Zawgyi Font
ဆင်ခြင်ရန်
---------------------------------------------------------------------------------
Unicode:
---------------------------------------------------------------------------------
Unicode:
အမှုရောက်သောအခါ၌
လက်မလျော့လိုက်ပါနှင့်။
ကောရိန္သုဩဝါဒစာ ဒုတိယစောင် ၄:၁၆-၁၈ “ထိုကြောင့်ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန် ပျက်စီးခြင်းသို့ရောက်သော်လည်း၊
အတွင်းလူမူကား တနေ့ထက်တနေ့ ပြုပြင်ခြင်းကိုခံရ၏။ ၁၇-၁၈အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာ တို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏ ခံရ၍ပေါ့ပါးသော ဆင်းရဲ ခြင်းဒုက္ခသည် အတိုးထက် အလွန်ကြီးမြတ် လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။”
နှစ်လိုဖွယ်ကောင်းတဲ့လူတွေဆီ
ဆိုးသောအရာတွေက ဘာကြောင့်များ ဖြစ်ပျက်ရပါသနည်း။ ဘာကြောင့်များ ဒုက္ခဝေဒနာ ခံစားရပါသနည်း။
အသက်တာသည် တစ်ခါတစ်ရံမှာ ဘာကြောင့်များ ခက်ခဲရပါသနည်း။
ခက်ခဲခြင်းဖြစ်သည်အတိုင်း
နားလည်ဖို့ရန်ခက်ခဲပါတယ်၊ ဘုရားသခင်သည် သင်၏နာကျင်ခံစားရခြင်းတွေကနေ သူ၏ရည်ရွယ်ချက်တွေအတိုင်း
အသုံးပြုနိုင်ဖို့ဖြစ်တယ်။ သင်၏သစ္စာရှိခြင်းကို စမ်းသပ်ဖို့ရန် အသက်တာတွင် အခက်အခဲကို
ဘုရားရှင်အသုံးပြုမယ်ဆိုလျှင် သင်မအံ့ဩလိုက်ပါနှင့်။
တခြားသူတွေ
လက်လျော့အရှုံးပေးမှုကို ရွေးချယ်တဲ့အခါမှာ သစ္စာရှိတဲ့သူတွေေက ဆက်လက်တည်မြဲမှုကို
ထိန်းသိမ်း ထားကြတယ်။ သစ္စာရှိတဲ့သူတွေသည် လုံ့လဝိရိယ နှင့် ဖန်တီးဆုံးဖြတ်နိုင်စွမ်းတွေ
ရှိကြပါတယ်။ မဆုတ်မနစ် ကြိုးစားမှု ရှိကြပါတယ်။ သူတို့၏ ရှုထောင့်အမြင်တွေကို ဘုရားရှင်၏နှုတ်ကပတ်တော်တွင်
အာရုံစိုက်ပြီး ပြောင်းလဲ ကြတယ်။
ကောရိန္သုဒုတိယစောင်
အခန်းကြီး (၄) တွင် တမန်တော်ရှင်ပေါလုပြက “ပြသနာရင်ဆိုင်ကြုံတွေ့တဲ့အခါ
မှန်ကန်တဲ့ ရှုထောင့်အမြင် ရှိနေဖို့လိုအပ်တယ်”လို့ ပြောထားပါတယ်။ အဲဒီလို ရှုထောင့်ကို
အလိုရှိလျှင် ယာယီဖြစ်နေတဲ့ ပြသနာကို မကြည့်ပါနှင့်။ ရည်ရှည်ဖြစ်တဲ့ဆုလဒ်ကိုသာ ကြည့်ပါ။
တဒင်္ဂ နာကျင်မှုကို မကြည့်ပါနှင့် ရည်ရှည်အောင်မြင်ခြင်းအတွက်သာ ကြည့်ပါ။ ရေတိုအမြင်တွေ
မကြည့်ပါနှင့်။ “အခု ငါ့မှာ ဘာနာကျင်မှုဖြစ် နေတာလဲ”
ဆိုတဲ့စကားလုံးအစား သင်တည်ဆောက်နေတဲ့ စရိုက်လက္ခဏာကိုသာကြည့်ပါ။ ဘာကြောင့်လဲ ဆိုတော့
သင်အရှုံးမပေးသေးပါ။ သင်လက်ကိုင်ထားဆဲပါ။
သင်ဖြစ်လာမည့်အရာထက်
ပြီးမြောက်မည့်အရာကိုသာ ဘုရားရှင်ပိုပြီး စိတ်ဝင်စားပါတယ်။
ဂလာတိ ၆:၉ “ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။
ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။”
အထက်ပါကျမ်းပိုဒ်အားဖြင့်
သင်အားဆက်လက်လုပ်ဆောင်ဖို့ရန် တွန်းအားဖြစ်ဖို့ကို ကျွန်ုပ်ဆုတောင်းပါတယ်။ သင်အတွက်
နှင့် သင့်အထဲ၌ ဘုရားသခင် အလုပ် လုပ်ဆောင်နေပါတယ်။ မှန်ကန်သောအချိန် နှင့်မှန်ကန်သော
နည်းလမ်းတွေဖြင့်ပေါ့။ သင်၏သစ္စာစောင့်သိမှုအတွက် ဆုလဒ်ချီးမြှင့်ခြင်းခံရပါမည်။
ဆင်ခြင်ရန်
-
ဘုရားသခင်နှင့် သူ၏စကားတော်တို့ကို သိစ္စာစောင့်သိသူသောသူတွေအတွက် မည်ကဲ့သိုသောအရာက
ရည်ရှည်အောင်မြင်မှု ဖြစ်မည်နည်း။
-
သင်၏နာကျင်ခြင်းများမှ ဘုရားရှင်အလုပ် လုပ်ဆောင်နေတယ်ဆိုတာကို သိစေခြင်းငှာ တိုက်တွန်းနှိုးဆော်ခြင်း
ခံရပါသလား။ ဘာကြောင့်လဲ (သို့) ဘာကြောင့်မဟုတ်သလဲ။
-
ခက်ခဲတဲ့အချိန်အခါမှာ မှန်ကန်တဲ့အမြင်ရှိဖို့ သင့်အား ကူညီနိုင်ဖို့ရန် သမ္မာကျမ်းစာ၌
မည်ကဲ့သိုသော ကတိတော် တွေ ရှိပါသနည်း။