Don’t Miss This Call
Zawgyi Font
ဆင်ခြင်ရန်
--------------------------------------------------------------------------------
Unicode:
ဤခေါ်တော်မူခြင်းကို လက်မလွှတ်စေနှင့်။
ရောမ ၈း၂၈ “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို  ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။”
ဘုရားသင့်ကို ယနေ့ အချိန်တစ်ခုတွင် ခေါ်လိမ့်မည်ဟုပြောပါလျှင် သင်ကြောက်နေမည်လား (သို့) စိတ်လှုပ်ရှား နေမည်လား။ ဘုရား၏ခေါ်ခြင်းကို သင် “voice Mail ”ဆီကိုရောက်စေမည်လား (သို့) ချက်ချင်းပြန်ဖြေ မည်လား။
အမှန်တရားက သမ္မာကျမ်းစာတွင် ဖော်ပြထားပါတယ်။ ရောမ ၈း၂၈ “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို  ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။”
ယခုတွင် ၊ ဖုန်းခေါ်ဆိုခြင်းမျိုးနှင့်မတူညီပါဘူး- ဘုရားဆီမှစာတို တိုက်ရိုက်ရောက်ရှိခြင်းမှလွှဲ၍ ၊ ပုဂ္ဂိုလ်ရေးရာ တစ်ဉီးချင်းစီအတွက်ဖြစ်တယ်။
ဘုရား၏သင့်ကိုခေါ်ခြင်းသည် သင့်အသက်တာအတွက်သာသာနပြုခြင်းသဘော / အထူးတာဝန်ထမ်းဆောင်ရမည့် သဘောဖြစ်ပြီး ဤအရာတွေကို သင်အားဖန်ဆင်းကတည်းက ပေးထားခဲ့ပြီဖြစ်တယ်။ ဒါပေမဲ့ သင့်ကို ခေါ်ခြင်းကို သင်၏အသက်မွေး ဝမ်းကျောင်းအလုပ်နှင့် မရောထွေးပါစေနှင့်။ သင့်ကို ဆရာ /ဆရာမတစ်ဉီးအဖြစ်ခေါ်နိုင် ခြေရှိကောင်းရှိမည်။ ဒါပေမဲ့ သင့်ကို စာသင်ခန်းတွင်းရှိစေဖို့ လိုအပ်တယ်လို့ အဓိပ္ပါယ်မဆိုလိုပါဘူး။ (သို့) သင့်ကိုစားရေးဆရာအဖြစ်ခေါ်နိုင်ပေမဲ့လည်း ဂျာနယ်လစ် (သို) ဝတ္တုရှည်တွေရေးတဲ့သူအဖြစ် အလုပ်လုပ်ရန် မဆိုလိုပါ။
သင့်အသက်တာ ခေါ်တော်မူခြင်းသည် မည်သည့်အလုပ်ထက်ကိုမဆို ပိုမိုပြီးအဓိပ္ပါယ်ပြည့်စုံစေဖို့ဖြစ်ပါတယ်။ အသင့်အသက်တာကို အဓိကထားပြီး သာသာနာအတွက် /အထူးတာဝန်တွေအတွက် အကျုံးဝင်စေဖို့ကို တည်ထား ပြီး သင်လုပ်ဆောင်သမျှအရာအားလုံးကို လွမ်းမိုးစေဖို့အတွက်ဖြစ်သည်။
သမ္မာကျမ်းစာတစ်အုပ်လုံးတွင် အထူးတာဝန်တွေ ပြီးပြည့်စုံဖို့ရန် ဘုရားသခင်သည် လူတွေကို ခေါ်တော်မူခြင်း တွေပြုခဲ့တယ်။ နေဧ ၊ အာဗြံဟံ ၊ မောရှေ ၊ ဒါဝိလ် ၊နေဟမိ ၊ မာရိ ၊ ပေတရု နှင့် ရှင်ပေါလုတို့ဖြစ်ကြတယ်။ လောကီသားတွေကိုကယ်တင်ဖို့ရန်အတွက် ဘုရားသခင်၏အစီအစဉ်တွေမှာ အထောက်အပံ့တွေအဖြစ် သူတို့တွေ သည် ထူးခြားသောကဏ္ဍကိုယ်စီကနေ ပါဝင်ခဲ့ကြပါတယ်။
သမ္မာကျမ်းစာကပြောထားသည်မှာ တူညီသောထူးခြားတဲ့လုပ်ဆောင်မှုတွေအတွက် သင့်ကို ဘုရားသခင်ခေါ်တော် မူခြင်းဖြစ်ပါတယ်။ ရှင်ပေါလုက ဧဖက် ၁း၁၈တွင် “ခေါ်တော်မူသောကြောင့် မြော်လင့်ရသောအရာကား အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသူတို့သည် ခံရသောအမွေတော်တို့၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက်ကြီးသည်ကိုလည်းကောင်း …. သင်တို့သည် သိစေခြင်းငှါ ဉာဏ်မျက်စိကို လင်းစေပါမည် အကြောင်း ဆုတောင်းပဌနာပြု၏။”
အထက်ပါကြီးမြတ်သော ချီးမွမ်းဖွယ်ကောင်းချီးမင်္ဂလာတွေသည် ဘုရားသခင်နှင့်အတူရင်းနှီးကျွမ်းဝင်ဖို့ဖြစ်ပါတယ်။ ဘုရားရှင်အား အာရုံပြုပါ။ သင်၏ခေါ်တော်မူခြင်းနှင့်ဆိုင်သောအရာတွေကို ပြောပြပါလိမ့်မည်။
ဆင်ခြင်ရန်
-သင့်၏ခေါ်တော်မူခြင်းဆိုင်ရာကို ရှာဖွေခြင်းနှင့်ပတ်သက်ပြီး မည်သည့်အခက်အခဲတွေကို သင်တွေ့ရှိပါသနည်း။
-ခေါ်တော်မူခြင်း (သို့) လုပ်ငန်း/အလုပ် ကြားက ခြားနားခြင်းကို သင်မည်ကဲ့သို့ရှင်းပြနိုင်ပါသနည်း။
-ကျွန်ုပ်တို့၏ခေါ်တော်မူခြင်းကို တွေ့ရှိချိန်မှာ မည်ကဲ့သို့သော ကောင်းချီးမင်္ဂလာတစ်ချို့ဆိုက်ရောက်လာပါသနည်း။