Zawgyi Font
ဤနည်း၎င်းပင် ၊ ဘုရားသင့်ကိုပေးချင်သော ငွေတွေသည် လုပ်ငန်းကနေတစ်ဆင့် (သို့) တစ်စုံတစ်ရာ (သို့) တစ်စုံတစ်ယောက်ကနေဖြတ်သန်းသွားရပါတယ်။
ဆင်ခြင်ရန်
--------------------------------------------------------------------------
Unicode:
မည်သည့်ဘုံပိုင်ခေါင်းကနေမဆို
ဘုရားရှင်ဖြည့်ဆည်းပေးနိုင်သည်။
တရားဟောရာကျမ်း ၈:၁၈ “သင်၏ဘုရားသခင်ထာဝရဘုရားကိုသာ အောက်မေ့ရမည်။ အကြောင်းမူကား
သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်တရားတော်ကို ယနေ့ကဲ့သို့ တည်စေလိုသောငှါ
စည်းစိမ်ရတတ် သောအစွမ်းသတ္တိကို ဘုရားသခင် ပေးတော်မူ၏။
ဘုရားသခင်က
ကျွန်ုပ်တို့၏ဘဏ္ဍာရေးရာဖြစ်တယ်လို့ သမ္မာကျမ်းစာက သင်ကြားထားပါတယ်။ ကျွန်ုပ်တို့၏
လိုအပ်ချက်များကို တစ်ဉီးတည်းဖြည့်ဆည်းပေးသူဖြစ်ပါတယ်။
မည်သို့သောအဓိပ္ပါယ်နည်း။
သင့်၏ငွေကြေးဆိုင်ရာ လုံခြုံမှုအတွက် အလုပ်သမားကိုရှာဖွေနေခြင်းထက် ဘုရားထံတော်မျှော်ကြည့်ဖို့ကို
ဆိုလိုပါတယ်။ သင်၏ငွေတွေလုံခြုံမှုအတွက် ဘဏ်တွင်စုဆောင်းခြင်းထက် ဘုရားထံတော်ကြည့်ခြင်းကိုဆိုလိုပါတယ်။
တခြားအရာ ၊ တခြားလူတွေဆီကနေ ဘာကိုမှ မမျှော်ကိုးဘဲ သင်၏ လိုအပ်ချက်တွေကို ဘုရားဖြည့်ဆည်းဖို့အတွက်သာ
မျှော်ကြည့်ခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။
သာဓကအားဖြင့်ကြည့်ရအောင်
- ရေရဖို့အတွက် ရေသည် တကယ်တမ်းမှာ ရေဘုံပိုင်ခေါင်းကနေလာ သည်မဟုတ်မှန်းကို သင်သိပါသည်။
ရေဘုံပိုင်ခေါင်းကနေတဆင့် ဖြတ်သန်းလာတယ်။ တကယ်တမ်းရေတွေသည် သိုလှောင်ထားတဲ့ရေတွင်းကနေလာတယ်
၊ ရေဘုံပိုင်ကနေတစ်ဆင့်ရဖို့ ဖြစ်လာတဲ့နည်းလမ်းပေါ့။
ဤနည်း၄င်းပင်
၊ ဘုရားသင့်ကိုပေးချင်သော ငွေတွေသည် လုပ်ငန်းကနေတစ်ဆင့် (သို့) တစ်စုံတစ်ရာ (သို့)
တစ်စုံတစ်ယောက်ကနေဖြတ်သန်းသွားရပါတယ်။
ဒါပေမဲ့
အရင်းအမြစ်သည် အမြဲတမ်း ဘုရားရှင်သာဖြစ်ပါတယ်။
သင်၏လိုအပ်ချက်တွေကို မည်ကဲ့သို့သော ရေဘုံပိုင်ကနေလာမည်ဆိုတာကို သင်စိုးရိမ်ဖို့မလိုအပ်ပါ။ ဘုရားပြောတဲ့
အနက်အဓိပ္ပါယ်က “သင်၏ဘုံပိုင်တစ်ခုကို ငါပိတ်လိုက်လျှင် နောက်တစ်ခုကို ငါထပ်ဖွင့်နိုင်ပါတယ်။
သင်အလုပ်တစ်ခုဆုံးရှုံးပါလျှင် နောက်တစ်ခုကို ငါပေးမည်။ သင်၏အလုပ်က သင်၏အရင်းအမြစ်မဟုတ်ပါ။
သင်၏စုဆောင်းငွေသည်လည်း အရင်းအမြစ်မဟုတ် ၊ ငါသည် သင်၏အရင်းအမြစ်ဖြစ်၏။”
ကျွန်ုပ်တို့တွေ
ဘုရားကို မယုံကြည်နိုင်တဲ့အရာတွေမှာ စိုးရိမ်ခြင်းတွေက ဖော်ပြနေတယ်။ သင်၌ ဘုရားကို
မယုံကြည်နိုင်ခြင်းတွေ၏ အကြောင်းအရာကို နားလည်စေနိုင်ဖို့ရန် ကူညီဖေးမမှုကိုရရှိရန်
ဘုရားထံတောင်းခံပါ၊ သူ့အားစတင်ယုံကြည်ဖို့ရန် သွန်သင်မှုကိုလည်း တောင်းခံပါ။ မည်ကဲ့သို့ပြုတော်မူမည်ကိုလည်း
စောင့်ကြည့်ပါ။ စိုးရိမ်မှုကို သင်စတင်ခံစားရလျှင် အဲဒီအကြောင်းကိုဘုရားနှင့်ပြောဆိုပါ။
ဆင်ခြင်ရန်
-ဘုရားသင့်အား
ဖြည့်ဆည်းပေးခဲ့တဲ့အရာတွေကို မည်ကဲ့သို့ သင်မြင်ပါသနည်း။ မည်ကဲ့သို့သော ဘုံပိုင်ခေါင်းကို
ဘုရားအသုံးပြုခဲ့သနည်း။
-စိုးရိမ်ခြင်းက
ဘာကြောင့်များ ဘုရားကိုယုံကြည်ခြင်းမှ ကင်းမဲ့စေသနည်း။
-ဘုရားကို
ပိုမိုနက်ရှိုင်းစွာယုံကြည်မှုစတင်ဖို့ မည်ကဲ့သို့သောအစိတ်အပိုင်းအတွက် စိုးရိမ်နေရခြင်းတွေကို
ရပ်တန့်ဖို့ရန် ဘုရား၏အကူအညီလိုအပ်ပါသနည်း။