Zawgyi Font
ဘုရားသခင္၏ၿငိမ္သက္ျခင္းကို မည္ကဲ့သို႔ရရွိမည္နည္း။
BY KAYSIE LARKIN
ဘုရားသခင္၏ၿငိမ္သက္ျခင္းကို မည္ကဲ့သို႔ရရွိမည္နည္း။
BY KAYSIE LARKIN
ရွင္ေယာဟန္ခရစ္ဝင္ ၁၄:၂၇ “ၿငိမ္သက္ျခင္းကို သင္တို႔၌ ငါထားခဲ့၏။ ငါ၏ၿငိမ္သက္ျခင္းကို သင္တို႔အားငါေပး၏။ ေလာကီသားတို႔ေပးသကဲ့သို႔မဟုတ္။ သင္တို႔စိတ္ႏွလုံးပူပန္ျခင္း၊ စိုးရိမ္တုန္လႈပ္ျခင္းမရွိေစႏွင့္။”
စိတ္၏ၿငိမ္သက္ျခင္းကိုေပးမည္ဟု ဘုရားသခင္ ကတိေတာ္ထားခဲ့ပါတယ္။ တကယ္ေတာ့ ဘုရား၏အမည္မွာ Jehovah Shalom ျဖစ္ၿပီး “ၿငိမ္သက္ျခင္း၏သခင္” ဆိုတဲ့ အဓိပၸါယ္ျဖစ္ပါတယ္။ ၿငိမ္သက္ျခင္းကိုရွာေဖြျခင္းသည္ ကၽြန္ုပ္တို႔၏ နက္ရွိုင္းေသာ လိုအပ္ခ်က္ပင္ျဖစ္ပါတယ္။ ဘုရားက ၿငိမ္သက္ျခင္းကိုေပးမည္ဟုကတိေပးထားၿပီး သင္က မရရွိပါလၽွင္ ဘာေၾကာင့္ျဖစ္မည္နည္း။ ေအာက္ပါအခ်က္ (၃) ခ်က္က သင့္ကို ၿငိမ္သက္ျခင္းကေန လက္လႊတ္သြား ေစတဲ့အေၾကာင္းရင္းေတြျဖစ္နိုင္ပါတယ္။
(၁) အေျခအေနေတြ ထိန္းခ်ဳပ္မႈမဲ့တဲ့အခ်ိန္မွာ ၿငိမ္သက္ျခင္းကို ဆုံးရႈံးေစပါတယ္။
အသက္တာအေျခအေနေတာ္ေတာ္မ်ားမ်ားက ကၽြန္ုပ္တို႔၏ထိန္းခ်ဳပ္မႈကေန ေက်ာ္လြန္ေနၾကပါတယ္။ ယာဥ္ေၾကာ ပိတ္ေနတဲ့ေနရာေတြမွာ ထိုင္ေစာင့္ေနရတာေတြႏွင့္ အေရးႀကီးတဲ့အရာကို လႊတ္သြားရတာေတြေပါ့။ အၾကင္လင္မယားႏွစ္ဉီး ကေလးရဖို႔ အ႐ူးအမူး စစ္ေဆးၾကေပမဲ့ မေအာင္ျမင္ၾကတာေတြ၊ တစ္စုံတစ္ေယာက္က မထင္မွတ္ဘဲ အလုပ္ဆုံးရႈံးသြားၿပီး မိသားစုအတြက္ ဘယ္ကဲ့သို႔ေထာက္ပံ့ရမည္ကို စိုးရိမ္ေနရတာေတြေပါ့။ ဤကဲ့သို႔အရာေတြ - ႀကီးသည္ (သို႔) ငယ္သည္ ၊ အျဖစ္အပ်က္ေတြက ကၽြန္ုပ္တို႔အတြက္ စိတ္ပ်က္စရာ ၊ မခ်င့္မရဲ ျဖစ္စရာေတြ ျဖစ္ေပၚေစၿပီး စိတ္၏ၿငိမ္သက္ျခင္းေတြကို ဆုံးရႈံးသြားေစပါတယ္။
(၂) လူေတြမေျပာင္းလဲနိုင္ၾကတဲ့အခါ ကၽြန္ုပ္တို႔၏ ၿငိမ္သက္ျခင္းကို ဆုံးရႈံးေစပါတယ္။
သင္၏စိတ္ၿငိမ္းခ်မ္းျခင္းေတြကို အျမန္ဆုံး ဆုံးရႈံးေစတဲ့နည္းလမ္းက သူတစ္ပါးကို ေျပာင္းလဲဖို႔ႀကိဳးစားေနတာ ျဖစ္တယ္။ လူေတာ္ေတာ္မ်ားမ်ားသည္ သင္လိုခ်င္ေသာပုံစံျဖစ္ဖို႔အတြက္ ေျပာင္းလဲဖို႔မရွိပါဘူး။ မျဖစ္နိုင္ဘူးဆိုတာကို သိလ်က္နဲ႔ ကၽြန္ုပ္တို႔က ႀကိဳးစားေနၾကတုန္းပါ။ ဒါေတြသည္ စိတ္၏ၿငိမ္းခ်မ္းျခင္းကေန ေဝးကြာသြားေစပါတယ္။
(၃) ျပသနာေတြ မေျဖရွင္းနိုင္ျဖစ္တဲ့အခ်ိန္ေတြမွာ ကၽြန္ုပ္တို႔၏ ၿငိမ္သက္ျခင္းကို ဆုံးရႈံးေစပါတယ္။
ဘဝမွာ တရားမၽွတမႈေတြ မရွိဘူးဆိုတာကို ကၽြႏုပ္တို႔သိၾကပါတယ္။ အရာရာ အမွန္တရားဘက္ကို အျမဲတမ္းမလွည့္ တတ္ၾကပါဘူး။ အဲဒါေတြကို ဘာေၾကာင့္မွန္းမသိတဲ့ခါ စိုးရိမ္စိတ္ေတြ ၊ ေၾကာက္စိတ္ေတြ ႏွင့္ စိတ္ဖိစိးမႈေတြကို ရရွိလာၾကတယ္။ ဘုရားသခင္၏ၿငိမ္သက္ျခင္းကို လက္ခံလိုက္ျခင္းသည္ သင္၏ျပသနာေတြကေန ကင္းလႊတ္မယ္လို႔ ဆိုလိုျခင္းမဟုတ္ပါ။ သင္၏ကမၻာၿပိဳလဲသြားနိုင္တဲ့အခ်ိန္ေတြမွာေတာင္ ရွင္းလင္းစြာေတြးေခၚ စဥ္းစားတတ္ျခင္း ႏွင့္ ၿငိမ္းခ်မ္းစြာ အိပ္စက္နိုင္ျခင္းကို ဆိုလိုျခင္း ျဖစ္သည္။
သင့္အသက္တာမွာ ဘုရား၏ၿငိမ္သက္ျခင္းကို မည္ကဲ့သို႔ရရွိပါသနည္း။ ဘုရား၏ၿငိမ္သက္ျခင္းသည္ တစ္စုံတစ္ခု အတြက္ လုပ္ေဆာင္ျခင္း (သို႔) ေတာင္းပန္ျခင္းေၾကာင့္မဟုတ္ပါ။ ဘုရား၏ၿငိမ္သက္ျခင္းသည္ သင္၏ယုံၾကည္ ျခင္းအားျဖင့္ ရရွိေသာလက္ေဆာင္ျဖစ္တယ္။ သင္၏ဆုေတာင္းခ်က္တြင္ ဘုရားကို ယုံၾကည္ပါ။ သင္၏စိတ္တြင္းခံစား မႈအား သူ႔ကိုေဖာ္ျပပါ။ ဘုရား၏ေကာင္းျမတ္ျခင္းေတြေပၚ အာ႐ုံစိုက္ပါ။ သူ၏ၿငိမ္သက္ျခင္း သည္ သင္၏စိတ္ႏွလုံးႏွင့္ အေတြးေခၚမႈေတြကို နားလည္တတ္ဖို႔ ေပးစြမ္းေစမည္။
ဆင္ျခင္ရန္
-မည္သို႔ေသာ ထိန္းခ်ဳပ္မရတဲ့အေျခအေနက သင္၏ၿငိမ္ခ်မ္းမႈကို လုယူသြားခဲ့သနည္း။
-ကၽြန္ုပ္တို႔ကို ဝိညာဥ္ေရးရာႀကီးထြားဖို႔ႏွင့္ ဘုရား၏အနားသို႔ နီးေစဖို႔ရန္ မည္ကဲ့သို႔ေသာ ျပသနာေတြကို ဘုရားက အသုံးျပဳပါသနည္း။
- ၿငိမ္းခ်မ္းစာအသက္ရွင္ျခင္းအတြက္ မည္ကဲ့သို႔ေသာ ရလဒ္ေတြရွိသနည္း။
--------------------------------------------------------------------------------
Unicode:
--------------------------------------------------------------------------------
Unicode:
ဘုရားသခင်၏ငြိမ်သက်ခြင်းကို မည်ကဲ့သို့ရရှိမည်နည်း။
ရှင်ယောဟန်ခရစ်ဝင် ၁၄:၂၇ “ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို
သင်တို့အားငါပေး၏။ လောကီသားတို့ပေးသကဲ့သို့မဟုတ်။ သင်တို့စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။”
စိတ်၏ငြိမ်သက်ခြင်းကိုပေးမည်ဟု
ဘုရားသခင် ကတိတော်ထားခဲ့ပါတယ်။ တကယ်တော့ ဘုရား၏အမည်မှာ Jehovah Shalom
ဖြစ်ပြီး “ငြိမ်သက်ခြင်း၏သခင်” ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ငြိမ်သက်ခြင်းကိုရှာဖွေခြင်းသည်
ကျွန်ုပ်တို့၏ နက်ရှိုင်းသော လိုအပ်ချက်ပင်ဖြစ်ပါတယ်။ ဘုရားက
ငြိမ်သက်ခြင်းကိုပေးမည်ဟုကတိပေးထားပြီး သင်က မရရှိပါလျှင် ဘာကြောင့်ဖြစ်မည်နည်း။
အောက်ပါအချက် (၃) ချက်က သင့်ကို ငြိမ်သက်ခြင်းကနေ လက်လွှတ်သွား စေတဲ့အကြောင်းရင်းတွေဖြစ်နိုင်ပါတယ်။
(၁) အခြေအနေတွေ ထိန်းချုပ်မှုမဲ့တဲ့အချိန်မှာ
ငြိမ်သက်ခြင်းကို ဆုံးရှုံးစေပါတယ်။
အသက်တာအခြေအနေတော်တော်များများက
ကျွန်ုပ်တို့၏ထိန်းချုပ်မှုကနေ ကျော်လွန်နေကြပါတယ်။ ယာဉ်ကြော ပိတ်နေတဲ့နေရာတွေမှာ ထိုင်စောင့်နေရတာတွေနှင့်
အရေးကြီးတဲ့အရာကို လွှတ်သွားရတာတွေပေါ့။ အကြင်လင်မယားနှစ်ဉီး ကလေးရဖို့ အရူးအမူး စစ်ဆေးကြပေမဲ့
မအောင်မြင်ကြတာတွေ၊ တစ်စုံတစ်ယောက်က မထင်မှတ်ဘဲ အလုပ်ဆုံးရှုံးသွားပြီး မိသားစုအတွက်
ဘယ်ကဲ့သို့ထောက်ပံ့ရမည်ကို စိုးရိမ်နေရတာတွေပေါ့။ ဤကဲ့သို့အရာတွေ - ကြီးသည် (သို့)
ငယ်သည် ၊ အဖြစ်အပျက်တွေက ကျွန်ုပ်တို့အတွက် စိတ်ပျက်စရာ ၊ မချင့်မရဲ ဖြစ်စရာတွေ ဖြစ်ပေါ်စေပြီး
စိတ်၏ငြိမ်သက်ခြင်းတွေကို ဆုံးရှုံးသွားစေပါတယ်။
(၂) လူတွေမပြောင်းလဲနိုင်ကြတဲ့အခါ ကျွန်ုပ်တို့၏
ငြိမ်သက်ခြင်းကို ဆုံးရှုံးစေပါတယ်။
သင်၏စိတ်ငြိမ်းချမ်းခြင်းတွေကို
အမြန်ဆုံး ဆုံးရှုံးစေတဲ့နည်းလမ်းက သူတစ်ပါးကို ပြောင်းလဲဖို့ကြိုးစားနေတာ ဖြစ်တယ်။
လူတော်တော်များများသည် သင်လိုချင်သောပုံစံဖြစ်ဖို့အတွက် ပြောင်းလဲဖို့မရှိပါဘူး။ မဖြစ်နိုင်ဘူးဆိုတာကို
သိလျက်နဲ့ ကျွန်ုပ်တို့က ကြိုးစားနေကြတုန်းပါ။ ဒါတွေသည် စိတ်၏ငြိမ်းချမ်းခြင်းကနေ ဝေးကွာသွားစေပါတယ်။
(၃) ပြသနာတွေ မဖြေရှင်းနိုင်ဖြစ်တဲ့အချိန်တွေမှာ
ကျွန်ုပ်တို့၏ ငြိမ်သက်ခြင်းကို ဆုံးရှုံးစေပါတယ်။
ဘဝမှာ
တရားမျှတမှုတွေ မရှိဘူးဆိုတာကို ကျွနုပ်တို့သိကြပါတယ်။ အရာရာ
အမှန်တရားဘက်ကို အမြဲတမ်းမလှည့် တတ်ကြပါဘူး။ အဲဒါတွေကို ဘာကြောင့်မှန်းမသိတဲ့ခါ စိုးရိမ်စိတ်တွေ
၊ ကြောက်စိတ်တွေ နှင့် စိတ်ဖိစိးမှုတွေကို ရရှိလာကြတယ်။ ဘုရားသခင်၏ငြိမ်သက်ခြင်းကို လက်ခံလိုက်ခြင်းသည် သင်၏ပြသနာတွေကနေ
ကင်းလွှတ်မယ်လို့ ဆိုလိုခြင်းမဟုတ်ပါ။ သင်၏ကမ္ဘာပြိုလဲသွားနိုင်တဲ့အချိန်တွေမှာတောင်
ရှင်းလင်းစွာတွေးခေါ် စဉ်းစားတတ်ခြင်း နှင့် ငြိမ်းချမ်းစွာ အိပ်စက်နိုင်ခြင်းကို ဆိုလိုခြင်း
ဖြစ်သည်။
သင့်အသက်တာမှာ
ဘုရား၏ငြိမ်သက်ခြင်းကို မည်ကဲ့သို့ရရှိပါသနည်း။ ဘုရား၏ငြိမ်သက်ခြင်းသည်
တစ်စုံတစ်ခု အတွက် လုပ်ဆောင်ခြင်း (သို့) တောင်းပန်ခြင်းကြောင့်မဟုတ်ပါ။ ဘုရား၏ငြိမ်သက်ခြင်းသည် သင်၏ယုံကြည် ခြင်းအားဖြင့် ရရှိသောလက်ဆောင်ဖြစ်တယ်။
သင်၏ဆုတောင်းချက်တွင် ဘုရားကို ယုံကြည်ပါ။ သင်၏စိတ်တွင်းခံစား မှုအား သူ့ကိုဖော်ပြပါ။
ဘုရား၏ကောင်းမြတ်ခြင်းတွေပေါ် အာရုံစိုက်ပါ။ သူ၏ငြိမ်သက်ခြင်း
သည် သင်၏စိတ်နှလုံးနှင့် အတွေးခေါ်မှုတွေကို နားလည်တတ်ဖို့ ပေးစွမ်းစေမည်။
ဆင်ခြင်ရန်
-မည်သို့သော
ထိန်းချုပ်မရတဲ့အခြေအနေက သင်၏ငြိမ်ချမ်းမှုကို လုယူသွားခဲ့သနည်း။
-ကျွန်ုပ်တို့ကို
ဝိညာဉ်ရေးရာကြီးထွားဖို့နှင့် ဘုရား၏အနားသို့ နီးစေဖို့ရန် မည်ကဲ့သို့သော ပြသနာတွေကို
ဘုရားက အသုံးပြုပါသနည်း။
-
ငြိမ်းချမ်းစာအသက်ရှင်ခြင်းအတွက် မည်ကဲ့သို့သော ရလဒ်တွေရှိသနည်း။