God Is Working It Out for Good
Zawgyi Font
ရောမ ၈:၂၈ “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။"
ဆင်ခြင်ရန်
-------------------------------------------------------------------------------
Unicode:
ကောင်းဖို့အတွက် ဘုရားသခင် ပြုတော်မူသည်
ရောမ :၂၈ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။”
လက်ခံဖို့ရန်ခက်ခဲတဲ့အရာတွေ ၊ မကျန်းမာခြင်းတွေ ၊ အလုပ်ဆုံးရှုံးရခြင်းတွေ (သို့) မိတ်ဆွေ ၊ မိသားစုဝင်တွေ၏ ဆုံးပါးခြင်းစတဲ့ အကြောင်းအရာတွေသည် တဒင်္ဂအတွင်းမှာပင် ဘဝရှင်သန်ခြင်းအရာတွေက သယ်ဆောင်လာကြ ပါတယ်။ အဲဒီလိုဆေးပြားတွေသည် မျောချရဖို့ခါးသီးကြပြီး မကြာခဏဆိုသလို နှင်နေတတ်ကြပါတယ်။
သင့်အသက်တာတွင် တစ်စုံတစ်ရာကို ကောင်းမွန်ဖို့အတွက် ဘုရားရှင် လုပ်ဆောင်ပါတယ်။ အဲဒါကို သင်မမြင်နိုင်သည့်တိုင် စိတ်ချစွာယုံကြည်လိုက်ပါ။ ခက်ခဲတဲ့အချိန်အခါမှာ သင်၏မျှော်လင့်ခြင်းကို ဆုပ်ကိုင်နိုင်ဖို့အတွက် အမှန်တရား ၌တည်မြဲနေနိုင်ခြင်းကို ဆွဲကိုင်ထားရပါမည်။
ရောမ ၈:၂၈ တွင်ဖော်ပြထားသည်မှာ ' ဘုရားသခင်ကိုချစ်သော သူတည်းဟူသော ကြံစည်တော်မူခြင်း အတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကိုခပ်သိမ်းသော အရာတို့သည်တညီတညွတ်တည်း ပြုစုကြသည်ကိုငါတို့သိကြ၏။' (Rom 8:28)
သင့်အသက်တာ၌ ဖြစ်ပျက်သမျှသောအရာတွေသည် ကောင်းဖို့အတွက်ဖြစ်တယ်လို့ သမ္မာကျမ်းစာက မဆိုလိုပါ။ အဲဒီကောင်းဖို့အတွက်ဖြစ်တယ်ဆိုခြင်းသည် မမှန်ကန်ဘူးဆိုတာကို သင်ရော ကျွန်ုပ်ရောသိကြပါတယ်။ ဒါပေမဲ့ ဆိုလိုချင်တာက သင်၏အသက်တာတစ်ခုလုံးကို အတူတကွ အသေးစိပ်ကလေးများအားလုံးကို ကောင်းမှုအတွက်လုပ် ဆောင်ပါလျှင် ကိတ်မုန့်တစ်လုံးပြုသကဲ့သို့ဖြစ်ပါလိမ့်မည်။ အရသာမုန့်တစ်ခုစီလိုမျိုးတော့ သင်ကြိုက်မည်မဟုတ်ပါ။ ဒါပေမဲ့ အဲဒီအရာအားလုံး အတူတကွပေါင်းစပ်လိုက်ပါလျှင် အရသာကောင်းမွန်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ သင့်အသက်တာအားဖြင့် ဘုရားသခင်သည် ထူးခြားစွာအရသာရှိတဲ့ကိတ်မုန့်ကို ဖုတ်ချင်ပါတယ်။ အရသာပျက်ပြီး ခါးတဲလက္ခဏာရှိသည့်တိုင် ဘုရားအသုံးပြုချင်ပါသည်။
ကျွန်ုပ်တို့အလိုရှိရာအတွက် အရာအာလုံးက ပါဝင်လုပ်ဆောင်တယ် (သို့) ဘဝဇာတ်ကြောင်းတွေက အဆုံး၌ ပျော်ရွှင်ခြင်းတွေနဲ့ ပြီးဆုံးလိမ့်မယ်လို့ ဘုရားက မပြောထားပါ။ စီးပွားရေးဆုံးဖြတ်ချက်တိုင်းသည် သန်းပေါင်းများစွာ သော ငွေတွေကိုပြုလိမ့်မည်မဟုတ်ပါ။ လက်ထပ်ထိမ်းမြားကြသောစုံတွဲတိုင်းသည်လည်း အဆုံးတိုင်ပျော်ရွှင်စွာ နေထိုင်ရမည်မဟုတ်သလို ကလေးတိုင်း သည်လည်း ဘောလုံးအသင်း၏ ခေါင်းဆောင်မဖြစ်လာပါ။
အဲဒီအစား ကျမ်းပိုဒ်က ဘာကိုသတိပေးချင်တာလည်းဆိုတာကိုဖော်ပြနေပါတယ်။ ဘုရားကိုချစ်သောသူအတွက် အရာအားလုံး ကောင်းခြင်းတွေဖြစ်ဖို့ အတူတကွလုပ်ဆောင်မှုပြုတဲ့ စကြာဝဋ္ဌာကို ပုံဖော်သောအရှင်သခင်ကို အကြွင်းမဲ့စိတ်ချယုံကြည်နိုင်ဖို့ဖြစ်ပါတယ်။
မျှော်လင့်ခြင်းသည် အရာရာ အကောင်းမြင်ခြင်းနှင့်မတူပါ။ တစ်စုံတစ်ခုသော အဆိုးကနေ အကောင်းဖြစ်လာဖို့ ယုံကြည်နေမှုလည်းမဟုတ်ပါ။ သင့်အသက်တာ၏အစိတ်အပိုင်းအားလုံးတို့သည် အခြေခံအားဖြင့်သိရှိနိုင်စွမ်းတွေကို ပြုထားတယ်ဆိုတာကို အကြွင်းမဲ့ယုံကြည်ဖို့ရန်ဖြစ်ပါတယ်။
ကျွန်ုပ်တို့၏ အမြင်ကနေကြည့်မယ်ဆိုလျှင် အသက်တာသည် တစ်ခါတစ်ရံ ရှုပ်ပွညစ်ပေပြီး ကမောက်ကမအခြေအန လိုမျိုးပေါ်ပါတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံမှဘုရား၏အမြင်က ကျွန်ုပ်တို့မြင်သလိုမျိုးမဟုတ်။ သင့်အသက်တာ အတွက် ဘုရားသိုလှောင်ထားတဲ့ ကောင်းသောအရာတွေကို သင်မခန့်မှန်းနိုင်ပါ။ သင်၏လက်ရှိအခြေအနေနှင့် အနာဂတ်အတွက် ဘုရားကို ယုံကြည်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သင်အတွက် ကောင်းဖို့ချည်းဖြစ်တဲ့ အရာတွေကို အမြဲတမ်းလုပ်ဆောင်နေလို့ဖြစ်ပါတယ်။
ဆင်ခြင်ရန်
-သင့်အသက်တာ ကောင်းဖို့အတွက် ဆိုးသောအတွေ့အကြုံတွေကို ဘုရားအသုံးပြုနိုင်တယ်ဆိုတာကို သင်ယုံကြည် ပါသလား။ ယုံကြည်တယ်ဆိုလျှင် သင့်အတွေ့အကြုံတွေနှင့်ပတ်သက်ပြီး တခြားသူတွေကို မည်သို့သော နည်းလမ်းဖြင့် ဖော်ပြနိုင်မည်နည်း။
-ဘုရားသခင်ယူဆောင်လာမည့် ကောင်းသောအရာတွေကို မြင်နိုင်ဖို့ခက်ခဲဆုံးအချိန်ဖြစ်စေသော အသက်တာ၏ အတွေ့အကြုံကား မည်ကဲ့သို့နည်း။
-ဆိုးသောအခြေအနေကနေ ကောင်းသောအရာဖြစ်ဖို့ရန် သခင်ခရစ်တော်ကားတိုင်ပေါ်အသေခံခြင်းသည် ဘုရားသ ခင်၏ မည်ကဲ့သို့သော သာဓကဖြစ်ပါသနည်း။