Unicode
ဘုရားရှင်နှင့်အတူ လေးနက်စွာ ၊ ခင်မင်ရင်းနှီးစွာ သိကျွမ်းခြင်း
ဖိလိပ္ပိ ၃:၁၀ “ကျွန်ုပ်၏ စိတ်ပိုင်းဖြတ်ထားသော ရည်ရွယ်ချက်ကား …. တစ်ဆင့်ချင်းစီဖြင့်
ပိုမိုနက်ရှိုင်းစွာ နှင့်ခင်မင်ရင်းနှီးစွာ သခင်ခရစ်တော်အား သိကျွမ်းခြင်းနှင့် ၊
သူ၏ အံ့ဩဖွယ်အမှုတို့ကို ပိုမိုပြင်းထန်စွာ နှင့် ရှင်းလင်းစွာ သဘောပေါက်ခြင်း ၊ အသိအမှတ်ပြခြင်း
နှင့် နားလည်နိုင်ခြင်းဖြစ်၏။” (AMP Version)
ဘုရားရှင်အား
သိကျွမ်းခြင်းအရာ၌ နေ့စဉ်နှင့်အမျှအနည်းငယ်ဆီပိုကောင်းလာခြင်းတွင် ပျော်ရွှင်ခြင်းတွေကို
တွေ့ရပါ တယ်။
ရှင်ပေါလုက
ဘုရားရှင်နှင့် ပိုမိုနက်ရှိုင်းစွာ ၊ ပိုမိုရင်းနှီးကျွမ်းဝင်လာခြင်းသည် ဘုရားရှင်နှင့်အတူ
မိသဟာရဖွဲ့ခဲ့ပြီး ဘုရားကို သိရှိဖို့ သူအချိန်ပေးခဲ့လို့ဖြစ်ပါတယ်။
သင်
ဘုရားနှင့် ရင်းနှီးကျွမ်းဝင်ဖို့ဆိုတာ မတော်မဆဖြစ်လာတာ မဟုတ်ပါ။ ရှင်ပေါလုပြောသလို
“စိတ်ပိုင်းဖြတ် ထားတဲ့ ရည်ရွယ်ချက်” ဖြစ်တယ်။
တစ်စုံတစ်ခုနှင့်ပတ်သက်ဖို့အတွက် တစ်စုံတစ်ရာကို လုပ်ဆောင်ရသလိုပေါ့။
သင်၏အချိန် တွေကို ရင်းနှီးရပါလိမ့်မည်။
ဘုရားအတွက်
အချိန်ပေးပါ။ မနက်တိုင်းမှာ ၁၀ မိနစ် (သို့) ၁၅ မိနစ် အချိန် ဘုရားကို အာရုံပြုမယ်ဆိုလျှင်
ဘုရားရှင်နှင့်အတူ ပိုမိုပြီး ကြည်လင်ပြတ်သားစွာဖြင့် “အံ့ဩဖွယ်ရာ
နားလည်နိုင်စွမ်း” တွေကို သင်စတင်ရရှိပါမည်။ သင့်အသက်တာတွင်လည်း ကြီးမားတဲ့
ပျော်ရွှင်ခြင်း အတွေ့အကြုံများကိုလည်း စတင်ဖို့ဖြစ်လာပါမည်။
ဆင်ခြင်ရန်
-
နေ့ရက်တိုင်းတွင် အနည်းဆုံး ၁၅ မိနစ်လောက် သင်ဘာကို လုပ်ဆောင်လေ့ရှိသနည်း။ ဤကဲ့သို့လုပ်ဆောင်ခြင်းက
အဲဒီအရာတွေကို မလုပ်မဖြစ်လား (သို့) အလေ့အထမို့လား။
-ဘုရားရှင်အား
အချိန်ပိုပေးနိုင်ဖို့ရန် သင်၏အချိန်ဇယားကို မည်ကဲ့သို့ ညှိနိုင်ပါမည်နည်း။
-ဘုရားနှင့်
အချိန်ယူ မိတ်သဟာရဖွဲ့ဖို့ မည်ကဲ့သို့သော အနှောက်အယှက်တွေက သင့်ကို အလုပ်များအောင်
လုပ်ဆောင်နေပါသနည်း။
--------------------------------------------------------------
Zawgyi
ဘုရားရွင္ႏွင့္အတူ ေလးနက္စြာ ၊ ခင္မင္ရင္းႏွီးစြာ သိကၽြမ္းျခင္း
ဖိလိပၸိ ၃:၁၀ “ကၽြန္ုပ္၏ စိတ္ပိုင္းျဖတ္ထားေသာ ရည္ရြယ္ခ်က္ကား …. တစ္ဆင့္ခ်င္းစီျဖင့္ ပိုမိုနက္ရွိုင္းစြာ ႏွင့္ခင္မင္ရင္းႏွီးစြာ သခင္ခရစ္ေတာ္အား သိကၽြမ္းျခင္းႏွင့္ ၊ သူ၏ အံ့ဩဖြယ္အမႈတို႔ကို ပိုမိုျပင္းထန္စြာ ႏွင့္ ရွင္းလင္းစြာ သေဘာေပါက္ျခင္း ၊ အသိအမွတ္ျပျခင္း ႏွင့္ နားလည္နိုင္ျခင္းျဖစ္၏။” (AMP Version)
ဘုရားရွင္အား သိကၽြမ္းျခင္းအရာ၌ ေန႔စဥ္ႏွင့္အမၽွအနည္းငယ္ဆီပိုေကာင္းလာျခင္းတြင္ ေပ်ာ္ရႊင္ျခင္းေတြကို ေတြရပါ တယ္။
ရွင္ေပါလုက ဘုရားရွင္ႏွင့္ ပိုမိုနက္ရွိုင္းစြာ ၊ ပိုမိုရင္းႏွီးကၽြမ္းဝင္လာျခင္းသည္ ဘုရားရွင္ႏွင့္အတူ မိသဟာရဖြဲ႕ခဲ့ၿပီး ဘုရားကို သိရွိဖို႔ သူအခ်ိန္ေပးခဲ့လို႔ျဖစ္ပါတယ္။
သင္ ဘုရားႏွင့္ ရင္းႏွီးကၽြမ္းဝင္ဖို႔ဆိုတာ မေတာ္မဆျဖစ္လာတာ မဟုတ္ပါ။ ရွင္ေပါလုေျပာသလို “စိတ္ပိုင္းျဖတ္ ထားတဲ့ ရည္ရြယ္ခ်က္” ျဖစ္တယ္။ တစ္စုံတစ္ခုႏွင့္ပတ္သက္ဖို႔အတြက္ တစ္စုံတစ္ရာကို လုပ္ေဆာင္ရသလိုေပါ့။ သင္၏အခ်ိန္ ေတြကို ရင္းႏွီးရပါလိမ့္မည္။
ဘုရားအတြက္ အခ်ိန္ေပးပါ။ မနက္တိုင္းမွာ ၁၀ မိနစ္ (သို႔) ၁၅ မိနစ္ အခ်ိန္ ဘုရားကို အာ႐ုံျပဳမယ္ဆိုလၽွင္ ဘုရားရွင္ႏွင့္အတူ ပိုမိုၿပီး ၾကည္လင္ျပတ္သားစြာျဖင့္ “အံ့ဩဖြယ္ရာ နားလည္နိုင္စြမ္း” ေတြကို သင္စတင္ရရွိပါမည္။ သင့္အသက္တာတြင္လည္း ႀကီးမားတဲ့ ေပ်ာ္ရႊင္ျခင္း အေတြ႕အၾကဳံမ်ားကိုလည္း စတင္ဖို႔ျဖစ္လာပါမည္။
ဆင္ျခင္ရန္
- ေန႔ရက္တိုင္းတြင္ အနည္းဆုံး ၁၅ မိနစ္ေလာက္ သင္ဘာကို လုပ္ေဆာင္ေလ့ရွိသနည္း။ ဤကဲ့သို႔လုပ္ေဆာင္ျခင္းက အဲဒီအရာေတြကို မလုပ္မျဖစ္လား (သို႔) အေလ့အထမို႔လား။
-ဘုရားရွင္အား အခ်ိန္ပိုေပးနိုင္ဖို႔ရန္ သင္၏အခ်ိန္ဇယားကို မည္ကဲ့သို႔ ညႇိနိုင္ပါမည္နည္း။
-ဘုရားႏွင့္ အခ်ိန္ယူ မိတ္သဟာရဖြဲ႕ဖို႔ မည္ကဲ့သို႔ေသာ အေႏွာက္အယွက္ေတြက သင့္ကို အလုပ္မ်ားေအာင္ လုပ္ေဆာင္ေနပါသနည္း။