Zawgyi Font
ဆင်ခြင်ရန်
--------------------------------------------------------------------------------
Unicode:
--------------------------------------------------------------------------------
Unicode:
သင်၏ခေါ်တော်မူခြင်းကို ဖြည့်ဆည်းခြင်းအတွက် ဘုရား၏ဆုလဒ်တော်
ဖိလိပ္ပိဩဝါဒစာ ၃း၁၄ “ယေရှုခရစ်အားဖြင့် ဘုရားသခင်သည်
အထက်အရပ်မှခေါ်တော်မူခြင်းနှင့်ဆိုင်သောဆုကို ရခြင်းငှါ ပန်းတုံးတိုင်သို့ငါလိုက်ပြေး၏။”
ဘုရားသခင် သင့်ကိုခေါ်တော်မူခြင်းအတိုင်း
သင်အသက်ရှင်နေထိုင်ပါလျှင် သင့်အားဆုလဒ်ချီးမြှင့်ခြင်းခံရပါမည်။ ဆုလဒ်ချီးမြှင့်ခြင်းဆိုင်ရာအကောင်းဆုံးသောအပိုင်း
… အမြဲတမ်းတည်မြဲသောအရာဖြစ်သည်ဟု သမ္မာကျမ်းစာက ဖော်ပြထားပါတယ်။ ဖိလိပ္ပိဩဝါဒစာ
၃း၁၄ “ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှခေါ်တော် မူခြင်းနှင့်ဆိုင်သောဆုကို
ရခြင်းငှါ ပန်းတုံးတိုင်သို့ငါလိုက်ပြေး၏။”
စာအုပ်ပေါင်း (၁၀၀) ကျော်ကို ကျွန်ုပ်ရေးနိုင်ခဲ့သည့်တိုင် ကောင်းကင်ဘုံ၌စောင့်နေတဲ့အရာအားလုံးကို ဘယ်တော့မှ ပြည့်စုံစွာ မရှင်းပြနိုင်သေးပါ။ ဒါပေမဲ့ ကျွန်ုပ်ဤကဲ့သို့စတင်ပါရစေ။ ။ ခေါ်တော်မူခြင်းကို
ဖြည့်ဆည်းခြင်းအတွက် သင်၏ဆုလဒ်တော်သည် ကောင်းကင်ဘုံထက်ဘုရား၌ရှိသောအရာအားလုံးကို မျှဝေဖို့ရန်ဖြစ်တယ်။
ဘုရားရှင်၏ နိုင်ငံတော် ၊ ဂုဏ်တော် ၊ တန်ခိုးအာဏာ စသဖြင့်မြောက်များစွာကို သင်ဝေငှပါမည်။
အဲဒီအရာအားလုံးသည် သင့် အတွက်ဖြစ်လာမည်။
လောကတွင်ရှိသောအသက်တာသည် စမ်းသပ်ခြင်းတစ်မျိုးဖြစ်ပါတယ်။
ဘုရားသခင်သည် သင့်ကိုဖန်ဆင်းပြီး ကောင်းကင်ဘုံသို့တိုက်ရိုက်ခေါ်ဆောင်နိုင်တယ်။ ဒါပေမဲ့
သင်၏သစ္စာစောင့်သိမှုကို စမ်းသပ်ဖို့အတွက်အလိုတော် ရှိပါတယ်။ သင်၏ပြုစုစောင့်ရှောက်နိုင်ခြင်းတွေမှာထားဖို့
အခွင့်အရေး နှင့် ပေါင်းသင်ဆက်ဆံရေးစသော အရာတွေ ကိုလည်း ပေးထားတယ်။ “သင်အဲဒီအရာတွေနဲ့
သင်ဘာလုပ်နိုင်မလဲဆိုတာစောင့်ကြည့်ရအောင်” လို့ဘုရားကဆို ပါတယ်။ အနည်းငယ်သောအမှုတွင်
သစ္စာရှိပြီဆိုလျှင် သင့်အားဒီထက်မကသော ဘုရား၏ ဥစ္စာဓန ၊ တန်ခိုး နှင့် နိစ္စထာဝရနှင့်ဆိုင်သောကောင်းကင်ဘုံ
အံ့မခန်းဖွယ်အရာတွေအတွက် သင့်ကိုယုံကြည်နိုင်ပါမည်။
The
Bible says it like this: “Live the kind of life that pleases God, who
calls you to share in his own Kingdom and glory” (1 Thessalonians 2:12
GNT).
We encouraged you and comforted you as we urged you to walk in a manner worthy of God,
who calls you into His own kingdom and glory.
အံ့ဩဖွယ်ကတိတော်ပင်ဖြစ်တယ်။
တစ်နေ့မှာ ဘုရားသခင်သည် သူ၏ကောင်းကင်နိုင်ငံနှင့်
ဂုဏ်ကျေးဇူးတော်တွေကို သင်နှင့်ကျွန်ပ်အတွက် ဝေငှပါမည်။ ဒါကြောင့် သင်၏ခေါ်တော်မူခြင်းကို
လုပ်နိုင်စွမ်းရှိသလောက်လုပ်ဆောင်ပါ။ အသက်တာကို ရေတွက်သောသူဖြစ်စေပါ။ သင်၏ နိစ္စထာဝရသည်
အဲဒီအရာတွေအားဖြင့် အကျိုးသက်ရောက်ပါမည်။
ဆင်ခြင်ရန်
-ယနေ့ဖော်ပြသော ဆုလဒ်တော်နှင့်ပတ်သက်ပြီး
ခေါ်တော်မူခြင်းကို လိုက်လျှောက်ဖို့ရန် မည်ကဲ့သို့တွန်း အားဖြစ်စေပါသနည်း။
- မိဘအနေဖြင့်လည်ကောင်း ၊လုပ်ငန်းရှင်အနေဖြင့်လည်းကောင်း
(သို့) သူငယ်ချင်းအနေဖြင့်လည်းကောင်း လူတွေကို သစ္စာရှိသလားဆိုတာ သင်မည်ကဲ့သို့စစ်ဆေးပါသနည်း။
သင်ဒီလို စစ်ဆေးတာ အလုပ်ဖြစ်ပါရဲ့လား။
-ဘ၀ဆိုတာ ဘုရားကောင်းချီးပေးထားသောအရာတွေနှင့်
မည်ကဲ့သို့အသုံးပြုနေတယ်ဆိုတာကို စမ်းသပ်ဖို့အတွက် ဖြစ်တယ်ဆိုလျှင် ၊ အဲဒီစစ်ဆေးမှုနှင့်
သင်မည်မျှလောက်ဝေးကွာနေတယ်လို့ ထင်မြင်ပါသနည်း။