Give the Gift of Your Attention

Unicode:


သူတစ်ပါးအား သင်၏ အာရုံစိုက်အလေးထားမှုတွေအားဖြင့် လက်ဆောင်ပေးကမ်းလိုက်ပါ။
ဖိလိပိ္ပ ၂:၄ “ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။

အစည်းအဝေးခန်းမသို့ ဝင်လိုက်တာနဲ့ လူဘယ်နှစ်ယောက်များ ဖုန်းကြည့်ပြီး စာရိုက်နေကြသနည်း။ ကျွန်ုပ်တို့ဉီးခေါင်းတွေသည် အမြဲတမ်း အောက်ကိုဘဲ ကြည့်နေတတ်ကြတယ် ၊ ဇာတ်လမ်းတွေ (သို့) ဂိမ်းတွေဖြင့် ဖမ်းစားခံနေကြရပါတယ်။  ကျွန်ုပ်တို့၏ နားကြပ်တွေကလည်း အနားမှာရှိတဲ့သူတွေကိုတောင် မကြားနိုင်တော့ပါဘူး။ စားသောက်ဆိုင်မှာ သူငယ်ချင်းတွေဖြင့် အလွယ်တကူ ထိုင်နိုင်ပေမဲ့လည်း သူငယ်ချင်းတွေကို Facebook or Twitter or Instagram ပေါ်ကနေ ဆက်သွယ်ရတာပိုပြီး အကြောင်းအရာဖြစ်စေကြပါတယ်။

ကျွန်ုပ်တို့သည် နည်းပညာ ၊ ကိရိယာတွေ ပေါများတဲ့ ကမ္ဘာကို ရောက်ရှိနေပြီး အဲဒီအရာတွေက ကျွန်ုပ်တို့ကို ၊ အမြဲတစေ အာရုံပျက်စေပြီး အနားမှာ ရှိိတဲ့လူတွေကိုလည်း အာရုံမစိုက်နိုင်တော့ပါ။

ပျော်ရွှင်စရာ ပေါင်းသင်းဆက်ဆံရေးကို သင်အလိုရှိပါလျှင် အာရုံစိုက် နားဆင်ခြင်းများ ဆိုင်ရာ (Lost art) ပျောက်ဆုံးမှုတွေကို ရှေးရှုဖို့အတွက် ပြန်လည်လေ့လာဖို့ သင်လိုအပ်ပါသည်။
Lost art = something that people do that has been forgotten or is not done very often anymore.

ဖိလိပိ္ပ ၂:၄ “ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။

အထက်ပါအကြောင်းအရာတွေသည် သဘာဝဆန်ဆန်ဖြစ်လာတာမဟုတ်ပါ။ သဘာဝပေါ်အခြေခံပါလျှင် သင်ဘယ်အရာကိုပင် စိတ်ဝင်စားပါစေ ကျွန်ုပ်ဂရုစိုက်စရာမလိုပေ။ ကျွန်ုပ်၏ပင်ကိုယ် သဘာဝအရ အာရုံတွေကို ကျွန်ုပ်အပေါ်မှာဘဲတည်ချင်သည်၊ သင့်အပေါ်တွင်မဟုတ်ပါ။

ဒါပေမဲ့ တစ်စုံတစ်ယောက်ကို အကောင်းဆုံးသောလက်ဆောင်ပေးခြင်းတွင် သင်၏ဂရုစိုက်ပေးမှုတွေကသာ အကောင်းဆုံးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်၏ဂရုစိုက်ပေးမှုသည် သင့်အချိန်ဖြစ်ပြီး သင့်အချိန်သည် သင်၏အသက်တာဖြစ်ပါတယ်။ ဘယ်တော့မှ ပြန်မရပါဘူး ဒါကြောင့် သင်ပေးလိုက်သောအခါသမယသည် အလွန်တရာ တန်ဖိုးကြီးလှပေသည်။

ဒါတွေသည် ရိုးစင်းပါတယ်။ ဒါပေမဲ့ အစွမ်းက ခိုင်မာတဲ့ ပေါင်းသင်းဆက်ဆံရေးကို ကြီးထွားစေပါတယ်။ သင်၏ကလေးတွေ စိတ်ဝင်စားတဲ့အရာပေါ် သင့်စိတ်တွေ အာရုံရခဲ့သလား။ သင်ခင်ပွန်း ပြောချင်သောအရာကို သင်နားထောင်ပါရဲ့လား။ သင်၏ လုပ်ဖော်ကိုင်ဘက် သင့်ကို စကားပြောတဲ့အခါ သင်အာရုံစိုက်ပါရဲ့လား။ သင်၏ အိမ်နီးချင်းအိမ်ရှေ့ ဒီမနက်ဖြတ်သွားခဲ့တဲ့အချိန်ကကော သူတို့တွေကို သင်သတိမူမိပါရဲ့လား။

Lost art = something that people do that has been forgotten or is not done very often anymore.
ချစ်ခြင်းမေတ္တာဖြင့် ဂရုစိုက်အလေးထားမှုတွေရှိဖို့ရန် ပျောက်ဆုံးပြီဖြစ်တဲ့အရာတွေကို (the lost art of paying attention)  လေ့လာပါ။ ဤသို့လေ့လာခြင်းသည် သင်၏ပေါင်းသင်းဆက်ဆံရေးတွေကို ပြောင်းလဲပေးမှာဖြစ်ပြီး ပျော်ရွှင်သောအသက်တာ နှင့်အတူ နေထိုင်နိုင်ဖို့ရန် အကူအညီဖြစ်စေပါမည်။

ဆင်ခြင်ရန်
-သင်နှင့်အတူ နေထိုင် ၊ လက်တွဲလုပ်ကိုင်နေသော လူတွေနှင့် ပေါင်းသင်းဆက်ရေးကို တိုးတက်ခြင်းတွေကနေ လူမှုကွန်ယက် မီဒီယာတွေက သင့်ကို မည်ကဲ့သို့ ဝေးကွာစေနိုင်ပါသနည်း။
-ယနေ့တွေ သင့်အနီးအနားက လူတွေကို မည်ကဲ့သို့သော နည်းလမ်းတွေဖြင့် အလေးထား အာရုံစိုက်ပေးနိုင်မည်နည်း။
- တခြားသူတွေ လုပ်ဆောင်မှု ၊ ပြောဆိုမှုတွေကို သင်အမှန်တကယ် အလေးထားပါတယ်ဆိုတာကို မည်ကဲ့သို့ ဖော်ပြနိုင်မည်နည်း။



--------------------------------------------------------------------------------------------------------------------

Zawgyi Font
သူတစ္ပါးအား သင္၏ အာ႐ုံစိုက္အေလးထားမႈေတြအားျဖင့္ လက္ေဆာင္ေပးကမ္းလိုက္ပါ။
ဖိလိပိၸ ၂:၄ “ကိုယ္အမႈအရာကိုသာ မရႈမမွတ္ဘဲ၊ သူ႔အမႈအရာကို အခ်င္းခ်င္းရႈမွတ္ၾကေလာ့။” 

အစည္းအေဝးခန္းမသို႔ ဝင္လိုက္တာနဲ႔ လူဘယ္ႏွစ္ေယာက္မ်ား ဖုန္းၾကည့္ၿပီး စာရိုက္ေနၾကသနည္း။ ကၽြန္ုပ္တို႔ဉီးေခါင္းေတြသည္ အျမဲတမ္း ေအာက္ကိုဘဲ ၾကည့္ေနတတ္ၾကတယ္ ၊ ဇာတ္လမ္းေတြ (သို႔) ဂိမ္းေတြျဖင့္ ဖမ္းစားခံေနၾကရပါတယ္။  ကၽြန္ုပ္တို႔၏ နားၾကပ္ေတြကလည္း အနားမွာရွိတဲ့သူေတြကိုေတာင္ မၾကားနိုင္ေတာ့ပါဘူး။ စားေသာက္ဆိုင္မွာ သူငယ္ခ်င္းေတြျဖင့္ အလြယ္တကူ ထိုင္နိုင္ေပမဲ့လည္း သူငယ္ခ်င္းေတြကို Facebook or Twitter or Instagram ေပၚကေန ဆက္သြယ္ရတာပိုၿပီး အေၾကာင္းအရာျဖစ္ေစၾကပါတယ္။

ကၽြန္ုပ္တို႔သည္ နည္းပညာ ၊ ကိရိယာေတြ ေပါမ်ားတဲ့ ကမၻာကို ေရာက္ရွိေနၿပီး အဲဒီအရာေတြက ကၽြန္ုပ္တို႔ကို ၊ အျမဲတေစ အာ႐ုံပ်က္ေစၿပီး အနားမွာ ရွိိတဲ့လူေတြကိုလည္း အာ႐ုံမစိုက္နိုင္ေတာ့ပါ။

ေပ်ာ္ရႊင္စရာ ေပါင္းသင္းဆက္ဆံေရးကို သင္အလိုရွိပါလၽွင္ အာ႐ုံစိုက္ နားဆင္ျခင္းမ်ား ဆိုင္ရာ (Lost art) ေပ်ာက္ဆုံးမႈေတြကို ေရွးရႈဖို႔အတြက္ ျပန္လည္ေလ့လာဖို႔ သင္လိုအပ္ပါသည္။
Lost art = something that people do that has been forgotten or is not done very often anymore.

ဖိလိပိၸ ၂:၄ “ကိုယ္အမႈအရာကိုသာ မရႈမမွတ္ဘဲ၊ သူ႔အမႈအရာကို အခ်င္းခ်င္းရႈမွတ္ၾကေလာ့။” 

အထက္ပါအေၾကာင္းအရာေတြသည္ သဘာဝဆန္ဆန္ျဖစ္လာတာမဟုတ္ပါ။ သဘာဝေပၚအေျခခံပါလၽွင္ သင္ဘယ္အရာကိုပင္ စိတ္ဝင္စားပါေစ ကၽြန္ုပ္ဂ႐ုစိုက္စရာမလိုေပ။ ကၽြန္ုပ္၏ပင္ကိုယ္ သဘာဝအရ အာ႐ုံေတြကို ကၽြန္ုပ္အေပၚမွာဘဲတည္ခ်င္သည္၊ သင့္အေပၚတြင္မဟုတ္ပါ။

ဒါေပမဲ့ တစ္စုံတစ္ေယာက္ကို အေကာင္းဆုံးေသာလက္ေဆာင္ေပးျခင္းတြင္ သင္၏ဂ႐ုစိုက္ေပးမႈေတြကသာ အေကာင္းဆုံးျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သင္၏ဂ႐ုစိုက္ေပးမႈသည္ သင့္အခ်ိန္ျဖစ္ၿပီး သင့္အခ်ိန္သည္ သင္၏အသက္တာျဖစ္ပါတယ္။ ဘယ္ေတာ့မွ ျပန္မရပါဘူး ဒါေၾကာင့္ သင္ေပးလိုက္ေသာအခါသမယသည္ အလြန္တရာ တန္ဖိုးႀကီးလွေပသည္။

ဒါေတြသည္ ရိုးစင္းပါတယ္။ ဒါေပမဲ့ အစြမ္းက ခိုင္မာတဲ့ ေပါင္းသင္းဆက္ဆံေရးကို ႀကီးထြားေစပါတယ္။ သင္၏ကေလးေတြ စိတ္ဝင္စားတဲ့အရာေပၚ သင့္စိတ္ေတြ အာ႐ုံရခဲ့သလား။ သင္ခင္ပြန္း ေျပာခ်င္ေသာအရာကို သင္နားေထာင္ပါရဲ့လား။ သင္၏ လုပ္ေဖာ္ကိုင္ဘက္ သင့္ကို စကားေျပာတဲ့အခါ သင္အာ႐ုံစိုက္ပါရဲ့လား။ သင္၏ အိမ္နီးခ်င္းအိမ္ေရွ႕ ဒီမနက္ျဖတ္သြားခဲ့တဲ့အခ်ိန္ကေကာ သူတို႔ေတြကို သင္သတိမူမိပါရဲ့လား။

Lost art = something that people do that has been forgotten or is not done very often anymore.
ခ်စ္ျခင္းေမတၱာျဖင့္ ဂ႐ုစိုက္အေလးထားမႈေတြရွိဖို႔ရန္ ေပ်ာက္ဆုံးၿပီျဖစ္တဲ့အရာေတြကို (the lost art of paying attention)  ေလ့လာပါ။ ဤသို႔ေလ့လာျခင္းသည္ သင္၏ေပါင္းသင္းဆက္ဆံေရးေတြကို ေျပာင္းလဲေပးမွာျဖစ္ၿပီး ေပ်ာ္ရႊင္ေသာအသက္တာ ႏွင့္အတူ ေနထိုင္နိုင္ဖို႔ရန္ အကူအညီျဖစ္ေစပါမည္။ 

ဆင္ျခင္ရန္
-သင္ႏွင့္အတူ ေနထိုင္ ၊ လက္တြဲလုပ္ကိုင္ေနေသာ လူေတြႏွင့္ ေပါင္းသင္းဆက္ေရးကို တိုးတက္ျခင္းေတြကေန လူမႈကြန္ယက္ မီဒီယာေတြက သင့္ကို မည္ကဲ့သို႔ ေဝးကြာေစနိုင္ပါသနည္း။
-ယေန႔ေတြ သင့္အနီးအနားက လူေတြကို မည္ကဲ့သို႔ေသာ နည္းလမ္းေတြျဖင့္ အေလးထား အာ႐ုံစိုက္ေပးနိုင္မည္နည္း။

- တျခားသူေတြ လုပ္ေဆာင္မႈ ၊ ေျပာဆိုမႈေတြကို သင္အမွန္တကယ္ အေလးထားပါတယ္ဆိုတာကို မည္ကဲ့သို႔ ေဖာ္ျပနိုင္မည္နည္း။