Zawgyi Font
ဆင်ခြင်ရန်
---------------------------------------------------------------------------------
Unicode:
သင်၏ပေးကမ်းရက်ရောတတ်ခြင်းကို
ဘုရားရှင်တိုးပွားပေးဖို့ရန် ယုံကြည်မျှော်လင့်ပါ။
ကောရိန္သုဩဝါသစာဒုတိယစောင် ၉:၈ “ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ၊
ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟုလာသည်နှင့်အညီ၊
သင်တို့သည်အရာရာ၌ သုံးလောက်သောဥစ္စာ အမျိုးမျိုးနှင့် အစဉ်ရှိ၍၊ ကောင်းသော အကျင့်အမျိုးမျိုးနှင့်ထူးသဖြင့်ပြည့်စုံမည်
အကြောင်း၊ အမျိုးစုံသောမင်္ဂလာ ကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ၏။”
“God is able
to bless you abundantly, so that in all things at all times, having all that
you need, you will abound in every good work” (2 Corinthians
9:8 NIV).
အရာရာကို
ဘုရားအလိုတော်အတိုင်း လုပ်ဆောင်ပါလျှင် ---- “မှန်ကန်သော စိတ်အရင်းခံဖြင့် ရက်ရောစွာပေး
ကမ်းခြင်း”---- နောက်တွင် သင်၏လိုအပ်မှုတွေကို ဘုရားရှင်ဖြည့်ဆည်းပေးမည်ဆိုတာကို မျှော်လင့်နိုင်
ပြီဖြစ်သည်။
ယနေ့
ကျမ်းပိုဒ်၌ ပါဝင်သော “all” ဆိုသောစကားလုံးသည် ကြိမ်ဖန်များစွာပါဝင်တာကို သတိထားမိပါသလား။
ဘုရားသခင်က သူ့အားယုံကြည်ပါလျှင် အသက်တာလိုအပ်မှုအားလုံးကို ဂရုပြုစောင်မ ပေးမှုဟု
ဤကျမ်းပိုဒ်အားဖြင့် ဆိုထားပါတယ်။
အခရာမေးခွန်းက
“သင့်အသက်တာအတွက် ဘုရား၏ကောင်းချီးတွေကို ရူးမိုက်စွာ မည်မျှလောက် အလိုရှိပါသနည်း။”
အရာအားလုံးအတွက် ယုံကြည်နိုင်ပါမည်လား ၊ သူ၏ပညတ်တော်တို့ကို လိုက်လျှောက်အသက်ရှင်ဖို့
ရွေးချယ် မည်လား”။
ဘုရားရှင်၏အလိုတော်အတိုင်း
နေထိုင်မယ် ၊ ပေးကမ်းမယ်ဆိုလျှင် သင်၏ပေးကမ်းရက်ရောခြင်းမျိုးစေ့ကို တိုးပွားစေ ဖို့အတွက်
ဘုရားရှင်အား သင်မျှော်လင့်နိုင်ပါသည်။
ကောရိန္သုဩဝါသစာဒုတိယစောင် ၉:၁၀ “မျိုးစေ့ကြဲသော သူအားမျိုးစေ့ကို၎င်း၊
အစာအဟာရကို၎င်း၊ ပေးတော်မူသော သူသည်၊ သင်တို့အား မျိုးစေ့ကို ပေး၍ ပွါးများစေတော်မူမည်။
သင်တို့၏ ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေတော် မူမည်။” သင်၏မျိုးစေ့ကို ဘုရားရှင်တိုးပွားပေးဖို့ရန်
သင်မျှော်လင့်ဖို့ လိုအပ်ပါသည်။ ပေးကမ်းခြင်းက အကြွေးတင် နေတဲ့ ကြွေးမြီမဟုတ်ပါ။ သင်ကြဲသောမျိုးစေ့ဖြစ်ပါတယ်။
သင်၏လက်ထဲသို့ ဘုရားရှင်အရောက် ပို့ထားသောအရာ တွေကို လက်လွှတ်လိုက်ပါလျှင် ဘုရားရှင်က
အဲဒီနေရာမှာ ပိုမိုများပြားတဲ့အရာ တွေဖြင့် အစားထိုး ပေးပါမည်။
သမ္မာကျမ်းစာတွင်
သခင်ခရစ်တော်က ချမ်းသာကြွယ်ဝမှုတွေကို လောကကြီးမှာ မသိုမှီးဖို့ နှင့်ကောင်းကင် ဘဏ္ဍာတွင်
သိုမှီးဖို့ရန် (၅) ကြိမ်ဖော်ညွှန်း ထားပါတယ်။ ရက်ရောခြင်း မျိုးစေ့ကို ကြဲခြင်းအသက်တာ
၊ ပေးကမ်းခြင်းအသက် တာအားဖြင့် ကောင်းကင်ဘဏ္ဍာတွင်သိုမှီးရာရောက်ပါတယ်။ သင်ကရော ဘယ်လိုလဲ။
သင်အထက်ပါဖော်ပြသောအသက်တာပုံစံမျိုး
ပြုပါလျှင် သူတစ်ပါးအား သင်၏ရက်ရောခြင်းများကို ရိတ်သိမ်းရဖို့ရန် သင်၏ကောင်းချီးတွေကို
ဘုရားသခင်က အသုံးပြုပါလိမ့်မည်။ အရာအားလုံးပေါ် ဘုရားရှင်အား ယုံကြည်အပ်နှံသော သင့်အသက်တာကို
သူတစ်ပါးတို့သည် မြင်ပါလိမ့်မည်။ သူတို့သည်လည်း ကောင်းချီးခံစားရပါမည်။ သင်လုံးဝမထင်မှတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ အဲဒီကောင်းချီးမင်္ဂလာတွေကနေ
နိုင်ငံတော်အတွက် ဘုရားရှင် တိုးပွားစေနိုင်တဲ့ ရိတ်သိမ်းခြင်း၏ အကျိုးကျေးဇူးများကို
ခံစားရမည်ဖြစ်သည်။
ဆင်ခြင်ရန်
-
မည်ကဲ့သို့သော သေချာတဲ့နည်းလမ်းတွေဖြင့် ရက်ရောမှုတွေကို ဘုရားရှင်အသင့်အတွက်ပြုခဲ့ဖူးပါသနည်း။
-သင်၏လိုအပ်ချက်အားလုံးကို
ဂရုစိုက်ဖြည့်ဆည်းပေးဖို့ရန် ဘုရားရှင်အား ပိုပြီးပြည့်ဝစွာ ယုံကြည်နိုင်မည်လား။ ဤနည်းလမ်းသည်
သင်၏ပေးကမ်းမှုကို မည်ကဲ့သို့ ပြောင်းလဲစေပါသနည်း။
-တခြားသောသူတစ်ယောက်၏ ရက်ရောမှုက သင့်ကို ရက်ရောခြင်းအသက်တာဖြစ်စေဖို့
မည်ကဲ့သို့လှုံ့ဆော် စေပါသနည်း။