Zawgyi Font
သင္၏ခံစားခ်က္ေတြကို ရင္ဆိုင္လိုက္ပါ…သို႔မွသာ သင္လႊတ္ၿငိမ္းျခင္း ျဖစ္နိုင္မည္။
ဆာလံ ၇၇:၁-၂ “ငါသည္ ဘုရားသခင့္ထံသို႔ အသံကို လႊင့္၍ ေအာ္ ဟစ္၏။ ဘုရားသခင့္ထံသို႔ အသံကိုလႊင့္၍ ဘုရားသခင္သည္ ငါ့စကားကို နားေထာင္ေတာ္မူလိမ့္မည္။ ၂ေဘးေရာက္သည္ကာလ၌ ငါသည္ ထာဝရ ဘုရားကို ရွာရ၏။ ညဥ့္အခ်ိန္၌ ပင္လက္ကို ဆန္႔လ်က္ ေနရ၏။ ငါ့ဝိညာဥ္သည္ သက္သာျခင္းကို ျငင္းပယ္၏။”
တႀကိမ္တစ္ခါေလာက္ သင္ ဆိုဒါပုလင္း ျပဳတ္က်ေစခဲ့ၿပီးေနာက္ အဖုံးဖြင့္ခဲ့ဖူးပါသလား။ ထုံးစံအတိုင္း ဘာေတြျဖစ္ ပါသနည္း။ ညစ္ပတ္ေပက်ံမႈေတြကို ျဖစ္ေစမွာေပါ့။
အသက္တာတြင္ ေရငုံႏႈတ္ပိတ္ေနျခင္းသည္ ပုန္းကြယ္ေနတဲ့ဒဏ္ရာေတြ ၊ စိတ္ခံစားခ်က္ေတြကို အဆိုးဝါးဆုံးျဖစ္ နိုင္ေခ်ရွိတဲ့ တုန႔္ျပန္မႈပင္ ျဖစ္ပါတယ္။ ဆိုဒါပုလင္းကို လႈပ္ရမ္းသလိုမ်ိဳးေပါ့။ တစ္ေန႔မွာ ေပါက္ထြက္လာပါလိမ့္မည္။
သင္၏ပုန္းကြယ္ေနတဲ့ စိတ္ခံစားခ်က္ ၊ ဒဏ္ရာေတြကို သိုေလွာင္ထားျခင္းသည္ သင့္ကို ယိုယြင္းပ်က္စီးသြား ေစမည္ျဖစ္သည္။ ဆာလံ ၃၂:၃ “ငါသည္ အျပစ္ကိုမေဘာ္မျပဘဲ ေနစဥ္အခါ၊ တေန႔လုံးညည္း တြားေသာအားျဖင့္၊ ငါ့အရိုးတို႔သည္ ေဆြးေျမ့ျခင္းသို႔ ေရာက္ၾက၏။”
သင္၏စိတ္ခံစားခ်က္ေတြကို ရင္ဆိုင္ၿပီး ဘုရားရွင္ ၊ သင့္ကိုယ္သင္ ႏွင့္ တျခားသူတစ္ဉီးဉီးထံ ဝန္ခံျခင္းမျပဳသေရြ႕ သင္၏ စိတ္ခံစားခ်က္ ႏွင့္ ဒဏ္ရာေတြကို ဘယ္ေတာ့မွ ေက်ာ္လႊားနိုင္မည္ မဟုတ္ပါ။
လူေတာ္ေတာ္မ်ားမ်ားကေတာ့ သူတို႔၏အတိတ္က နာက်င္မႈေတြကို သူတို႔ကိုယ္သူတို႔ႏွင့္ ဘုရားရွင္ထံ တြင္ ဝန္ခံျခင္းအားျဖင့္ ဖယ္ရွားဖို႔ႀကိဳးစားၾကပါတယ္။ ဒါေပမဲ့ ညီမၽွျခင္းဆိုင္ရာ တတိယအပိုင္းကိုေတာ့ သူတို႔ ေက်ာ္သြားၾကပါတယ္။ ဒါသည္ ဘယ္ေတာ့မွ အလုပ္ျဖစ္မွာမဟုတ္ပါ။ သင္၏နာက်င္ျခင္းေတြကို သူတစ္ပါးဆီ ဝန္ခံျခင္းသည္ ေပ်ာက္ကင္းသက္သာရာရဖို႔အတြက္ လုံးဝကိုေသခ်ာတဲ့ မရွိမျဖစ္အရာ ျဖစ္ပါတယ္။
ရွင္ယာကုပ္ ၅:၁၆ “အခ်င္းခ်င္းတေယာက္ႏွင့္တေယာက္၊ ကိုယ္အျပစ္ကို ေဘာ္ျပေတာင္းပန္ၾကေလာ့။ ခ်မ္းသာရမည္ အေၾကာင္း၊ အခ်င္းခ်င္းတို႔အဘို႔ ဆုေတာင္းၾကေလာ့။ သူေတာ္ေကာင္းဆုေတာင္း၍ အရွိန္ႀကီး ေသာပဌနာသည္ အလြန္တန္ခိုး ပါ၏။” သင္၏ သင္းအုပ္ဆရာ ၊ ဘုန္းေတာ္ႀကီး (သို႔) အထူးကုဆရာေတြကို နာခံျခင္းအတြက္ သင္ဝန္ခံေပးမႈေတြ လုပ္စရာမလိုပါဘူး။ သင္ယုံၾကည္ရတဲ့ မိတ္ေဆြသူငယ္ခ်င္းသာ လိုပါတယ္။
စိတ္ခံစားမႈဆိုင္ရာ အားထုတ္မႈေတြကို အသုံးျပဳၿပီး အတိတ္ေတြကို ဖုံးကြယ္ဖို႔ ႀကိဳးစားပါလၽွင္ ယေန႔တြင္ သင့္အတြက္ အနည္းငယ္သာ ပိုင္ဆိုင္ရမည္ျဖစ္သည္။ တစ္စုံတစ္ေယာက္ဆီ သင္၏ အတြင္းခံစားခ်က္ ၊ နာက်င္မႈ ေတြကိုဖြင့္ၿပ လိုက္ပါ။ မည္ကဲ့သို႔ နာက်င္ရသည္ကို သူ႔အားေျပာျပပါ။ သင့္ကိုယ္သင္ (သို႔) တစ္စုံတစ္ေယာက္ (သို႔) ဘုရားရွင္ထံ သင္၏နာက်င္မႈေတြကို ေဖာ္ျပလိုက္ျခင္းျဖင့္ စြမ္းအင္တစ္ခုကို သင္ရွာေတြ႕ပါလိမ့္မည္။ အဲဒီစြမ္းအင္ဆိုတာသည္ သင္ အသက္ရွင္ခဲ့သမၽွကာလေတြမွာ မရခဲ့ဖူးတဲ့အရာေပါ့။
သင္၏ စိတ္ခံစားခ်က္ကို ဖြင့္ဟျခင္းသည္ သက္သာရာရဖို႔ စတင္ျခင္းျဖစ္ပါတယ္။
ဆင္ျခင္ရန္
-သင္ဖြင့္ဟဖို႔ရန္ ျပသနာျဖစ္ေနတဲ့ အတိတ္က လၽွို႔ဝွက္ခ်က္က ဘာျဖစ္မည္နည္း။
- ပြင့္လင္းစြာ ေဆြးေႏြးတိုင္ပင္ဖို႔ (သို႔) နာက်င္ျခင္းမွတ္ဉာဏ္ေတြကို ဘုရားႏွင့္စစ္ေဆးဖို႔ရန္ ဘာေၾကာင့္မ်ား ေၾကာက္စရာ ျဖစ္ရသနည္း။
-အတိတ္က နာက်င္ျခင္းေတြကို လုံျခဳံပြင့္လင္းစြာ သင္ျပဳနိုင္မည့္ ပုဂိၢဳလ္ကား မည္သူျဖစ္သနည္း။
---------------------------------------------------------------------------------
Unicode:
သင်၏ခံစားချက်တွေကို ရင်ဆိုင်လိုက်ပါ…သို့မှသာ သင်လွှတ်ငြိမ်းခြင်း ဖြစ်နိုင်မည်။
ဆာလံ ၇၇:၁-၂ “ငါသည် ဘုရားသခင့်ထံသို့ အသံကို လွှင့်၍ အော် ဟစ်၏။ ဘုရားသခင့်ထံသို့ အသံကိုလွှင့်၍ ဘုရားသခင်သည် ငါ့စကားကို နားထောင်တော်မူလိမ့်မည်။ ၂ဘေးရောက်သည်ကာလ၌ ငါသည် ထာဝရ ဘုရားကို ရှာရ၏။ ညဉ့်အချိန်၌
ပင်လက်ကို ဆန့်လျက် နေရ၏။ ငါ့ဝိညာဉ်သည် သက်သာခြင်းကို ငြင်းပယ်၏။”
တကြိမ်တစ်ခါလောက် သင် ဆိုဒါပုလင်း
ပြုတ်ကျစေခဲ့ပြီးနောက် အဖုံးဖွင့်ခဲ့ဖူးပါသလား။ ထုံးစံအတိုင်း ဘာတွေဖြစ် ပါသနည်း။ ညစ်ပတ်ပေကျံမှုတွေကို
ဖြစ်စေမှာပေါ့။
အသက်တာတွင် ရေငုံနှုတ်ပိတ်နေခြင်းသည်
ပုန်းကွယ်နေတဲ့ဒဏ်ရာတွေ ၊ စိတ်ခံစားချက်တွေကို အဆိုးဝါးဆုံးဖြစ် နိုင်ချေရှိတဲ့ တုန့်ပြန်မှုပင်
ဖြစ်ပါတယ်။ ဆိုဒါပုလင်းကို လှုပ်ရမ်းသလိုမျိုးပေါ့။ တစ်နေ့မှာ ပေါက်ထွက်လာပါလိမ့်မည်။
သင်၏ပုန်းကွယ်နေတဲ့ စိတ်ခံစားချက်
၊ ဒဏ်ရာတွေကို သိုလှောင်ထားခြင်းသည် သင့်ကို ယိုယွင်းပျက်စီးသွား စေမည်ဖြစ်သည်။ ဆာလံ
၃၂:၃ “ငါသည် အပြစ်ကိုမဘော်မပြဘဲ နေစဉ်အခါ၊ တနေ့လုံးညည်း တွားသောအားဖြင့်၊ ငါ့အရိုးတို့သည်
ဆွေးမြေ့ခြင်းသို့ ရောက်ကြ၏။”
သင်၏စိတ်ခံစားချက်တွေကို
ရင်ဆိုင်ပြီး ဘုရားရှင် ၊ သင့်ကိုယ်သင် နှင့် တခြားသူတစ်ဉီးဉီးထံ ဝန်ခံခြင်းမပြုသရွေ့
သင်၏ စိတ်ခံစားချက် နှင့် ဒဏ်ရာတွေကို ဘယ်တော့မှ ကျော်လွှားနိုင်မည် မဟုတ်ပါ။
လူတော်တော်များများကတော့ သူတို့၏အတိတ်က
နာကျင်မှုတွေကို သူတို့ကိုယ်သူတို့နှင့် ဘုရားရှင်ထံ တွင် ဝန်ခံခြင်းအားဖြင့် ဖယ်ရှားဖို့ကြိုးစားကြပါတယ်။
ဒါပေမဲ့ ညီမျှခြင်းဆိုင်ရာ တတိယအပိုင်းကိုတော့ သူတို့ ကျော်သွားကြပါတယ်။ ဒါသည် ဘယ်တော့မှ
အလုပ်ဖြစ်မှာမဟုတ်ပါ။ သင်၏နာကျင်ခြင်းတွေကို
သူတစ်ပါးဆီ ဝန်ခံခြင်းသည် ပျောက်ကင်းသက်သာရာရဖို့အတွက် လုံးဝကိုသေချာတဲ့ မရှိမဖြစ်အရာ
ဖြစ်ပါတယ်။
ရှင်ယာကုပ် ၅:၁၆ “အချင်းချင်းတယောက်နှင့်တယောက်၊ ကိုယ်အပြစ်ကို
ဘော်ပြတောင်းပန်ကြလော့။ ချမ်းသာရမည် အကြောင်း၊ အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။
သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီး သောပဌနာသည် အလွန်တန်ခိုး ပါ၏။” သင်၏ သင်းအုပ်ဆရာ ၊ ဘုန်းတော်ကြီး (သို့) အထူးကုဆရာတွေကို နာခံခြင်းအတွက်
သင်ဝန်ခံပေးမှုတွေ လုပ်စရာမလိုပါဘူး။ သင်ယုံကြည်ရတဲ့ မိတ်ဆွေသူငယ်ချင်းသာ လိုပါတယ်။
စိတ်ခံစားမှုဆိုင်ရာ အားထုတ်မှုတွေကို
အသုံးပြုပြီး အတိတ်တွေကို ဖုံးကွယ်ဖို့ ကြိုးစားပါလျှင် ယနေ့တွင် သင့်အတွက် အနည်းငယ်သာ
ပိုင်ဆိုင်ရမည်ဖြစ်သည်။ တစ်စုံတစ်ယောက်ဆီ သင်၏ အတွင်းခံစားချက် ၊ နာကျင်မှု တွေကိုဖွင့်ပြ
လိုက်ပါ။ မည်ကဲ့သို့ နာကျင်ရသည်ကို သူ့အားပြောပြပါ။ သင့်ကိုယ်သင် (သို့) တစ်စုံတစ်ယောက်
(သို့) ဘုရားရှင်ထံ သင်၏နာကျင်မှုတွေကို ဖော်ပြလိုက်ခြင်းဖြင့် စွမ်းအင်တစ်ခုကို သင်ရှာတွေ့ပါလိမ့်မည်။
အဲဒီစွမ်းအင်ဆိုတာသည် သင် အသက်ရှင်ခဲ့သမျှကာလတွေမှာ မရခဲ့ဖူးတဲ့အရာပေါ့။
သင်၏ စိတ်ခံစားချက်ကို ဖွင့်ဟခြင်းသည် သက်သာရာရဖို့
စတင်ခြင်းဖြစ်ပါတယ်။
ဆင်ခြင်ရန်
-သင်ဖွင့်ဟဖို့ရန် ပြသနာဖြစ်နေတဲ့
အတိတ်က လျှို့ဝှက်ချက်က ဘာဖြစ်မည်နည်း။
- ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ဖို့
(သို့) နာကျင်ခြင်းမှတ်ဉာဏ်တွေကို ဘုရားနှင့်စစ်ဆေးဖို့ရန် ဘာကြောင့်များ ကြောက်စရာ
ဖြစ်ရသနည်း။
-အတိတ်က နာကျင်ခြင်းတွေကို
လုံခြုံပွင့်လင်းစွာ သင်ပြုနိုင်မည့် ပုဂိ္ဂုလ်ကား မည်သူဖြစ်သနည်း။