Happiness and Humility Go Together

Zawgyi Font
ေပ်ာ္ရႊင္ျခင္းႏွင့္ ႏွိမ့္ခ်ျခင္းသည္ အတူတကြ တည္ရွိၾကပါတယ္။
ဖိလိပၸိ ၃:၁၂-၁၃ “ထိုသို႔ဆိုေသာ္ အက်ိဳးကိုခံရၿပီ၊ စုံလင္ျခင္းသို႔ ေရာက္ရၿပီဟု ငါမဆိုလို၊ အၾကင္အက်ိဳးကိုေပးျခင္းငွါ ခရစ္ေတာ္သည္ ငါ့ကို ကိုင္ဘမ္းေတာ္မူ၏။ ထိုအက်ိဳးကို ကိုင္မိျခင္းငွါ ငါေျပး၍ လိုက္ေသး၏။

ညီအစ္ကိုတို႔၊ ငါကိုင္မိၿပီဟု ကိုယ္ကိုကိုယ္ မထင္ေသာ္လည္း၊ ငါျပဳေသာအမႈတခုဟူမူကား၊ ေနာက္ က်ေသာအရာတို႔ကို မမွတ္ဘဲ၊ ေရွ႕၌ ရွိေသာအရာတို႔ကို လွမ္းကမ္း၍ ေယရႈခရစ္အားျဖင့္ဘုရားသခင္သည္ အထက္အရပ္မွ ေခၚေတာ္မူ ျခင္းႏွင့္ ဆိုင္ေသာဆုကို ရျခင္းငွါ၊ ပန္းတုံးတိုင္သို႔ ငါလိုက္ေျပး၏။. .  .”

အထက္ပါက်မ္းပိုဒ္ကို တမန္ေတာ္ရွင္ေပါလု ေရးစဥ္အခါက ေရာမ ေထာင္ထဲမွာ အသက္ႀကီးရင့္ေနၿပီျဖစ္တယ္။ အသက္တာ ကုန္ဆုံးခ်ိန္နားေရာက္ႏွင့္ေနပါၿပီ။ သူသည္ ထူးျခားေသာ ရင့္က်က္သည့္ ပုဂိၢဳလ္တစ္ဉီးျဖစ္ပါတယ္။ သူမေရာက္ရွိေသးဘူးလို႔ ဆိုထားပါတယ္။ “ဝိညာဥ္ေရးရာမွာ ကၽြန္ုပ္ေရာက္ႏွင့္ၿပီ”လို႔ ေျပာနိုင္တဲ့သူရွိပါလၽွင္ ဓမၼသစ္က်မ္းေတြကို ေရးသားခဲ့သူသာျဖစ္လိမ့္မည္။ ဒါေပမဲ့ ရွင္ေပါလုက “ကၽြန္ုပ္မေရာက္ေသးပါ။ ႀကီးထြားဆဲပါ ၊ သင္ယူဆဲပါ။ သခင္ခရစ္ေတာ္ႏွင့္တူဖို႔ ျပဳေနဆဲပါ။

သခင္ခရစ္ေတာ္နည္းတူ ႀကီးထြားဖို႔ရန္ ႏွင့္ ရွင္ေပါလုေျပာေသာ ဥပမာတစ္ရပ္ကို လိုက္နာဖို႔ရန္ မည္သို႔ေသာအရာက သင့္ကို မ႐ုန္းထြက္ေစနိုင္ပါသနည္း။ မာနရွိျခင္း။

ဝိညာဥ္ေရးရာမွာ ႀကီးထြားရင့္က်က္ဖို႔ ဘာကိုမွ မလုပ္ဆာင္ဘဲ အရာအားလုံးျပည့္ဝပါတယ္လို႔ သင္ဟန္ေဆာင္ေနျခင္း ေၾကာင့္ မာနသည္ သင့္အား ဝိညာဥ္ေရးရာမွာ ႀကီးထြားျခင္းမ်ားမွ ကင္းေဝးေစသည္။ ဘယ္သူမွာမွ ျပည့္ဝျခင္းေတြ မရွိပါဘူး။ ႏွိမ့္ခ်ေသာစိတ္ကသာ သင့္ကို ေပ်ာ္ရႊင္ျခင္းဆီ ဉီးေဆာင္သြားမည္ျဖစ္သည္။ ဘာေၾကာင့္လဲဆိုေတာ့ သင့္ကို သင္ၾကားေပးလို႔ရတဲ့အတြက္ေၾကာင့္ေပါ့။

ေပ်ာ္ရႊင္ေနတဲ့သူမွာ ႀကီးထြားမႈေတြ ဘယ္ေတာ့မွ မရပ္တန႔္ပါဘူး။ သူတို႔မွာ ရွာေဖြျခင္းေတြ ၊ ကမ္းလွမ္းျခင္းေတြ ၊ ေလ့လာျခင္းေတြကို ဘယ္ေတာ့မွ မရပ္တန႔္ပါ။ သင့္ကို ႀကီးထြားဖို႔ ဖန္ဆင္းထားတာကို သင္က ႀကီးထြားဖို႔ ရပ္တန႔္ထားမယ္ဆိုလၽွင္ သင္သည္ စိတ္ပ်က္စရာေကာင္းေနပါၿပီ။

ေပ်ာ္ရႊင္ျခင္းႏွင့္ ႏွိမ့္ခ်ျခင္းသည္ အတူတကြေပါင္းစည္းၾကျခင္းမွာ စိတ္ႏွိမ့္ခ်ေသာသူတို႔သည္ သင္ၾကားေပးလို႔ရေသာ သူေတြျဖစ္ၾကလို႔ပါဘဲ။ “ကၽြန္ုပ္မည္ကဲ့သို႔ ပိုေကာင္းေသာ ခင္ပြန္း/ဇနီးတစ္ေယာက္ ျဖစ္နိုင္မည္နည္း။ ပိုမိုေကာင္းတဲ့ မိတ္ေဆြ ၊ သူငယ္ခ်င္း ၊ သူေဌးတစ္ဉီးျဖစ္နိုင္မည္နည္း။ ပိုမိုေကာင္းမြန္တဲ့ ခရစ္ေတာ္ေနာက္လိုက္တစ္ေယာက္အျဖစ္ မည္ကဲ့သို႔ ျဖစ္နိုင္မည္နည္း။” ဆိုၿပီး စိတ္ႏွိမ့္ခ်ေသာသူတို႔ေတြ အျမဲတမ္းေမးခြန္းေတြ ေမးၾကပါတယ္။

ေကာရိႏ္သဳဒုတိယေစာင္ ၁၃:၅ “သင္တို႔သည္ယုံၾကည္ျခင္း၌တည္သေလာ၊ မတည္ေလာဟု ကိုယ္ကိုကိုယ္စစ္ေၾကာ ၾကေလာ့။ ကိုယ္ကို ကိုယ္စုံစမ္းၾကေလာ့။ အစစ္မခံနိုင္ေသာ သူမမွန္လၽွင္၊ ေယရႈခရစ္သည္ သင္တို႔၌ တည္ေတာ္ မူသည္ဟု ကိုယ္ အေၾကာင္းကိုယ္မသိၾကေလာ။”

ဆင္ျခင္ရန္
- ဝိညာဥ္ေရးရာ ႀကီးထြားေအာင္ မႏွစ္တုန္းက သင္မည္ကဲ့သို႔ျပဳခဲ့ပါသနည္း။ မည္ကဲ့သို႔ေသာ ႀကီးထြားျခင္း၏ သာဓကအား တျခားသူေတြ သင္၌ေတြ႕ျမင္နိုင္မည္နည္း။
-သင္ဝိညာဥ္ေရးရာႀကီးထြားဖို႔ ႀကိဳးပမ္းေနသည္နည္းတူ အေထာက္အမရဖို႔ရန္ အဖြဲ႕ငယ္ေလးေတြ ၊ အသင္းအဖြဲ႕ ရွိျခင္းက ဘာေၾကာင့္မ်ား အေရးႀကီးပါသနည္း။
- သင္ၾကားေပးလို႔ ရတဲ့သူေတြ၏စိတ္ေတြသည္ ဘာေၾကာင့္မ်ား ေပ်ာ္ရႊင္ျခင္းေတြရွိေနသနည္း။


------------------------------------------------------------------------------------------------------------------------

Unicode:

ပျော်ရွှင်ခြင်းနှင့် နှိမ့်ချခြင်းသည် အတူတကွ တည်ရှိကြပါတယ်။
ဖိလိပ္ပိ ၃:၁၂-၁၃ “ထိုသို့ဆိုသော် အကျိုးကိုခံရပြီ၊ စုံလင်ခြင်းသို့ ရောက်ရပြီဟု ငါမဆိုလို၊ အကြင်အကျိုးကိုပေးခြင်းငှါ ခရစ်တော်သည် ငါ့ကို ကိုင်ဘမ်းတော်မူ၏။ ထိုအကျိုးကို ကိုင်မိခြင်းငှါ ငါပြေး၍ လိုက်သေး၏
ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ် မထင်သော်လည်း၊ ငါပြုသောအမှုတခုဟူမူကား၊ နောက် ကျသောအရာတို့ကို မမှတ်ဘဲ၊ ရှေ၌ ရှိသောအရာတို့ကို လှမ်းကမ်း၍ ယေရှုခရစ်အားဖြင့်ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူ ခြင်းနှင့် ဆိုင်သောဆုကို ရခြင်းငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။. .  .”
အထက်ပါကျမ်းပိုဒ်ကို တမန်တော်ရှင်ပေါလု ရေးစဉ်အခါက ရောမ ထောင်ထဲမှာ အသက်ကြီးရင့်နေပြီဖြစ်တယ်။ အသက်တာ ကုန်ဆုံးချိန်နားရောက်နှင့်နေပါပြီ။ သူသည် ထူးခြားသော ရင့်ကျက်သည့် ပုဂိ္ဂုလ်တစ်ဉီးဖြစ်ပါတယ်။ သူမရောက်ရှိသေးဘူးလို့ ဆိုထားပါတယ်။ “ဝိညာဉ်ရေးရာမှာ ကျွန်ုပ်ရောက်နှင့်ပြီ”လို့ ပြောနိုင်တဲ့သူရှိပါလျှင် ဓမ္မသစ်ကျမ်းတွေကို ရေးသားခဲ့သူသာဖြစ်လိမ့်မည်။ ဒါပေမဲ့ ရှင်ပေါလုက “ကျွန်ုပ်မရောက်သေးပါ။ ကြီးထွားဆဲပါ ၊ သင်ယူဆဲပါ။ သခင်ခရစ်တော်နှင့်တူဖို့ ပြုနေဆဲပါ။

သခင်ခရစ်တော်နည်းတူ ကြီးထွားဖို့ရန် နှင့် ရှင်ပေါလုပြောသော ဥပမာတစ်ရပ်ကို လိုက်နာဖို့ရန် မည်သို့သောအရာက သင့်ကို မရုန်းထွက်စေနိုင်ပါသနည်း။ မာနရှိခြင်း။

ဝိညာဉ်ရေးရာမှာ ကြီးထွားရင့်ကျက်ဖို့ ဘာကိုမှ မလုပ်ဆာင်ဘဲ အရာအားလုံးပြည့်ဝပါတယ်လို့ သင်ဟန်ဆောင်နေခြင်း ကြောင့် မာနသည် သင့်အား ဝိညာဉ်ရေးရာမှာ ကြီးထွားခြင်းများမှ ကင်းဝေးစေသည်။ ဘယ်သူမှာမှ ပြည့်ဝခြင်းတွေ မရှိပါဘူး။ နှိမ့်ချသောစိတ်ကသာ သင့်ကို ပျော်ရွှင်ခြင်းဆီ ဉီးဆောင်သွားမည်ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ သင့်ကို သင်ကြားပေးလို့ရတဲ့အတွက်ကြောင့်ပေါ့။

ပျော်ရွှင်နေတဲ့သူမှာ ကြီးထွားမှုတွေ ဘယ်တော့မှ မရပ်တန့်ပါဘူး။ သူတို့မှာ ရှာဖွေခြင်းတွေ ၊ ကမ်းလှမ်းခြင်းတွေ ၊ လေ့လာခြင်းတွေကို ဘယ်တော့မှ မရပ်တန့်ပါ။ သင့်ကို ကြီးထွားဖို့ ဖန်ဆင်းထားတာကို သင်က ကြီးထွားဖို့ ရပ်တန့်ထားမယ်ဆိုလျှင် သင်သည် စိတ်ပျက်စရာကောင်းနေပါပြီ။

ပျော်ရွှင်ခြင်းနှင့် နှိမ့်ချြခင်းသည် အတူတကွပေါင်းစည်းကြခြင်းမှာ စိတ်နှိမ့်ချသောသူတို့သည် သင်ကြားပေးလို့ရသော သူတွေဖြစ်ကြလို့ပါဘဲ။ “ကျွန်ုပ်မည်ကဲ့သို့ ပိုကောင်းသော ခင်ပွန်း/ဇနီးတစ်ယောက် ဖြစ်နိုင်မည်နည်း။ ပိုမိုကောင်းတဲ့ မိတ်ဆွေ ၊ သူငယ်ချင်း ၊ သူဌေးတစ်ဉီးဖြစ်နိုင်မည်နည်း။ ပိုမိုကောင်းမွန်တဲ့ ခရစ်တော်နောက်လိုက်တစ်ယောက်အဖြစ် မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။” ဆိုပြီး စိတ်နှိမ့်ချသောသူတို့တွေ အမြဲတမ်းမေးခွန်းတွေ မေးကြပါတယ်။

ကောရိန္သုဒုတိယစောင် ၁၃:၅ “သင်တို့သည်ယုံကြည်ခြင်း၌တည်သလော၊ မတည်လောဟု ကိုယ်ကိုကိုယ်စစ်ကြော ကြလော့။ ကိုယ်ကို ကိုယ်စုံစမ်းကြလော့။ အစစ်မခံနိုင်သော သူမမှန်လျှင်၊ ယေရှုခရစ်သည် သင်တို့၌ တည်တော် မူသည်ဟု ကိုယ် အကြောင်းကိုယ်မသိကြလော။

ဆင်ခြင်ရန်
- ဝိညာဉ်ရေးရာ ကြီးထွားအောင် မနှစ်တုန်းက သင်မည်ကဲ့သို့ပြုခဲ့ပါသနည်း။ မည်ကဲ့သို့သော ကြီးထွားခြင်း၏ သာဓကအား တခြားသူတွေ သင်၌တွေ့မြင်နိုင်မည်နည်း။
-သင်ဝိညာဉ်ရေးရာကြီးထွားဖို့ ကြိုးပမ်းနေသည်နည်းတူ အထောက်အမရဖို့ရန် အဖွဲ့ငယ်လေးတွေ ၊ အသင်းအဖွဲ့ ရှိခြင်းက ဘာကြောင့်များ အရေးကြီးပါသနည်း။
- သင်ကြားပေးလို့ ရတဲ့သူတွေ၏စိတ်တွေသည် ဘာကြောင့်များ ပျော်ရွှင်ခြင်းတွေရှိနေသနည်း။