Zawgyi Font
ဘာသာေရးကိုင္းရွိုင္းသူေတြသည္ သူတို႔၏ယုံၾကည္ျခင္းကို မၽွေဝၾကသည္။
ဘာသာေရးကိုင္းရွိုင္းသူေတြသည္ သူတို႔၏ယုံၾကည္ျခင္းကို မၽွေဝၾကသည္။
မႆဲ ၉:၂ “လက္ေျခေသ၍ အိပ္ရာေပၚမွာ တုံးလုံးေနေသာ သူတေယာက္ကို အထံေတာ္သို႔ေဆာင္ခဲ့ၾက၏။ ေယရႈသည္ ထိုသူတို႔၏ ယုံၾကည္ျခင္းကိုျမင္လၽွင္ လက္ေျခေသေသာသူအား၊ ငါ့သားမစိုးရိမ္ႏွင့္။ သင္၏အျပစ္ ကို လြတ္ေစၿပီဟု မိန္႔ေတာ္မူ၏”
ဘုရားသခင္၏ကယ္တင္ျခင္းဆုေက်းဇူးေတာ္ကို ရိုေသေလးစားစြာ လက္ခံခဲ့မယ္ဆိုလၽွင္ ၊ အေကာင္းဆုံးေသာ လက္ေဆာင္ကို တျခားသူေတြအား ေဝမၽွသည့္တိုင္ သင္ရရွိခဲ့ၿပီျဖစ္သည္။ ဒါေပမဲ့ သင္ခရစ္ယာန္ျဖစ္လာကတည္းက အဲဒီဆုေက်းဇူးေတာ္လက္ေဆာင္ကို တျခားသူေတြကို ေဝမၽွခဲ့ပါသလား။
ယုံၾကည္ကိုင္းရွိုင္းသူေတြသည္ သူတို႔၏ယုံၾကည္ျခင္းကို ေဝမၽွၾကပါတယ္။ ယေန႔က်မ္းပိုဒ္က မႆဲ ၉ တြင္ပါဝင္တဲ့ ေျခလက္ေသၿပီး မက်န္းမာေသာလူတစ္ဉီးအေၾကာင္းျဖစ္ပါတယ္။ သူ၏သူငယ္ခ်င္းေတြက သူ႔ကို ေရာဂါေပ်ာက္ကင္း ေစခ်င္ၾကတဲ့အတြက္ သူ႔ကိုဖ်ာႏွင့္အတူ သခင္ခရစ္ေတာ္ေရာက္ေနတဲ့ ေနအိမ္ေခါင္းမိုးကေန ႏွိမ့္ဆင္းေစၿပီး သခင္ခရစ္ေတာ္ထံ ပိုေဆာင္ခဲ့ၾကတယ္။
မႆဲ ၉:၂ မွာ ေျပာထားတဲ့ “သူ၏ယုံၾကည္ျခင္းကို သခင္ခရစ္ေတာ္ျမင္သည့္အခါ” ၊ ဤအရာသည္ လက္ေျခေသေသာ လူနာ၏ယုံၾကည္ျခင္းေၾကာင့္ အနာေရာဂါေပ်ာက္ကင္းသြားျခင္းမဟုတ္ပါ။ သူငယ္ခ်င္းမ်ား၏ ယုံၾကည္ျခင္း ေၾကာင့္ျဖစ္သည္။ လူနာကို သယ္ေဆာင္လာတဲ့ သူငယ္ခ်င္းမ်ားကို သခင္ခရစ္ေတာ္ေတြ႕ျမင္ေသာအခါ “ဤလူေတြ၏ ယုံၾကည္ျခင္းသည္ အားႀကီး၏။ ငါ့အား ဘာမွ မေျပာဆိုဘဲ သူငယ္ခ်င္းေပ်ာက္ကင္းဖို႔အတြက္ သူတို႔ေမၽွာ္လင့္ၾက တယ္” ဟုဆိုခဲ့ၿပီး ေရာဂါေပ်ာက္ကင္းေအာင္လုပ္ေဆာင္ခဲ့ပါတယ္။
ဝိညာဥ္ေရးရာ တုံ႔ဆိုင္းရပ္တန႔္ၿပီး သခင္ခရစ္ေတာ္ထံ မေရာက္ရွိေသာ သူငယ္ခ်င္းမ်ား သင္၌ရွိပါမည္။ သူတို႔၏ တုံ႔ဆိုင္းရပ္တန႔္မႈသည္ ေၾကာက္ရြံ့ျခင္း ၊ အျပစ္ရွိျခင္း ၊ သံသယျဖစ္ျခင္း ၊ နာက်င္ျခင္း (သို႔) တခ်ိဳ႕အသင္းေတာ္ကေန နာက်င္မႈေတြခံစားရၿပီး မေက်မခ်မ္းျဖစ္ေကာင္းျဖစ္ေနနိုင္သည္။ သူတို႔ေတြသည္ ဝိညာဥ္ေရးရာ၌ တုံ႔ဆိုင္းရပ္တန႔္ သြားၾကၿပီး သူတို႔အစီအစဥ္ျဖင့္ သခင္ခရစ္ေတာ္ထံ ျပန္မလွည့္နိုင္ၾကေတာ့ပါ။
ထိုသို႔ေသာသူေတြကို သခင္ခရစ္ေတာ္ထံ သင္ေခၚေဆာင္ဖို႔အတြက္ ျပည့္ဝတဲ့ ယုံၾကည္ျခင္းရွိသလားဆိုတာကို ဘုရားရွင္ ေစာင့္ၾကည့္ေနပါတယ္။ ရွိမယ္ဆိုလၽွင္ သင္၏ယုံၾကည္ျခင္းကို ဘုရားရွင္ ဂုဏ္ျပဳပါလိမ့္မည္။ သင္၏သူငယ္ခ်င္းကိုသာ ကုသေပးျခင္းမက သင့္ကိုလည္းေကာင္းခ်ီးေပးပါလိမ့္မည္။ ဤအရာသည္ ယုံၾကည္ျခင္း၏ ေကာင္းခ်ီးပင္ ျဖစ္ပါတယ္။
အသင္းေတာ္သည္လည္း ယုံၾကည္သူေျမာက္မ်ားစြာကို ၾကာရွည္တိုးပြားေစနိုင္သည္ႏွင့္အမၽွ ဘုရားသခင္သည္လည္း အဲဒီအသင္းေတာ္မွာ ေကာင္းခ်ီးဆက္လက္ေပးေနမည္ျဖစ္သည္။ အသင္းေတာ္တြင္းရွိ အသင္းသားေတြက သူတို႔၏ အသင္းေတာ္သည္ ႀကီးထြားဖို႔မလိုအပ္ပါလို႔ေျပာလာတဲ့ အခိုက္အတန႔္သည္ သူတို႔ေလာကႀကီးကို ဂ႐ုမစိုက္ဘူးလို႔ အဓိပၸါယ္ေဆာင္ၿပီး ဘုရားသခင္၏ ဉီးစားေပး သတ္မွတ္ခ်က္ေတြႏွင့္ ေရွ႕ေနာက္မညီမႈေတြ ၊ မလိုက္ဖက္မႈေတြ၏ စရိုက္လကၡဏာသာျဖစ္ပါတယ္။
ဒါေပမဲ့ ဝိညာဥ္ေရးရာအေၾကာေသေနတဲ့ သူေတြကို သခင္ခရစ္ေတာ္ထံ ေခၚေဆာင္ျခင္းေတြ ဆက္လက္ လုပ္ေဆာင္ေနသေရြ႕ ကၽြန္ုပ္တို႔၏အသင္းေတာ္ႏွင့္ ကၽြန္ုပ္တို႔၏ အသက္တာကို ဘုရားရွင္ ေကာင္းခ်ီးေပး သြားမည္ျဖစ္သည္။
သင္ေကာ အဲဒီလိုလုပ္ေဆာင္ျခင္းမွာ မပါဝင္ခ်င္ဘူးလား။
ဆင္ျခင္ရန္
-ကယ္တင္ျခင္းအတြက္ သခင္ခရစ္ေတာ္ထံ သင္ေရာက္ရွိေနျခင္းမွာ တစ္စုံတစ္ေယာက္၏ ယုံၾကည္ျခင္း လုပ္ေဆာင္မႈေၾကာင့္ ျဖစ္ခဲ့ပါသလား။
-ယုံၾကည္ျခင္း၏ ေကာင္းခ်ီးမဂၤလာ ကိုရယူျခင္းက မည္ကဲ့သို႔ေသာအဓိပၸါယ္နည္း။
- မယုံၾကည္သူေတြဆီ ဧဝံေဂလိတရား ေဝမၽွဖို႔ရန္ သင္၏အသင္းေတာ္ႏွင့္ အသင္းအဖြဲ႕ေတြ၏ နိုးၾကားတက္ႂကြမႈ ေတြက မည္ကဲ့သို႔နည္း။
---------------------------------------------------------------------------------Unicode
---------------------------------------------------------------------------------Unicode
ဘာသာရေးကိုင်းရှိုင်းသူတွေသည် သူတို့၏ယုံကြည်ခြင်းကို မျှဝေကြသည်။
မဿဲ ၉:၂ “လက်ခြေသေ၍ အိပ်ရာပေါ်မှာ တုံးလုံးနေသော သူတယောက်ကို အထံတော်သို့ဆောင်ခဲ့ကြ၏။
ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင် လက်ခြေသေသောသူအား၊ ငါ့သားမစိုးရိမ်နှင့်။
သင်၏အပြစ် ကို လွတ်စေပြီဟု မိန့်တော်မူ၏”
ဘုရားသခင်၏ကယ်တင်ခြင်းဆုကျေးဇူးတော်ကို
ရိုသေလေးစားစွာ လက်ခံခဲ့မယ်ဆိုလျှင် ၊ အကောင်းဆုံးသော လက်ဆောင်ကို တခြားသူတွေအား ဝေမျှသည့်တိုင်
သင်ရရှိခဲ့ပြီဖြစ်သည်။ ဒါပေမဲ့ သင်ခရစ်ယာန်ဖြစ်လာကတည်းက အဲဒီဆုကျေးဇူးတော်လက်ဆောင်ကို
တခြားသူတွေကို ဝေမျှခဲ့ပါသလား။
ယုံကြည်ကိုင်းရှိုင်းသူတွေသည်
သူတို့၏ယုံကြည်ခြင်းကို ဝေမျှကြပါတယ်။ ယနေ့ကျမ်းပိုဒ်က မဿဲ ၉ တွင်ပါဝင်တဲ့ ခြေလက်သေပြီး
မကျန်းမာသောလူတစ်ဉီးအကြောင်းဖြစ်ပါတယ်။ သူ၏သူငယ်ချင်းတွေက သူ့ကို ရောဂါပျောက်ကင်း စေချင်ကြတဲ့အတွက်
သူ့ကိုဖျာနှင့်အတူ သခင်ခရစ်တော်ရောက်နေတဲ့ နေအိမ်ခေါင်းမိုးကနေ နှိမ့်ဆင်းစေပြီး သခင်ခရစ်တော်ထံ
ပိုဆောင်ခဲ့ကြတယ်။
မဿဲ
၉:၂ မှာ ပြောထားတဲ့ “သူ၏ယုံကြည်ခြင်းကို သခင်ခရစ်တော်မြင်သည့်အခါ”
၊ ဤအရာသည် လက်ခြေသေသော လူနာ၏ယုံကြည်ခြင်းကြောင့် အနာရောဂါပျောက်ကင်းသွားခြင်းမဟုတ်ပါ။
သူငယ်ချင်းများ၏ ယုံကြည်ခြင်း ကြောင့်ဖြစ်သည်။ လူနာကို သယ်ဆောင်လာတဲ့ သူငယ်ချင်းများကို သခင်ခရစ်တော်တွေ့မြင်သောအခါ
“ဤလူတွေ၏ ယုံကြည်ခြင်းသည် အားကြီး၏။ ငါ့အား ဘာမှ မပြောဆိုဘဲ သူငယ်ချင်းပျောက်ကင်းဖို့အတွက်
သူတို့မျှော်လင့်ကြ တယ်” ဟုဆိုခဲ့ပြီး ရောဂါပျောက်ကင်းအောင်လုပ်ဆောင်ခဲ့ပါတယ်။
ဝိညာဉ်ရေးရာ
တုံ့ဆိုင်းရပ်တန့်ပြီး သခင်ခရစ်တော်ထံ မရောက်ရှိသော သူငယ်ချင်းများ သင်၌ရှိပါမည်။ သူတို့၏ တုံ့ဆိုင်းရပ်တန့်မှုသည် ကြောက်ရွံ့ခြင်း ၊ အပြစ်ရှိခြင်း
၊ သံသယဖြစ်ခြင်း ၊ နာကျင်ခြင်း (သို့) တချို့အသင်းတော်ကနေ နာကျင်မှုတွေခံစားရပြီး မကျေမချမ်းဖြစ်ကောင်းဖြစ်နေနိုင်သည်။
သူတို့တွေသည် ဝိညာဉ်ရေးရာ၌ တုံ့ဆိုင်းရပ်တန့် သွားကြပြီး
သူတို့အစီအစဉ်ဖြင့် သခင်ခရစ်တော်ထံ ပြန်မလှည့်နိုင်ကြတော့ပါ။
ထိုသို့သောသူတွေကို
သခင်ခရစ်တော်ထံ သင်ခေါ်ဆောင်ဖို့အတွက် ပြည့်ဝတဲ့ ယုံကြည်ခြင်းရှိသလားဆိုတာကို ဘုရားရှင်
စောင့်ကြည့်နေပါတယ်။ ရှိမယ်ဆိုလျှင် သင်၏ယုံကြည်ခြင်းကို ဘုရားရှင် ဂုဏ်ပြုပါလိမ့်မည်။
သင်၏သူငယ်ချင်းကိုသာ ကုသပေးခြင်းမက သင့်ကိုလည်းကောင်းချီးပေးပါလိမ့်မည်။ ဤအရာသည် ယုံကြည်ခြင်း၏
ကောင်းချီးပင် ဖြစ်ပါတယ်။
အသင်းတော်သည်လည်း
ယုံကြည်သူမြောက်များစွာကို ကြာရှည်တိုးပွားစေနိုင်သည်နှင့်အမျှ ဘုရားသခင်သည်လည်း အဲဒီအသင်းတော်မှာ
ကောင်းချီးဆက်လက်ပေးနေမည်ဖြစ်သည်။ အသင်းတော်တွင်းရှိ အသင်းသားတွေက သူတို့၏ အသင်းတော်သည်
ကြီးထွားဖို့မလိုအပ်ပါလို့ပြောလာတဲ့ အခိုက်အတန့်သည် သူတို့လောကကြီးကို ဂရုမစိုက်ဘူးလို့
အဓိပ္ပါယ်ဆောင်ပြီး ဘုရားသခင်၏ ဉီးစားပေး သတ်မှတ်ချက်တွေနှင့် ရှေ့နောက်မညီမှုတွေ ၊
မလိုက်ဖက်မှုတွေ၏ စရိုက်လက္ခဏာသာဖြစ်ပါတယ်။
ဒါပေမဲ့ ဝိညာဉ်ရေးရာအကြောသေနေတဲ့ သူတွေကို သခင်ခရစ်တော်ထံ ခေါ်ဆောင်ခြင်းတွေ
ဆက်လက် လုပ်ဆောင်နေသရွေ့ ကျွန်ုပ်တို့၏အသင်းတော်နှင့် ကျွန်ုပ်တို့၏ အသက်တာကို ဘုရားရှင်
ကောင်းချီးပေး သွားမည်ဖြစ်သည်။
သင်ကော အဲဒီလိုလုပ်ဆောင်ခြင်းမှာ မပါဝင်ချင်ဘူးလား။
ဆင်ခြင်ရန်
-ကယ်တင်ခြင်းအတွက်
သခင်ခရစ်တော်ထံ သင်ရောက်ရှိနေခြင်းမှာ တစ်စုံတစ်ယောက်၏ ယုံကြည်ခြင်း လုပ်ဆောင်မှုကြောင့်
ဖြစ်ခဲ့ပါသလား။
-ယုံကြည်ခြင်း၏
ကောင်းချီးမင်္ဂလာ ကိုရယူခြင်းက မည်ကဲ့သို့သောအဓိပ္ပါယ်နည်း။
-
မယုံကြည်သူတွေဆီ ဧဝံဂေလိတရား ဝေမျှဖို့ရန် သင်၏အသင်းတော်နှင့် အသင်းအဖွဲ့တွေ၏ နိုးကြားတက်ကြွမှု
တွေက မည်ကဲ့သို့နည်း။