Zawgyi Font
ေနာက္ၾကည့္မွန္ကို ေရွာင္ၾကဥ္ျခင္း
ေယာဘဝတၱဳ ၁၁:၁၃ ၊ ၁၅-၁၆ “သင္သည္ စိတ္ႏွလုံးကို ျပင္ဆင္၍ လက္တို႔ကို ဘုရားသခင္ထံေတာ္သို႔ ဆန္႔လၽွင္၎၊ အညစ္အေၾကးႏွင့္ ကင္းလြတ္ေသာမ်က္ႏွာကို ျပရလိမ့္မည္။ စိုးရိမ္စရာအေၾကာင္းမရွိ၊ တည္ၾကည္လိမ့္မည္။ ခံၿပီးေသာဒုကၡဆင္းရဲကို ေမ့ေလ်ာ့လိမ့္မည္။ လြန္သြားၿပီးေသာ ေရကိုကဲ့သို႔ ေအာက္ေမ့လိမ့္မည္။”
အသက္တာတြင္ အတိတ္ကာလေတြတုန္းက ေနရာအႏွံ့ ထူးကဲတဲ့ ထိခိုက္ဒဏ္ရာေတြ ပ်ံ႕ႏွံ့သက္ေရာက္ခဲ့မႈေတြေပၚ အာ႐ုံစိုက္ေနျခင္းအားျဖင့္ သင္ သက္သာေပ်ာက္ကင္းမႈမရရွိနိုင္ပါ။ အဲဒီလိုႀကီးမားေနမႈေတြကို ခုခံနိုင္ေအာင္ ေရွ႕သို႔ ဉီးတည္ ၾကည့္ေနဖို႔ လိုအပ္ပါသည္။
သက္သာေပ်ာက္ကင္းမႈအတြက္ သင္၏ေနာက္ၾကည့္မွန္ကိုဘဲ ႀကိဳးစားရွာေဖြေနပါသလား။ အဲဒီလိုလုပ္ပါလၽွင္ သက္သာရာ ရဖို႔ထက္ ၿပိဳလဲဖို႔ရန္ လုပ္ေဆာင္ျခင္းႏွင့္တူပါတယ္။ အတိတ္မွာ ျဖစ္ပ်က္ခဲ့သမၽွအရာေတြေပၚ အာ႐ုံစိုက္ျခင္းသည္ သင္ရွာေဖြေနေသာ မွန္ကန္ေသာ သက္သာရာ ရျခင္းကို ေတြ႕ရွိဖို႔ရန္ ပို႔ေဆာင္သြားမည္မဟုတ္ပါ။
ေယာဘ၏အေၾကာင္းတြင္ နာက်င္ဖြယ္အမွတ္ရစရာမ်ားကို မည္ကဲ့သို႔ ဖယ္ရွားမႈရဖို႔ရန္ ႏွင့္ အသက္တာ ဆက္လက္ သြားနိုင္ဖို႔ရန္ ေယာဘဝတၱဳ ၁၁:၁၃ ၊ ၁၅-၁၆ တြင္ေဖာ္ျပထားပါသည္ ။ “သင္သည္ စိတ္ႏွလုံးကို ျပင္ဆင္၍ လက္တို႔ကို ဘုရားသခင္ထံေတာ္သို႔ ဆန္႔လၽွင္၎၊ အညစ္အေၾကး ႏွင့္ကင္းလြတ္ ေသာမ်က္ႏွာကို ျပရလိမ့္မည္။ စိုးရိမ္စရာ အေၾကာင္းမရွိ၊ တည္ၾကည္ လိမ့္မည္။ ခံၿပီးေသာဒုကၡဆင္းရဲကို ေမ့ေလ်ာ့လိမ့္ မည္။ လြန္သြားၿပီးေသာ ေရကိုကဲ့သို႔ ေအာက္ေမ့လိမ့္မည္။”
ပထမဉီးစြာ သင့္၏စိတ္ႏွလုံးကို စစ္မွန္စြာ တည္ေစပါ။
တျခားသူေတြ သင့္ကို မည္ကဲ့သို႔ ျပဳမူဆက္ဆံသည္ျဖစ္ေစ .. မွန္ကန္တဲ့အရာကို သင္ျပဳလၽွင္ သင့္အတြက္ ခြင့္လႊတ္ျခင္းေတြသည္ အျမဲတမ္းမွန္ကန္ေသာ ေရြးခ်ယ္မႈျဖစ္ပါတယ္။
ဒုတိယအေနျဖင့္ ဘုရားႏွင့္ ဆက္သြယ္မႈျပဳပါ။
သင္၏ စိတ္ႏွလုံး ႏွင့္ဆိုင္ေသာ အခန္းတိုင္းသို႔ သခင္ေယရႈကို ဖိတ္ေခၚပါ။ သင္၏ အေရွ႕ခန္းမွာ သခင္ခရစ္ေတာ္ကို ဖိတ္ေခၚခဲ့ေကာင္း ဖိတ္ေခၚပါမည္ (သူ႔အားကယ္တင္ရွင္အျဖစ္လက္ခံခဲ့ၿပီ) ဒါေပမဲ့ တျခားအခန္းထဲမွာေတာ့ သခင္ခရစ္ေတာ္ကို သင္မဖိတ္ေခၚပါ။ သူ ရွိမေနပါ။
တတိယအေနျဖင့္ ေလာကႀကီးကို ထပ္မံရင္ဆိုင္ပါ။
အခြံေလးထဲတြင္ ပုန္းမေနပါနဲ႔ Don’t hide in a shell (သို႔) ေနာက္ထပ္နာက်င္မႈကို ေရွာင္ရွားဖို႔ ေနာက္မဆုတ္ပါႏွင့္။ ေရွ႕သို႔ဆက္သြားပါ။ ဆက္လက္ရွင္သန္ဖို႔ သင္ယူေလ့လာပါ။ (hide in a shell = become more shy and avoid talking to other people)
သင္၏အတိတ္ကအေၾကာင္းသည္ သင့္အနာဂတ္မဟုတ္ပါ။ သင္ဘာကိုဘဲလုပ္ခဲ့ ၊ လူေတြကို ဘယ္လိုဘဲလုပ္ခဲ့ ၊ ဘယ္ေလာက္ၾကာရွည္စြာလုပ္ခဲ့ ကိစၥမရွိပါဘူး။ သမၼာက်မ္းစာတေလ်ာက္တြင္ ဘုရားသခင္သည္ လူသတ္သမားေတြ ၊ ေနာက္မီးလင္းသမားေတြ ၊ ႏွင့္ အလုပ္ခိုကပ္ေသာသူေတြကို ေလာကတြင္ရွိေသာ လုပ္ေဆာင္စရာ ကိစၥေတြမွာ သူတို႔အား အသုံးျပဳခဲ့ပါတယ္။
သင့္အတြက္လည္း ႀကီးျမတ္တဲ့အနာဂတ္တစ္ခု ေရွ႕မွာ ရွိေနပါတယ္။ သင္၏စိတ္ႏွလုံးကို စစ္မွန္ေစပါ။ ဘုရားႏွင့္ ဆက္သြယ္ပါ။ ေလာကႀကီးကို ထပ္မံရင္ဆိုင္လိုက္ပါ။
သင့္အားျဖင့္ မျဖစ္နိုင္ေသာတစ္စုံတစ္ခုကို ဘုရားရွင္ျပဳဖို႔ရန္ သင္ခြင့္ေပးလိုက္ပါ။
ဆင္ျခင္ရန္
- စစ္မွန္ေသာႏွလုံးသာကို တည္ေစဖို႔ရန္ သင္ခြင့္လႊတ္ဖို႔လိုအပ္ေသာသူကား မည္ကဲ့သို႔ေသာသူ ျဖစ္သနည္း။
-သက္သာေပ်ာက္ကင္းမႈရဖို႔ ဘုရားထံဆက္သြယ္သည္နည္းတူ မည္ကဲ့သို႔ေသာ သင္စိတ္ႏွလုံး အခန္းေတြထဲမွာ သခင္ခရစ္ေတာ္ကို ဖိတ္ေခၚဖို႔လိုအပ္ေနပါသနည္း။
-အသက္တာတြင္ရွိေသာ နာက်င္မႈကို ကိုင္တြယ္ေနတဲ့ သင္သည္ မည္သိုေသာ နည္းလမ္းမ်ားျဖင့္ “hide in a shell” မ်ိဳးလုပ္ေဆာင္ေနပါသနည္း။
---------------------------------------------------------------------------------
Unicode:
နောက်ကြည့်မှန်ကို
ရှောင်ကြဉ်ခြင်း
ယောဘဝတ္တု ၁၁:၁၃ ၊ ၁၅-၁၆ “သင်သည် စိတ်နှလုံးကို ပြင်ဆင်၍ လက်တို့ကို
ဘုရားသခင်ထံတော်သို့ ဆန့်လျှင်၎င်း၊ အညစ်အကြေးနှင့် ကင်းလွတ်သောမျက်နှာကို ပြရလိမ့်မည်။
စိုးရိမ်စရာအကြောင်းမရှိ၊ တည်ကြည်လိမ့်မည်။ ခံပြီးသောဒုက္ခဆင်းရဲကို
မေ့လျော့လိမ့်မည်။ လွန်သွားပြီးသော ရေကိုကဲ့သို့ အောက်မေ့လိမ့်မည်။”
အသက်တာတွင်
အတိတ်ကာလတွေတုန်းက နေရာအနှံ့ ထူးကဲတဲ့ ထိခိုက်ဒဏ်ရာတွေ ပျံ့နှံ့သက်ရောက်ခဲ့မှုတွေပေါ်
အာရုံစိုက်နေခြင်းအားဖြင့် သင် သက်သာပျောက်ကင်းမှုမရရှိနိုင်ပါ။ အဲဒီလိုကြီးမားနေမှုတွေကို
ခုခံနိုင်အောင် ရှေ့သို့ ဉီးတည် ကြည့်နေဖို့
လိုအပ်ပါသည်။
သက်သာပျောက်ကင်းမှုအတွက်
သင်၏နောက်ကြည့်မှန်ကိုဘဲ ကြိုးစားရှာဖွေနေပါသလား။ အဲဒီလိုလုပ်ပါလျှင် သက်သာရာ ရဖို့ထက်
ပြိုလဲဖို့ရန် လုပ်ဆောင်ခြင်းနှင့်တူပါတယ်။ အတိတ်မှာ ဖြစ်ပျက်ခဲ့သမျှအရာတွေပေါ် အာရုံစိုက်ခြင်းသည်
သင်ရှာဖွေနေသော မှန်ကန်သော သက်သာရာ ရခြင်းကို တွေ့ရှိဖို့ရန် ပို့ဆောင်သွားမည်မဟုတ်ပါ။
ယောဘ၏အကြောင်းတွင်
နာကျင်ဖွယ်အမှတ်ရစရာများကို မည်ကဲ့သို့ ဖယ်ရှားမှုရဖို့ရန် နှင့် အသက်တာ ဆက်လက် သွားနိုင်ဖို့ရန်
ယောဘဝတ္တု ၁၁:၁၃ ၊ ၁၅-၁၆ တွင်ဖော်ပြထားပါသည် ။ “သင်သည်
စိတ်နှလုံးကို ပြင်ဆင်၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင်၎င်း၊ အညစ်အကြေး
နှင့်ကင်းလွတ် သောမျက်နှာကို ပြရလိမ့်မည်။ စိုးရိမ်စရာ အကြောင်းမရှိ၊ တည်ကြည် လိမ့်မည်။ ခံပြီးသောဒုက္ခဆင်းရဲကို မေ့လျော့လိမ့် မည်။ လွန်သွားပြီးသော ရေကိုကဲ့သို့
အောက်မေ့လိမ့်မည်။”
ပထမဉီးစွာ သင့်၏စိတ်နှလုံးကို စစ်မှန်စွာ တည်စေပါ။
တခြားသူတွေ
သင့်ကို မည်ကဲ့သို့ ပြုမူဆက်ဆံသည်ဖြစ်စေ .. မှန်ကန်တဲ့အရာကို သင်ပြုလျှင် သင့်အတွက်
ခွင့်လွှတ်ခြင်းတွေသည် အမြဲတမ်းမှန်ကန်သော ရွေးချယ်မှုဖြစ်ပါတယ်။
ဒုတိယအနေဖြင့် ဘုရားနှင့် ဆက်သွယ်မှုပြုပါ။
သင်၏
စိတ်နှလုံး နှင့်ဆိုင်သော အခန်းတိုင်းသို့ သခင်ယေရှုကို ဖိတ်ခေါ်ပါ။ သင်၏ အရှေ့ခန်းမှာ
သခင်ခရစ်တော်ကို ဖိတ်ခေါ်ခဲ့ကောင်း ဖိတ်ခေါ်ပါမည် (သူ့အားကယ်တင်ရှင်အဖြစ်လက်ခံခဲ့ပြီ)
ဒါပေမဲ့ တခြားအခန်းထဲမှာတော့ သခင်ခရစ်တော်ကို သင်မဖိတ်ခေါ်ပါ။ သူ ရှိမနေပါ။
တတိယအနေဖြင့် လောကကြီးကို ထပ်မံရင်ဆိုင်ပါ။
အခွံလေးထဲတွင်
ပုန်းမနေပါနဲ့ Don’t hide in a shell (သို့) နောက်ထပ်နာကျင်မှုကို
ရှောင်ရှားဖို့ နောက်မဆုတ်ပါနှင့်။ ရှေ့သို့ဆက်သွားပါ။ ဆက်လက်ရှင်သန်ဖို့ သင်ယူလေ့လာပါ။
(hide in a shell = become more shy and avoid
talking to other people)
သင်၏အတိတ်ကအကြောင်းသည် သင့်အနာဂတ်မဟုတ်ပါ။ သင်ဘာကိုဘဲလုပ်ခဲ့ ၊ လူတွေကို ဘယ်လိုဘဲလုပ်ခဲ့
၊ ဘယ်လောက်ကြာရှည်စွာလုပ်ခဲ့ ကိစ္စမရှိပါဘူး။ သမ္မာကျမ်းစာတလျောက်တွင် ဘုရားသခင်သည်
လူသတ်သမားတွေ ၊ နောက်မီးလင်းသမားတွေ ၊ နှင့် အလုပ်ခိုကပ်သောသူတွေကို လောကတွင်ရှိသော
လုပ်ဆောင်စရာ ကိစ္စတွေမှာ သူတို့အား အသုံးပြုခဲ့ပါတယ်။
သင့်အတွက်လည်း ကြီးမြတ်တဲ့အနာဂတ်တစ်ခု ရှေ့မှာ ရှိနေပါတယ်။ သင်၏စိတ်နှလုံးကို
စစ်မှန်စေပါ။ ဘုရားနှင့် ဆက်သွယ်ပါ။ လောကကြီးကို ထပ်မံရင်ဆိုင်လိုက်ပါ။
သင့်အားဖြင့် မဖြစ်နိုင်သောတစ်စုံတစ်ခုကို ဘုရားရှင်ပြုဖို့ရန် သင်ခွင့်ပေးလိုက်ပါ။
ဆင်ခြင်ရန်
-
စစ်မှန်သောနှလုံးသာကို တည်စေဖို့ရန် သင်ခွင့်လွှတ်ဖို့လိုအပ်သောသူကား မည်ကဲ့သို့သောသူ
ဖြစ်သနည်း။
-သက်သာပျောက်ကင်းမှုရဖို့
ဘုရားထံဆက်သွယ်သည်နည်းတူ မည်ကဲ့သို့သော သင်စိတ်နှလုံး အခန်းတွေထဲမှာ သခင်ခရစ်တော်ကို
ဖိတ်ခေါ်ဖို့လိုအပ်နေပါသနည်း။
-အသက်တာတွင်ရှိသော
နာကျင်မှုကို ကိုင်တွယ်နေတဲ့ သင်သည် မည်သိုသော နည်းလမ်းများဖြင့် “hide in a shell” မျိုးလုပ်ဆောင်နေပါသနည်း။