God Calls You to a Relationship with Him
Zawgyi Font
ဆင်ခြင်ရန်
-----------------------------------------------------------------------------
Unicode:
ဘုရားရှင်သင်‌့ကို သူနှင့်အတူမိတ်သဟာရဖွဲ့ဖို့ ခေါ်နေပါတယ်။
ရောမ ၁:၇ “သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့၌ ရှိစေပါစေသော။”
ဘုရား၏ သင့်ကိုခေါ်တော်မူခြင်းအဓိကသည် တစ်စုံတစ်ခုကို သင်လုပ်ဆောင်ဖို့ရန်မဟုတ်ပါ။ ကဏ္ဍတစ်ခုအတွက် လည်းမဟုတ် ၊ စည်းမျဉ်း တွေ (သို့) ဓလေ့ထုံးစံတွေအတွက်လည်းမဟုတ်။ ကိုးကွယ်မှုအယူ ဝါဒတွေတိုင် မဟုတ်ပါ။
သင့်အားပထမဉီးဆုံးခေါ်တော်မူခြင်းသည် အရာအားလုံးထက် ဘုရားရှင်နှင့် မိတ်သဟာရဖွဲ့ဖို့ရန်ဖြစ်ပါတယ်။
ရောမ ၁:၇ “သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့၌ ရှိစေပါစေသော။”
ဘုရားရှင်က သင့်အား သူ၏မိသားစုဝင်ဖြစ်စေချင်တယ်၊ သူ၏သားသမီးလည်းဖြစ်ဖို့အလိုတော်ရှိပါတယ်။
အရေးကြီးတဲ့အရာတွေသင့်အားဖြစ်ပျက်လျှင်တောင် သင်လုပ်ဆောင်ရမည့်အရာမဟုတ်ပါ။ ဒါသည် ဘုရားရှင် တစ်စုံတစ်ခုပြုတော့မည့်အရာဖြစ်သည်။ သူ၏သားသမီးဖြစ်ဖို့ သူခေါ်တယ်၊ သူ့ကိုသိဖို့ ၊ သင်ကို့လည်းချစ်ဖို့နှင့် ချစ်ရသောသား ၊သမီးဖြစ်ကြဖို့ရန်အတွက်ဖြစ်ပါတယ်။
ရှင်ယောဟန် ပဌမစောင် ၃:၁ “ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့် ၊ ငါတို့ကိုလည်း မသိကြ။”
ဘုရားရှင်အလိုတော်အတိုင်း လိုက်လျှောက်ခြင်းအားဖြင့် အသက်တာလုပ်ဆောင်သင့်တာအားလုံးကို စစ်ဆေးဖို့ရန် မလိုတော့ပြီ။ ဘုရားနှင့် မိတ်သဟာရဖွဲ့မှုပေါ် အာရုံစိုက်လိုက်ပါ။ သင့်အားထူးခြားသော ခေါ်တော်မူခြင်းကို လှစ်ဟပြရုံ မက သင်လုပ်ဆောင်ချင်သည့်အရာများကိုလည်း မည်ကဲ့သို့လုပ်ဆောင်ရမည်ကို ဖော်ပြပါလိမ့်မည်။
ဆင်ခြင်ရန်
-သင်သည် ဘုရား၏သား/သမီးဖြစ်သည့်အနေဖြင့် မည်ကဲ့သို့သော အမှန်တရား ၊ ရိုးသားဖြောင့်မတ်မှုတစ်ချို့ကို သင့်အသက်တာအတွက် တောင်းဆိုနိုင်ပါမည်နည်း။
-ဘုရား၏သားသမီးဖြစ်ရခြင်း၏ အမြင်သဘောထားအပေါ် သင်၏မိသားစုနောက်ခံအကြောင်းရင်းတွေက မည်ကဲ့သို့ သဏ္ဍာန်ဆောင်ပါသနည်း။
-ဘုရား၏ခေါ်တော်မူခြင်းသည် ဘုရားနှင့်မိတ်သဟာရဖွဲ့ဖို့ထက် တစ်စုံတစ်ခုပြုဖို့ဖြစ်တယ်လို့ လူတွေက ဘာကြောင့် များယူဆနေကြပါသနည်း။