြုစေချင်ခြင်းသည် ကြွက်သားနှင့် တူပါတယ်။ အသုံးပြုလျှင်
ကြီးထွားလာမည်ဖြစ်ပြီး အသုံးမပြုပါလျှင် ဆုံးရှုံးရပါမည်။ သင်၌ ပင်ကိုယ်စွမ်းရည်ရှိပြီး
အသုံးပြုဖို့ကြောက်နေလျှင် (သို့) အပျင်းထူပြီး တစ်ခြားသူအတွက် အကျိုးရှိဖို့ မသုံးဘူးဆိုလျှင်
သင်အဲဒီစွမ်းအင်ကို ဆုံးရှံုးလိုက်ရပါမည်။ လုကာ အခန်းကြီး ၉ တွင် စွမ်းရည် ၁၀ခုဖြင့်
ပုံဆောင်ထားခြင်းနှင့်တူပါသည်။ ဘုရားပေးထားသော စွမ်းရည်ကို အသုံးမပြုပါလျှင် ဘုရားကိုယ်တိုင်
ပြန်ရုတ်သိမ်းပြီး လုပ်ဆောင်လိုသူတစ်ဦးဦးထံ အပ်နှံသွားမည်ဖြစ်သည်။
ဒါပေမဲ့
သင်၏စွမ်းရည်ကို အမြော်အမြင်ရှိစွာ အသုံးပြုပါလျှင် ဘုရားရှင်က ထပ်ပြီးပေးပါမည်။ သင်၏ခွန်အား
၊ သြဇာ ကိုလည်း အမြော် အမြင်ရှိစွာ အသုံးပြုပါလျှင် ဘုရားရှင် ပိုပြီး အကျိုးသက်ရောက်မှုရှိအောင်
ပြုပါမည်။ သင်၏ သစ္စာစောင့်သိမှုအဆင့်အလိုက် ဘုရားရှင် ကောင်းချီးပေးပါမည်။
ဆင်ခြင်ရန်
-ဘုရား၏မိသားစုဝင်တွေမှာ
အရေးမပါတဲ့သူ တစ်ယောက်မျှ မရှိဘူးဆိုတာကို နားလည်ဖို့ဘာကြောင့် အရေးကြီးပါသနည်း။
-တခြားသူတွေ
ဘုရားပေးထားတဲ့ စွမ်းရည်တွေကို အသုံးပြုခြင်းအားဖြင့် သင့်ကို မည်ကဲ့သို့ အကျိုးသက်ရောက်မှု
ဖြစ်စေပါသနည်း။
-ဘုရားပေးသနားတော်မူသော
လက်ဆောင်၊ စွမ်းရည် ၊ အရည်အချင်းတွေကို အသုံးပြုခြင်းအရာမှာ သစ္စာကို ပိုမိုကြီးထွားဖို့
သင်ပြုခဲ့သည်အတိုင်း ဘုရားရှင် ဘယ်မှာ ကောင်းချီးပေးသလဲဆိုတာကို သင်မြင်ရပါသနည်း။
---------------------------------------------------------------
Zawgy Font
ဆင်ခြင်ရန်