Know What Counts—and What Doesn’t
Unicode
ဘယ်အရာက  အရေးပါတယ် ၊ ဘယ်အရာက အရေးမပါဘူး ဆိုတာကို သိပါ။
ဖိလိပ္ပိ ၃:၈ “ထိုမျှမကငါ၏ သခင်ယေရှုခရစ်ကိုသိသော ပညာသည် အဘယ်မျှလောက် မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသောအရာတို့ကို ၁၀ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏
သေးငယ်သောတစ်ချို့အရာတွေပေါ်မှာ သင်၏ပျော်ရွှင်ခြင်းကို အလွယ် တကူ ဆုံးရှုံးသွားနိုင်တယ်ဆိုတာကို သင်သတိ ထားမိပါရဲ့လား။ သည်းမခံနိုင်ခြင်းကစသော အသေးအဖွဲ ဖြစ်နေမြဲကိစ္စကလေးတွေသည် သင်၏ပျော်ရွှင်ခြင်းတွေကို ဆုံးရှုံးသွားစေပါတယ်။ သင် လမ်းတစ်ဝက်မှာ လှည့်ပြန်ဖို့ကြိုးစားနေတာကို တစ်စုံတစ်ယောက်က လမ်းကို အလယ်ကနေဖြတ်တောက်လိုက်ခြင်းမျိုးပေါ့။ အဲဒီမှာ သင်၏ပျော်ရွှင်ခြင်းပျောက်ဆုံးသွားရတယ်။ ယနေ့ သင်အတွက် ဆံပင်ပုံစံမကျဖြစ်နေတဲ့နေပေါ့ (သို့) ဒီနေ့ဝတ်ထားတဲ့အင်္ကျီက လုံးဝမလိုက်ဖက်ဘူး … သင်မပျော်ရွှင်နိုင်ဖြစ်ပြီပေါ့။ ဒါတွေသည် အသေးအဖွဲကလေးတွေပါ ၊ တကယ်ဘဲ အဓိကမကျတဲ့အရာတွေပါ ၊ ဒါပေမဲ့ တစ်ခါတစ်ရံမှာ အကြီးမားဆုံးသက်ရောက်မှုဖြစ်စေပါတယ်။
ရှင်ပေါလုက ဖိလိပ္ပိ ၃:၇ တွင်ပြောထားသည်မှာ “သို့သော်လည်းငါ၏ အကျိုးစီးပွားကို ပြုစုသော အရာရှိသမျှတို့ကို ရှုံးစေသောအရာကဲ့သို့ ခရစ်တော် ကြောင့် ငါထင်မှတ်၏။
Paul says in Philippians 3:7, “I once thought these things were valuable, but now I consider them worthless because of what Christ has done” (NLT).
သခင်ခရစ်တော်၏ နောက်လိုက်အဖြစ် သင်မစတင်မှီ အချိန်တွေတုန်းက မည်ကဲ့သို့သောအရာက သင့်အတွက် အရေးကြီးဆုံးဖြစ်ခဲ့ပါသနည်း။ ချိန်းထားခဲ့တဲ့အချိန် ဖြစ်ကောင်းဖြစ်မည် ။ ရေပန်းစားနေသောကာလ ဖြစ်ကောင်းဖြစ်မည်။ ထင်ပေါ်ကြော်ကြားခြင်း ဖြစ်ကောင်းဖြစ်မည်။
ရှင်ပေါလုက အဲဒီအရာတွေအားလုံးတို့သည် သခင်ခရစ်တော်ကို သိကျွမ်းခြင်းအရာနှင့် မည်သို့မျှ နှိုင်းယှဉ်ဖို့ရန် မသက်ဆိုင်ကြောင်းကို ဖော်ပြထားပါတယ်။
အရာအားလုံးနှင့်ပတ်သက်ပြီး သင့်ကိုယ်သင်မေးဖို့လိုပါတယ်။ နောက် ထပ် နှစ် ၁၀၀ အတွင်းမှာ ဤအရေးပါသော အရာသည် မည်ကဲ့သို့ဖြစ် မည်နည်း။ ယနေ့ ကျွန်ုပ်စိုးရိမ်နေသောအရာသည် မနက်ဖြန်တွင် ဘာဖြစ်မည်လဲ။ ဖြစ်နိုင် တာက မနက်ဖြန်မှာ အရေးပါစရာမရှိပါ။ နိစ္စထာဝရအတွက်ဆိုရင် ပိုပြီးတော့တောင် နည်းပြီပေါ့။ နိစ္စထာဝရနှင့် ဆိုင်သောအလင်းတွင် အသက်ရှင်ဖို့ရန် သင်ရွေးချယ်နိုင်ပါတယ်။
ဖိလိပ္ပိ ၃:၈ “ထိုမျှမကငါ၏ သခင်ယေရှုခရစ်ကိုသိသော ပညာသည် အဘယ်မျှလောက် မြတ်သည်ကို ထောက်၍၊ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏
“ဘယ်အရာကအရေးပါတယ် - ဘယ်အရာက အရေးမပါဘူးလဲ” ဆိုတာကို သင်နှိုးထချိန် နေ့ရက်တိုင်းမှာ သင့်ကိုယ်သင် နှိုးဆော်ပါ
ဆင်ခြင်ရန်
-သင်၏ပျော်ရွှင်ခြင်းကို လုယူသွားခဲ့တဲ့ မည်သို့သော သေးငယ်သောအရာအတွက် သင်စိုးရိမ်ခြင်းရှိခဲ့ပါသနည်း။
- ဘုရားထံ အာရုံစိုက်ဖို့ရန် နှင့် ထာဝရအတွက် ရှုထောင့်အတွက် အာရုံပြုနိုင်ဖို့ရန် မည်ကဲ့သို့သော တစ်ချို့လက်တွေ့အသုံးဝင်ခြင်း နည်းလမ်းများဖြင့် ပြန်လှည့်နိုင်မည်နည်း။
- သခင်ခရစ်တော်ကို လက်ခံယုံကြည်ခြင်းမဖြစ်ခင်မှာ သင့်အတွက် မည်သို့သောအရာကို အရေးကြီးဆုံးဖြစ်မည်နည်း။ ယခုကော အဲဒီအရာနှင့်ပတ်သက်ပြီး မည်ကဲ့သို့ ခံစားရပါသနည်း။
--------------------------------------------------------------
Zawgyi Font
ဆင်ခြင်ရန်